HomeEntertainmentFilmDune ရုပ်ရှင်ထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့် David Dastmalchian

Dune ရုပ်ရှင်ထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့် David Dastmalchian

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသစ်ထွက်ရှိလာမယ့် စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Dune ထဲမှာတော့ David Dastmalchian ဟာ ဗီလိန်အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

David Dastmalchian ကတော့ Piter De Vries ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်သွားမှာ ဖြစ်ပြီး မကြာသေးခင်က ထွက်ရှိထားတဲ့ Teaser အသစ်ထဲမှာတော့ သူ့ရဲ့ပုံစံကို သေချာပြသသွားပါတယ်။ Frank Herbert ရဲ့ ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ သူဟာ မှတ်ဉာဏ်အလွန်ကောင်းခြင်း၊ အာရုံစူးစိုက်နိုင်မှု အလွန်ကောင်းခြင်းတို့အပြင် တခြားစိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ကွန်ပြူတာတစ်လုံးလို ပြုလုပ်နိုင်သူတစ်ယောက် ဖြစ်ပြီး Universe ကြီးကို ကြီးစိုးချင်သူ ဖြစ်ပါတယ်။

Photo: dastmalchian/ Instagram

David Dastmalchian ကတော့ Ant-Man နဲ့ Blade Runner တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးသလို မကြာသေးခင်က ထွက်ရှိထားတဲ့ The Suicide Squad ရုပ်ရှင်ထဲမှာလည်း Polka-Dot Man နေရာက ပါဝင်ခဲ့ပါသေးတယ်။ ဒါတွေတင်မကသေးဘဲ သူဟာ နာမည်ကြီးရုပ်ရှင်တွေမှာ ဇာတ်ရံသရုပ်ဆောင်အနေနဲ့ မကြာခဏ ပါဝင်ခဲ့ဖူးပြီး အခုချိန်မှာတော့  တဖြည်းဖြည်းနဲ့ ပိုပြီးအောင်မြင်မှုတွေ ရရှိလာပြီ ဖြစ်ပါတယ်။ David ရဲ့ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတဲ့ပုံစံကိုတော့ Dune ရဲ့ အသစ်ထွက်ရှိထားတဲ့ Teaser ထဲမှာ မြင်တွေ့နိုင်ပါတယ်။

ဒီ Teaser ထဲမှာတော့ Piter De Vries ဟာ စစ်တပ်တစ်ခုကို အမိန့်ပေးနေတာ မြင်ခဲ့ရပြီး Timothee Chalamet သရုပ်ဆောင်ထားတဲ့ Paul Atreides ကို ရှင်းပစ်ဖို့ ပြောဆိုနေတာကို တွေ့ခဲ့ရပါတယ်။ ဒီ Teaser ဟာ (၁၅)စက္ကန့်သာ ပါဝင်တဲ့ အတိုလေး ဖြစ်တာကြောင့် တခြားအချက်အလက်တွေတော့ မပါဝင်ထားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကတော့ ရုပ်ရှင်ချစ် ပရိသတ်တွေအနေနဲ့ စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

David Dastmalchian ကတော့ လောလောဆယ်မှာ ၂၀၂၃ ခုနှစ်လောက်မှာ ထွက်ရှိလာမယ့် The Last Voyage of the Demeter ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Dracula ဟာ London မြို့ကြီးဆီကို သွားဖို့အတွက် ကြမ်းတမ်းခက်ခဲလွန်းတဲ့ ရေလမ်းခရီးကို ထွက်ခွာလာတာ မြင်တွေ့ရမှာပါ။ လောလောဆယ်အထိတော့ David က ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမလည်းဆိုတာ မသိရသေးပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

အသစ္ထြက္ရွိလာမယ့္ စိတ္ကူးယဥ္သိပၸံ ႐ုပ္ရွင္တစ္ကားျဖစ္တဲ့ Dune ထဲမွာေတာ့ David Dastmalchian ဟာ ဗီလိန္အျဖစ္ ပါဝင္လာမွာ ျဖစ္ပါတယ္။

David Dastmalchian ကေတာ့ Piter De Vries ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး မၾကာေသးခင္က ထြက္ရွိထားတဲ့ Teaser အသစ္ထဲမွာေတာ့ သူ႔ရဲ႕ပုံစံကို ေသခ်ာျပသသြားပါတယ္။ Frank Herbert ရဲ႕ ဝတၳဳထဲက ဇာတ္ေကာင္ျဖစ္တဲ့ သူဟာ မွတ္ဉာဏ္အလြန္ေကာင္းျခင္း၊ အာ႐ုံစူးစိုက္ႏိုင္မႈ အလြန္ေကာင္းျခင္းတို႔အျပင္ တျခားစိတ္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကို ကြန္ျပဴတာတစ္လုံးလို ျပဳလုပ္ႏိုင္သူတစ္ေယာက္ ျဖစ္ၿပီး Universe ႀကီးကို ႀကီးစိုးခ်င္သူ ျဖစ္ပါတယ္။

Photo: dastmalchian/ Instagram

David Dastmalchian ကေတာ့ Ant-Man နဲ႔ Blade Runner တို႔လို ႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့ဖူးသလို မၾကာေသးခင္က ထြက္ရွိထားတဲ့ The Suicide Squad ႐ုပ္ရွင္ထဲမွာလည္း Polka-Dot Man ေနရာက ပါဝင္ခဲ့ပါေသးတယ္။ ဒါေတြတင္မကေသးဘဲ သူဟာ နာမည္ႀကီး႐ုပ္ရွင္ေတြမွာ ဇာတ္ရံသ႐ုပ္ေဆာင္အေနနဲ႔ မၾကာခဏ ပါဝင္ခဲ့ဖူးၿပီး အခုခ်ိန္မွာေတာ့  တျဖည္းျဖည္းနဲ႔ ပိုၿပီးေအာင္ျမင္မႈေတြ ရရွိလာၿပီ ျဖစ္ပါတယ္။ David ရဲ႕ ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ပုံစံကိုေတာ့ Dune ရဲ႕ အသစ္ထြက္ရွိထားတဲ့ Teaser ထဲမွာ ျမင္ေတြ႕ႏိုင္ပါတယ္။

ဒီ Teaser ထဲမွာေတာ့ Piter De Vries ဟာ စစ္တပ္တစ္ခုကို အမိန႔္ေပးေနတာ ျမင္ခဲ့ရၿပီး Timothee Chalamet သ႐ုပ္ေဆာင္ထားတဲ့ Paul Atreides ကို ရွင္းပစ္ဖို႔ ေျပာဆိုေနတာကို ေတြ႕ခဲ့ရပါတယ္။ ဒီ Teaser ဟာ (၁၅)စကၠန႔္သာ ပါဝင္တဲ့ အတိုေလး ျဖစ္တာေၾကာင့္ တျခားအခ်က္အလက္ေတြေတာ့ မပါဝင္ထားပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ကေတာ့ ႐ုပ္ရွင္ခ်စ္ ပရိသတ္ေတြအေနနဲ႔ ေစာင့္ၾကည့္သင့္တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။

David Dastmalchian ကေတာ့ ေလာေလာဆယ္မွာ ၂၀၂၃ ခုႏွစ္ေလာက္မွာ ထြက္ရွိလာမယ့္ The Last Voyage of the Demeter ဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Dracula ဟာ London ၿမိဳ႕ႀကီးဆီကို သြားဖို႔အတြက္ ၾကမ္းတမ္းခက္ခဲလြန္းတဲ့ ေရလမ္းခရီးကို ထြက္ခြာလာတာ ျမင္ေတြ႕ရမွာပါ။ ေလာေလာဆယ္အထိေတာ့ David က ဘယ္ဇာတ္ေကာင္ေနရာမွာ ပါဝင္လာမလည္းဆိုတာ မသိရေသးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular