HomeCelebs Update NewsInternational အဖေ့ခြေရာနင်းပြီး အပြိုင်းအရိုင်း အရွယ်ရောက်လာကြပြီဖြစ်တဲ့ Beckham ရဲ့သားသုံးယောက်

 အဖေ့ခြေရာနင်းပြီး အပြိုင်းအရိုင်း အရွယ်ရောက်လာကြပြီဖြစ်တဲ့ Beckham ရဲ့သားသုံးယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ချောမောခန့်ငြားတဲ့ ရုပ်ရည်ကြောင့် ယခုအချိန်အထိ မိန်းကလေးထုရဲ့ အသည်းကို ကိုင်လှုပ်နိုင်စွမ်း ရှိနေဆဲဖြစ်တဲ့ နာမည်ကျော် ဘောလုံးသမား David Beckham ရဲ့ သားသုံးယောက်စလုံးဟာ အပြိုင်းအရိုင်း အရွယ်ရောက်လာကြပြီ ဖြစ်ပြီး အဖေ့အတိုင်းပဲ ချောမောတဲ့ရုပ်ရည်ကို အမွေရရှိထားကြပါတယ်။

ကမ္ဘာကျော်မိသားစုတွေထဲက ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မိသားစုတစ်စုကို ပြောပါဆိုရင် Beckham မိသားစုကို ပြေးမြင်မိကြမှာပါ။ ရုပ်ရည်ချောမောရုံတင်မက တစ်ချိန်က လျှမ်းလျှမ်းတောက် ထူးချွန်အောင်မြင်ခဲ့တဲ့ ဘောလုံးသမားဖခင်နဲ့ ကမ္ဘာကျော်အဆိုတော်၊ ဖက်ရှင်ဂုရု မိခင်တို့က ဆင်းသက်မွေးဖွားလာကြတဲ့ ကလေးတွေပီပီ စမတ်ကျကျနဲ့ ချောမောတဲ့ ရုပ်သွင်ကို ပိုင်ဆိုင်ထားကြပါတယ်။

Photo: victoriabeckham/ Instagram

David Beckham နဲ့ Victoria Beckham တို့မှာ သားသုံးယောက်နဲ့ သမီးအငယ်ဆုံးလေးတစ်ယောက် ထွန်းကားထားပြီး အခုဆိုရင်တော့ အကြီးဆုံးသား Brooklyn Beckham က (၂၁)နှစ်၊ ဒုတိယမြောက်သား Romeo Beckham က (၁၇)နှစ်၊ သားအလတ် Cruz Beckham က (၁၅)နှစ်နဲ့ သမီးအငယ်ဆုံးလေး Harper Beckham က (၉)နှစ်နဲ့ အသီးသီး အရွယ်ရောက်နေကြပါပြီ။

ဒီအဖေနဲ့အမေက မွေးဖွားထားလို့ ရုပ်ချင်းဆင်တူတယ်ဆိုတာ အံ့ဩစရာတော့ မဟုတ်ပေမယ့် ဆယ်ကျော်သက်ရွယ်တွေအဖြစ် အပြိုင်းအရိုင်း အရွယ်ရောက်လာကြတဲ့ သားသုံးယောက်လုံးဟာ အဖေနဲ့ယှဉ်ထိုင်လိုက်တဲ့အခါ အမွှာညီအစ်ကိုတွေလိုပဲ ဆင်တူနေတာကတော့ ချစ်စရာကောင်းတယ်လို့ ပြောရမှာပါ။

Photo: victoriabeckham/ Instagram

အသက်(၄၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Victoria Beckham ဟာ သူမရဲ့အင်စတာဂရမ်အကောင့်မှာ ခင်ပွန်းသည်နဲ့ သားတွေ အတူတကွ ထိုင်နေကြတဲ့ ဓာတ်ပုံလေးကို တင်ပြီး “ကျွန်မရဲ့ကောင်လေးတွေ ပြန်ဆုံနေကြပြီ… ” လို့ ရေးသားထားတဲ့ ပို့စ်တစ်ခုကို မနေ့က ညပိုင်းလောက်မှာ တင်ထားခဲ့တာပါ။

ပုံထဲမှာ ကြည့်လိုက်ရတဲ့အခါ သားတွေနဲ့အတူ ထိုင်နေတဲ့ ဖခင်ကြီး David Beckham ရဲ့ ပျော်ရွှင်မှုကို ကူးစက်ခံစားရသလို Beckham ပေါက်စလေး သုံးယောက်ကို အတူတူတွေ့လိုက်ရတာကလည်း စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ Beckham မိသားစုဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာမှုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မိသားစုတစ်စုဖြစ်ပြီး မောင်နှမတွေကြားထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာနဲ့ သံယောဇဉ်ရှိကြတာကို အားကျစရာ တွေ့မြင်ရပါတယ်။

Photo: victoriabeckham/ Instagram

အခုဆိုရင်တော့ အကြီးဆုံးသား Brooklyn ဟာ ဓာတ်ပုံဆရာတစ်ယောက်အဖြစ် ရပ်တည်နေပြီး Transformer: Age of Extinction ထဲက မင်းသမီး Nicola Peltz နဲ့ စေ့စပ်ထားပါတယ်။ ရှေ့မှာလည်း နာမည်ကြီးမင်းသမီးတွေနဲ့ရော၊ မော်ဒယ်လ်တွေနဲ့ပါ ထည်လဲ တွဲခုတ်ခဲ့ဖူးတဲ့ Brooklyn ကို အများစုကတော့ ဒီအရွယ်လေးနဲ့ အိမ်ထောင်ပြုဖို့ မသင့်တော်သေးဘူးလို့ ဝေဖန်တာတွေ ရှိနေပေမယ့် မိခင်လုပ်သူနဲ့ ဖခင်လုပ်သူတို့ကတော့ သူတို့ရဲ့သားကြီးအပေါ်မှာ လုံးဝလျှော့တွက်တာမျိုး မရှိဘဲ မေတ္တာနဲ့ အားပေးထားတာကိုလည်း တွေ့ရပါတယ်။

Photo: victoriabeckham/ Instagram

အချိန်တိုင်းမှာ ရင်အေးဖွယ်၊ အားကျဖွယ်ရာ တွေ့မြင်ရတဲ့ Beckham မိသားစုကို နောင်အနာဂတ်မှာလည်း ဒီအတိုင်း မလျော့တဲ့ ချစ်မေတ္တာတွေနဲ့ အေးချမ်းပျော်ရွှင်စွာ ရှိနေကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်။

LaNina
(Zawgyi Version)

ေခ်ာေမာခန႔္ျငားတဲ့ ႐ုပ္ရည္ေၾကာင့္ ယခုအခ်ိန္အထိ မိန္းကေလးထုရဲ႕ အသည္းကို ကိုင္လႈပ္ႏိုင္စြမ္း ရွိေနဆဲျဖစ္တဲ့ နာမည္ေက်ာ္ ေဘာလုံးသမား David Beckham ရဲ႕ သားသုံးေယာက္စလုံးဟာ အၿပိဳင္းအ႐ိုင္း အ႐ြယ္ေရာက္လာၾကၿပီ ျဖစ္ၿပီး အေဖ့အတိုင္းပဲ ေခ်ာေမာတဲ့႐ုပ္ရည္ကို အေမြရရွိထားၾကပါတယ္။

ကမာၻေက်ာ္မိသားစုေတြထဲက ပရိသတ္ေတြ အားက်ခ်စ္ခင္ရတဲ့ မိသားစုတစ္စုကို ေျပာပါဆိုရင္ Beckham မိသားစုကို ေျပးျမင္မိၾကမွာပါ။ ႐ုပ္ရည္ေခ်ာေမာ႐ုံတင္မက တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ ထူးခြၽန္ေအာင္ျမင္ခဲ့တဲ့ ေဘာလုံးသမားဖခင္နဲ႔ ကမာၻေက်ာ္အဆိုေတာ္၊ ဖက္ရွင္ဂု႐ု မိခင္တို႔က ဆင္းသက္ေမြးဖြားလာၾကတဲ့ ကေလးေတြပီပီ စမတ္က်က်နဲ႔ ေခ်ာေမာတဲ့ ႐ုပ္သြင္ကို ပိုင္ဆိုင္ထားၾကပါတယ္။

Photo: victoriabeckham/ Instagram

David Beckham နဲ႔ Victoria Beckham တို႔မွာ သားသုံးေယာက္နဲ႔ သမီးအငယ္ဆုံးေလးတစ္ေယာက္ ထြန္းကားထားၿပီး အခုဆိုရင္ေတာ့ အႀကီးဆုံးသား Brooklyn Beckham က (၂၁)ႏွစ္၊ ဒုတိယေျမာက္သား Romeo Beckham က (၁၇)ႏွစ္၊ သားအလတ္ Cruz Beckham က (၁၅)ႏွစ္နဲ႔ သမီးအငယ္ဆုံးေလး Harper Beckham က (၉)ႏွစ္နဲ႔ အသီးသီး အ႐ြယ္ေရာက္ေနၾကပါၿပီ။

ဒီအေဖနဲ႔အေမက ေမြးဖြားထားလို႔ ႐ုပ္ခ်င္းဆင္တူတယ္ဆိုတာ အံ့ဩစရာေတာ့ မဟုတ္ေပမယ့္ ဆယ္ေက်ာ္သက္႐ြယ္ေတြအျဖစ္ အၿပိဳင္းအ႐ိုင္း အ႐ြယ္ေရာက္လာၾကတဲ့ သားသုံးေယာက္လုံးဟာ အေဖနဲ႔ယွဥ္ထိုင္လိုက္တဲ့အခါ အမႊာညီအစ္ကိုေတြလိုပဲ ဆင္တူေနတာကေတာ့ ခ်စ္စရာေကာင္းတယ္လို႔ ေျပာရမွာပါ။

Photo: victoriabeckham/ Instagram

အသက္(၄၆)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Victoria Beckham ဟာ သူမရဲ႕အင္စတာဂရမ္အေကာင့္မွာ ခင္ပြန္းသည္နဲ႔ သားေတြ အတူတကြ ထိုင္ေနၾကတဲ့ ဓာတ္ပုံေလးကို တင္ၿပီး “ကြၽန္မရဲ႕ေကာင္ေလးေတြ ျပန္ဆုံေနၾကၿပီ… ” လို႔ ေရးသားထားတဲ့ ပို႔စ္တစ္ခုကို မေန႔က ညပိုင္းေလာက္မွာ တင္ထားခဲ့တာပါ။

ပုံထဲမွာ ၾကည့္လိုက္ရတဲ့အခါ သားေတြနဲ႔အတူ ထိုင္ေနတဲ့ ဖခင္ႀကီး David Beckham ရဲ႕ ေပ်ာ္႐ႊင္မႈကို ကူးစက္ခံစားရသလို Beckham ေပါက္စေလး သုံးေယာက္ကို အတူတူေတြ႕လိုက္ရတာကလည္း စိတ္ခ်မ္းေျမ့စရာ ေကာင္းလွပါတယ္။ Beckham မိသားစုဟာ တစ္ဦးနဲ႔တစ္ဦး ခ်စ္ခင္ၾကင္နာမႈနဲ႔ ေပါင္းစပ္ဖြဲ႕စည္းထားတဲ့ မိသားစုတစ္စုျဖစ္ၿပီး ေမာင္ႏွမေတြၾကားထဲမွာလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ၾကင္ၾကင္နာနာနဲ႔ သံေယာဇဥ္ရွိၾကတာကို အားက်စရာ ေတြ႕ျမင္ရပါတယ္။

Photo: victoriabeckham/ Instagram

အခုဆိုရင္ေတာ့ အႀကီးဆုံးသား Brooklyn ဟာ ဓာတ္ပုံဆရာတစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီး Transformer: Age of Extinction ထဲက မင္းသမီး Nicola Peltz နဲ႔ ေစ့စပ္ထားပါတယ္။ ေရွ႕မွာလည္း နာမည္ႀကီးမင္းသမီးေတြနဲ႔ေရာ၊ ေမာ္ဒယ္လ္ေတြနဲ႔ပါ ထည္လဲ တြဲခုတ္ခဲ့ဖူးတဲ့ Brooklyn ကို အမ်ားစုကေတာ့ ဒီအ႐ြယ္ေလးနဲ႔ အိမ္ေထာင္ျပဳဖို႔ မသင့္ေတာ္ေသးဘူးလို႔ ေဝဖန္တာေတြ ရွိေနေပမယ့္ မိခင္လုပ္သူနဲ႔ ဖခင္လုပ္သူတို႔ကေတာ့ သူတို႔ရဲ႕သားႀကီးအေပၚမွာ လုံးဝေလွ်ာ့တြက္တာမ်ိဳး မရွိဘဲ ေမတၱာနဲ႔ အားေပးထားတာကိုလည္း ေတြ႕ရပါတယ္။

Photo: victoriabeckham/ Instagram

အခ်ိန္တိုင္းမွာ ရင္ေအးဖြယ္၊ အားက်ဖြယ္ရာ ေတြ႕ျမင္ရတဲ့ Beckham မိသားစုကို ေနာင္အနာဂတ္မွာလည္း ဒီအတိုင္း မေလ်ာ့တဲ့ ခ်စ္ေမတၱာေတြနဲ႔ ေအးခ်မ္းေပ်ာ္႐ႊင္စြာ ရွိေနၾကပါေစလို႔ ဆုမြန္ေႁခြလိုက္ပါတယ္။

LaNina

 

RELATED ARTICLES

Most Popular