HomeEntertainmentFilmCyborg ရဲ့ဇာတ်ဝင်ခန်း အားလုံးနီးပါး ပြောင်းလဲသွားမယ့် Justice League: Snyder Cut

Cyborg ရဲ့ဇာတ်ဝင်ခန်း အားလုံးနီးပါး ပြောင်းလဲသွားမယ့် Justice League: Snyder Cut

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Justice League ထဲမှာ Cyborg အဖြစ် သရုပ်ဆောင်ထားတဲ့ Ray Fisher ဟာ သူ သရုပ်ဆောင်ထားတဲ့ Cyborg ဇာတ်ဝင်ခန်းအများစုဟာ Justice League: Snyder Cut ထဲမှာ ပြောင်းလဲသွားမယ့်အကြောင်း ပြောပြခဲ့ပါတယ်။

Justice League ရဲ့ ပထမဆုံး Live Action ထွက်ရှိခဲ့တာဟာ အခုချိန်ဆိုရင်တော့ သုံးနှစ်လောက်ရှိပြီ ဖြစ်ပါတယ်။ မူလတုန်းက ဒါရိုက်တာ Zack Snyder ဟာ အဲ့ဒီဇာတ်လမ်းကို ရိုက်ကူးဖို့အတွက် စီစဉ်ခဲ့ပေမယ့်လည်း သူ့ရဲ့မိသားစုကိစ္စကြောင့် ရိုက်ကူးရေးကနေ ထွက်ခွာသွားခဲ့ရပါတယ်။

©Warner Bros.

အဲ့ဒါကြောင့်ပဲ ဒါရိုက်တာ Joss Whedon ဟာ အစားထိုးဝင်ရောက်လာပြီး ဇာတ်ညွှန်းတွေလည်း ပြောင်းလဲလိုက်ပြီးတော့ Justice League Live Action ကို ရိုက်ကူးသွားတာပဲ ဖြစ်ပါတယ်။ Whedon ဟာ ဒီဇာတ်လမ်းထဲက အကြောင်းအရာ အများစုကို ပြောင်းလဲပစ်ခဲ့ပြီး Cyborg ရဲ့ ဇာတ်လမ်းကတော့ Snyder နဲ့ လုံးဝကို ကွာခြားသွားခဲ့ပါတယ်။

Cyborg ဟာ Batman Vs. Superman: Dawn of Justice ထဲမှာ စတင်ပါဝင်ခဲ့ပြီးတော့ Snyder ရဲ့ Justice League ထဲမှာတော့ အဓိက နေရာက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Snyder ဟာ Cyborg ရဲ့ ဇာတ်လမ်းက ဒီဇာတ်လမ်းရဲ့ အသက်ပဲလို့တောင် ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Whedon ဟာ Cyborg ရဲ့ ဇာတ်လမ်းကို ပြောင်းလဲပစ်ခဲ့ပါတယ်။

©Warner Bros.

ဒါ့အပြင် Ray Fisher ဟာ Whedon ရဲ့ ရိုက်ကွင်းပေါ်က အနိုင်ကျင့်မှုတွေကိုလည်း သိပ်မကြာခင်တုန်းက ထုတ်ပြောခဲ့ပါသေးတယ်။ Whedon ဟာ Fisher ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Cyborg ရဲ့အရေးပါမှုနဲ့ ဇာတ်လမ်းတွေကိုလည်း တမင်ပြောင်းလဲပစ်ခဲ့ပြီး သူ့ကိုလည်း အသားအရောင် ခွဲခြားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သိပ်မကြာသေးခင်ကတော့ Fisher ဟာ ပြန်လည်ရိုက်ကူးသွားမယ့် Justice League ထဲက အကြောင်းအရာအနည်းငယ်ကို ပြောပြသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ဂေါ်သမ်မြို့ပေါ်က ခေါင်မိုးပေါ်မှာ မတ်တပ်ရပ်နေတဲ့ စက္ကန့်သုံးဆယ်စာလောက် အခန်းတစ်ခုကလွဲရင် တစ်ခြားဇာတ်ဝင်ခန်းတွေ အားလုံးကို အသစ်ပြန်ရိုက်သွားမှာပါလို့ Geek House Show ကို ဧည့်သည်အဖြစ် လာရောက်ခဲ့တုန်းက Fisher က ပြောပြသွားခဲ့ပါတယ်။

©Warner Bros.

သူ ပြောသွားတဲ့ စကားအပြည့်အစုံကတော့ “ကျွန်တော့်ရဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီးတော့ ပြောလို့ရတာ တစ်ခုကတော့ ဇာတ်ဝင်ခန်းတစ်ခုကလွဲရင် ရုံတင်ခဲ့တဲ့ ဗားရှင်းထဲမှာ မြင်ရတဲ့ Cyborg ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ အကုန်လုံးဟာ ပြောင်းလဲသွားမှာပါ။ မပြောင်းလဲတဲ့ ဇာတ်ဝင်ခန်းကတော့ ဂေါ်သမ်မြို့ပေါ်က ရဲစခန်းခေါင်မိုးပေါ်မှာ ရဲမှူး Gordon ၊ Batman ၊ Flash နဲ့ Wonder Woman တို့နဲ့အတူ သရုပ်ဆောင်ခဲ့တဲ့ အခန်းပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကတော့ ရုပ်ရှင်တစ်ကားလုံးကို အသစ်ပြန်ရိုက်ရမှာ ဖြစ်ပါတယ်… ” လို့ပြောပြခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အသစ်ပြန်လည်ရိုက်ကူးသွားမယ့် Justice League: Snyder Cut ထဲမှာ ဇာတ်လမ်းအသစ်တွေ၊ ရိုက်ချက်အသစ်တွေနဲ့ ဘယ်လိုခံစားကြည့်ရှုရမလည်း ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Justice League ထဲမွာ Cyborg အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Ray Fisher ဟာ သူ သ႐ုပ္ေဆာင္ထားတဲ့ Cyborg ဇာတ္ဝင္ခန္းအမ်ားစုဟာ Justice League: Snyder Cut ထဲမွာ ေျပာင္းလဲသြားမယ့္အေၾကာင္း ေျပာျပခဲ့ပါတယ္။

Justice League ရဲ႕ ပထမဆုံး Live Action ထြက္ရွိခဲ့တာဟာ အခုခ်ိန္ဆိုရင္ေတာ့ သုံးႏွစ္ေလာက္ရွိၿပီ ျဖစ္ပါတယ္။ မူလတုန္းက ဒါ႐ိုက္တာ Zack Snyder ဟာ အဲ့ဒီဇာတ္လမ္းကို ႐ိုက္ကူးဖို႔အတြက္ စီစဥ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕မိသားစုကိစၥေၾကာင့္ ႐ိုက္ကူးေရးကေန ထြက္ခြာသြားခဲ့ရပါတယ္။

©Warner Bros.

အဲ့ဒါေၾကာင့္ပဲ ဒါ႐ိုက္တာ Joss Whedon ဟာ အစားထိုးဝင္ေရာက္လာၿပီး ဇာတ္ၫႊန္းေတြလည္း ေျပာင္းလဲလိုက္ၿပီးေတာ့ Justice League Live Action ကို ႐ိုက္ကူးသြားတာပဲ ျဖစ္ပါတယ္။ Whedon ဟာ ဒီဇာတ္လမ္းထဲက အေၾကာင္းအရာ အမ်ားစုကို ေျပာင္းလဲပစ္ခဲ့ၿပီး Cyborg ရဲ႕ ဇာတ္လမ္းကေတာ့ Snyder နဲ႔ လုံးဝကို ကြာျခားသြားခဲ့ပါတယ္။

Cyborg ဟာ Batman Vs. Superman: Dawn of Justice ထဲမွာ စတင္ပါဝင္ခဲ့ၿပီးေတာ့ Snyder ရဲ႕ Justice League ထဲမွာေတာ့ အဓိက ေနရာက ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Snyder ဟာ Cyborg ရဲ႕ ဇာတ္လမ္းက ဒီဇာတ္လမ္းရဲ႕ အသက္ပဲလို႔ေတာင္ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း Whedon ဟာ Cyborg ရဲ႕ ဇာတ္လမ္းကို ေျပာင္းလဲပစ္ခဲ့ပါတယ္။

©Warner Bros.

ဒါ့အျပင္ Ray Fisher ဟာ Whedon ရဲ႕ ႐ိုက္ကြင္းေပၚက အႏိုင္က်င့္မႈေတြကိုလည္း သိပ္မၾကာခင္တုန္းက ထုတ္ေျပာခဲ့ပါေသးတယ္။ Whedon ဟာ Fisher ရဲ႕ဇာတ္ေကာင္ျဖစ္တဲ့ Cyborg ရဲ႕အေရးပါမႈနဲ႔ ဇာတ္လမ္းေတြကိုလည္း တမင္ေျပာင္းလဲပစ္ခဲ့ၿပီး သူ႔ကိုလည္း အသားအေရာင္ ခြဲျခားခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။

သိပ္မၾကာေသးခင္ကေတာ့ Fisher ဟာ ျပန္လည္႐ိုက္ကူးသြားမယ့္ Justice League ထဲက အေၾကာင္းအရာအနည္းငယ္ကို ေျပာျပသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေဂၚသမ္ၿမိဳ႕ေပၚက ေခါင္မိုးေပၚမွာ မတ္တပ္ရပ္ေနတဲ့ စကၠန႔္သုံးဆယ္စာေလာက္ အခန္းတစ္ခုကလြဲရင္ တစ္ျခားဇာတ္ဝင္ခန္းေတြ အားလုံးကို အသစ္ျပန္႐ိုက္သြားမွာပါလို႔ Geek House Show ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့တုန္းက Fisher က ေျပာျပသြားခဲ့ပါတယ္။

©Warner Bros.

သူ ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ “ကြၽန္ေတာ့္ရဲ႕ ဇာတ္ေကာင္နဲ႔ ပတ္သက္ၿပီးေတာ့ ေျပာလို႔ရတာ တစ္ခုကေတာ့ ဇာတ္ဝင္ခန္းတစ္ခုကလြဲရင္ ႐ုံတင္ခဲ့တဲ့ ဗားရွင္းထဲမွာ ျမင္ရတဲ့ Cyborg ပါဝင္တဲ့ ဇာတ္ဝင္ခန္းေတြ အကုန္လုံးဟာ ေျပာင္းလဲသြားမွာပါ။ မေျပာင္းလဲတဲ့ ဇာတ္ဝင္ခန္းကေတာ့ ေဂၚသမ္ၿမိဳ႕ေပၚက ရဲစခန္းေခါင္မိုးေပၚမွာ ရဲမႉး Gordon ၊ Batman ၊ Flash နဲ႔ Wonder Woman တို႔နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ အခန္းပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ကေတာ့ ႐ုပ္ရွင္တစ္ကားလုံးကို အသစ္ျပန္႐ိုက္ရမွာ ျဖစ္ပါတယ္… ” လို႔ေျပာျပခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အသစ္ျပန္လည္႐ိုက္ကူးသြားမယ့္ Justice League: Snyder Cut ထဲမွာ ဇာတ္လမ္းအသစ္ေတြ၊ ႐ိုက္ခ်က္အသစ္ေတြနဲ႔ ဘယ္လိုခံစားၾကည့္ရႈရမလည္း ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular