HomeCelebs Update NewsInternationalRom-Com ကားတွေမှာ တစ်ခါမှအခေါ်မခံရလို့ စိတ်ထိခိုက်နေတဲ့ Dave Bautista

Rom-Com ကားတွေမှာ တစ်ခါမှအခေါ်မခံရလို့ စိတ်ထိခိုက်နေတဲ့ Dave Bautista

Dave Bautista ရဲ့ ရိုက်ကူးပြီးသား ရုပ်ရှင်အမျိုးအစားတွေကို ကြည့်လိုက်မယ်ဆိုရင် comic book movie (Guardians of the Galaxy) ၊ Sci-Fi (Dune/ Blade Runner 2049) ၊ ဟာသအက်ရှင် (Stuber)နဲ့ မိသားစုရုပ်ရှင် (My Spy) အမျိုးအစားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ရုပ်ရှင်တွေထဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးအစားတစ်ခုကတော့ အချစ်ဟာသရုပ်ရှင်လို့ ခေါ်တဲ့ Romantic Comedy ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Dave Bautista ကတော့ Page Six သတင်းဌာနနဲ့ အင်တာဗျူးမှာ ရင်ဖွင့်ထားပါတယ်။ သူ့အနေနဲ့ Rom-Com ရုပ်ရှင်တွေ ရိုက်ချင်ပေမယ့် ရွေးချယ်စရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ကိုကမ်းလှမ်းလာတဲ့ ရုပ်ရှင်တွေထဲမှာ Rom-Com အမျိုးအစား တစ်ခုမှ မပါဝင်ခဲ့ဘူးလို့လည်း ပြောပြထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“ကျွန်တော်က တွေ့မြင်နေကျ rom-com မင်းသားတွေနဲ့ မတူတာတော့ သိပါတယ်။ ကျွန်တော့်မှာ rom-com မင်းသားဖြစ်ဖို့ လိုအပ်ချက်လေးတွေလည်း ရှိပါတယ်။ ဒါပေမယ့်ဗျာ ကိုယ့်ကိုယ်ကို မှန်ထဲမှာကြည့်ပြီး အမြဲတမ်း ပြောမိတယ်။ ငါဟာ ဒီလောက်ထိ ဆွဲဆောင်မှုမရှိတဲ့လူလား။ ငါ့မှာ တစုံတခုကများ မှားယွင်းနေလို့ အဲဒီလိုရုပ်ရှင်တွေထဲမှာ မပါဝင်နိုင်ရတာလားလို့ ပြန်မေးမိတယ် …”

“မသိတော့ပါဘူးဗျာ။ ကျွန်တော် ဖြစ်ချင်သလိုကို တစ်ခါမှမဖြစ်ခဲ့တာ။ rom-com ရိုက်ဖို့ တစ်ခါမှကို ကမ်းလှမ်းမခံရဖူးတာ။ ဒါပေမယ့် ကျွန်တော် မျှော်လင့်ချက်တော့ လုံးဝမလျော့သေးပါဘူး။ အခွင့်အရေးရဖို့ ဆက်ပြီး ရှာဖွေနေဦးမှာပါ …”လို့ Bautista က ပြောထားပါတယ်။

Photo: davebautista/ Instagram

လက်ရှိအချိန်ထိလည်း Bautista ရဲ့ ရုပ်ရှင်ကားတွေထဲမှာတော့ rom-com ရုပ်ရှင်တွေ ပါဝင်လာဖို့ မရှိသေးပါဘူး။ အလားတူပဲ သူသရုပ်ဆောင်ချင်နေတဲ့ DC Universe ထဲက ဗီလိန်ဇာတ်ရုပ် Bane ကိုလည်း သရုပ်ဆောင်ဖို့ အခွင့်မသာတော့ပြန်ပါဘူး။ Bautista ဟာ Batman ဗီလိန် Bane အဖြစ် သရုပ်ဆောင်နိုင်ဖို့ Warner Bros. စတူဒီယိုကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက တောင်းဆိုနေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“DC Studios ရဲ့ လူကြီးအသစ်ဖြစ်တဲ့ James Gunn နဲ့လည်း အဲဒီအကြောင်း ကျွန်တော် ပြောပြီးပါပြီ။ ဒါပေမယ့် သူသွားမယ့်ပုံစံက universe တစ်ခုလုံးကို အစကနေ အသစ်ပြန်ရိုက်မှာ ဖြစ်တဲ့အတွက် လူငယ်သရုပ်ဆောင်တွေ လိုအပ်တာပေါ့ဗျာ။ DC Universe ကို အသစ်ပြန် အသက်သွင်းမယ်ဆိုရင် ဟိုးအစကနေ ပြန်လုပ်ရမှာ ဖြစ်တာကြောင့် သရုပ်ဆောင်တွေကိုလည်း လူငယ်တွေကိုပဲ ရွေးချယ်ရမှာပါ။ နောက်(၁၅)နှစ်လောက်အတွက် ကြိုတင်ပြင်ဆင်ရမှာဆိုတော့ ကျွန်တော်နဲ့တော့ အဲဒီဇာတ်ရုပ်က မဖြစ်တော့ဘူးဆိုတာ နားလည်ပါတယ် …”လို့ Bautista က ပြောထားပါတယ်။

Vancouver

Source: variety

RELATED ARTICLES

Most Popular