HomeEntertainmentFilmDave Bautista ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားများ

Dave Bautista ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WWE နပန်းသမားဟောင်းတစ်ယောက် ဖြစ်သူ Dave Bautista ဟာ အခုချိန်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်လောကထဲမှာပါ နာမည်ကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်လာပါပြီ။ Dave ဟာ နာမည်ကြီးလာတာနဲ့အမျှ သူပါဝင်ရတဲ့ ရုပ်ရှင်တွေကလည်း ပိုမိုများပြားလာပါတယ်။ Guardians of the Galaxy နဲ့ Army of the Dead တို့လို နာမည်ကြီးရုပ်ရှင်တွေမှာလည်း ပါဝင်ထားသလို လောလောဆယ်မှာတော့ အသစ်ထွက်ရှိလာဦးမယ့် ရုပ်ရှင်ကားကောင်းတွေ ရှိပါသေးတယ်။

Army of the Dead: Lost Vegas
photo via screenrant

ဒီရုပ်ရှင်ကတော့ Army of the Dead ရဲ့ Prequel ပဲ ဖြစ်ပါတယ်။ Army of the Dead ရုပ်ရှင်အစမှာတော့ Scott Ward ဟာ လူတစ်စုနဲ့အတူ Las Vegas ထဲက ထွက်လာနိုင်ပုံကို ပြသသွားပါတယ်။ ဒီရုပ်ရှင်ကတော့ Las Vegas မြို့မှာ ဇွန်ဘီတွေ စတင်ပျံ့ပွားတဲ့အချိန်မှာ ဇာတ်အိမ်တည်ထားပြီး Scott တို့အဖွဲ့က အဲ့ဒီမြို့ထဲက လွတ်မြောက်အောင် ကြိုးစားကြပုံကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီရုပ်ရှင်ဟာ ထွက်ရှိလာမယ့်ရက်ကို မကြေညာသေးပါဘူး။

Dune
photo via screenrant

ဒီရုပ်ရှင်ကတော့ Frank Herbert ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Dave ကတော့ Glossu Beast Rabban ဆိုတဲ့ ဗီလိန်နေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ့် တခြားသရုပ်ဆောင်တွေကတော့ Timothee Chalamet ၊ Zendaya ၊ Rebecca Ferguson ၊ Jason Momoa ၊ Josh Brolin နဲ့ Oscar Isaac တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အောက်တိုဘာလ (၁)ရက်နေ့မှာ စတင်ပြီး ရုံတင်နေပြီ ဖြစ်ပါတယ်။

Groove Tails
photo via screenrant

ဒီဇာတ်လမ်းကတော့ Animation အနေနဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Biggz ဆိုတဲ့ ကြွက်ကလေးအကြောင်းကို ရိုက်ကူးသွားမှာ ဖြစ်ပြီး အဲ့ဒီကြွက်ကလေး နေရာမှာတော့ Jamie Foxx က အသံသရုပ်ဆောင်ထားပါတယ်။ Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Dave ဟာ ဒီ Animation ထဲက တစ်ယောက်ထပ်ပိုတဲ့ ဇာတ်ကောင်တွေနေရာမှာ အသံသရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ထွက်ရှိလာမယ့် ရက်ကိုတော့ မသိရသေးပါဘူး။

Thor: Love and Thunder
photo via screenrant

Thor ရဲ့ လေးကားမြောက်ရုပ်ရှင် ဖြစ်တဲ့ Love and Thunder ထဲမှာလည်း Dave ဟာ Drax အနေနဲ့ ပါဝင်လာဦးမှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ GOTG အဖွဲ့ထဲက တခြားဇာတ်ကောင်တွေလည်း ပါဝင်လာမှာ ဖြစ်သလို နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Christian Bale ၊ Matt Damon နဲ့ Russell Crowe တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ် မေလ (၆)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Guardians of the Galaxy Vol. 3
photo via screenrant

အသစ်ထွက်ရှိလာမယ့် Guardians of the Galaxy Vol. 3 ထဲမှာလည်း Dave ဟာ Drax အနေနဲ့ ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးဘဲ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာမယ်လို့တော့ သိရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီရုပ်ရှင်ဟာ Drax ကို မြင်တွေ့ရမယ့် နောက်ဆုံးရုပ်ရှင်တစ်ကား ဖြစ်သွားနိုင်တာပါပဲ။

Universe’s Most Wanted
photo via screenrant

ဒီရုပ်ရှင်ကတော့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် ဟာသအက်ရှင် ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Universe ကြီးရဲ့ အလိုအရှိဆုံး ရာဇဝတ်သားတွေ ပါဝင်တဲ့ အာကာသယာဉ်ဟာ ကမ္ဘာပေါ်က မြို့ငယ်လေးတစ်မြို့ပေါ်ကို ပျက်ကျလာပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီရာဇဝတ်သားတွေက ကမ္ဘာကြီးကို သိမ်းယူမသွားအောင် Intergalactic Peacekeeper တွေက တားဆီးရပါတော့တယ်။ ထွက်ရှိလာမယ့် နေ့ရက်ကိုတော့ မသိရသေးပါဘူး။

In the Lost Lands
photo via screenrant

ဒီရုပ်ရှင်ကတော့ Game of Thrones ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီရုပ်ရှင်ဟာ စာရေးဆရာ George R.R. Martin ရဲ့ ဝတ္ထုတိုကို Live Action အဖြစ် ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်လို့ပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ မှော်ဆရာမတစ်‌ယောက်ဟာ လူသားတွေကို သမန်းဝံပုလွေအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းအားကို ရှာဖွေဖို့အတွက် ပျောက်ဆုံးနေတဲ့ နေရာတွေကို သွားလာတဲ့အကြောင်း ဖြစ်ပါတယ်။ အဲ့ဒီမှော်ဆရာမနေရာမှာတော့ Milla Jovovich က ပါဝင်လာမှာ ဖြစ်ပြီး Dave ကတော့ အဲ့ဒီမှော်ဆရာမကို လမ်းပြတဲ့လူနေရာက ပါဝင်လာမှာပါ။ ဒီရုပ်ရှင်ကတော့ လောလောဆယ်မှာ ရိုက်ကူးရေး စတင်ဖို့ ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

Traphouse
photo via screenrant

Dave ကတော့ ဒီရုပ်ရှင်ထဲမှာ ပါဝင်သရုပ်ဆောင်ရုံတင်မကဘဲ ထုတ်လုပ်သူအနေနဲ့ပါ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ DEA အေးဂျင့်တွေဟာ သူတို့ရဲ့ သားသမီးတွေကို ပြန်လည်ဖမ်းဆီးဖို့ ကြိုးစားရပုံကို မြင်တွေ့ရမှာပါ။ အကြောင်းကတော့ သူတို့ရဲ့ သားသမီးတွေဟာ သူတို့မိဘတွေဆီက သင်ယူထားတဲ့အရာတွေကို အသုံးပြုပြီး ဓားပြမှုတွေကို ကျူးလွန်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း ရိုက်ကူးရေး စတင်ဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။

ဒါကတော့ Dave Bautista ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ကားသစ်တွေပဲ ဖြစ်ပါတယ်။ Dave Bautista ကို နှစ်သက်တဲ့ မိတ်ဆွေတွေလည်း သိရအောင် မန်းရှင်းခေါ်သွားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

WWE နပန္းသမားေဟာင္းတစ္ေယာက္ ျဖစ္သူ Dave Bautista ဟာ အခုခ်ိန္မွာေတာ့ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကထဲမွာပါ နာမည္ေက်ာ္ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာပါၿပီ။ Dave ဟာ နာမည္ႀကီးလာတာနဲ႔အမၽွ သူပါဝင္ရတဲ့ ႐ုပ္ရွင္ေတြကလည္း ပိုမိုမ်ားျပားလာပါတယ္။ Guardians of the Galaxy နဲ႔ Army of the Dead တို႔လို နာမည္ႀကီး႐ုပ္ရွင္ေတြမွာလည္း ပါဝင္ထားသလို ေလာေလာဆယ္မွာေတာ့ အသစ္ထြက္ရွိလာဦးမယ့္ ႐ုပ္ရွင္ကားေကာင္းေတြ ရွိပါေသးတယ္။

Army of the Dead: Lost Vegas
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Army of the Dead ရဲ့ Prequel ပဲ ျဖစ္ပါတယ္။ Army of the Dead ႐ုပ္ရွင္အစမွာေတာ့ Scott Ward ဟာ လူတစ္စုနဲ႔အတူ Las Vegas ထဲက ထြက္လာနိုင္ပုံကို ျပသသြားပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Las Vegas ၿမိဳ႕မွာ ဇြန္ဘီေတြ စတင္ပ်ံ႕ပြားတဲ့အခ်ိန္မွာ ဇာတ္အိမ္တည္ထားၿပီး Scott တို႔အဖြဲ႕က အဲ့ဒီၿမိဳ႕ထဲက လြတ္ေျမာက္ေအာင္ ႀကိဳးစားၾကပုံကို ရိုက္ကူးသြားမွာ ျဖစ္ပါတယ္။ အခုခ်ိန္ထိေတာ့ ဒီ႐ုပ္ရွင္ဟာ ထြက္ရွိလာမယ့္ရက္ကို မေၾကညာေသးပါဘူး။

Dune
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Frank Herbert ရဲ့ ဝတၳဳကို အေျခခံၿပီး ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Dave ကေတာ့ Glossu Beast Rabban ဆိုတဲ့ ဗီလိန္ေနရာက ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ့္ တျခားသ႐ုပ္ေဆာင္ေတြကေတာ့ Timothee Chalamet ၊ Zendaya ၊ Rebecca Ferguson ၊ Jason Momoa ၊ Josh Brolin နဲ႔ Oscar Isaac တို႔ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ေအာက္တိုဘာလ (၁)ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ေနၿပီ ျဖစ္ပါတယ္။

Groove Tails
photo via screenrant

ဒီဇာတ္လမ္းကေတာ့ Animation အေနနဲ႔ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Biggz ဆိုတဲ့ ႂကြက္ကေလးအေၾကာင္းကို ရိုက္ကူးသြားမွာ ျဖစ္ၿပီး အဲ့ဒီႂကြက္ကေလး ေနရာမွာေတာ့ Jamie Foxx က အသံသ႐ုပ္ေဆာင္ထားပါတယ္။ Deadline သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ Dave ဟာ ဒီ Animation ထဲက တစ္ေယာက္ထပ္ပိုတဲ့ ဇာတ္ေကာင္ေတြေနရာမွာ အသံသ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ထြက္ရွိလာမယ့္ ရက္ကိုေတာ့ မသိရေသးပါဘူး။

Thor: Love and Thunder
photo via screenrant

Thor ရဲ့ ေလးကားေျမာက္႐ုပ္ရွင္ ျဖစ္တဲ့ Love and Thunder ထဲမွာလည္း Dave ဟာ Drax အေနနဲ႔ ပါဝင္လာဦးမွာပါ။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ GOTG အဖြဲ႕ထဲက တျခားဇာတ္ေကာင္ေတြလည္း ပါဝင္လာမွာ ျဖစ္သလို နာမည္ႀကီးသ႐ုပ္ေဆာင္ေတြ ျဖစ္တဲ့ Christian Bale ၊ Matt Damon နဲ႔ Russell Crowe တို႔လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ခုႏွစ္ ေမလ (၆)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Guardians of the Galaxy Vol. 3
photo via screenrant

အသစ္ထြက္ရွိလာမယ့္ Guardians of the Galaxy Vol. 3 ထဲမွာလည္း Dave ဟာ Drax အေနနဲ႔ ျပန္လည္ ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ရဲ့ ဇာတ္လမ္းအက်ဥ္းကိုေတာ့ မသိရေသးဘဲ ၂၀၂၃ ခုႏွစ္ထဲမွာ ထြက္ရွိလာမယ္လို႔ေတာ့ သိရပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဒီ႐ုပ္ရွင္ဟာ Drax ကို ျမင္ေတြ႕ရမယ့္ ေနာက္ဆုံး႐ုပ္ရွင္တစ္ကား ျဖစ္သြားနိုင္တာပါပဲ။

Universe’s Most Wanted
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ေပါ့ေပါ့ပါးပါး ၾကည့္ရွုရမယ့္ ဟာသအက္ရွင္ ဇာတ္လမ္းအမ်ိဴးအစားပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Universe ႀကီးရဲ့ အလိုအရွိဆုံး ရာဇဝတ္သားေတြ ပါဝင္တဲ့ အာကာသယာဥ္ဟာ ကမၻာေပၚက ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ေပၚကို ပ်က္က်လာပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီရာဇဝတ္သားေတြက ကမၻာႀကီးကို သိမ္းယူမသြားေအာင္ Intergalactic Peacekeeper ေတြက တားဆီးရပါေတာ့တယ္။ ထြက္ရွိလာမယ့္ ေန႔ရက္ကိုေတာ့ မသိရေသးပါဘူး။

In the Lost Lands
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Game of Thrones ပရိသတ္ေတြ အႀကိဳက္ေတြ႕ေစမယ့္ ႐ုပ္ရွင္တစ္ကားပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီ႐ုပ္ရွင္ဟာ စာေရးဆရာ George R.R. Martin ရဲ့ ဝတၳဳတိုကို Live Action အျဖစ္ ျပန္လည္ရိုက္ကူးသြားမွာ ျဖစ္လို႔ပါပဲ။

ဇာတ္လမ္းအက်ဥ္းကေတာ့ ေမွာ္ဆရာမတစ္‌ေယာက္ဟာ လူသားေတြကို သမန္းဝံပုေလြအျဖစ္ ေျပာင္းလဲနိုင္တဲ့ စြမ္းအားကို ရွာေဖြဖို႔အတြက္ ေပ်ာက္ဆုံးေနတဲ့ ေနရာေတြကို သြားလာတဲ့အေၾကာင္း ျဖစ္ပါတယ္။ အဲ့ဒီေမွာ္ဆရာမေနရာမွာေတာ့ Milla Jovovich က ပါဝင္လာမွာ ျဖစ္ၿပီး Dave ကေတာ့ အဲ့ဒီေမွာ္ဆရာမကို လမ္းျပတဲ့လူေနရာက ပါဝင္လာမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ေလာေလာဆယ္မွာ ရိုက္ကူးေရး စတင္ဖို႔ ျပင္ဆင္ေနဆဲ ျဖစ္ပါတယ္။

Traphouse
photo via screenrant

Dave ကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္သ႐ုပ္ေဆာင္႐ုံတင္မကဘဲ ထုတ္လုပ္သူအေနနဲ႔ပါ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ DEA ေအးဂ်င့္ေတြဟာ သူတို႔ရဲ့ သားသမီးေတြကို ျပန္လည္ဖမ္းဆီးဖို႔ ႀကိဳးစားရပုံကို ျမင္ေတြ႕ရမွာပါ။ အေၾကာင္းကေတာ့ သူတို႔ရဲ့ သားသမီးေတြဟာ သူတို႔မိဘေတြဆီက သင္ယူထားတဲ့အရာေတြကို အသုံးျပဳၿပီး ဓားျပမွုေတြကို က်ဴးလြန္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကလည္း ရိုက္ကူးေရး စတင္ဖို႔ စီစဥ္ေနဆဲ ျဖစ္ပါတယ္။

ဒါကေတာ့ Dave Bautista ရဲ့ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ကားသစ္ေတြပဲ ျဖစ္ပါတယ္။ Dave Bautista ကို ႏွစ္သက္တဲ့ မိတ္ေဆြေတြလည္း သိရေအာင္ မန္းရွင္းေခၚသြားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular