HomeEntertainmentFilm၂၀၂၁ ခုနှစ်ထဲမှာ ရိုက်ကူးရေးစတင်သွားမယ့် Creed 3

၂၀၂၁ ခုနှစ်ထဲမှာ ရိုက်ကူးရေးစတင်သွားမယ့် Creed 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Creed 3 ဟာ ၂၀၂၁ ခုနှစ်ထဲမှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ကိုတော့ Michael B. Jordan ကိုယ်တိုင် ဒါရိုက်တာ ပြုလုပ်သွားမှာ ဖြစ်ပြီး Tessa Thompson လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Creed ရုပ်ရှင်ကတော့ box office ဝင်ငွေ ဒေါ်လာ (၁၇၃) သန်း ရရှိခဲ့ပြီး Stallone ကလည်း ဒီဇာတ်လမ်းထဲမှာ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒီလိုတွေ အောင်မြင်ခဲ့တာကြောင့် ၂၀၁၈ ခုနှစ်မှာ Creed 2 ဆက်လက်ထွက်ရှိလာပြီး box office ဝင်ငွေ ဒေါ်လာ (၂၁၄) သန်း ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ တတိယမြောက်ရုပ်ရှင်မှာတော့ ဘယ်လိုမျိူးတွေ တွေ့ရမလည်း ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Creed 3 ဟာ ဘယ်အချိန်မှာ ထွက်လာမလည်း ဆိုတာကို မသိရသေးပေမယ့်လည်း ဘယ်အချိန်မှာ ရိုက်ကူးရေး စတင်မလည်း ဆိုတာကိုတော့ သိခဲ့ရပါပြီ။ Tessa Thompson ဟာ MTV News နဲ့ အင်တာဗျူးမှာတော့ သူမပါဝင်သွားမယ့် ရုပ်ရှင်တွေ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ဒါ့အပြင် သိပ်မကြာခင်တုန်းက People မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်ပေးတဲ့ ဆွဲဆောင်မှုအရှိဆုံး အမျိူးသားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတဲ့ Jordan ကိုလည်း စနောက်ခဲ့ပါသေးတယ်။

Thompson ပြောပြသွားတဲ့ စကားအပြည့်အစုံကတော့ ” Creed 3 ကိုတော့ Jordan က ရိုက်ကူးသွားမှာပါ။ အဲ့ဒါကြောင့် ဒီရုပ်ရှင်မှာတော့ ကျွန်မကသူ့ကို ဒါရိုက်တာအနေနဲ့ တွေ့ဆုံရမှာပါ။ ဒီရုပ်ရှင်ကတော့ ၂၀၂၁ ခုနှစ်ထဲမှာပဲ ရိုက်ကူးသွားပါလိမ့်မယ်။ ဒီရုပ်ရှင်ကို ရိုက်တဲ့အချိန်ထိ သူက ဆွဲဆောင်မှုအရှိဆုံး အမျိူးသားဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်မလား ဆိုတာတော့ မသိပါဘူး ” ဆိုပြီးတော့ ပြောပြခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းကိုလည်း အခုချိန်မှာ မသိရသေးဘဲ ဖေဖော်ဝါရီလမှာတော့ Zach Baylin က ဇာတ်ညွှန်းရေးသွားမယ်လို့ သိရပါတယ်။ Jordan ကလည်း ဒီရုပ်ရှင်ဟာ သူ့အတွက် ပထမဆုံး ဒါရိုက်တာ ပြုလုပ်ရမယ့် ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီရုပ်ရှင်ထဲမှာ Stallone ပြန်လည် ပါဝင်လာဦးမလား ဆိုတာလည်း မသေချာသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ ပရိသတ်တွေအများစု စောင့်ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာဦးမှာ အသေအချာပါပဲ။

Legos

Source : Screenrant

(Zawgyi Version)

Creed 3 ဟာ ၂၀၂၁ ခုႏွစ္ထဲမွာ ႐ိုက္ကူးေရး စတင္သြားမယ္လို႔ သိရပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ Michael B. Jordan ကိုယ္တိုင္ ဒါ႐ိုက္တာ ျပဳလုပ္သြားမွာ ျဖစ္ၿပီး Tessa Thompson လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ Creed ႐ုပ္ရွင္ကေတာ့ box office ဝင္ေငြ ေဒၚလာ (၁၇၃) သန္း ရရွိခဲ့ၿပီး Stallone ကလည္း ဒီဇာတ္လမ္းထဲမွာ အေကာင္းဆုံး ဇာတ္ပို႔သ႐ုပ္ေဆာင္အေနနဲ႔ ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒီလိုေတြ ေအာင္ျမင္ခဲ့တာေၾကာင့္ ၂၀၁၈ ခုႏွစ္မွာ Creed 2 ဆက္လက္ထြက္ရွိလာၿပီး box office ဝင္ေငြ ေဒၚလာ (၂၁၄) သန္း ရရွိခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ တတိယေျမာက္႐ုပ္ရွင္မွာေတာ့ ဘယ္လိုမ်ိဴးေတြ ေတြ႕ရမလည္း ဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

photo via screenrant

ေလာေလာဆယ္မွာေတာ့ Creed 3 ဟာ ဘယ္အခ်ိန္မွာ ထြက္လာမလည္း ဆိုတာကို မသိရေသးေပမယ့္လည္း ဘယ္အခ်ိန္မွာ ႐ိုက္ကူးေရး စတင္မလည္း ဆိုတာကိုေတာ့ သိခဲ့ရပါၿပီ။ Tessa Thompson ဟာ MTV News နဲ႔ အင္တာဗ်ဴးမွာေတာ့ သူမပါဝင္သြားမယ့္ ႐ုပ္ရွင္ေတြ အေၾကာင္းကို ေျပာျပသြားခဲ့ပါတယ္။ ဒါ့အျပင္ သိပ္မၾကာခင္တုန္းက People မဂၢဇင္းက ႏွစ္စဥ္ေ႐ြးခ်ယ္ေပးတဲ့ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဴးသားဆိုတဲ့ ဂုဏ္ပုဒ္ကို ရရွိထားတဲ့ Jordan ကိုလည္း စေနာက္ခဲ့ပါေသးတယ္။

Thompson ေျပာျပသြားတဲ့ စကားအျပည့္အစုံကေတာ့ ” Creed 3 ကိုေတာ့ Jordan က ႐ိုက္ကူးသြားမွာပါ။ အဲ့ဒါေၾကာင့္ ဒီ႐ုပ္ရွင္မွာေတာ့ ကြၽန္မကသူ႔ကို ဒါ႐ိုက္တာအေနနဲ႔ ေတြ႕ဆုံရမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ ခုႏွစ္ထဲမွာပဲ ႐ိုက္ကူးသြားပါလိမ့္မယ္။ ဒီ႐ုပ္ရွင္ကို ႐ိုက္တဲ့အခ်ိန္ထိ သူက ဆြဲေဆာင္မႈအရွိဆုံး အမ်ိဴးသားဆိုတဲ့ ဂုဏ္ပုဒ္ကို ထိန္းသိမ္းထားႏိုင္မလား ဆိုတာေတာ့ မသိပါဘူး ” ဆိုၿပီးေတာ့ ေျပာျပခဲ့ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းကိုလည္း အခုခ်ိန္မွာ မသိရေသးဘဲ ေဖေဖာ္ဝါရီလမွာေတာ့ Zach Baylin က ဇာတ္ၫႊန္းေရးသြားမယ္လို႔ သိရပါတယ္။ Jordan ကလည္း ဒီ႐ုပ္ရွင္ဟာ သူ႔အတြက္ ပထမဆုံး ဒါ႐ိုက္တာ ျပဳလုပ္ရမယ့္ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Stallone ျပန္လည္ ပါဝင္လာဦးမလား ဆိုတာလည္း မေသခ်ာေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ကေတာ့ ပရိသတ္ေတြအမ်ားစု ေစာင့္ၾကည့္ရမယ့္ ႐ုပ္ရွင္တစ္ကား ျဖစ္လာဦးမွာ အေသအခ်ာပါပဲ။

Legos

Source : Screenrant

RELATED ARTICLES

Most Popular