HomeEntertainmentFilmDC ဇာတ်ကောင်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲများ

DC ဇာတ်ကောင်တွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စူပါဟီးရိုးလောကမှာဆိုရင် Marvel နဲ့ DC ဟာ ဟိုးအရင်ကတည်းက ပြိုင်ဘက်တွေဖြစ်ခဲ့သလို စီးပွားဘက်တွေလည်း ဖြစ်ခဲ့ကြပါတယ်။ စူပါဟီးရိုးဇာတ်ကောင်တွေကို ဖန်တီးကြတဲ့ကုမ္ပဏီဟာ သူတို့နှစ်ခုပဲ ရှိတာမဟုတ်ပေမယ့်လည်း လူတွေအားလုံးနီးပါးရဲ့အာရုံစိုက်မှုကို ဖမ်းယူထားနိုင်လောက်တဲ့အထိ အောင်မြင်တာကတော့ သူတို့နှစ်ခုပဲ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ DC ပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် DC ဇာတ်ကောင်တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(8) The Flash
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ Justice League အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Flash ရဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။ ဆေးမှုခင်းအရာရှိတစ်ယောက်ဖြစ်တဲ့ Barry Allen ဟာတစ်ရက်မှာတော့ မတော်တဆအဖြစ်နဲ့ မိုးကြိုးပစ်ခံလိုက်ရပြီး ကိုမာဝင်သွားခဲ့ပါတယ်။ ကိုမာကနေနိုးလာပြီးတဲ့နောက်ပိုင်းမှာတော့ သူဟာ သာမန်လူတွေထက် ထူးခြားတဲ့စွမ်းအားတွေကို ရရှိခဲ့ပြီးတော့ Flash ဖြစ်လာခဲ့ပါတယ်။

(7) Gotham
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (7.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ ဂေါ့သမ်မြို့ကြီးအကြောင်းနဲ့ စုံထောက် James Gordon တို့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ Bruce Wayne ရဲ့ငယ်ဘဝကနေ စပြီးရိုက်ပြထားပြီးတော့ ဂေါ့သမ်မြို့မှာ ဖြစ်ပေါ်နေတဲ့ ဒုစရိုက်မှုတွေကို စုံထောက် Gordon ကလိုက်လံဖြေရှင်းပုံကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားကတော့ စူပါဟီးရိုးဇာတ်လမ်းဆိုတာထက် မှုခင်းဇာတ်လမ်းလိုမျိုး ပုံဖော်ထားပါတယ်။

(6) Titans
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.8) ရထားပါတယ်။ ဟိုးအရင်ကတည်းက animated movie တွေထွက်ခဲ့တဲ့ Teen Titans အဖွဲ့အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပြီး သူတို့အဖွဲ့ဝင်တွေ ဘယ်လိုစုစည်းမိသွားပြီး အဲ့လိုအဖွဲ့ဖြစ်ပေါ်လာတာလည်း ဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စစချင်းမှာတော့ သူတို့တွေအားလုံးဟာ ဟီးရိုးတွေမဟုတ်ကြဘဲ တစ်ယောက်တစ်နေရာစီ ရောက်နေကြပြီး နောက်ပိုင်းမှသာ တဖြည်းဖြည်းနဲ့ စုစည်းမိသွားပြီး စူပါဟီးရိုးအဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

(5) Pennyworth
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်တုန်းက ထွက်ခဲ့တာဖြစ်ပြီး IMDb (8.0) ရထားပါတယ်။ Alfred Pennyworth ဟာ Bruce အပေါ်မှာ အဖေတစ်ယောက်လိုမျိုး စောင့်ရှောက်ခဲ့တဲ့ အိမ်တော်ထိန်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ Wayne မိသားစုရဲ့အိမ်တော်မှာ အိမ်တော်ထိန်းမဖြစ်ခင်တုန်းက သူဟာ အင်္ဂလန်နိုင်ငံရဲ့စစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှသာ သူဟာအမေရိကန်နိုင်ငံကို ပြောင်းရွေ့လာပြီးတော့ Thomas Wayne နဲ့တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

(4) Preacher
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jesse Custer ဆိုတဲ့တရားဟောဆရာတစ်ယောက်အကြောင်းကို ဖော်ပြထားတာ ဖြစ်ပါတယ်။ သူဟာ Texas ပြည်နယ်မှာရှိတဲ့ Annvile ဆိုတဲ့မြို့လေးမှာ နေထိုင်နေပါတယ်။ တစ်ရက်မှာတော့ သူဟာ မတော်တဆအဖြစ်နဲ့ Genesis လို့ခေါ်တဲ့ သဘာဝလွန်သတ္တဝါတစ်ကောင်ရဲ့ ပူးကပ်တာကို ခံလိုက်ရပြီးတော့ ဘာတွေဆက်ဖြစ်မလည်းဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

(3) Doom Patrol
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.0) ရထားပါတယ်။ ဒီဇာတ်လမ်းကလည်း စူပါဟီးရိုးအဖွဲ့တစ်ဖွဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သာမန်ထက်သာလွန်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ သိပ္ပံပညာတစ်ယောက်ဟာ သူ့ရဲ့အရည်အချင်းတွေကို အသုံးပြုပြီးတော့ လူတွေရဲ့အသက်ကို ကယ်တင်ထားခဲ့ပါတယ်။ သူကယ်တင်တာကိုခံခဲ့ရတဲ့လူတွေထဲက တစ်ချို့တစ်ဝက်ကတော့ သဘာလွန်စွမ်းအားတွေိကို ပိုင်ဆိုင်ထားပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့ဟာ အဖွဲ့တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

(2) Watchmen
photo via cbr

ဒီဇာတ်လမ်းတွဲကလည်း ၂၀၁၉ ခုနှစ်ကထွက်ခဲ့ပြီးတော့ IMDb (8.1) ရထားတဲ့ ဇာတ်လမ်းတွဲအတိုလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၀၉ ခုနှစ်တုန်းကလည်း ရုပ်ရှင်အဖြစ်ထွက်ထားခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ အစိုးရဟာ မျက်နှာဖုံးစွပ်ထားတဲ့လူစွမ်းကောင်းတွေကို ရာဇဝတ်သားတစ်ယောက်လို ဆက်ဆံကြတာကြောင့် အစိုးရကိုပုန်ကန်ဖို့အတွက် စီစဉ်နေတဲ့ အဖွဲ့နဲ့ အဲ့လိုပုန်ကန်ဖို့စီစဉ်တာကို တားဆီးမယ့်အဖွဲ့နဲ့ နှစ်ဖွဲ့ကွဲသွားခဲ့ပါတယ်။

(1) Lucifer
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (8.2) ရထားပါတယ်။ ဇာတ်လမ်းကတော့ Lucifer Morningstar ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူဟာ ငရဲပြည်မှာနေထိုင်ရတာပျင်းလာတဲ့အပြင် လူသားတွေရဲ့အကြောင်းကိုလည်း နားလည်ချင်တာကြောင့် သူဟာ ကမ္ဘာပေါ်ကို တက်လာဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Los Angeles မြို့မှာ နေထိုင်ပြီးတော့ Chloe ဆိုတဲ့စုံထောက်မလေးတစ်ယောက်နဲ့ တွေ့ဆုံမိပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

စူပါဟီး႐ိုးေလာကမွာဆိုရင္ Marvel နဲ႔ DC ဟာ ဟိုးအရင္ကတည္းက ၿပိဳင္ဘက္ေတြျဖစ္ခဲ့သလို စီးပြားဘက္ေတြလည္း ျဖစ္ခဲ့ၾကပါတယ္။ စူပါဟီး႐ိုးဇာတ္ေကာင္ေတြကို ဖန္တီးၾကတဲ့ကုမၸဏီဟာ သူတို႔ႏွစ္ခုပဲ ရွိတာမဟုတ္ေပမယ့္လည္း လူေတြအားလုံးနီးပါးရဲ႕အာ႐ုံစိုက္မႈကို ဖမ္းယူထားႏိုင္ေလာက္တဲ့အထိ ေအာင္ျမင္တာကေတာ့ သူတို႔ႏွစ္ခုပဲ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ DC ပရိသတ္ေတြအတြက္ အႀကိဳက္ေတြ႕ေစမယ့္ DC ဇာတ္ေကာင္ေတြအေၾကာင္းကို ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(8) The Flash
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ Justice League အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Flash ရဲ႕အေၾကာင္းကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ႐ိုက္ကူးထားပါတယ္။ ေဆးမႈခင္းအရာရွိတစ္ေယာက္ျဖစ္တဲ့ Barry Allen ဟာတစ္ရက္မွာေတာ့ မေတာ္တဆအျဖစ္နဲ႔ မိုးႀကိဳးပစ္ခံလိုက္ရၿပီး ကိုမာဝင္သြားခဲ့ပါတယ္။ ကိုမာကေနႏိုးလာၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ သာမန္လူေတြထက္ ထူးျခားတဲ့စြမ္းအားေတြကို ရရွိခဲ့ၿပီးေတာ့ Flash ျဖစ္လာခဲ့ပါတယ္။

(7) Gotham
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (7.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေဂါ့သမ္ၿမိဳ႕ႀကီးအေၾကာင္းနဲ႔ စုံေထာက္ James Gordon တို႔အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အခ်ိန္ကာလကေတာ့ Bruce Wayne ရဲ႕ငယ္ဘဝကေန စၿပီး႐ိုက္ျပထားၿပီးေတာ့ ေဂါ့သမ္ၿမိဳ႕မွာ ျဖစ္ေပၚေနတဲ့ ဒုစ႐ိုက္မႈေတြကို စုံေထာက္ Gordon ကလိုက္လံေျဖရွင္းပုံကို စိတ္ဝင္တစား ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီကားကေတာ့ စူပါဟီး႐ိုးဇာတ္လမ္းဆိုတာထက္ မႈခင္းဇာတ္လမ္းလိုမ်ိဳး ပုံေဖာ္ထားပါတယ္။

(6) Titans
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.8) ရထားပါတယ္။ ဟိုးအရင္ကတည္းက animated movie ေတြထြက္ခဲ့တဲ့ Teen Titans အဖြဲ႕အေၾကာင္းကို ႐ိုက္ျပထားတာ ျဖစ္ၿပီး သူတို႔အဖြဲ႕ဝင္ေတြ ဘယ္လိုစုစည္းမိသြားၿပီး အဲ့လိုအဖြဲ႕ျဖစ္ေပၚလာတာလည္း ဆိုတာကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ စစခ်င္းမွာေတာ့ သူတို႔ေတြအားလုံးဟာ ဟီး႐ိုးေတြမဟုတ္ၾကဘဲ တစ္ေယာက္တစ္ေနရာစီ ေရာက္ေနၾကၿပီး ေနာက္ပိုင္းမွသာ တျဖည္းျဖည္းနဲ႔ စုစည္းမိသြားၿပီး စူပါဟီး႐ိုးအဖြဲ႕တစ္ဖြဲ႕ ျဖစ္လာခဲ့ပါတယ္။

(5) Pennyworth
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.0) ရထားပါတယ္။ Alfred Pennyworth ဟာ Bruce အေပၚမွာ အေဖတစ္ေယာက္လိုမ်ိဳး ေစာင့္ေရွာက္ခဲ့တဲ့ အိမ္ေတာ္ထိန္းတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ Wayne မိသားစုရဲ႕အိမ္ေတာ္မွာ အိမ္ေတာ္ထိန္းမျဖစ္ခင္တုန္းက သူဟာ အဂၤလန္ႏိုင္ငံရဲ႕စစ္သားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွသာ သူဟာအေမရိကန္ႏိုင္ငံကို ေျပာင္းေ႐ြ႕လာၿပီးေတာ့ Thomas Wayne နဲ႔ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

(4) Preacher
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Jesse Custer ဆိုတဲ့တရားေဟာဆရာတစ္ေယာက္အေၾကာင္းကို ေဖာ္ျပထားတာ ျဖစ္ပါတယ္။ သူဟာ Texas ျပည္နယ္မွာရွိတဲ့ Annvile ဆိုတဲ့ၿမိဳ႕ေလးမွာ ေနထိုင္ေနပါတယ္။ တစ္ရက္မွာေတာ့ သူဟာ မေတာ္တဆအျဖစ္နဲ႔ Genesis လို႔ေခၚတဲ့ သဘာဝလြန္သတၱဝါတစ္ေကာင္ရဲ႕ ပူးကပ္တာကို ခံလိုက္ရၿပီးေတာ့ ဘာေတြဆက္ျဖစ္မလည္းဆိုတာကို စိတ္ဝင္တစားၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(3) Doom Patrol
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.0) ရထားပါတယ္။ ဒီဇာတ္လမ္းကလည္း စူပါဟီး႐ိုးအဖြဲ႕တစ္ဖြဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သာမန္ထက္သာလြန္တဲ့ အရည္အခ်င္းေတြကို ပိုင္ဆိုင္ထားတဲ့ သိပၸံပညာတစ္ေယာက္ဟာ သူ႔ရဲ႕အရည္အခ်င္းေတြကို အသုံးျပဳၿပီးေတာ့ လူေတြရဲ႕အသက္ကို ကယ္တင္ထားခဲ့ပါတယ္။ သူကယ္တင္တာကိုခံခဲ့ရတဲ့လူေတြထဲက တစ္ခ်ိဳ႕တစ္ဝက္ကေတာ့ သဘာလြန္စြမ္းအားေတြိကို ပိုင္ဆိုင္ထားၿပီးေတာ့ တျဖည္းျဖည္းနဲ႔ သူတို႔ဟာ အဖြဲ႕တစ္ခုလို ျဖစ္လာခဲ့ပါတယ္။

(2) Watchmen
photo via cbr

ဒီဇာတ္လမ္းတြဲကလည္း ၂၀၁၉ ခုႏွစ္ကထြက္ခဲ့ၿပီးေတာ့ IMDb (8.1) ရထားတဲ့ ဇာတ္လမ္းတြဲအတိုေလး ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ၂၀၀၉ ခုႏွစ္တုန္းကလည္း ႐ုပ္ရွင္အျဖစ္ထြက္ထားခဲ့ပါေသးတယ္။ ဇာတ္လမ္းကေတာ့ အစိုးရဟာ မ်က္ႏွာဖုံးစြပ္ထားတဲ့လူစြမ္းေကာင္းေတြကို ရာဇဝတ္သားတစ္ေယာက္လို ဆက္ဆံၾကတာေၾကာင့္ အစိုးရကိုပုန္ကန္ဖို႔အတြက္ စီစဥ္ေနတဲ့ အဖြဲ႕နဲ႔ အဲ့လိုပုန္ကန္ဖို႔စီစဥ္တာကို တားဆီးမယ့္အဖြဲ႕နဲ႔ ႏွစ္ဖြဲ႕ကြဲသြားခဲ့ပါတယ္။

(1) Lucifer
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (8.2) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ Lucifer Morningstar ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူဟာ ငရဲျပည္မွာေနထိုင္ရတာပ်င္းလာတဲ့အျပင္ လူသားေတြရဲ႕အေၾကာင္းကိုလည္း နားလည္ခ်င္တာေၾကာင့္ သူဟာ ကမာၻေပၚကို တက္လာဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Los Angeles ၿမိဳ႕မွာ ေနထိုင္ၿပီးေတာ့ Chloe ဆိုတဲ့စုံေထာက္မေလးတစ္ေယာက္နဲ႔ ေတြ႕ဆုံမိပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular