HomeCelebs Update NewsInternationalအမာခံပရိသတ်နဲ့ ချစ်ခရီးလျှောက်လှမ်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ 

အမာခံပရိသတ်နဲ့ ချစ်ခရီးလျှောက်လှမ်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်ခေတ်တစ်ခါတုန်းကတော့ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ရွှေလက်တွဲနိုင်ဖို့ဆိုတာဟာ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာသာ ရှိခဲ့တာပါ။ ကိုယ်အားပေးတဲ့ နာမည်ကျော် ဆယ်လီတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ကြဖို့ဆိုတာဟာ အိပ်မက်လိုသာ ထင်စရာရှိပေမယ့် ဒီနေ့ခေတ်မှာတော့ တကယ်ကြီး ချစ်သူတွေဖြစ်ပြီး အောင်မြင်တဲ့ အိမ်ထောင်ရေးကိုတောင် ထူထောင်ထားနိုင်သူတွေ ရှိနေပါပြီ။ အမာခံပရိသတ်နဲ့ ချစ်ခရီးလမ်း လျှောက်လှမ်းခဲ့ကြသူတွေကတော့ …

Justin Bieber နဲ့ Hailey Bieber
Photo: nolurbiseev/ Instagram

အမာခံပရိသတ်တစ်ယောက်နဲ့ တွဲပြီး အိမ်ထောင်ဖက်အဖြစ်ပါ ရွေးချယ်ခဲ့သူတွေထဲမှာ Justin Bieber လည်း ပါဝင်ပါတယ်။ Hailey ဟာ နာမည်ကြီး Baldwin မိသားစုက ဆင်းသက်လာသူ ဖြစ်ပေမယ့် သူမဟာ Justin ရဲ့ တကယ့် အမာခံပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတွေ့ဖြစ်ပုံကတော့ ၂၀၀၉ခုနှစ်က The Today Show အစီအစဉ်ရဲ့ စင်နောက်ပိုင်းမှာ Hailey ရဲ့ ဖခင်ဖြစ်သူ Stephen Baldwin က မိတ်ဆက်ပေးခဲ့လို့ ဖြစ်ပါတယ်။

အဲဒီနောက် ဆယ်စုနှစ်တစ်ခု ကြာတဲ့အထိ Hailey နဲ့ Justin တို့ဟာ ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ခဲ့ကြပြီး နောက်ဆုံးမှာတော့ Justin က လက်ထပ်ခွင့် တောင်းခံခဲ့တဲ့အထိပါပဲ။ အများက အားကျရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ သူတို့ချစ်သူနှစ်ဦးကတော့ ၂၀၁၈ခုနှစ်တည်းက လက်ထပ်ခဲ့ကြတာ ဖြစ်ပြီး ယနေ့အချိန်ထိ ပျော်ရွှင်ခိုင်မြဲနေကြဆဲ ဖြစ်ပါတယ်။

Jake T. Austin နဲ့ Danielle Caesar
Photo: mysticallea/ Instagram

အမေရိကန်မင်းသားတစ်လက် ဖြစ်တဲ့ Jake T. Austin နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတဲ့ Danielle Caesar ကတော့ မိန်းကလေးတွေရဲ့ ရွှေအိပ်မက်ထဲမှာ တကယ် နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၁ ခုနှစ်က နယူးယော့ခ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Jake ရဲ့ ပရိသတ်တွေ့ဆုံပွဲမှာ လူချင်းစတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

Danielle ဟာ တွစ်တာမှာ ငါးနှစ်တာ ကာလလုံး fan girl ပြုလုပ်ခဲ့ပြီး Justin ရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ အချိန်တွေ ရင်းနှီးခဲ့ရတယ်ဆိုပေမယ့် သူမရဲ့ ကြိုးစားမှုတွေဟာ အလဟဿ မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ မင်းသားဟာ တွစ်တာမှာ သူမကို ပြန်ပြီး follow လုပ်ခဲ့ပါတယ်။ အဲဒီနောက် လူချင်းတွေ့ဆုံပြီးမှာတော့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ချစ်သူတွေ ဖြစ်ခဲ့ပါတယ်။ ချစ်သူဘဝတလျှောက်လုံး Jake ဟာ သူ့ချစ်သူလေး ဘယ်လောက် ချစ်ဖို့ကောင်းကြောင်း အွန်လိုင်းမှာ fan တွေက အားကျရတဲ့အထိ ချစ်ပြခဲ့တာ ဖြစ်ပါတယ်။

Liam Payne နဲ့ Maya Henry
Photo: liampayne/ Instagram

သင်ဟာ One Direction ရဲ့ ပရိသတ်တစ်ယောက် ဆိုရင်တော့ တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မော်ဒယ်လ် Maya Henry ကိုလည်း သိမှာပါ။ သူမဟာ အလွန်ကံကောင်းတဲ့ Directioner တစ်ယောက်ဖြစ်ပြီး Liam ရဲ့ အသည်းနှလုံးကို ခိုးယူနိုင်ခဲ့ရုံသာမက လက်ထပ်ခွင့် တောင်းခံခဲ့ရတဲ့အထိ အချစ်ခံခဲ့ရသူ ဖြစ်ပါတယ်။

သူတို့နှစ်ဦး စတင်တွေ့ဆုံခဲ့ကြတာကတော့ ၂၀၁၅ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ One Direction ပရိသတ်တွေ့ဆုံပွဲမှာ ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ တွဲခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လမှာတော့ Liam ဆီက လက်ထပ်ခွင့် တောင်းခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာပဲ စေ့စပ်ပြီး ဆယ်လအကြာ ၂၀၂၁ ခုနှစ်မှာတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

Julia Roberts နဲ့ Daniel Moder
Photo: modermoder/ Instagram

နာမည်ကျော်မင်းသမီးကြီး Julia Roberts ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Mexican ဇာတ်ကားမှာ သူမရဲ့လက်တွဲဖော်ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကင်မရာသမားဘဝသာ ရှိသေးတဲ့ Daniel Moder ဟာ ယခင်တည်းက မင်းသမီးရဲ့ ပရိသတ် ဖြစ်နေခဲ့တာပါ။ ဒီလိုနဲ့ ရိုက်ကွင်းမှာ တဖြည်းဖြည်း ရင်းနှီးတဲ့ ဆက်ဆံရေး ဖြစ်ပေါ်လာကြပြီး နောက်တစ်နှစ်အကြာမှာတော့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အခုဆိုရင်တော့ ဆယ်စုနှစ် နှစ်ခုကျော်ကြာတဲ့ အိမ်ထောင်သက်နဲ့ ခိုင်မြဲတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပါတယ်။ ကလေးသုံးယောက် ထွန်းကားထားပြီး ဟောလိဝုဒ်က ဒရာမာတွေရဲ့အဝေးမှာ အေးအေးချမ်းချမ်း နေထိုင်နေကြပါတယ်။

ဒါကတော့ အမာခံပရိသတ်တွေနဲ့ ချစ်ခရီးလျှောက်လှမ်းခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဆယ်လီစုံတွဲတွေ ရှိရင်လည်း ပြောသွားခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

တစ္ေခတ္တစ္ခါတုန္းကေတာ့ နာမည္ေက်ာ္ပုဂၢိဳလ္ေတြနဲ႔ ေ႐ႊလက္တြဲႏိုင္ဖို႔ဆိုတာဟာ ႐ုပ္ရွင္ေတြ၊ ဝတၳဳေတြထဲမွာသာ ရွိခဲ့တာပါ။ ကိုယ္အားေပးတဲ့ နာမည္ေက်ာ္ ဆယ္လီတစ္ေယာက္နဲ႔ ခ်စ္သူေတြ ျဖစ္ၾကဖို႔ဆိုတာဟာ အိပ္မက္လိုသာ ထင္စရာရွိေပမယ့္ ဒီေန႔ေခတ္မွာေတာ့ တကယ္ႀကီး ခ်စ္သူေတြျဖစ္ၿပီး ေအာင္ျမင္တဲ့ အိမ္ေထာင္ေရးကိုေတာင္ ထူေထာင္ထားႏိုင္သူေတြ ရွိေနပါၿပီ။ အမာခံပရိသတ္နဲ႔ ခ်စ္ခရီးလမ္း ေလွ်ာက္လွမ္းခဲ့ၾကသူေတြကေတာ့ …

Justin Bieber နဲ႔ Hailey Bieber
Photo: nolurbiseev/ Instagram

အမာခံပရိသတ္တစ္ေယာက္နဲ႔ တြဲၿပီး အိမ္ေထာင္ဖက္အျဖစ္ပါ ေ႐ြးခ်ယ္ခဲ့သူေတြထဲမွာ Justin Bieber လည္း ပါဝင္ပါတယ္။ Hailey ဟာ နာမည္ႀကီး Baldwin မိသားစုက ဆင္းသက္လာသူ ျဖစ္ေပမယ့္ သူမဟာ Justin ရဲ႕ တကယ့္ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ စေတြ႕ျဖစ္ပုံကေတာ့ ၂၀၀၉ခုႏွစ္က The Today Show အစီအစဥ္ရဲ႕ စင္ေနာက္ပိုင္းမွာ Hailey ရဲ႕ ဖခင္ျဖစ္သူ Stephen Baldwin က မိတ္ဆက္ေပးခဲ့လို႔ ျဖစ္ပါတယ္။

အဲဒီေနာက္ ဆယ္စုႏွစ္တစ္ခု ၾကာတဲ့အထိ Hailey နဲ႔ Justin တို႔ဟာ ထူးျခားတဲ့ ဆက္ဆံေရးတစ္ခုကို ပိုင္ဆိုင္ခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ Justin က လက္ထပ္ခြင့္ ေတာင္းခံခဲ့တဲ့အထိပါပဲ။ အမ်ားက အားက်ရတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ သူတို႔ခ်စ္သူႏွစ္ဦးကေတာ့ ၂၀၁၈ခုႏွစ္တည္းက လက္ထပ္ခဲ့ၾကတာ ျဖစ္ၿပီး ယေန႔အခ်ိန္ထိ ေပ်ာ္႐ႊင္ခိုင္ၿမဲေနၾကဆဲ ျဖစ္ပါတယ္။

Jake T. Austin နဲ႔ Danielle Caesar
Photo: mysticallea/ Instagram

အေမရိကန္မင္းသားတစ္လက္ ျဖစ္တဲ့ Jake T. Austin နဲ႔ ခ်စ္သူေတြ ျဖစ္ခဲ့ၾကတဲ့ Danielle Caesar ကေတာ့ မိန္းကေလးေတြရဲ႕ ေ႐ႊအိပ္မက္ထဲမွာ တကယ္ ေနထိုင္ခဲ့ရသူ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၁ ခုႏွစ္က နယူးေယာ့ခ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Jake ရဲ႕ ပရိသတ္ေတြ႕ဆုံပြဲမွာ လူခ်င္းစတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

Danielle ဟာ တြစ္တာမွာ ငါးႏွစ္တာ ကာလလုံး fan girl ျပဳလုပ္ခဲ့ၿပီး Justin ရဲ႕ အသည္းႏွလုံးကို ကိုင္လႈပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ငါးႏွစ္ဆိုတဲ့ အခ်ိန္ေတြ ရင္းႏွီးခဲ့ရတယ္ဆိုေပမယ့္ သူမရဲ႕ ႀကိဳးစားမႈေတြဟာ အလဟႆ မျဖစ္ခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ မင္းသားဟာ တြစ္တာမွာ သူမကို ျပန္ၿပီး follow လုပ္ခဲ့ပါတယ္။ အဲဒီေနာက္ လူခ်င္းေတြ႕ဆုံၿပီးမွာေတာ့ ၂၀၁၆ ခုႏွစ္ကေန ၂၀၁၉ ခုႏွစ္အထိ ခ်စ္သူေတြ ျဖစ္ခဲ့ပါတယ္။ ခ်စ္သူဘဝတေလွ်ာက္လုံး Jake ဟာ သူ႔ခ်စ္သူေလး ဘယ္ေလာက္ ခ်စ္ဖို႔ေကာင္းေၾကာင္း အြန္လိုင္းမွာ fan ေတြက အားက်ရတဲ့အထိ ခ်စ္ျပခဲ့တာ ျဖစ္ပါတယ္။

Liam Payne နဲ႔ Maya Henry
Photo: liampayne/ Instagram

သင္ဟာ One Direction ရဲ႕ ပရိသတ္တစ္ေယာက္ ဆိုရင္ေတာ့ တကၠဆက္ျပည္နယ္မွာ ေမြးဖြားခဲ့တဲ့ ေမာ္ဒယ္လ္ Maya Henry ကိုလည္း သိမွာပါ။ သူမဟာ အလြန္ကံေကာင္းတဲ့ Directioner တစ္ေယာက္ျဖစ္ၿပီး Liam ရဲ႕ အသည္းႏွလုံးကို ခိုးယူႏိုင္ခဲ့႐ုံသာမက လက္ထပ္ခြင့္ ေတာင္းခံခဲ့ရတဲ့အထိ အခ်စ္ခံခဲ့ရသူ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦး စတင္ေတြ႕ဆုံခဲ့ၾကတာကေတာ့ ၂၀၁၅ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ One Direction ပရိသတ္ေတြ႕ဆုံပြဲမွာ ျဖစ္ပါတယ္။ အဲဒီေတြ႕ဆုံပြဲၿပီးေနာက္ ရက္သတၱပတ္ အနည္းငယ္အၾကာမွာပဲ တြဲခဲ့ၾကတာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ ဩဂုတ္လမွာေတာ့ Liam ဆီက လက္ထပ္ခြင့္ ေတာင္းခံခဲ့ရတာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း စိတ္မေကာင္းစရာပဲ ေစ့စပ္ၿပီး ဆယ္လအၾကာ ၂၀၂၁ ခုႏွစ္မွာေတာ့ သူတို႔ႏွစ္ဦး လမ္းခြဲလိုက္ၾကၿပီ ျဖစ္ပါတယ္။

Julia Roberts နဲ႔ Daniel Moder
Photo: modermoder/ Instagram

နာမည္ေက်ာ္မင္းသမီးႀကီး Julia Roberts ကေတာ့ ၂၀၀၁ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Mexican ဇာတ္ကားမွာ သူမရဲ႕လက္တြဲေဖာ္ကို ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ကင္မရာသမားဘဝသာ ရွိေသးတဲ့ Daniel Moder ဟာ ယခင္တည္းက မင္းသမီးရဲ႕ ပရိသတ္ ျဖစ္ေနခဲ့တာပါ။ ဒီလိုနဲ႔ ႐ိုက္ကြင္းမွာ တျဖည္းျဖည္း ရင္းႏွီးတဲ့ ဆက္ဆံေရး ျဖစ္ေပၚလာၾကၿပီး ေနာက္တစ္ႏွစ္အၾကာမွာေတာ့ လက္ထပ္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

အခုဆိုရင္ေတာ့ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ၾကာတဲ့ အိမ္ေထာင္သက္နဲ႔ ခိုင္ၿမဲတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားၾကၿပီ ျဖစ္ပါတယ္။ ကေလးသုံးေယာက္ ထြန္းကားထားၿပီး ေဟာလိဝုဒ္က ဒရာမာေတြရဲ႕အေဝးမွာ ေအးေအးခ်မ္းခ်မ္း ေနထိုင္ေနၾကပါတယ္။

ဒါကေတာ့ အမာခံပရိသတ္ေတြနဲ႔ ခ်စ္ခရီးေလွ်ာက္လွမ္းခဲ့ၾကတဲ့ နာမည္ေက်ာ္ဆယ္လီေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ ဆယ္လီစုံတြဲေတြ ရွိရင္လည္း ေျပာသြားခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular