HomeEntertainmentFilmဒါရိုက်တာ M. Night Shyamalan ရဲ့ ရုပ်ရှင်ကားသစ်မှာ ပါဝင်သွားမယ့် Dave Bautista 

ဒါရိုက်တာ M. Night Shyamalan ရဲ့ ရုပ်ရှင်ကားသစ်မှာ ပါဝင်သွားမယ့် Dave Bautista 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dave Bautista ကတော့ ဒါရိုက်တာ M. Night Shyamalan ရဲ့ Knock at the Cabin လို့ အမည်ရတဲ့ ရုပ်ရှင်ကားသစ်မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။

WWE နပန်းသမားဘဝကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ Dave ကတော့ MCU ရဲ့ Guardians of the Galaxy ထဲမှာ Drax the Destroyer အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်ရဲ့ ချစ်ခင်မှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြောင့်ပဲ အခုနောက်ပိုင်းဆိုရင် Dave ဟာ ဟောလိဝုဒ်က နာမည်ကြီး ပရောဂျက်များစွာရဲ့ ကမ်းလှမ်းမှုကို ရရှိလာသူ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ယခု ၂၀၂၁ ခုနှစ်ထဲမှာဆိုရင်တော့ ဟောလိဝုဒ်ရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေ ရိုက်ကူးထားတဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Dune နဲ့ Army of the Dead တို့လို ဇာတ်ကားတွေမှာလည်း ပါဝင်ထားသူ ဖြစ်ပါတယ်။ အခုဆိုရင်လည်း နာမည်ကျော် ဒါရိုက်တာ M. Night Shyamalan ရိုက်ကူးမယ့် Knock at the Cabin လို့ အမည်ရတဲ့ ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သွားရမယ်လို့ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယခုလက်ရှိအချိန်ထိတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ သိထားရသလောက်ကတော့ ဒီဇာတ်ကားကို M. Night Shyamalan ရဲ့ ထုံးစံအတိုင်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူး ထုတ်လုပ်မယ်လို့ သိရပါတယ်။

ရုံတင်ပြသမယ့် နေ့ရက်ကိုတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့လို့ ဖော်ပြထားပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်မယ့် သရုပ်ဆောင်ကတော့ Dave Bautista တစ်ယောက်တည်းပဲ အတည်ပြုရပါသေးတယ်။

Photo Credit: Legendary Pictures/ Warner Bros. Studios

Dave ရဲ့ လက်ရှိ ပြုလုပ်နေဆဲ ပရောဂျက်တွေကတော့ Knives Out 2 ကို ရိုက်ကူးရေး လက်စသတ်နေပြီ ဖြစ်ကာ Guardians of the Galaxy Vol. 3 ကိုတော့ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် Dune: Part Two မှာလည်း Beast Rabban Harkonnen အဖြစ် ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Dave ဟာ ဟောလိဝုဒ်ရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ James Gunn ၊ Sam Mendes ၊ Villeneuve ၊ Snyder နဲ့ Rian Johnson တို့လို ဒါရိုက်တာတွေနဲ့ တွဲဖက် အလုပ်လုပ်ထားသူ ဖြစ်ပြီး အခုလည်း နောက်ထပ် အကျော်အမော်တစ်ဦးဖြစ်တဲ့ M. Night Shyamalan နဲ့ တွဲဖက်ဦးမှာ ဖြစ်တာကြောင့် Knock at the Cabin ဇာတ်ကားဟာလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Dave Bautista ကေတာ့ ဒါရိုက္တာ M. Night Shyamalan ရဲ့ Knock at the Cabin လို႔ အမည္ရတဲ့ ႐ုပ္ရွင္ကားသစ္မွာ ပါဝင္သြားမယ္လို႔ သိရပါတယ္။

WWE နပန္းသမားဘဝကေန သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာတဲ့ Dave ကေတာ့ MCU ရဲ့ Guardians of the Galaxy ထဲမွာ Drax the Destroyer အျဖစ္ သ႐ုပ္ေဆာင္ရင္း ပရိသတ္ရဲ့ ခ်စ္ခင္မွုကို တခဲနက္ ရရွိထားသူ ျဖစ္ပါတယ္။ ဒီေအာင္ျမင္မွုေၾကာင့္ပဲ အခုေနာက္ပိုင္းဆိုရင္ Dave ဟာ ေဟာလိဝုဒ္က နာမည္ႀကီး ပေရာဂ်က္မ်ားစြာရဲ့ ကမ္းလွမ္းမွုကို ရရွိလာသူ ျဖစ္ပါတယ္။

Photo Credit: Marvel Studios/ Disney Studios

ယခု ၂၀၂၁ ခုႏွစ္ထဲမွာဆိုရင္ေတာ့ ေဟာလိဝုဒ္ရဲ့ ထိတ္ထိတ္ၾကဲ ဒါရိုက္တာေတြ ရိုက္ကူးထားတဲ့ နာမည္ေက်ာ္ဇာတ္ကားေတြျဖစ္တဲ့ Dune နဲ႔ Army of the Dead တို႔လို ဇာတ္ကားေတြမွာလည္း ပါဝင္ထားသူ ျဖစ္ပါတယ္။ အခုဆိုရင္လည္း နာမည္ေက်ာ္ ဒါရိုက္တာ M. Night Shyamalan ရိုက္ကူးမယ့္ Knock at the Cabin လို႔ အမည္ရတဲ့ ဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္သြားရမယ္လို႔ Deadline သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

ယခုလက္ရွိအခ်ိန္ထိေတာ့ ဒီဇာတ္ကားရဲ့ ဇာတ္လမ္းအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး လၽွို႔ဝွက္ခ်က္အျဖစ္ ထိန္းသိမ္းထားဆဲ ျဖစ္ပါတယ္။ သိထားရသေလာက္ကေတာ့ ဒီဇာတ္ကားကို M. Night Shyamalan ရဲ့ ထုံးစံအတိုင္း သူကိုယ္တိုင္ ဇာတ္ညႊန္းေရးသားၿပီး ရိုက္ကူး ထုတ္လုပ္မယ္လို႔ သိရပါတယ္။

႐ုံတင္ျပသမယ့္ ေန႔ရက္ကိုေတာ့ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ(၃)ရက္ေန႔လို႔ ေဖာ္ျပထားပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္မယ့္ သ႐ုပ္ေဆာင္ကေတာ့ Dave Bautista တစ္ေယာက္တည္းပဲ အတည္ျပဳရပါေသးတယ္။

Photo Credit: Legendary Pictures/ Warner Bros. Studios

Dave ရဲ့ လက္ရွိ ျပဳလုပ္ေနဆဲ ပေရာဂ်က္ေတြကေတာ့ Knives Out 2 ကို ရိုက္ကူးေရး လက္စသတ္ေနၿပီ ျဖစ္ကာ Guardians of the Galaxy Vol. 3 ကိုေတာ့ ရိုက္ကူးေနဆဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Dune: Part Two မွာလည္း Beast Rabban Harkonnen အျဖစ္ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

Dave ဟာ ေဟာလိဝုဒ္ရဲ့ ထိတ္ထိတ္ၾကဲ ဒါရိုက္တာေတြျဖစ္တဲ့ James Gunn ၊ Sam Mendes ၊ Villeneuve ၊ Snyder နဲ႔ Rian Johnson တို႔လို ဒါရိုက္တာေတြနဲ႔ တြဲဖက္ အလုပ္လုပ္ထားသူ ျဖစ္ၿပီး အခုလည္း ေနာက္ထပ္ အေက်ာ္အေမာ္တစ္ဦးျဖစ္တဲ့ M. Night Shyamalan နဲ႔ တြဲဖက္ဦးမွာ ျဖစ္တာေၾကာင့္ Knock at the Cabin ဇာတ္ကားဟာလည္း စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular