HomeEntertainmentFilmShe-Hulk ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းတည်းမှာသာ ပါဝင်လာမယ့် Daredevil

She-Hulk ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းတည်းမှာသာ ပါဝင်လာမယ့် Daredevil

D23 ပွဲမှာတော့ Daredevil သရုပ်ဆောင်ဖြစ်တဲ့ Charlie Cox ဟာ Daredevil အနေနဲ့ She-Hulk: Attorney at Law ဇာတ်လမ်းတွဲရဲ့ အပိုင်းတစ်ပိုင်းတည်းမှာသာ ပါဝင်ထားတယ်လို့ ပြောပြသွားပါတယ်။ She-Hulk ဇာတ်လမ်းတွဲကိုတော့ လက်ရှိမှာ Disney+ ကနေ ပြသနေပြီး လောလောဆယ်မှာ လေးပိုင်း ထွက်ရှိထားပါတယ်။ She-Hulk ဇာတ်လမ်းတွဲထဲမှာ Daredevil ပါဝင်လာမယ် ဆိုတာကိုတော့ ထွေလာမှာတည်းက ပြသထားတာ ဖြစ်ပါတယ်။

Charlie Cox ကတော့ Daredevil အနေနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်သရုပ်ဆောင်ခဲ့ပြီး MCU ထဲကို ရောက်လာတာတော့ သိပ်မကြာသေးပါဘူး။ ဒါ့အပြင် Daredevil: Born Again ဆိုတဲ့ ဇာတ်လမ်းတွဲကလည်း Disney+ ကနေ ထွက်ရှိလာဦးမှာ ဖြစ်တဲ့အပြင် အပိုင်းပေါင်း(၁၈)ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၄ ခုနှစ်မှ ထွက်ရှိလာမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ She-Hulk ဇာတ်လမ်းတွဲထဲမှာ အရင်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

photo via screenrant

“Tatiana က တကယ်ကို တော်ပါတယ်။ သူမဟာ ပါရမီပါတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ ပြီးတော့ ကျွန်တော် သူမနဲ့အတူ အလုပ်တွဲလုပ်ချင်ခဲ့တာ ကြာပါပြီ။ ကျွန်တော်တို့ ဇာတ်ကောင်နှစ်ယောက်ကြားက chemistry ကလည်း ကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တော့ ကျွန်တော်တို့အတူ ပါဝင်ထားတဲ့အပိုင်းကို အရမ်းကြည့်ချင်နေပါပြီ။ သူတို့နှစ်ယောက်လုံးက ရှေ့နေတွေဆိုတော့ ဒီဇာတ်ကောင်နှစ်ယောက်ကို အတူမြင်ရတာက ပျော်ဖို့ကောင်းပါတယ်။ ဒါက တကယ်ကို ထူးခြားတဲ့ အပိုင်းတစ်ပိုင်းလို့လည်း ထင်ပါတယ် …”

photo via screenrant

Daredevil ကို မြင်တွေ့ချင်လို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ စိတ်ပျက်စရာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အဲဒီအပိုင်းထဲမှာတော့ Daredevil ဟာ Screentime အသင့်အတင့်တော့ ရရှိသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃ ခုနှစ် နွေရာသီမှာ ထွက်ရှိလာမယ့် Echo ဇာတ်လမ်းတွဲထဲမှာတော့ Daredevil နဲ့ Kingpin နှစ်ယောက်လုံးကို ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular