HomeCelebs Update NewsInternationalအိမ်ထောင်သက်(၂၂)နှစ် ကြာသော်လည်း မပြယ်တဲ့အချစ်များနဲ့ ရှေ့ဆက်နေကြဆဲ Beckham မောင်နှံ

အိမ်ထောင်သက်(၂၂)နှစ် ကြာသော်လည်း မပြယ်တဲ့အချစ်များနဲ့ ရှေ့ဆက်နေကြဆဲ Beckham မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘောလုံးသမားဟောင်း David Beckham နဲ့ အဆိုတော်လည်းဖြစ်၊ ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ်တဲ့ Victoria Beckham တို့ဟာ မင်္ဂလာသက်တမ်း (၂၂)နှစ်ဆိုတဲ့ အချိန်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ် နှစ်ခုကျော် ဖြတ်သန်းလာခဲ့ပြီ ဖြစ်ပေမယ့် ယနေ့ထိတိုင် ခိုင်မြဲတဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းနေကြဆဲ ‌ဖြစ်ပါတယ်။

David Beckham ဆိုတာဟာ တစ်ခေတ်တစ်ခါက ဘောလုံးလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ ဖြစ်ပြီး Victoria Beckham ဟာလည်း Spice Girls အဖွဲ့နဲ့ အောင်မြင်ကျော်ကြားခဲ့တာ ဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာ ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်သူတွေ ဖြစ်ကြပေမယ့် ဆယ်လီအများစုရဲ့ အကွဲအပြဲ ထုံးစံနောက် မလိုက်ဘဲ သားသမီးတွေ စုဝေးစွာနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို ထူထောင်ထားနိုင်တာဟာ တကယ် ချီးကျူးစရာ ဖြစ်ပါတယ်။

Photo: davidbeckham/ Instagram

ပြီးခဲ့တဲ့ ဇူလိုင်လ(၄)ရက်နေ့ကတော့ သူတို့နှစ်ဦးရဲ့ မင်္ဂလာသက်တမ်း (၂၂)နှစ် ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ David နဲ့ Victoria တို့ဟာ ၁၉၉၉ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မှာ အိုင်ယာလန်နိုင်ငံက Luttrellstown ရဲတိုက်ကြီးမှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထပ်ချိန်မှာ သူတို့နှစ်ဦးရဲ့ သားကြီး Brooklyn Beckham ဟာ လေးလသားအရွယ် ရှိပြီဖြစ်ပြီး မင်္ဂလာပွဲမှာ လက်စွပ်သယ်ပေးသူအဖြစ် ဆောင်ရွက်စေခဲ့ပါသေးတယ်။

Photo: davidbeckham/ Instagram

မင်္ဂလာပွဲကတော့ ၁၉၉၈ခုနှစ် ဇန်နဝါရီလမှာ David က Victoria ကို လက်ထပ်ခွင့် တောင်းပြီးနောက် တစ်နှစ်ခွဲခန့်အကြာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အဲဒီခေတ်အခါတုန်းက မင်္ဂလာပွဲမတိုင်ခင် ကလေးမွေးထားပြီး မင်္ဂလာဆောင်မှာ သားဦးလေးကို လက်စွပ်ဗန်းသယ်ခိုင်းတာဟာ အတော်လေး လူပြောများတဲ့ကိစ္စ ဖြစ်ခဲ့ပါသေးတယ်။

Photo: davidbeckham/ Instagram

အဲဒီနောက်ပိုင်းမှာတော့ သူတို့မောင်နှံမှာ နောက်ထပ် ကလေးသုံးယောက် ထပ်မံ ထွန်းကားခဲ့ပါတယ်။ စုစုပေါင်း သားသုံးယောက်နဲ့ အငယ်ဆုံး သမီးလေးတစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပြီး အားလုံးလည်း အပြိုင်းအရိုင်း အရွယ်ရောက်လာကြပြီ ဖြစ်ပါတယ်။ အကြီးဆုံး Brooklyn ကတော့ အသက်(၂၂)နှစ် ရှိပြီဖြစ်ပြီး သူ့အောက်မှာ အသက်(၁၈)နှစ်အရွယ် Romeo ၊ အသက်(၁၆)နှစ်အရွယ် Cruz နဲ့ အသက်(၉)နှစ်အရွယ် Harper တို့ ဖြစ်ပါတယ်။

မနှစ်တုန်းက မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ မြင်မြင်ချင်းပဲ Victoria ကို ချစ်ခင်မိတဲ့အကြောင်း David က ပြောပြခဲ့ပါသေးတယ်။ “လွန်ခဲ့တဲ့ (၂၃)နှစ်လောက်တုန်းကပေါ့။ Gary Neville နဲ့အတူ အခန်းထဲမှာ အတူထိုင်နေတုန်း တီဗွီမှာက Spice Girls အဖွဲ့ လာနေတယ်လေ။ အဲဒီမှာ ကြည့်မိပြီးချင်းပဲ Gary ကို လှည့်ပြောလိုက်မိတာ။ ဟာ … ဟေ့ရောင် … အနက်ရောင် catsuit လေးနဲ့တစ်ယောက်ကိုတော့ ငါ ကြိုက်တယ်ဟ ဆိုပြီးတော့လေ …. ” လို့ David က ဆိုခဲ့ပါတယ်။

Photo: davidbeckham/ Instagram

ယခုနှစ် မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ သူတို့အတွဲရဲ့ ထူးခြားချက်တစ်ခုကို အင်စတာဂရမ်မှာ ဖော်ပြပြီး နှစ်ပတ်လည် ချစ်စကား ဆိုထားပါတယ်။ အဲဒါကတော့ David နဲ့ Victoria တို့ဟာ စတင်လက်တွဲခဲ့ချိန်တည်းက ပွဲတွေ တက်ရတိုင်း ဆင်တူလေး‌တွေ ဝတ်တတ်တာပါပဲ။

Photo: davidbeckham/ Instagram

အခုလည်း သူတို့နှစ်ဦးရဲ့ ဆင်တူအဝတ်အစားလေးတွေနဲ့ ပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် ဖော်ပြထားပြီး “(၂၂)နှစ်ကြာလည်း ဆင်တူဝတ်နေကြတုန်းပဲ။ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့ပါ အချစ်ရေ။ ကိုယ့်အတွက် ကလေးတွေ မွေးဖွားပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ငါတို့ အားလုံးအတူ ဆင်တူဝတ်လို့ရတာပေါ့ကွာ … ” လို့ caption မှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

David နဲ့ Victoria တို့ရဲ့ အချစ်နဲ့ ပျော်ရွှင်စရာ မိသားစုဘဝလေးကတော့ မြင်ရသူကိုပါ စိတ်ချမ်းမြေ့စေတဲ့အကြောင်း တင်ပြရင်း … ။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ေဘာလုံးသမားေဟာင္း David Beckham နဲ႔ အဆိုေတာ္လည္းျဖစ္၊ ဖက္ရွင္ဒီဇိုင္နာလည္း ျဖစ္တဲ့ Victoria Beckham တို႔ဟာ မဂၤလာသက္တမ္း (၂၂)ႏွစ္ဆိုတဲ့ အခ်ိန္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ ျဖတ္သန္းလာခဲ့ၿပီ ျဖစ္ေပမယ့္ ယေန႔ထိတိုင္ ခိုင္ၿမဲတဲ့ ခ်စ္ခရီးလမ္းကို ေလွ်ာက္လွမ္းေနၾကဆဲ ‌ျဖစ္ပါတယ္။

David Beckham ဆိုတာဟာ တစ္ေခတ္တစ္ခါက ေဘာလုံးေလာကမွာ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သူ ျဖစ္ၿပီး Victoria Beckham ဟာလည္း Spice Girls အဖြဲ႕နဲ႔ ေအာင္ျမင္ေက်ာ္ၾကားခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ဦးစလုံးဟာ ဆိုင္ရာနယ္ပယ္ေတြမွာ ေအာင္ျမင္သူေတြ ျဖစ္ၾကေပမယ့္ ဆယ္လီအမ်ားစုရဲ႕ အကြဲအၿပဲ ထုံးစံေနာက္ မလိုက္ဘဲ သားသမီးေတြ စုေဝးစြာနဲ႔ ေပ်ာ္႐ႊင္တဲ့ မိသားစုဘဝကို ထူေထာင္ထားႏိုင္တာဟာ တကယ္ ခ်ီးက်ဴးစရာ ျဖစ္ပါတယ္။

Photo: davidbeckham/ Instagram

ၿပီးခဲ့တဲ့ ဇူလိုင္လ(၄)ရက္ေန႔ကေတာ့ သူတို႔ႏွစ္ဦးရဲ႕ မဂၤလာသက္တမ္း (၂၂)ႏွစ္ ျပည့္ေျမာက္တဲ့ေန႔ ျဖစ္ပါတယ္။ David နဲ႔ Victoria တို႔ဟာ ၁၉၉၉ခုႏွစ္ ဇူလိုင္လ(၄)ရက္ေန႔မွာ အိုင္ယာလန္ႏိုင္ငံက Luttrellstown ရဲတိုက္ႀကီးမွာ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ လက္ထပ္ခ်ိန္မွာ သူတို႔ႏွစ္ဦးရဲ႕ သားႀကီး Brooklyn Beckham ဟာ ေလးလသားအ႐ြယ္ ရွိၿပီျဖစ္ၿပီး မဂၤလာပြဲမွာ လက္စြပ္သယ္ေပးသူအျဖစ္ ေဆာင္႐ြက္ေစခဲ့ပါေသးတယ္။

Photo: davidbeckham/ Instagram

မဂၤလာပြဲကေတာ့ ၁၉၉၈ခုႏွစ္ ဇန္နဝါရီလမွာ David က Victoria ကို လက္ထပ္ခြင့္ ေတာင္းၿပီးေနာက္ တစ္ႏွစ္ခြဲခန႔္အၾကာမွာ က်င္းပခဲ့တာ ျဖစ္ပါတယ္။ အဲဒီေခတ္အခါတုန္းက မဂၤလာပြဲမတိုင္ခင္ ကေလးေမြးထားၿပီး မဂၤလာေဆာင္မွာ သားဦးေလးကို လက္စြပ္ဗန္းသယ္ခိုင္းတာဟာ အေတာ္ေလး လူေျပာမ်ားတဲ့ကိစၥ ျဖစ္ခဲ့ပါေသးတယ္။

Photo: davidbeckham/ Instagram

အဲဒီေနာက္ပိုင္းမွာေတာ့ သူတို႔ေမာင္ႏွံမွာ ေနာက္ထပ္ ကေလးသုံးေယာက္ ထပ္မံ ထြန္းကားခဲ့ပါတယ္။ စုစုေပါင္း သားသုံးေယာက္နဲ႔ အငယ္ဆုံး သမီးေလးတစ္ေယာက္ကို ေမြးဖြားထားတာ ျဖစ္ၿပီး အားလုံးလည္း အၿပိဳင္းအ႐ိုင္း အ႐ြယ္ေရာက္လာၾကၿပီ ျဖစ္ပါတယ္။ အႀကီးဆုံး Brooklyn ကေတာ့ အသက္(၂၂)ႏွစ္ ရွိၿပီျဖစ္ၿပီး သူ႔ေအာက္မွာ အသက္(၁၈)ႏွစ္အ႐ြယ္ Romeo ၊ အသက္(၁၆)ႏွစ္အ႐ြယ္ Cruz နဲ႔ အသက္(၉)ႏွစ္အ႐ြယ္ Harper တို႔ ျဖစ္ပါတယ္။

မႏွစ္တုန္းက မဂၤလာႏွစ္ပတ္လည္ေန႔မွာေတာ့ ျမင္ျမင္ခ်င္းပဲ Victoria ကို ခ်စ္ခင္မိတဲ့အေၾကာင္း David က ေျပာျပခဲ့ပါေသးတယ္။ “လြန္ခဲ့တဲ့ (၂၃)ႏွစ္ေလာက္တုန္းကေပါ့။ Gary Neville နဲ႔အတူ အခန္းထဲမွာ အတူထိုင္ေနတုန္း တီဗြီမွာက Spice Girls အဖြဲ႕ လာေနတယ္ေလ။ အဲဒီမွာ ၾကည့္မိၿပီးခ်င္းပဲ Gary ကို လွည့္ေျပာလိုက္မိတာ။ ဟာ … ေဟ့ေရာင္ … အနက္ေရာင္ catsuit ေလးနဲ႔တစ္ေယာက္ကိုေတာ့ ငါ ႀကိဳက္တယ္ဟ ဆိုၿပီးေတာ့ေလ …. ” လို႔ David က ဆိုခဲ့ပါတယ္။

Photo: davidbeckham/ Instagram

ယခုႏွစ္ မဂၤလာႏွစ္ပတ္လည္ေန႔မွာေတာ့ သူတို႔အတြဲရဲ႕ ထူးျခားခ်က္တစ္ခုကို အင္စတာဂရမ္မွာ ေဖာ္ျပၿပီး ႏွစ္ပတ္လည္ ခ်စ္စကား ဆိုထားပါတယ္။ အဲဒါကေတာ့ David နဲ႔ Victoria တို႔ဟာ စတင္လက္တြဲခဲ့ခ်ိန္တည္းက ပြဲေတြ တက္ရတိုင္း ဆင္တူေလး‌ေတြ ဝတ္တတ္တာပါပဲ။

Photo: davidbeckham/ Instagram

အခုလည္း သူတို႔ႏွစ္ဦးရဲ႕ ဆင္တူအဝတ္အစားေလးေတြနဲ႔ ပြဲတက္ခဲ့တဲ့ ပုံရိပ္ေတြကို ျပန္လည္ ေဖာ္ျပထားၿပီး “(၂၂)ႏွစ္ၾကာလည္း ဆင္တူဝတ္ေနၾကတုန္းပဲ။ ေပ်ာ္႐ႊင္စရာ ႏွစ္ပတ္လည္ေန႔ပါ အခ်စ္ေရ။ ကိုယ့္အတြက္ ကေလးေတြ ေမြးဖြားေပးလို႔လည္း ေက်းဇူးတင္ပါတယ္။ ငါတို႔ အားလုံးအတူ ဆင္တူဝတ္လို႔ရတာေပါ့ကြာ … ” လို႔ caption မွာ ေရးသားထားတာလည္း ေတြ႕ရပါတယ္။

David နဲ႔ Victoria တို႔ရဲ႕ အခ်စ္နဲ႔ ေပ်ာ္႐ႊင္စရာ မိသားစုဘဝေလးကေတာ့ ျမင္ရသူကိုပါ စိတ္ခ်မ္းေျမ့ေစတဲ့အေၾကာင္း တင္ျပရင္း … ။

Glasgow

Source: people

RELATED ARTICLES

Most Popular