HomeCelebs Update NewsInternationalဒေါ်လာ(၁.၂)သန်းနဲ့ ရောင်းချသွားမယ့် The Conjuring ရဲ့ ဖြစ်ရပ်တွေ တည်ရှိရာအိမ်ကြီး 

ဒေါ်လာ(၁.၂)သန်းနဲ့ ရောင်းချသွားမယ့် The Conjuring ရဲ့ ဖြစ်ရပ်တွေ တည်ရှိရာအိမ်ကြီး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Wan ရိုက်ကူးထားတဲ့ The Conjuring ရုပ်ရှင်ထဲက ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ တကယ့်အိမ်ကြီးကို ဒေါ်လာ(၁.၂)သန်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ထဲက Ed နဲ့ Lorraine တို့ နှစ်ယောက်ဟာ အပြင်မှာ တကယ်ရှိခဲ့သူနှစ်ယောက် ဖြစ်ပြီး The Conjuring ရုပ်ရှင်ထဲက ဇာတ်လမ်းတွေကလည်း တကယ့်ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

ပထမဆုံး The Conjuring ရုပ်ရှင်ထဲမှာတော့ Bathsheba Sherman ဟာ သူမရဲ့ ကလေးကို သတ်ပစ်ခဲ့ပြီး သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမရဲ့အိမ်မှာ ကျူးကျော်နေထိုင်သူတွေကို ကျိန်စာတိုက်ခဲ့ပြီး Ed နဲ့ Lorraine တို့ နှစ်ယောက်က အဲ့ဒီအဖြစ်အပျက်တွေကို အဆုံးသတ်ပေးခဲ့ပါတယ်။ အခုရောင်းချသွားမယ့် အိမ်ကတော့ The Conjuring ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းထဲက အိမ်မဟုတ်ဘဲ ဒီအဖြစ်အပျက်တွေ တကယ်ဖြစ်ခဲ့တဲ့ အိမ်ကြီးကို ရောင်းချသွားမှာ ဖြစ်ပါတယ်။

JoBlo သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီအိမ်ကြီးကို ဒေါ်လာ (၁.၂)သန်းနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီအိမ်ကိုတော့ ၁၈၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး (၈)ဧကခွဲ ကျယ်ဝန်းကာ အခန်းပေါင်း (၁၄)ခန်း ပါဝင်ပါတယ်။ Bathsheba Sherman ဟာ ၁၈၀၀ ကျော်လောက်က ဒီအိမ်မှာ တကယ်နေထိုင်ခဲ့ပြီး စုန်းအတတ်တွေ လေ့ကျင့်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ အခုချိန်ထိ သူမရဲ့ဝိဉာဉ်က ခြောက်လှန့်နေတုန်းလို့လည်း ပြောကြပါတယ်။ ဒီအိမ်တည်ရှိနေတဲ့ 1677 Round Top Road မှာလည်း အမေရိကန်ရဲ့ နာမည်အကြီးဆုံး သရဲခြောက်တဲ့ အိမ်တွေ ရှိကြပါတယ်။

photo via screenrant

သဘာဝလွန် သုတေသနပညာရှင်တွေများစွာဟာ ဒီအိမ်ကို ရောက်ခဲ့ဖူးပြီး နာမည်အကြီးဆုံးကတော့ Ed နဲ့ Lorraine တို့ နှစ်ယောက်ပဲ ဖြစ်ပါတယ်။ ၁၉၇၀ ကျော်လောက်မှာတော့ ဒီအိမ်က သဘာဝလွန် အဖြစ်အပျက်တွေကို ဖြေရှင်းပေးဖို့အတွက် Ed နဲ့ Lorraine တို့ကို ငှားရမ်းခဲ့ပြီး The Conjuring ရုပ်ရှင်ထဲက အဖြစ်အပျက်တွေဟာ သူတို့နှစ်ယောက် တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပါလို့ အတည်ပြုပေးခဲ့ပါတယ်။ လောလောဆယ်မှာ ဒီအိမ်ကို ထိန်းသိမ်းနေသူတွေကလည်း အခုချိန်ထိ ခြောက်လှန့်မှုတွေ ဖြစ်ပျက်နေသေးတယ်လို့ ပြောပါတယ်။ ဒါတင်မကသေးဘဲ ဒီအိမ်ရဲ့ ခြောက်လှန့်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ချင်သူတွေအတွက်လည်း လာရောက်လည်ပတ်နိုင်အောင် ဝန်ဆောင်မှု ပေးနေပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

ဒါရိုက္တာ James Wan ရိုက္ကူးထားတဲ့ The Conjuring ႐ုပ္ရွင္ထဲက ျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့တဲ့ တကယ့္အိမ္ႀကီးကို ေဒၚလာ(၁.၂)သန္းနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ထဲက Ed နဲ႔ Lorraine တို႔ ႏွစ္ေယာက္ဟာ အျပင္မွာ တကယ္ရွိခဲ့သူႏွစ္ေယာက္ ျဖစ္ၿပီး The Conjuring ႐ုပ္ရွင္ထဲက ဇာတ္လမ္းေတြကလည္း တကယ့္ျဖစ္ရပ္မွန္ေတြကို အေျခခံၿပီး ရိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

ပထမဆုံး The Conjuring ႐ုပ္ရွင္ထဲမွာေတာ့ Bathsheba Sherman ဟာ သူမရဲ့ ကေလးကို သတ္ပစ္ခဲ့ၿပီး သူ႔ကိုယ္သူလည္း သတ္ေသသြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမရဲ့အိမ္မွာ က်ဴးေက်ာ္ေနထိုင္သူေတြကို က်ိန္စာတိုက္ခဲ့ၿပီး Ed နဲ႔ Lorraine တို႔ ႏွစ္ေယာက္က အဲ့ဒီအျဖစ္အပ်က္ေတြကို အဆုံးသတ္ေပးခဲ့ပါတယ္။ အခုေရာင္းခ်သြားမယ့္ အိမ္ကေတာ့ The Conjuring ႐ုပ္ရွင္ ရိုက္ကူးခဲ့တဲ့ ရိုက္ကြင္းထဲက အိမ္မဟုတ္ဘဲ ဒီအျဖစ္အပ်က္ေတြ တကယ္ျဖစ္ခဲ့တဲ့ အိမ္ႀကီးကို ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

JoBlo သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ ဒီအိမ္ႀကီးကို ေဒၚလာ (၁.၂)သန္းနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ ဒီအိမ္ကိုေတာ့ ၁၈၃၆ ခုႏွစ္မွာ တည္ေဆာက္ခဲ့ၿပီး (၈)ဧကခြဲ က်ယ္ဝန္းကာ အခန္းေပါင္း (၁၄)ခန္း ပါဝင္ပါတယ္။ Bathsheba Sherman ဟာ ၁၈၀၀ ေက်ာ္ေလာက္က ဒီအိမ္မွာ တကယ္ေနထိုင္ခဲ့ၿပီး စုန္းအတတ္ေတြ ေလ့က်င့္ခဲ့တယ္လို႔လည္း ဆိုၾကပါတယ္။ အခုခ်ိန္ထိ သူမရဲ့ဝိဉာဥ္က ေျခာက္လွန႔္ေနတုန္းလို႔လည္း ေျပာၾကပါတယ္။ ဒီအိမ္တည္ရွိေနတဲ့ 1677 Round Top Road မွာလည္း အေမရိကန္ရဲ့ နာမည္အႀကီးဆုံး သရဲေျခာက္တဲ့ အိမ္ေတြ ရွိၾကပါတယ္။

photo via screenrant

သဘာဝလြန္ သုေတသနပညာရွင္ေတြမ်ားစြာဟာ ဒီအိမ္ကို ေရာက္ခဲ့ဖူးၿပီး နာမည္အႀကီးဆုံးကေတာ့ Ed နဲ႔ Lorraine တို႔ ႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။ ၁၉၇၀ ေက်ာ္ေလာက္မွာေတာ့ ဒီအိမ္က သဘာဝလြန္ အျဖစ္အပ်က္ေတြကို ေျဖရွင္းေပးဖို႔အတြက္ Ed နဲ႔ Lorraine တို႔ကို ငွားရမ္းခဲ့ၿပီး The Conjuring ႐ုပ္ရွင္ထဲက အျဖစ္အပ်က္ေတြဟာ သူတို႔ႏွစ္ေယာက္ တကယ္ၾကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေတြပါလို႔ အတည္ျပဳေပးခဲ့ပါတယ္။ ေလာေလာဆယ္မွာ ဒီအိမ္ကို ထိန္းသိမ္းေနသူေတြကလည္း အခုခ်ိန္ထိ ေျခာက္လွန႔္မွုေတြ ျဖစ္ပ်က္ေနေသးတယ္လို႔ ေျပာပါတယ္။ ဒါတင္မကေသးဘဲ ဒီအိမ္ရဲ့ ေျခာက္လွန႔္မွုေတြကို ကိုယ္တိုင္ ၾကဳံေတြ႕ခ်င္သူေတြအတြက္လည္း လာေရာက္လည္ပတ္နိုင္ေအာင္ ဝန္ေဆာင္မွု ေပးေနပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular