HomeEntertainmentFilmComic-Con ပွဲမှာ First Look ထွက်ပေါ်လာတဲ့ Dungeons & Dragons ရုပ်ရှင်

Comic-Con ပွဲမှာ First Look ထွက်ပေါ်လာတဲ့ Dungeons & Dragons ရုပ်ရှင်

Dungeons & Dragons: Honor Among Thieves ရုပ်ရှင်ကတော့ မကြာသေးခင်ကပဲ Comic-Con ပွဲမှာ ဇာတ်ကောင်တွေရဲ့ First Look ကို ပြသသွားပါတယ်။ Dungeons & Dragons ကတော့ Classic Roleplay ဂိမ်းတစ်ခု ဖြစ်ပြီး ၁၉၇၄ ခုနှစ်မှာ Gary Gygax က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီဂိမ်းထဲမှာတော့ မတူညီတဲ့ သတ္တဝါတွေမျိုးစုံနဲ့ မှော်ပညာတွေ ပါဝင်ပြီး ဇာတ်လမ်းကလည်း အလွန်ကျယ်ပြန့်ပါတယ်။ ၂၀၀၀ ခုနှစ်တုန်းကတော့ ဒီဂိမ်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ဖူးပေမယ့် သိပ်ပြီးမအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့မှာတော့ Sequel နှစ်ကား ထပ်မံထွက်ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ပရိသတ်တွေကြားထဲမှာ အလွန်နာမည်ကြီးနေတဲ့ Stranger Things ဇာတ်လမ်းတွဲထဲမှာလည်း ဒီဂိမ်းကတော့ အသက်ပါပဲ။

photo via screenrant

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်အပြီးမှာတော့ ဒီ Franchise ဟာ ဆယ်နှစ်ခန့် ရပ်နားသွားပါတယ်။ Dungeons & Dragons: Honor Among Thieves ကတော့ Production အဆင့်မှာပဲ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် မတ်လ (၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ John Francis Daley နဲ့ Jonathan Goldstein တို့က ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ သူတို့နှစ်ယောက်ကပဲ Michael Gilio နဲ့အတူ ပူးတွဲရေးသားထားတာ ဖြစ်ပါတယ်။

Comic-Con ပွဲကတော့ ယခုလက်ရှိ San Diego မြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ Dungeons & Dragons: Honor Among Thieves ထဲမှာတော့ Chris Pine ၊ Sophia Lillis ၊ Justice Smith ၊ Michelle Rodriguez ၊ Hugh Grant နဲ့ Rege-Jean Page တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီသရုပ်ဆောင်တွေရဲ့ First Look ကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

လောလောဆယ်မှာတော့ ဒီသရုပ်ဆောင်တွေဟာ ဘယ်ဇာတ်ကောင်နေရာတွေမှာ ပါဝင်သွားမယ်ဆိုတာ မသိရသေးပါဘူး။ First Look တွေထဲမှာတော့ ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေကို မြင်တွေ့ခဲ့ရပြီး ဒီရုပ်ရှင်ထဲမှာ ဘယ်လိုအရာတွေ မြင်တွေ့ရမလည်း ဆိုတာတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒီရုပ်ရှင် ထွက်လာဖို့ကလည်း တစ်နှစ်တောင် မလိုတော့တာကြောင့် မကြာခင်မှာ ထွေလာကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular