HomeCelebs Update NewsInternationalNetflix Is A Joke Festival မှာ ဖျော်ဖြေနေရင်း စင်ပေါ်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ Dave Chappelle

Netflix Is A Joke Festival မှာ ဖျော်ဖြေနေရင်း စင်ပေါ်မှာ တိုက်ခိုက်ခံခဲ့ရတဲ့ Dave Chappelle

Comedian တစ်ယောက်ဖြစ်တဲ့ Dave Chappelle ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တဲ့ Netflix Is A Joke festival မှာ ဖျော်ဖြေနေရင်း လူတစ်ယောက်က စင်ပေါ်တက် တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။

Dave Chappelle ဟာ လော့စ်အိန်ဂျလိစ်က Hollywood Bowl မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ဖျော်ဖြေနေတဲ့အချိန်မှာပဲ အမည်းရောင် hoodie ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဟာ စင်ပေါ်ကို ပြေးတက်လာပြီး Dave ကို တွန်းချခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ Dave ရဲ့ ဖျော်ဖြေမှု ပြီးခါနီးလေးမှာပဲ ဖြစ်သွားခဲ့တာ ဖြစ်ပြီး Dave ဟာ Will Smith အကြောင်း ဟာသတစ်ခုကို ပြက်လုံးထုတ်လိုက်ချိန် တစ်ခဏလေးမှာပဲ ဖြစ်ပျက်သွားတာလို့ People မဂ္ဂဇင်းက အတည်ပြုထားပါတယ်။

Photo via Los Angeles Times

Dave ပြက်လိုက်တဲ့ ပြက်လုံးကတော့ လွန်ခဲ့တဲ့ တစ်လကျော်ခန့်က ဖြစ်ပွားခဲ့တဲ့ အော်စကာဆုပေးပွဲက Chris Rock နဲ့ Will Smith တို့ကိစ္စကို ရည်ညွှန်းထားတာလို့ ဆိုပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ စင်ပေါ်ကို ပြေးတက်လာပြီး Dave ကို ခန္ဓာကိုယ်နဲ့ ပစ်တိုက်ကာ စင်ပေါ်က တွန်းချအပြီးမှာပဲ ပွဲထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ပွဲရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ Dave ရဲ့အဖွဲ့သားတွေက ဝိုင်းဝန်း ဖမ်းဆီးလိုက်ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Netflix ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ People မဂ္ဂဇင်းကို အခုလို ကြေညာချက် ထုတ်ပြန်ပေးထားပါတယ်။ “creator တွေရဲ့ လုံခြုံဘေးကင်းမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက် ဂရုပြုပါတယ်။ stand-up comedian တွေအနေနဲ့ စင်ပေါ်မှာ အကြမ်းဖက်ခံရမှာကို စိုးရွံ့မှုမရှိဘဲ လွတ်လွတ်လပ်လပ် တင်ဆက်ပိုင်ခွင့်ကို ကျွန်တော်တို့အနေနဲ့ အပြင်းအထန် ကာကွယ်သွားပါမယ်…” လို့ Netflix ကတော့ ဆိုထားပါတယ်။

Photo via Netflix

လော့စ်အိန်ဂျလိစ်မြို့ ရဲဌာနက အတည်ပြုပေးထားတဲ့ အချက်အလက်တွေအရ စင်ပေါ်ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့သူဟာ အသက်(၂၃)နှစ်အရွယ် Isaiah Lee ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဲဌာနရဲ့အဆိုအရ Isaiah Lee ဟာ သေနတ်အတိုပုံစံ ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းကိုပါ ကိုင်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လက်ရှိမှာတော့ သူဟာ လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့်ခံထားရပါတယ်။

Isaiah Lee ဟာ Dave Chappelle ကို ဘာကြောင့် အခုလို တိုက်ခိုက်ခဲ့ရလည်းဆိုတာရဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။ Dave Chappelle ကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ Netflix ရှိုး The Closer ထဲမှာ LGBTQ အသိုင်းအဝိုင်းကို ပစ်မှတ်ထားတဲ့ ဟာသပေါင်းများစွာကို ပြောဆိုခဲ့လို့ ဝေဖန်မှုများစွာ ရရှိထားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular