HomeEntertainmentFilmMarvel နဲ့ ပတ်သက်ပြီး D23 ပွဲမှာ ကြေညာခဲ့သမျှ ရုပ်ရှင်သတင်းများ

Marvel နဲ့ ပတ်သက်ပြီး D23 ပွဲမှာ ကြေညာခဲ့သမျှ ရုပ်ရှင်သတင်းများ

Disney ကတော့ မကြာသေးခင်ကပဲ D23 ပွဲကို ကျင်းပနေပြီး ဒီပွဲအတွင်းမှာတော့ Marvel နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအကြောင်းကိုလည်း ကြေညာသွားပါတယ်။ ဒီပွဲထဲမှာတော့ Secret Invasion ဇာတ်လမ်းတွဲနဲ့ Werewolf By Night တို့ရဲ့ ထွေလာကိုလည်း ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU ပရိသတ်တွေအတွက် Marvel နဲ့ ပတ်သက်တဲ့ ကြေညာချက်အားလုံးကို တစုတစည်းတည်း ဖော်ပြပေးလိုက်ပါတယ်။

Black Panther: Wakanda Forever

photo via screenrant

ဒီပွဲအတွင်းမှာတော့ Black Panther: Wakanda Forever ရုပ်ရှင်အတွက် သီးသန့် Footage တစ်ခုကို ပြသခဲ့ပါတယ်။ အဲဒီ Footage ထဲမှာတော့ Wakanda ဟာ T’Challa ကို ဆုံးရှုံးပြီးနောက်မှာ အားနည်းနေပြီး တခြားနိုင်ငံတွေကလည်း Wakanda ရဲ့ Vibranium သတ္တုတွေကို လိုချင်နေကြပါတယ်။ ဒါ့အပြင် Namor နဲ့ M’Baku တို့ တိုက်ခိုက်နေတာကိုလည်း တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Iron Heart

photo via screenrant

Iron Heart ဇာတ်လမ်းတွဲရဲ့ လိုဂိုအသစ်ကို ပြသသွားပြီး ပွဲတက်ရောက်သူတွေအတွက် သီးသန့် Footage ကိုလည်း ပြသခဲ့ပါတယ်။ အဆိုပါ Footage ထဲမှာတော့ Iron Heart ဖြစ်လာမယ့် Riri Williams ဟာ MIT မှာ လေ့လာနေတာကို တွေ့ရပြီး Anthony Ramos ကလည်း The Hood ဆိုတဲ့ ဗီလိန်နေရာမှာ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Black Panther ရုပ်ရှင်ရဲ့ ဒါရိုက်တာ Ryan Coogler ကတော့ ဒီဇာတ်လမ်းတွဲမှာ Executive Producer အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။

Ant-Man and the Wasp: Quantumania

photo via screenrant

ဒီရုပ်ရှင်အတွက်လည်း သီးသန့် Footage တစ်ခုကို ပြသခဲ့ပြီး အဲဒီ Footage ထဲမှာတော့ Bill Murray ရဲ့ ဇာတ်ကောင်ကို မြင်တွေ့ခဲ့ရသလို Kang the Conqueror ဟာလည်း Quantum Realm ထဲမှာ ဓားပြမှုတစ်ခု ပြုလုပ်စေဖို့အတွက် Scott Lang ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာမယ့် Avengers: The Kang Dynasty နဲ့ တိုက်ရိုက် ဆက်စပ်နေမယ်လို့လည်း အတည်ပြုသွားပါတယ်။

Werewolf By Night

ဒီရုပ်ရှင်ရဲ့ ထွေလာကိုတော့ ပရိသတ်တွေအားလုံးအတွက် ထုတ်ပေးခဲ့ပြီး အဖြူအမည်းနဲ့ ရှေးဟောင်းရုပ်ရှင်ပုံစံမျိူး ဖန်တီးထားပါတယ်။ Werewolf By Night နေရာမှာတော့ Gael Garcia Bernal က သရုပ်ဆောင်ထားပြီး Monster Hunter ဖြစ်တဲ့ Elsa Bloodstone နေရာမှာတော့ Laura Donnelly က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Michael Giacchino က ရိုက်ကူးထားပြီး လာမယ့် အောက်တိုဘာလ (၇)ရက်နေ့မှာ Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Man-Thing ဇာတ်ကောင်ကိုလည်း ပထမဆုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Secret Invasion

Marvel ဟာ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကိုလည်း ထုတ်ပေးခဲ့ပြီး Nick Fury ၊ Maria Hill ၊ War Machine နဲ့ Talos တို့ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Emilia Clarke နဲ့ Olivia Colman တို့ဟာလည်း ဇာတ်ကောင်အသစ်တွေအနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Nick Fury ဟာ ကမ္ဘာပေါ်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ Skrull ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို စုံစမ်းနေတာ မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

Armor Wars

photo via screenrant

Armor Wars ရဲ့ လိုဂိုအသစ်ကို ပြသသွားပြီး Don Cheadle အဓိကပါဝင်သွားမယ့် ဒီဇာတ်လမ်းတွဲကလည်း ထွက်ရှိလာဦးမယ်လို့ အတည်ပြုသွားပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ Comic-Con ပွဲမှာ ပရောဂျက်တွေကို ကြေညာတဲ့ အချိန်မှာတော့ ဒီဇာတ်လမ်းတွဲ မပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ Secret Invasion ပြီးပြီးချင်းမှာ ဇာတ်အိမ်တည်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်ပါတယ်။

Loki Season 2

photo via screenrant

Loki Season 2 ထဲမှာတော့ Everything Everywhere All at Once ထဲမှာ ပါဝင်ခဲ့တဲ့ Ke Huy Quan က TVA အေးဂျင့်အနေနဲ့ ပါဝင်လာမယ်လို့ ကြေညာသွားပါတယ်။ ဒါ့အပြင် Season 2 ထဲမှာတော့ Kang the Conqueror ရဲ့ ပါဝင်မှုက ပိုမိုများလာမယ်လို့ သိရပြီး သီးသန့် Footage ထဲမှာတော့ Loki ဟာ Reality တွေများစွာဆီကို အပို့ခံခဲ့ရကြောင်း သိရပါတယ်။ Season 2 ကတော့ ၂၀၂၃ ခုနှစ် နွေရာသီအတွင်းမှာ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။

Fantastic Four

photo via screenrant

စိတ်မကောင်းစွာနဲ့ပဲ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာမယ့် Fantastic Four ရုပ်ရှင်အတွက်တော့ ကြီးကြီးမားမား ကြေညာသွားတာမျိူး မရှိပါဘူး။ D23 ပွဲမှာတော့ ဒီရုပ်ရှင်အတွက် သရုပ်ဆောင်တွေကို ကြေညာသွားမယ်လို့ ပရိသတ်အများစုက မျှော်လင့်ထားပေမယ့်လည်း WandaVision ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Matt Shakman က ရိုက်ကူးသွားမယ်လို့ပဲ ကြေညာခဲ့ပါတယ်။

Echo

photo via screenrant

ဒီဇာတ်လမ်းတွဲအတွက်လည်း သီးသန့် Footage ပြသသွားပြီး Vincent D’onofrio ရဲ့ Kingpin ပြန်လည်ပါဝင်လာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ Hawkeye ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်မှာတော့ Maya Lopez ဟာ Kingpin ကို သေနတ်ပစ်ခဲ့ပေမယ့်လည်း သူဟာ မသေဆုံးခဲ့ဘဲ မျက်လုံးတစ်ဘက်ကိုတော့ ဖုံးကွယ်ထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲဟာလည်း ၂၀၂၃ ခုနှစ် နွေရာသီမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Daredevil: Born Again

photo via screenrant

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Daredevil ဇာတ်လမ်းတွဲရဲ့ လိုဂိုကိုလည်း ပြသသွားပြီး အပိုင်းပေါင်း (၁၈)ပိုင်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ Daredevil သရုပ်ဆောင် Charlie Cox နဲ့ Kingpin သရုပ်ဆောင် Vincent D’onofrio တို့က စင်ပေါ်မှာ ဒီဇာတ်လမ်းတွဲအတွက် ဘယ်လောက် စိတ်လှုပ်ရှားနေကြောင်း ပြောပြသွားပါသေးတယ်။ ဒီအချက်တွေကလွဲရင်တော့ တခြားကြေညာခဲ့တာမျိူး မရှိပါဘူး။

Captain America: New World Order

photo via screenrant

ဒီရုပ်ရှင်ရဲ့ လိုဂိုကိုလည်း ပြသသွားပြီး The Incredible Hulk ထဲမှာ Hulk ရဲ့သွေးတွေ ခန္ဓာကိုယ်ထဲ ဝင်သွားတဲ့ The Leader လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ The Falcon and the Winter Soldier ထဲမှာ ပထမဆုံးလူမည်း Super-Soldier ဖြစ်တဲ့ Isiah Bradley လည်း ပါဝင်လာမှာ ဖြစ်ပြီး Falcon အသစ် ဖြစ်လာမယ့် Joaquin Torres လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်ကောင်အသစ် ဖြစ်တဲ့ အစ္စရေးလ်ရဲ့ စူပါစပိုင် Sabra လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Thunderbolts

photo via screenrant

Marvel ကတော့ ၂၀၂၄ ခုနှစ်ထဲမှာ ထွက်ရှိလာမယ့် Thunderbolts ရုပ်ရှင်ရဲ့ အဖွဲ့ဝင်(၇)ယောက်ကို ကြေညာသွားခဲ့ပြီး Yelena Belova ၊ Winter Soldier ၊ Red Guardian ၊ U.S. Agent ၊ Taskmaster ၊ Ghost နဲ့ Valentina တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရှေ့နှစ်အတွင်းမှာ ရိုက်ကူးရေး စတင်သွားမှာပါ။

The Marvels

photo via screenrant

The Marvels ရုပ်ရှင်အတွက် သီးသန့် Footage ကိုလည်း ပြသသွားပြီး အဲဒီ Footage ထဲမှာတော့ Captain Marvel ၊ Monica Rambeau နဲ့ Ms. Marvel တို့ဟာ အကြောင်းတစ်ခုကြောင့် စွမ်းအားတွေ သုံးလိုက်တိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် နေရာချင်းလဲသွားကြတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ Footage ထဲမှာ Nick Fury လည်း ပါဝင်လာပြီး ဒါရိုက်တာ Nia DaCosta က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular