HomeCharacterကောမစ်ထဲက Darkhold စာအုပ်အကြောင်း သင်မသိလောက်သေးတဲ့အချက်များ

ကောမစ်ထဲက Darkhold စာအုပ်အကြောင်း သင်မသိလောက်သေးတဲ့အချက်များ

Darkhold စာအုပ်ဟာ Doctor Strange in the Multiverse of Madness ထဲမှာ အဓိက ပါဝင်ခဲ့ပြီး ဒီစာအုပ်ကြောင့်ပဲ Wanda ဟာ အလွန်စွမ်းအားကြီးမားလာပြီး Scarlet Witch ဖြစ်လာခဲ့တာပါ။ ကောမစ်ထဲမှာလည်း Wanda ဟာ Darkhold စာအုပ်ကြောင့် စိတ်ဖောက်ပြန်မှုတွေ ဖြစ်ပေါ်ပြီး များစွာသော ပျက်စီးမှုတေွကို ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Darkhold စာအုပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Chthon Scrolls

photo via screenrant

Mighty Avengers #22 ကောမစ်ထဲမှာတော့ God-Eater ဖြစ်တဲ့ Demogorge ကို ရှောင်တိမ်းဖို့အတွက် Elder God ဖြစ်သူ Chthon ဟာ ကမ္ဘာကနေ ထွက်ပြေးခဲ့ရပါတယ်။ Chthon ဟာ အဲဒီလိုထွက်မပြေးခင်မှာ တစ်ချိန်ချိန်ကျရင် ကမ္ဘာပေါ်ကို ပြန်လာနိုင်ဖို့အတွက် သူ့ရဲ့ Spell တွေကို စာလိပ်တစ်ခုထဲမှာ ရေးထားခဲ့ပြီး အဲဒီစာလိပ်ကိုတော့ Wundagore တောင်ပေါ်မှာ ထားခဲ့ပါတယ်။ အစတုန်းကတော့ အဲဒီစာလိပ်ကို Chthon Scrolls လို့ ခေါ်ဝေါ်ခဲ့ပါတယ်။

(2) Darkhold စာအုပ် ဖြစ်ပေါ်လာပုံ

photo via screenrant

မူလကတော့ Darkhold ဟာ စာလိပ်တွေပဲ ဖြစ်ပြီး 600 AD ခေတ်အရောက်မှာတော့ Marvel ကောမစ်ထဲက စွမ်းအားကြီးဆုံး မှော်သက်ရှိတွေထဲကတစ်ယောက် ဖြစ်တဲ့ Morgan Le Fay ဟာ အဲဒီစာလိပ်တွေကို စုစည်းပြီး ပထမဆုံးအကြိမ် စာအုပ်အဖြစ် ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်ကနေ စပြီးတော့ Darkhold ၊ The Shiatra Book of the Damned နဲ့ The Book of Sins ဆိုပြီး အမျိူးမျိူး ခေါ်ဝေါ်ခဲ့ကြပါတယ်။

(3) Darkhold စာအုပ်ထဲမှာ Spell ဘယ်နှခု ပါဝင်သလဲ?

photo via screenrant

ကောမစ်ထဲက Darkhold စာအုပ်ကတော့ Spell ခြောက်ခုပဲ ပါဝင်ပါတယ်။ အဲဒါတွေကတော့ Limbo လို့ခေါ်တဲ့ Demon တွေ ပြည့်နှက်နေတဲ့ ဒိုင်မေးရှင်းတစ်ခုကို သွားနိုင်တဲ့ spell နဲ့ သမန်းဝံပုလွေတွေရဲ့ Origin လည်း ပါဝင်နေတယ်။ Darkforce ကို အသုံးပြုနိုင်သလို လူသားတွေရဲ့ စိတ်ကိုလည်း ထိန်းချုပ်နိုင်ပြီး Elder God တွေကိုလည်း ဆင့်ခေါ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်စွမ်းအင်တွေကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး သွေးစုပ်ဖုတ်ကောင်တွေရဲ့ Origin လည်း ပါဝင်နေပါသေးတယ်။

(4) The True Darkhold

photo via screenrant

Marvel ကောမစ်ထဲမှာတော့ Darkhold စာအုပ်ကို ပြန်လည်ကူးယူထားတဲ့ ကော်ပီတွေများစွာရှိပြီး Elder God ရဲ့ အရေပြားနဲ့ ပြုလုပ်ထားတဲ့ True Darkhold လည်း ရှိပါသေးတယ်။ Darkhold Omega #1 ကောမစ်ထဲမှာတော့ Wanda ဟာ True Darkhold နဲ့ ပေါင်းစပ်သွားပြီး အလွန်စွမ်းအားကြီးလာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ Elder God ဖြစ်သူ Chthon ကိုတောင် စုပ်ယူခဲ့ပြီး စွမ်းအားအကြီးဆုံး Sorcerer တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(5) Darkhold ကြောင့်သာ သွေးစုပ်ဖုတ်ကောင်တွေ ဖြစ်လာခဲ့တာပါ။

photo via screenrant

Doctor Strange, Sorcerer Supreme #11 ကောမစ်ထဲမှာတော့ Doctor Doom ရဲ့ နောက်လိုက်တွေ ဖြစ်တဲ့ Darkholder တွေဟာ Darkhold စာအုပ်ကို အသုံးပြုပြီး ပထမဆုံး သွေးစုပ်ဖုတ်ကောင်ဖြစ်တဲ့ Varnae ကို ဖန်တီးခဲ့ပါတယ်။ Varnae ကတော့ Darkholder တွေရဲ့ အမိန့်တွေကို မနာခံဘဲ ပြန်လည်တိုက်ခိုက်ခဲ့ပြီး Darkhold စာအုပ်ကို အသုံးပြုကာ နောက်ထပ် သွေးစုပ်ဖုတ်ကောင်တွေကို ဖန်တီးခဲ့ပါတယ်။

(6) Darkhold ကို အသုံးပြုခဲ့တဲ့ Carnage

photo via screenrant

Carnage ကောမစ်ရဲ့ အတွဲ(၂)၊ အမှတ်(၄)ထဲမှာတော့ Darkholder တွေဟာ Chthon ကို ပြန်လည်နိုးထစေဖို့အတွက် ယဇ်ပူဇော်တဲ့အနေနဲ့ Cletus Kasady တဖြစ်လည်း Carnage ကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Chthon ဟာ Carnage ကို စွမ်းအားတွေ ပိုကြီးလာအောင် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ Carnage ဟာ Darkhold စာအုပ်ကို ခိုးယူသွားပြီး သောင်းကျန်းပါတော့တယ်။ Carnage ကတော့ ဒီအတိုင်းတောင်မှ အလွန်ကြမ်းတမ်းတဲ့ ဗီလိန်တစ်ယောက် ဖြစ်တာကြောင့် Darkhold ကို ရရှိသွားတဲ့ အချိန်မှာတော့ အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လာပါတော့တယ်။

(7) Darkhold စာအုပ်ထဲမှာတော့ Demon တွေ ပိတ်မိနေပါသေးတယ်။

photo via screenrant

အပေါ်မှာ ဖော်ပြထားသလိုပဲ Darkhold စာအုပ်ကြောင့် သဘာဝလွန်သတ္တဝါတွေ ဖြစ်တဲ့ သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေတို့ကို ဖြစ်လာစေခဲ့သလို ဒီစာအုပ်ထဲမှာ ပိတ်မိနေတဲ့ Demon တွေလည်း ရှိပါသေးတယ်။ အဲဒီ Demon တွေကတော့ Mephisto ရဲ့ Demon တွေပဲဖြစ်ပြီး Darklove လို့ ခေါ်ကြပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ Chthon ရဲ့ လွှမ်းမိုးမှုကို ပိုမိုများပြားစေဖို့အတွက် Darkhold Dwarf လို့ခေါ်တဲ့ ထူးဆန်းတဲ့ သက်ရှိတစ်ယောက်ဟာလည်း ဒီစာအုပ်ထဲက စာရွက်တေွကို ကမ္ဘာအနှံ့အပြားဆီ ပေးပို့ခဲ့ပါသေးတယ်။

ဒါကတော့ ကောမစ်ထဲမှာ ပါဝင်ခဲ့တဲ့ Darkhold စာအုပ်ရဲ့ စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular