HomeEntertainmentFilmEcho ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာမယ့် Daredevil နဲ့ Kingpin

Echo ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာမယ့် Daredevil နဲ့ Kingpin

Disney+ ကနေ ထွက်လွှင့်ပြသသွားမယ့် Echo ဇာတ်လမ်းတွဲထဲမှာတော့ Daredevil နဲ့ Kingpin တို့ ပါဝင်လာမယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ MCU ဟာ Phase 4 ကို စတင်နေပြီ ဖြစ်ပြီး ဒီ Phase မှာတော့ ဇာတ်ကောင်သစ်တွေများစွာကို မိတ်ဆက်ပေးခဲ့ပါတယ်။

Echo ကတော့ Hawkeye ဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ခဲ့တဲ့ ဇာတ်ကောင်အသစ် ဖြစ်ပြီး ယခုဇာတ်လမ်းတွဲကတော့ သူမရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Spider-Man: No Way Home နဲ့ Hawkeye ဇာတ်လမ်းတွဲတို့ကြောင့် MCU ထဲကို ရောက်ရှိလာတဲ့ Daredevil နဲ့ Kingpin တို့ကိုတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

photo via screenrant

Echo ဇာတ်လမ်းတွဲ ထွက်ရှိလာမယ် ဆိုတာကိုတော့ MCU ဟာ Hawkeye ဇာတ်လမ်းတွဲ မထွက်ခင်ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာတော့ ရိုက်ကူးရေး စတင်နေပြီလို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲ ထွက်လာမယ် ဆိုကတည်းက Daredevil နဲ့ Kingpin တို့ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တယ်လို့ သီအိုရီတွေ ထုတ်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ အဲဒီသီအိုရီတွေဟာ အမှန်တကယ် ဖြစ်လာခဲ့ပြီး ပရိသတ်အကြိုက် ဇာတ်ကောင်နှစ်ယောက်ကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ကောလာဟလတွေနဲ့ သီအိုရီတွေများစွာ ထွက်ရှိလာအပြီးမှာတော့ The Hollywood Reporter သတင်းဌာနဟာ Charlie Cox နဲ့ Vincent D’Onofrio တို့က ဒီဇာတ်လမ်းတွဲထဲမှာ Daredevil နဲ့ Kingpin တို့အနေနဲ့ ပါဝင်လာပါမယ်လို့ အတည်ပြု ဖော်ပြသွားပါတယ်။ ဒါဟာ Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲ ဖျက်သိမ်းအပြီးမှာ ပထမဆုံးအကြိမ်အဖြစ် MCU ထဲမှာ Charlie နဲ့ Vincent တို့ကို အတူတွဲမြင်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာ Echo ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။

photo via screenrant

Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Kingpin ဟာ Echo ရဲ့အဖေကို သတ်ဖို့အတွက် အမိန့်ပေးခဲ့တယ်လို့ ဖော်ပြခဲ့တာကြောင့် သူဟာ Echo ဇာတ်လမ်းတွဲထဲမှာ ပြန်လည် ပါဝင်လာတာဟာ သိပ်တော့အံ့ဩစရာ မဟုတ်ပါဘူး။ Hawkeye ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်မှာတော့ Echo ဟာ Kingpin ကို သေနတ်နဲ့ ပစ်ခဲ့ပေမယ့်လည်း သေသွားတာကိုလည်း မပြသခဲ့တာကြောင့် သူဟာ အကြောင်းအမျိူးမျိူးနဲ့ အသက်ရှင်သန်နိုင်ခဲ့မယ်လို့ ယူဆရပါတယ်။

ကောမစ်ထဲမှာတော့ Echo ဟာ Daredevil နဲ့လည်း ဆက်စပ်မှုတွေ ရှိနေတာကြောင့် ဒီဇာတ်လမ်းတွဲထဲမှာတော့ စိတ်ဝင်စားစရာ ဇာတ်ကောင်သုံးယောက်ကို အတူတကွ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Echo ဇာတ်လမ်းတွဲဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ သတင်းထွက်နေပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular