HomeEntertainmentFilmCivil War ထဲမှာ ကတ်ကြေးစာမိသွားခဲ့တဲ့ Captain America နဲ့ Black Widow တို့ရဲ့ ဖိုက်တင်ခန်း

Civil War ထဲမှာ ကတ်ကြေးစာမိသွားခဲ့တဲ့ Captain America နဲ့ Black Widow တို့ရဲ့ ဖိုက်တင်ခန်း

Captain America: Civil War ရုပ်ရှင်ထဲမှာတော့ မူလက Captain America နဲ့ Black Widow တို့ရဲ့ ဖိုက်တင်ခန်း ပါဝင်ခဲ့ပြီး ရုံတင်တဲ့ ဗားရှင်းထဲမှာတော့ အဲဒီအခန်း မပါဝင်ခဲ့ဘဲ ဖြတ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

Civil War ထဲမှာတော့ Avengers အဖွဲ့တွေရဲ့ မစ်ရှင်တွေကြောင့် သာမန်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်တွေ ထိခိုက် ပျက်စီးခဲ့ရတယ်ဆိုတဲ့ အချက်နဲ့ အစိုးရဘက်က ကမ်းလှမ်းလာတဲ့ စာချုပ်မှာ လက်မှတ်ထိုးဖို့ Avengers တွေကြားမှာ သဘောထား ကွဲပြားရာက ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ နေထိုင်ရမယ့် စာချုပ်မှာ လက်မှတ်ထိုးပြီး စူပါဟီးရိုးအဖြစ် ဆက်လှုပ်ရှားမလား၊ ဒါမှမဟုတ် စူပါဟီးရိုးအလုပ်တွေကနေ အနားယူမလားဆိုတာ Avengers တွေကြားမှာ စဉ်းစားလာရပြီး တစ်ဦးချင်းစီရဲ့ ခံယူချက်၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်နေတာကြောင့် အချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒီလိုရပ်တည်ချက် မတူညီကြတဲ့ စူပါဟီးရိုးနှစ်ယောက်ကတော့ Steve Rogers နဲ့ Natasha Romanoff တို့ပဲ ဖြစ်ပါတယ်။ Cap ကတော့ အစိုးရရဲ့ ရုပ်သေးအဖြစ် ထိန်းချုပ်ခံရမယ့် အရေးကို လုံးဝလက်မခံနိုင်တာကြောင့် စာချုပ်မှာ လုံးဝလက်မှတ်မထိုးတဲ့ဘက်က ရပ်တည်ပါတယ်။ Natasha ကတော့ အစိုးရဘက်က သတ်မှတ်ပေးတဲ့ စည်းကမ်းတွေကို လက်ခံရင်းနဲ့ လူတွေကို ကောင်းကျိုးပြုမယ့်အရာတွေ ဆက်လုပ်နေလို့ ရဦးမယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လက်မှတ် လုံးဝမထိုးချင်သူတွေနဲ့ လက်မှတ်ထိုးမယ့်သူတွေကြားမှာ နောက်ဆုံးမှာတော့ ရန်ပွဲကြီးတစ်ခု အကြီးအကျယ် ပေါ်ပေါက်လာပါတော့တယ်။ မူလကတော့ Black Widow ဟာ Tony Stark ရဲ့ လက်မှတ်ထိုးမယ့်ဘက်ကနေ စတင် တိုက်ပွဲဝင်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမဟာ စိတ်ပြောင်းသွားပြီး Steve ထွက်သွားနိုင်အောင် ကူညီပေးခဲ့ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သို့သော်လည်း မူလက ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေထဲမှာတော့ Natasha ဟာ Steve ကို စိတ်ပြောင်းပြီး မကူညီခင် သူတို့နှစ်ယောက်ရဲ့ အားပြိုင်ကြတဲ့ ဖိုက်တင်ခန်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ Corridor Crew ဆိုတဲ့ YouTube Channel က James Young က ပြောပြထားတာ ဖြစ်ပါတယ်။ James Young ကတော့ Marvel Studios ရဲ့ စတန့်ဌာနမှာ အလုပ်လုပ်သူ ဖြစ်ပြီး Captain America: Winter Soldier ရုပ်ရှင်တည်းက စတူဒီယိုအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပါတယ်။

James Young ရဲ့ ပြောပြချက်အရ မူလတုန်းက Cap နဲ့ Natasha တို့ရဲ့ တကယ် epic ဖြစ်တဲ့ ဖိုက်တင်ခန်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မက James Young နဲ့ သူ့ရဲ့အဖွဲ့ဟာ Avengers အဖွဲ့တွေရဲ့ ဖိုက်တင်ခန်းတွေကို စဉ်းစားပေးခဲ့ရပြီး ဟီးရိုးတွေ တစ်ယောက်ချင်းစီ ယှဉ်ချကြတဲ့ ဖိုက်တင်ခန်းမျိုး ရာနဲ့ချီပြီး အိုင်ဒီယာ ထုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီထဲက ဖိုက်တင်ခန်းတစ်ခုကတော့ Cap နဲ့ Natasha တို့ရဲ့ ဖိုက်တင်ခန်းပဲ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

သူ့ရဲ့အဆိုအရ အဲဒီဇာတ်ဝင်ခန်းကို လေဆိပ်က အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ ရိုက်ကူးခဲ့ပြီးမှ နောက်ဆုံး edit လုပ်ချိန်မှာ ကတ်ကြေးစာမိခဲ့ရတာလို့ သိရပါတယ်။ ဘာကြောင့် ဒီဇာတ်ဝင်ခန်းကို ဖြတ်ပစ်ခဲ့ရလည်း ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူ့ဘက်က ရှင်းပြထားတာတော့ မရှိပါဘူး။ သူ့ရဲ့ ပြောပြပုံအရ Civil War ထဲက Avengers တွေ အချင်းချင်း တိုက်ကုန်ကြတဲ့ ဇာတ်ဝင်ခန်းတွေဟာ ဒါရိုက်တာနဲ့ editor တွေရဲ့ လက်ထဲမှာ အများကြီး ပြောင်းလဲခဲ့ပုံ ပေါ်ပါတယ်။

ဒါ့အပြင် Steve Rogers နဲ့ သူ့အတွက် အရင်းနှီးဆုံး မဟာမိတ်တစ်ယောက်အဖြစ် အစဉ်အမြဲ ရှိနေခဲ့တဲ့ Natasha တို့ရဲ့ တိုက်ပွဲဟာ ရုပ်ရှင်ထဲမှာ ပါလာခဲ့မယ် ဆိုရင်တော့ တကယ် ကြည့်ကောင်းမယ့် ပွဲတစ်ခု ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲမှာ ဘယ်သူက အနိုင်ရရှိသွားလည်း ဆိုတာထက် အရင်းနှီးဆုံး မိတ်ဆွေနှစ်ယောက် ပြန်တိုက်နေကြရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားရမယ့် တိုက်ပွဲတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

သို့သော်လည်း ယခုဆိုရင်တော့ Natasha ဟာလည်း သေဆုံးသွားပြီ ဖြစ်ပြီး Steve ဟာလည်း အိုမင်းနေပြီ ဖြစ်တာကြောင့် ပရိသတ်တွေ မျက်စိထဲ စွဲနေရဦးမယ့် တကယ့် epic ဇာတ်ဝင်ခန်းတစ်ခုကို ကြည့်ရှုခွင့် ဆုံးရှုံးသွားပြီ ဖြစ်ပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular