HomeCelebs Update NewsInternationalစက်ဘီးစီးနေတုန်း ကားနဲ့တိုက်ခံခဲ့ရတဲ့ Conor McGregor

စက်ဘီးစီးနေတုန်း ကားနဲ့တိုက်ခံခဲ့ရတဲ့ Conor McGregor

UFC အကျော်အမော်တစ်ယောက် ဖြစ်တဲ့ Conor McGregor ဟာ စက်ဘီးနဲ့စီးလာရင်း ကားတစ်စီးနဲ့ တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ အင်မတန် အန္တရာယ်ကြီးလွန်းပြီး အနည်းငယ်သာ ချွတ်ချော်ခဲ့မယ်ဆိုရင် အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုး ဖြစ်ပေမယ့် ကံကောင်းတာကြောင့် အသက်ဘေးက လွတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကိုတော့ အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ McGregor ဟာ သူ့ရဲ့အင်စတာဂရမ်မှာ ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ McGregor ဟာ အိုင်ယာလန်နိုင်ငံရဲ့ ကျေးလက်နယ်ဘက်က လမ်းကျဉ်းလေးတစ်ခုပေါ်မှာ စက်ဘီးစီးလာရင်း တစ်ဘက်က အရှိန်ပြည့်နဲ့ မောင်းနှင်လာတဲ့ ကားတစ်စီးဟာ သူ့ကိုဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

Photo: notoiousmma/ Instagram

“ဒရိုင်ဘာက နေရောင်ကြောင့် မျက်စိပြာသွားတာပါ။ သူ ကျွန်တော့်ကို မမြင်လိုက်ဘူးလေ။ ဘုရားကယ်လို့သာပေါ့။ ကျွန်တော် သေရမယ့်အချိန် မရောက်သေးလို့လို့ပဲ ပြောရမှာ။ တကယ်တော့ ကျွန်တော် သေတောင်သေသွားနိုင်တယ်ဗျ …” လို့ McGregor က ပြောပါတယ်။

ကံကောင်းထောက်မစွာနဲ့ သူဟာ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရရှိခဲ့တာတော့ မတွေ့ရပါဘူး။ သူ့ရဲ့အားကစားသမားဘဝ အတွေ့အကြုံတွေကပဲ အခုလို ထိတ်လန့်စရာ အခြေအနေမှာ အသက်ဘေးကလွတ်အောင် ကယ်တင်နိုင်ခဲ့တာလို့လည်း McGregor က ပြောထားပါသေးတယ်။

အဆိုပါဗွီဒီယိုထဲမှာပဲ တစ်ဖက်က ကားမောင်းသမားဟာ McGregor ကို တောင်းပန်နေတာကိုလည်း ကြားလိုက်ရပါသေးတယ်။ McGregor ကတော့ ကားသမားဟာ တိုက်မိတယ်လို့ သိသိချင်း ကားကိုရပ်ပြီး သူ့ကိုသေသေချာချာ လာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။ အဲဒီနောက်မှာတော့ ကားမောင်းသမားဟာ သူ့ကိုယ်သူ မိတ်ဆက်ပြီး McGregor နဲ့ သူ့ရဲ့စက်ဘီးကို တင်ဆောင်ကာ သူ့ရဲ့ကားနဲ့အတူ အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

McGregor ဟာ ယခုနောက်ပိုင်းမှာ စက်ဘီးစီးရခြင်းကို နှစ်သက်နေပြီး မကြာခဏဆိုသလို စက်ဘီးစီးနင်းတဲ့ လှုပ်ရှားမှုတွေကိုလည်း သူ့ရဲ့အင်စတာဂရမ်မှာ တင်ထားလေ့ ရှိပါတယ်။ ယခုလည်း အဲဒီလိုစက်ဘီးထွက်စီးနေရင်း အခုလိုမတော်တဆမှုနဲ့ ကြုံတွေ့လိုက်ရတာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular