HomeEntertainmentFilmအသစ်ထွက်ရှိလာမယ့် Colin Farrell သရုပ်ဆောင်ထားတဲ့ Penguin ရဲ့ ဇာတ်လမ်းတွဲ

အသစ်ထွက်ရှိလာမယ့် Colin Farrell သရုပ်ဆောင်ထားတဲ့ Penguin ရဲ့ ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် The Batman ရုပ်ရှင်ထဲမှာတော့ Colin Farrell ဟာ ဗီလိန်ဖြစ်တဲ့ Penguin နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Penguin ရဲ့ Spin-Off ဇာတ်လမ်းတွဲကိုလည်း HBO Max မှာ ပြသသွားဖို့အတွက် စီစဉ်နေပြီလို့ သိရပါတယ်။ The Batman ရုပ်ရှင်ထဲမှာတော့ Colin Farrell ဟာ နဂိုရုပ်နဲ့လုံးဝမတူအောင် ပြုပြင်ထားတာကို အရင်က ထွက်ခဲ့တဲ့ ထွေလာထဲမှာလည်း မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

The Batman ရုပ်ရှင်ကနေ Spin-Off ဇာတ်လမ်းတွဲအဖြစ် ထွက်လာမှာ Penguin ရဲ့ ဇာတ်လမ်းတွဲတစ်ခုတည်း မဟုတ်ဘဲ ဂေါ့သမ်မြို့ရဲ့ ရဲဌာနအကြောင်းကို ရိုက်ကူးထားတဲ့ Gotham PD ဇာတ်လမ်းတွဲလည်း ရှိပါသေးတယ်။ အဲ့ဒီဇာတ်လမ်းတွဲကတော့ ရဲမှူး Jim Gordon အကြောင်းကို အဓိက ရိုက်ပြသွားမှာ ဖြစ်ပြီး အကျင့်ပျက်ချစားနေတဲ့ ရဲအရာရှိတွေအကြောင်းလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ The Batman ရုပ်ရှင်ဟာ DC ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Colin Farrell အဓိက ပါဝင်သွားမယ့် ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကြောင်းကတော့ Penguin က ဂေါ့သမ်မြို့ထဲမှာ တဖြည်းဖြည်းနဲ့ ဩဇာအာဏာကြီးမားတဲ့ ဗီလိန်တစ်ယောက် ဖြစ်လာပုံကို မြင်တွေ့ရမှာပါ။ Penguin နေရာမှာတော့ Colin Farrell ကပဲ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်လည်း လောလောဆယ်အထိတော့ တရားဝင်စာချုပ်မချုပ်ရသေးပါဘူး။

photo via screenrant

Warner Bros. ဟာ The Batman ရုပ်ရှင်နဲ့ ပတ်သက်ပြီး အတော်လေးကို ယုံကြည်ချက်ရှိနေပေမယ့်လည်း ဒီဇာတ်လမ်းဟာ DCEU နဲ့ ချိတ်ဆက်သွားမှာလား ဆိုတာတော့ မသေချာသေးပါဘူး။ Ben Affleck ကလည်း The Flash ရုပ်ရှင်ပြီးသွားရင် Batman ဇာတ်ကောင်က ထွက်သွားမှာ ဖြစ်တာကြောင့် ဒီအချက်ကတော့ ပရိသတ်တွေ စိတ်အဝင်အစားဆုံး ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် The Batman ရုပ်ရှင်ကတော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားတွေထဲမှာ ပါဝင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ The Batman ႐ုပ္ရွင္ထဲမွာေတာ့ Colin Farrell ဟာ ဗီလိန္ျဖစ္တဲ့ Penguin ေနရာမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Penguin ရဲ႕ Spin-Off ဇာတ္လမ္းတြဲကိုလည္း HBO Max မွာ ျပသသြားဖို႔အတြက္ စီစဥ္ေနၿပီလို႔ သိရပါတယ္။ The Batman ႐ုပ္ရွင္ထဲမွာေတာ့ Colin Farrell ဟာ နဂို႐ုပ္နဲ႔လုံးဝမတူေအာင္ ျပဳျပင္ထားတာကို အရင္က ထြက္ခဲ့တဲ့ ေထြလာထဲမွာလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

photo via screenrant

The Batman ႐ုပ္ရွင္ကေန Spin-Off ဇာတ္လမ္းတြဲအျဖစ္ ထြက္လာမွာ Penguin ရဲ႕ ဇာတ္လမ္းတြဲတစ္ခုတည္း မဟုတ္ဘဲ ေဂါ့သမ္ၿမိဳ႕ရဲ႕ ရဲဌာနအေၾကာင္းကို ႐ိုက္ကူးထားတဲ့ Gotham PD ဇာတ္လမ္းတြဲလည္း ရွိပါေသးတယ္။ အဲ့ဒီဇာတ္လမ္းတြဲကေတာ့ ရဲမႉး Jim Gordon အေၾကာင္းကို အဓိက ႐ိုက္ျပသြားမွာ ျဖစ္ၿပီး အက်င့္ပ်က္ခ်စားေနတဲ့ ရဲအရာရွိေတြအေၾကာင္းလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ The Batman ႐ုပ္ရွင္ဟာ DC ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနတဲ့ ႐ုပ္ရွင္တစ္ကားဆိုလည္း မမွားပါဘူး။

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Colin Farrell အဓိက ပါဝင္သြားမယ့္ ဒီဇာတ္လမ္းတြဲအတြက္ ႐ိုက္ကူးေရး စတင္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲရဲ႕ အဓိကဇာတ္ေၾကာင္းကေတာ့ Penguin က ေဂါ့သမ္ၿမိဳ႕ထဲမွာ တျဖည္းျဖည္းနဲ႔ ဩဇာအာဏာႀကီးမားတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္လာပုံကို ျမင္ေတြ႕ရမွာပါ။ Penguin ေနရာမွာေတာ့ Colin Farrell ကပဲ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ေပမယ့္လည္း ေလာေလာဆယ္အထိေတာ့ တရားဝင္စာခ်ဳပ္မခ်ဳပ္ရေသးပါဘူး။

photo via screenrant

Warner Bros. ဟာ The Batman ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး အေတာ္ေလးကို ယုံၾကည္ခ်က္ရွိေနေပမယ့္လည္း ဒီဇာတ္လမ္းဟာ DCEU နဲ႔ ခ်ိတ္ဆက္သြားမွာလား ဆိုတာေတာ့ မေသခ်ာေသးပါဘူး။ Ben Affleck ကလည္း The Flash ႐ုပ္ရွင္ၿပီးသြားရင္ Batman ဇာတ္ေကာင္က ထြက္သြားမွာ ျဖစ္တာေၾကာင့္ ဒီအခ်က္ကေတာ့ ပရိသတ္ေတြ စိတ္အဝင္အစားဆုံး ျဖစ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ The Batman ႐ုပ္ရွင္ကေတာ့ ၾကည့္ရႈသင့္တဲ့ ႐ုပ္ရွင္ကားေတြထဲမွာ ပါဝင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular