HomeEntertainmentFilmThe Batmanထဲမှာ Penguin ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို မျက်စိလည်အောင်လုပ်ခဲ့တဲ့ Collin Farrell 

The Batmanထဲမှာ Penguin ဇာတ်ရုပ်နဲ့ ပရိသတ်တွေကို မျက်စိလည်အောင်လုပ်ခဲ့တဲ့ Collin Farrell 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အိုင်းရစ်ရှ်မင်းသား Colin Farrell ဟာ အသစ်ထွက်ရှိမယ့် The Batman ရုပ်ရှင်ထဲမှာ Penguin ဇာတ်ကောင်ကနေ ပါဝင်ထားပြီး ပရိသတ်တွေ မမှတ်မိလောက်အောင် ပြောင်းလဲမှုတွေ လုပ်ဆောင်ထားပါတယ်။

အသက်(၄၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Colin Farrell ကို DC Fandome က ထုတ်လွှင့်ပြသခဲ့တဲ့ The Batman ရုပ်ရှင်ရဲ့ teaser ထဲမှာ Penguin ဇာတ်ကောင်အဖြစ် လျှပ်တစ်ပြက် မြင်လိုက်ကြရပေမယ့် ဘယ်သူကမှ သူမှန်း မရိပ်မိခဲ့ကြပါဘူး။ Farrell ဟာ Oswald Cobblepot လို့ခေါ်တဲ့ Batman ရဲ့ဗီလိန် Penguin အဖြစ် သရုပ်ဆောင်ထားရာမှာ သူ့ရဲ့နဂိုမျက်နှာကို အထူးမိတ်ကပ်တွေ အသုံးပြုပြီး မမှတ်မိနိုင်လောက်အောင် ပြောင်းလဲထားတာ ဖြစ်ပါတယ်။

Photo: farrellgram/ Instagram

Penguin ဇာတ်ကောင်ကိုတော့ The Batman teaser ရဲ့ နှစ်မိနစ်အဆုံးသတ်နားလေးမှာ ကားအချင်းချင်း ပြိုင်လိုက်နေရင်း “ဝိုး … ဒီကောင်တော့ အရူးပဲ …” လို့ အော်ပြောနေတဲ့အခန်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Penguin ရဲ့မျက်နှာကို အနီးကပ် ကြည့်ရှုလိုက်ရင် Farrell ရဲ့ နဂိုနှာခေါင်းကို ပိုပွပြီး ပိုကြီးတဲ့ ပုံစံဖြစ်အောင် အထူးမိတ်ကပ်နဲ့ ပြင်ထားတာကို တွေ့ရမှာပါ။ နှာခေါင်းကို အဲ့လိုပြင်လိုက်တဲ့အတွက် မျက်နှာကိုလည်း ပိုကြီးတဲ့ပုံစံ ဖြစ်သွားစေပါတယ်။

ဒါတင်မက ထိပ်ပြောင်တဲ့ပုံစံဖြစ်အောင်လို့လည်း နဖူးထိပ်ကနေ ဆံစပ်နေရာကို မိတ်ကပ်နဲ့ ချဲ့ထားပါသေးတယ်။ အခုလို မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းရုပ်လွဲ မိတ်ကပ်ကို ဖန်တီးပေးထားတဲ့ မိတ်ကပ်ပညာရှင်ကတော့ Mike Marino လို့ သိရပါတယ်။

Photo: Courtesy of YouTube

ဒါရိုက်တာ Matt Reeves ရိုက်ကူးနေတဲ့ The Batman ရုပ်ရှင်ဇာတ်ကားထဲမှာ Batman အဖြစ် Robert Pattinson ၊ Catwoman အဖြစ် Zoe Kravitz ၊ Riddler အဖြစ် Paul Dano ၊ Penguin အဖြစ် Colin Farrell တို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ လက်ရှိမှာ ရိုက်ကူးနေဆဲဖြစ်ပြီး ၂၀၂၁ခုနှစ်မှာ ရုံတင်ပြသဖို့ လျာထားတယ်လို့ Warner Brothers က ကြေညာထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ အိုင္းရစ္ရွ္မင္းသား Colin Farrell ဟာ အသစ္ထြက္ရွိမယ့္ The Batman ႐ုပ္ရွင္ထဲမွာ Penguin ဇာတ္ေကာင္ကေန ပါဝင္ထားၿပီး ပရိသတ္ေတြ မမွတ္မိေလာက္ေအာင္ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ထားပါတယ္။

အသက္(၄၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Colin Farrell ကို DC Fandome က ထုတ္လႊင့္ျပသခဲ့တဲ့ The Batman ႐ုပ္ရွင္ရဲ႕ teaser ထဲမွာ Penguin ဇာတ္ေကာင္အျဖစ္ လွ်ပ္တစ္ျပက္ ျမင္လိုက္ၾကရေပမယ့္ ဘယ္သူကမွ သူမွန္း မရိပ္မိခဲ့ၾကပါဘူး။ Farrell ဟာ Oswald Cobblepot လို႔ေခၚတဲ့ Batman ရဲ႕ဗီလိန္ Penguin အျဖစ္ သ႐ုပ္ေဆာင္ထားရာမွာ သူ႔ရဲ႕နဂိုမ်က္ႏွာကို အထူးမိတ္ကပ္ေတြ အသုံးျပဳၿပီး မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲထားတာ ျဖစ္ပါတယ္။

Photo: farrellgram/ Instagram

Penguin ဇာတ္ေကာင္ကိုေတာ့ The Batman teaser ရဲ႕ ႏွစ္မိနစ္အဆုံးသတ္နားေလးမွာ ကားအခ်င္းခ်င္း ၿပိဳင္လိုက္ေနရင္း “ဝိုး … ဒီေကာင္ေတာ့ အ႐ူးပဲ …” လို႔ ေအာ္ေျပာေနတဲ့အခန္းမွာ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ Penguin ရဲ႕မ်က္ႏွာကို အနီးကပ္ ၾကည့္ရႈလိုက္ရင္ Farrell ရဲ႕ နဂိုႏွာေခါင္းကို ပိုပြၿပီး ပိုႀကီးတဲ့ ပုံစံျဖစ္ေအာင္ အထူးမိတ္ကပ္နဲ႔ ျပင္ထားတာကို ေတြ႕ရမွာပါ။ ႏွာေခါင္းကို အဲ့လိုျပင္လိုက္တဲ့အတြက္ မ်က္ႏွာကိုလည္း ပိုႀကီးတဲ့ပုံစံ ျဖစ္သြားေစပါတယ္။

ဒါတင္မက ထိပ္ေျပာင္တဲ့ပုံစံျဖစ္ေအာင္လို႔လည္း နဖူးထိပ္ကေန ဆံစပ္ေနရာကို မိတ္ကပ္နဲ႔ ခ်ဲ႕ထားပါေသးတယ္။ အခုလို မမွတ္မိႏိုင္ေလာက္ေအာင္ ႐ုပ္ေျပာင္း႐ုပ္လြဲ မိတ္ကပ္ကို ဖန္တီးေပးထားတဲ့ မိတ္ကပ္ပညာရွင္ကေတာ့ Mike Marino လို႔ သိရပါတယ္။

Photo: Courtesy of YouTube

ဒါ႐ိုက္တာ Matt Reeves ႐ိုက္ကူးေနတဲ့ The Batman ႐ုပ္ရွင္ဇာတ္ကားထဲမွာ Batman အျဖစ္ Robert Pattinson ၊ Catwoman အျဖစ္ Zoe Kravitz ၊ Riddler အျဖစ္ Paul Dano ၊ Penguin အျဖစ္ Colin Farrell တို႔က သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ လက္ရွိမွာ ႐ိုက္ကူးေနဆဲျဖစ္ၿပီး ၂၀၂၁ခုႏွစ္မွာ ႐ုံတင္ျပသဖို႔ လ်ာထားတယ္လို႔ Warner Brothers က ေၾကညာထားပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular