HomeCharacterလူမသတ်ဘူးဆိုတဲ့ ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖောက်ခဲ့ဖူးတဲ့ DC ကောမစ်ထဲက ဟီးရိုး(၅)ယောက်

လူမသတ်ဘူးဆိုတဲ့ ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖောက်ခဲ့ဖူးတဲ့ DC ကောမစ်ထဲက ဟီးရိုး(၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်တွေထဲက ဇာတ်ကောင်တွေကို ဟီးရိုးနဲ့ ဗီလိန်ဆိုပြီး ခွဲခြားနိုင်တဲ့အချက်ကတော့ သူတို့ရဲ့ကိုယ်ကျင့်တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ တချို့ဟီးရိုးတွေကတော့ ကမ္ဘာကြီးပေါ်မှာရှိနေတဲ့ မတရားမှုတွေကို ယုံကြည်တာကြောင့် ဗီလိန်တွေကိုလည်း သတ်ပစ်တာမျိူးတွေ ရှိခဲ့ပါတယ်။ ဟီးရိုးအများစုကတော့ အတတ်နိုင်ဆုံး သွေးမြေကျတာတွေ မဖြစ်ရအောင် ရှောင်ကျဉ်လေ့ရှိပြီး ဗီလိန်တွေကိုလည်း ဖမ်းဆီးရုံလောက်ပဲ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီဟီးရိုးတွေထဲကပဲ တချို့အဖြစ်အပျက်တွေမှာ သူတို့ရဲ့ No Killing Rule ကို ဖောက်ဖျက်ခဲ့တာမျိူးတွေ ရှိခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ DC ဟီးရိုးတွေထဲက No Killing Rule ကို ဖောက်ဖျက်ခဲ့ဖူးသူ(၅)ယောက်ကို ဖော်ပြပေးချင်ပါတယ်။

(1) Flash
photo via cbr

Reverse Flash တစ်ဖြစ်လည်း Thawne ဟာ DC universe ထဲက အရက်စက်ဆုံး ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ Thawne ဟာ Barry ကို ထိခိုက်ခံစားရအောင် လုပ်နိုင်မယ်ဆိုရင် ဘာမဆိုလုပ်မယ့် လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခုတည်းကပဲ သူ့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ Barry ကို ဒီလိုမျိူး နာကျင်ခံစားရအောင် လုပ်ဖို့အတွက် Barry ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုလည်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ ကောမစ်တစ်ခုထဲမှာတော့ Thawne ဟာ Barry ကို နာကျင်စေချင်တာကြောင့် Barry ရဲ့ အမျိူးသမီးကို သတ်ပစ်လိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ Barry ကလည်း အထိန်းအချုပ်လွတ်သွားပြီး Thawne ကို လည်ပင်းချိူးကာ သတ်ပစ်ခဲ့ပါတယ်။

(2) Red Hood
photo via cbr

ဒါကတော့ Red Hood ဆိုတာထက် ဒီမျက်နှာဖုံးကို ဝတ်ထားတဲ့ Jason Todd ကို အဓိက ပြောချင်တာ ဖြစ်ပါတယ်။ အစတုန်းကတော့ Jason ဟာ  Robin အဖြစ်နဲ့ Batman ဆီမှာ နေထိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Batman ဟာ တစ်ပြိုင်နက်တည်းမှာ ရက်စက်ဖို့နဲ့ သနားကရုဏာထားဖို့ သူ့ကို သင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ နောက်ပိုင်းမှာတော့ Joker က နှိပ်စက်ပြီး သတ်ပစ်တာကို ခံလိုက်ရပါတယ်။

အဲ့ဒီနောက်မှာတော့ Lazarus ရေအိုင်ကြောင့် ပြန်လည်အသက်ရှင်လာတဲ့ အချိန်မှာတော့ သူဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။ Jason ဟာ အရင်တုန်းကလို မဟုတ်တော့ဘဲ သူနဲ့ပတ်သက်တဲ့အချက်တွေ အကုန်လုံး ပြောင်းလဲသွားပြီး Red Hood ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။ Red Hood ဖြစ်လာပြီးတဲ့ နောက်မှာတော့ သူဟာ လိုအပ်တယ်လို့ ယူဆရင် လူဘယ်နှယောက်ပဲဖြစ်ဖြစ် သတ်ဖို့ ဝန်မလေးတဲ့ anti-hero ဖြစ်လာခဲ့ပါတယ်။

(3) Wonder Woman
photo via cbr

Wonder Woman ကတော့ အမေဇုန် စစ်သည်တော်တစ်ယောက် ဖြစ်ပြီး ငယ်ဘဝတည်းက သနားညှာတာတတ်ဖို့ သင်ယူခဲ့ရပါတယ်။ Justice League အဖွဲ့ဝင် ဖြစ်လာတဲ့အချိန်မှာလည်း သူမဟာ No Killing Rule ကို စောင့်ထိန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Maxwell Lord က Superman ကို စတင် ထိန်းချုပ်နိုင်သွားတဲ့အချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။

အကြောင်းကတော့ Maxwell Lord ဟာ Superman ကို ထိန်းချုပ်ပြီး စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ လူတွေအကုန်လုံးကို သတ်ပစ်စေခဲ့လို့ပဲ ဖြစ်ပါတယ်။ Superman ကလည်း ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်တာကြောင့် Diana ဟာ ရွေးချယ်စရာ မရှိတော့ဘဲ Maxwell Lord ကို သတ်ပစ်ခဲ့ရပါတယ်။

(4) Batman
photo via cbr

Batman ဟာ ရာဇဝတ်မှုတွေကို ဖြေရှင်းရတာ ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ တစ်ခါတစ်ရံကျရင် သူ့ရဲ့တိုက်ခိုက်ပုံတွေဟာ ရက်စက်တယ်လို့ ထင်ရပေမယ့်လည်း သူဟာ ဘယ်တော့မှ လူမသတ်ဖို့အတွက် ဆုံးဖြတ်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ရာဇဝတ်သားတစ်ယောက်ကို သတ်လိုက်ရင်လည်း ကမ္ဘာပေါ်က ရာဇဝတ်သား အရေအတွက်က လျော့သွားမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း Final Crisis ထဲမှာ Darkseid နဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့ သူ့ရဲ့ အဓိကကျတဲ့ စည်းကမ်းနှစ်ခုကို ချိူးဖောက်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ သူဟာ ထူးထူးခြားခြား သေနတ်ကို အသုံးပြုတာကိုလည်း တွေ့ခဲ့ရပါတယ်။ ငယ်ဘဝတုန်းက သူ့ရဲ့မိဘနှစ်ယောက်လုံးဟာ သေနတ်ကြောင့်ပဲ သေဆုံးသွားတာကြောင့် သူဟာ ဘယ်တော့မှ သေနတ်ကို အသုံးမပြုပါဘူး။ သို့သော်လည်း Darkseid ရဲ့ အားနည်းချက်ဖြစ်တဲ့ Radion တွေ ထည့်ထားတဲ့ ကျည်ဆံတွေကို အသုံးပြုပြီးတော့ Batman ဟာ Darkseid ကို သတ်ပစ်ခဲ့ပြီး သူကိုယ်တိုင်ကလည်း သေဆုံးသွားခဲ့ပါတယ်။

(5) Superman
photo via cbr

Superman ကတော့ ကြောက်စရာကောင်းလောက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမယ့်လည်း သူဟာ တစ်ခြားလူတွေပေါ်မှာ သနားကရုဏာထားတတ်ပြီး ခွင့်လွှတ်ပေးတတ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်တယ်လို့လည်း ယူဆထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကောမစ်တစ်ခုထဲမှာတော့ Doctor Light ဟာ Wonder Woman ကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာတော့ Superman ဟာ အလွန်ဒေါသထွက်သွားခဲ့ပါတယ်။

အကြောင်းကတော့ အဲ့ဒီအချိန်မှာ Superman နဲ့ Wonder Woman တို့ဟာ တွဲနေကြတာကြောင့် ဖြစ်ပါတယ်။ Doctor Light ကတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် တောင်းပန်ပြီး သနားညှာတာပေးဖို့ ပြောခဲ့ပေမယ့်လည်း Superman ကတော့ Heat Vision နဲ့ ပစ်သတ်လိုက်ပါတယ်။ နောက်ပိုင်းမှ သိလိုက်ရတာကတော့ Doctor Light ကို တစ်ခြားဗီလိန်တစ်ယောက်က ထိန်းချုပ်နေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကတော့ DC ကောမစ်ထဲက လူမသတ်ရဆိုတဲ့ စည်းမျဉ်းကို ကိုယ်တိုင်ချိုးဖောက်ခဲ့ဖူးတဲ့ ဟီးရိုးငါးယောက်ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & See First လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ေတြထဲက ဇာတ္ေကာင္ေတြကို ဟီး႐ိုးနဲ႔ ဗီလိန္ဆိုၿပီး ခြဲျခားႏိုင္တဲ့အခ်က္ကေတာ့ သူတို႔ရဲ႕ကိုယ္က်င့္တရားေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ တခ်ိဳ႕ဟီး႐ိုးေတြကေတာ့ ကမာၻႀကီးေပၚမွာရွိေနတဲ့ မတရားမႈေတြကို ယုံၾကည္တာေၾကာင့္ ဗီလိန္ေတြကိုလည္း သတ္ပစ္တာမ်ိဴးေတြ ရွိခဲ့ပါတယ္။ ဟီး႐ိုးအမ်ားစုကေတာ့ အတတ္ႏိုင္ဆုံး ေသြးေျမက်တာေတြ မျဖစ္ရေအာင္ ေရွာင္က်ဥ္ေလ့ရွိၿပီး ဗီလိန္ေတြကိုလည္း ဖမ္းဆီး႐ုံေလာက္ပဲ ျပဳလုပ္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း ဒီဟီး႐ိုးေတြထဲကပဲ တခ်ိဳ႕အျဖစ္အပ်က္ေတြမွာ သူတို႔ရဲ႕ No Killing Rule ကို ေဖာက္ဖ်က္ခဲ့တာမ်ိဴးေတြ ရွိခဲ့ဖူးပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ DC ဟီး႐ိုးေတြထဲက No Killing Rule ကို ေဖာက္ဖ်က္ခဲ့ဖူးသူ(၅)ေယာက္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Flash
photo via cbr

Reverse Flash တစ္ျဖစ္လည္း Thawne ဟာ DC universe ထဲက အရက္စက္ဆုံး ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ Thawne ဟာ Barry ကို ထိခိုက္ခံစားရေအာင္ လုပ္ႏိုင္မယ္ဆိုရင္ ဘာမဆိုလုပ္မယ့္ လူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒီတစ္ခုတည္းကပဲ သူ႔ရဲ႕ ရည္႐ြယ္ခ်က္ ျဖစ္ပါတယ္။ Barry ကို ဒီလိုမ်ိဴး နာက်င္ခံစားရေအာင္ လုပ္ဖို႔အတြက္ Barry ရဲ႕ သူငယ္ခ်င္းေတြနဲ႔ မိသားစုေတြကိုလည္း တိုက္ခိုက္ခဲ့ဖူးပါတယ္။ ေကာမစ္တစ္ခုထဲမွာေတာ့ Thawne ဟာ Barry ကို နာက်င္ေစခ်င္တာေၾကာင့္ Barry ရဲ႕ အမ်ိဴးသမီးကို သတ္ပစ္လိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Barry ကလည္း အထိန္းအခ်ဳပ္လြတ္သြားၿပီး Thawne ကို လည္ပင္းခ်ိဴးကာ သတ္ပစ္ခဲ့ပါတယ္။

(2) Red Hood
photo via cbr

ဒါကေတာ့ Red Hood ဆိုတာထက္ ဒီမ်က္ႏွာဖုံးကို ဝတ္ထားတဲ့ Jason Todd ကို အဓိက ေျပာခ်င္တာ ျဖစ္ပါတယ္။ အစတုန္းကေတာ့ Jason ဟာ  Robin အျဖစ္နဲ႔ Batman ဆီမွာ ေနထိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Batman ဟာ တစ္ၿပိဳင္နက္တည္းမွာ ရက္စက္ဖို႔နဲ႔ သနားက႐ုဏာထားဖို႔ သူ႔ကို သင္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ေနာက္ပိုင္းမွာေတာ့ Joker က ႏွိပ္စက္ၿပီး သတ္ပစ္တာကို ခံလိုက္ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Lazarus ေရအိုင္ေၾကာင့္ ျပန္လည္အသက္ရွင္လာတဲ့ အခ်ိန္မွာေတာ့ သူဟာ လုံးဝကို ေျပာင္းလဲသြားခဲ့ပါတယ္။ Jason ဟာ အရင္တုန္းကလို မဟုတ္ေတာ့ဘဲ သူနဲ႔ပတ္သက္တဲ့အခ်က္ေတြ အကုန္လုံး ေျပာင္းလဲသြားၿပီး Red Hood ဆိုတဲ့ နာမည္ကို ခံယူခဲ့ပါတယ္။ Red Hood ျဖစ္လာၿပီးတဲ့ ေနာက္မွာေတာ့ သူဟာ လိုအပ္တယ္လို႔ ယူဆရင္ လူဘယ္ႏွေယာက္ပဲျဖစ္ျဖစ္ သတ္ဖို႔ ဝန္မေလးတဲ့ anti-hero ျဖစ္လာခဲ့ပါတယ္။

(3) Wonder Woman
photo via cbr

Wonder Woman ကေတာ့ အေမဇုန္ စစ္သည္ေတာ္တစ္ေယာက္ ျဖစ္ၿပီး ငယ္ဘဝတည္းက သနားညႇာတာတတ္ဖို႔ သင္ယူခဲ့ရပါတယ္။ Justice League အဖြဲ႕ဝင္ ျဖစ္လာတဲ့အခ်ိန္မွာလည္း သူမဟာ No Killing Rule ကို ေစာင့္ထိန္းခဲ့ပါတယ္။

ဒါေပမယ့္လည္း Maxwell Lord က Superman ကို စတင္ ထိန္းခ်ဳပ္ႏိုင္သြားတဲ့အခ်ိန္မွာေတာ့ အရာအားလုံး ေျပာင္းလဲသြားခဲ့ပါတယ္။အေၾကာင္းကေတာ့ Maxwell Lord ဟာ Superman ကို ထိန္းခ်ဳပ္ၿပီး စြမ္းအားေတြ ပိုင္ဆိုင္ထားတဲ့ လူေတြအကုန္လုံးကို သတ္ပစ္ေစခဲ့လို႔ပဲ ျဖစ္ပါတယ္။ Superman ကလည္း ထိန္းခ်ဳပ္မႈေအာက္က ႐ုန္းမထြက္ႏိုင္တာေၾကာင့္ Diana ဟာ ေ႐ြးခ်ယ္စရာ မရွိေတာ့ဘဲ Maxwell Lord ကို သတ္ပစ္ခဲ့ရပါတယ္။

(4) Batman
photo via cbr

Batman ဟာ ရာဇဝတ္မႈေတြကို ေျဖရွင္းရတာ ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။ တစ္ခါတစ္ရံက်ရင္ သူ႔ရဲ႕တိုက္ခိုက္ပုံေတြဟာ ရက္စက္တယ္လို႔ ထင္ရေပမယ့္လည္း သူဟာ ဘယ္ေတာ့မွ လူမသတ္ဖို႔အတြက္ ဆုံးျဖတ္ထားသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ရာဇဝတ္သားတစ္ေယာက္ကို သတ္လိုက္ရင္လည္း ကမာၻေပၚက ရာဇဝတ္သား အေရအတြက္က ေလ်ာ့သြားမွာ မဟုတ္ဘူးလို႔လည္း ေျပာခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း Final Crisis ထဲမွာ Darkseid နဲ႔ ရင္ဆိုင္ရတဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕ အဓိကက်တဲ့ စည္းကမ္းႏွစ္ခုကို ခ်ိဴးေဖာက္ခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ သူဟာ ထူးထူးျခားျခား ေသနတ္ကို အသုံးျပဳတာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ငယ္ဘဝတုန္းက သူ႔ရဲ႕မိဘႏွစ္ေယာက္လုံးဟာ ေသနတ္ေၾကာင့္ပဲ ေသဆုံးသြားတာေၾကာင့္ သူဟာ ဘယ္ေတာ့မွ ေသနတ္ကို အသုံးမျပဳပါဘူး။ သို႔ေသာ္လည္း Darkseid ရဲ႕ အားနည္းခ်က္ျဖစ္တဲ့ Radion ေတြ ထည့္ထားတဲ့ က်ည္ဆံေတြကို အသုံးျပဳၿပီးေတာ့ Batman ဟာ Darkseid ကို သတ္ပစ္ခဲ့ၿပီး သူကိုယ္တိုင္ကလည္း ေသဆုံးသြားခဲ့ပါတယ္။

(5) Superman
photo via cbr

Superman ကေတာ့ ေၾကာက္စရာေကာင္းေလာက္တဲ့ စြမ္းအားေတြကို ပိုင္ဆိုင္ထားေပမယ့္လည္း သူဟာ တစ္ျခားလူေတြေပၚမွာ သနားက႐ုဏာထားတတ္ၿပီး ခြင့္လႊတ္ေပးတတ္သူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ လူတိုင္းဟာ ဒုတိယအခြင့္အေရးနဲ႔ ထိုက္တန္တယ္လို႔လည္း ယူဆထားသူ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေကာမစ္တစ္ခုထဲမွာေတာ့ Doctor Light ဟာ Wonder Woman ကို တိုက္ခိုက္ခဲ့တဲ့အခ်ိန္မွာေတာ့ Superman ဟာ အလြန္ေဒါသထြက္သြားခဲ့ပါတယ္။

အေၾကာင္းကေတာ့ အဲ့ဒီအခ်ိန္မွာ Superman နဲ႔ Wonder Woman တို႔ဟာ တြဲေနၾကတာေၾကာင့္ ျဖစ္ပါတယ္။ Doctor Light ကေတာ့ သူလုပ္ခဲ့တဲ့ လုပ္ရပ္အတြက္ ေတာင္းပန္ၿပီး သနားညႇာတာေပးဖို႔ ေျပာခဲ့ေပမယ့္လည္း Superman ကေတာ့ Heat Vision နဲ႔ ပစ္သတ္လိုက္ပါတယ္။ ေနာက္ပိုင္းမွ သိလိုက္ရတာကေတာ့ Doctor Light ကို တစ္ျခားဗီလိန္တစ္ေယာက္က ထိန္းခ်ဳပ္ေနတယ္ဆိုတာပဲ ျဖစ္ပါတယ္။

ဒါကေတာ့ DC ေကာမစ္ထဲက လူမသတ္ရဆိုတဲ့ စည္းမ်ဥ္းကို ကိုယ္တိုင္ခ်ိဳးေဖာက္ခဲ့ဖူးတဲ့ ဟီး႐ိုးငါးေယာက္ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & See First လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular