HomeEntertainmentFilmDC ရုပ်ရှင်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေစရာ မလိုသလို Sequel အတွက် Setup လုပ်စရာ မလိုဘူးဆိုတဲ့ WB

DC ရုပ်ရှင်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေစရာ မလိုသလို Sequel အတွက် Setup လုပ်စရာ မလိုဘူးဆိုတဲ့ WB

မကြာသေးခင်ကတော့ Warner Bros. ရဲ့ Executive အရာရှိဖြစ်တဲ့ Toby Emmerich ဟာ DC ရုပ်ရှင်တွေ အောင်မြင်ဖို့အတွက် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေစရာ မလိုသလို Sequel တွေအတွက်လည်း Setup လုပ်စရာ မလိုပါဘူးလို့ ပြောလိုက်ပါတယ်။ ၂၀၁၂ ခုနှစ် The Avengers ရုပ်ရှင် ထွက်ပြီးတဲ့ နောက်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တွေကို Universe တည်ဆောက်ပြီး ဖန်တီးခြင်းက ပိုမိုခေတ်စားလာပါတယ်။

photo via screenrant

ဒါကြောင့်ပဲ စတူဒီယိုတွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေကိုလည်း Universe အနေနဲ့ ဖန်တီးဖို့ ကြိုးစားခဲ့ကြပြီး ကျရှုံးခဲ့ကြတာတွေလည်း ရှိပါတယ်။ DC ဆိုရင်လည်း Man of Steel ရုပ်ရှင်နဲ့ DCEU ကို စတင်ခဲ့ပေမယ့် သရုပ်ဆောင် မတည်ငြိမ်မှုတွေနဲ့ ဒါရိုက်တာ အခက်အခဲတွေ အပါအဝင် တခြားပြဿနာမျိူးစုံကြောင့် Universe ကြီးတစ်ခုအဖြစ် သေသေချာချာ ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့်ပဲ အခုချိန်မှာတော့ Warner Bros. ဟာ သူတို့ရဲ့ ဗျူဟာကို ပြောင်းလဲလိုက်ပုံ ရပါတယ်။

ယခုအချိန်မှာ ရုံတင်နေတဲ့ The Batman ရုပ်ရှင်ကတော့ ပထမဆုံးပိတ်ရက်မှာတင် ဒေါ်လာ (၁၂၅)သန်း ရရှိထားပြီး Warner Bros. ရဲ့ ဥက္ကဌဖြစ်သူ Toby Emmerich ကတော့ DC ရုပ်ရှင်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Deadline သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။

“ရုပ်ရှင်လုပ်ငန်းရဲ့ လျှို့ဝှက်ချက်က အရည်အသွေးပဲဗျ။ အဲ့ဒီအချက်ကတော့ သာမန်ရုပ်ရှင်တွေနဲ့ စူပါဟီးရိုးရုပ်ရှင်တွေမှာလည်း တူတူပါပဲ။ ဒီရုပ်ရှင်တွေ အားလုံးမှာ တူညီတဲ့အချက်တွေ ရှိဖို့မလိုသလို တခြားရုပ်ရှင်တွေနဲ့လည်း ချိတ်ဆက်နေစရာ မလိုပါဘူး။ ပြီးတော့ နောက်ထပ် Sequel ကို ညွှန်းဆိုနေတဲ့ Easter Egg တွေလည်း မလိုအပ်ပါဘူး။ စတူဒီယိုတစ်ခုအတွက် အရေးကြီးဆုံးအချက်က အရည်အသွေးပဲဗျ။ အဲ့လိုအရည်အသွေးကောင်းအောင် ဘယ်လိုလုပ်မလည်း ဆိုတာကတော့ ကျွန်တော်တို့ငှားတဲ့ ဒါရိုက်တာနဲ့ ဆိုင်တာပေါ့ဗျာ … “

photo via screenrant

Warner Bros. ရဲ့ ပြောစကားကြောင့်ပဲ DCEU ရဲ့ အနာဂတ်မှာတော့ MCU လိုမျိူး အားလုံးချိတ်ဆက်ထားတဲ့ Universe တစ်ခုထက် ဘာနဲ့မှ ပတ်သက်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်တွေကိုပဲ ဖန်တီးသွားမယ်လို့ ယူဆရပါတယ်။ MCU ကတော့ ရုပ်ရှင်တွေ အားလုံးကို ချိတ်ဆက်ထားတာကြောင့် ပရိသတ်တွေအနေနဲ့ ပရောဂျက်တွေအားလုံးကို ကြည့်ရှုဖို့ လိုအပ်တာကြောင့် သိပ်ပြီးလူသိမများတဲ့ ဇာတ်ကောင်တွေတောင် အောင်မြင်လာတာလည်း ရှိပါတယ်။

အလားတူပဲ DC ရဲ့ Dark Knight Trilogy ကတော့ ဘာနဲ့မှ ချိတ်ဆက်မှု မရှိသလို နောက်ထပ်တစ်ကားကိုတောင် Setup မလုပ်ခဲ့ပေမယ့်လည်း ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစတူဒီယိုနှစ်ခုဟာ မတူညီတဲ့ ဗျူဟာတွေကို အသုံးပြုသွားမယ် ဆိုရင်တောင် တကယ် အရည်အသွေးကောင်းတဲ့ ရုပ်ရှင်တွေကို ကြည့်ရမယ် ဆိုရင်တော့ ပရိသတ်တွေအနေနဲ့ စိတ်ကျေနပ်စရာ ဖြစ်လာမှာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular