HomeCharacterအံ့ဩစရာကောင်းတဲ့ Talent တွေကို ပိုင်ဆိုင်ထားတဲ့ DC ဟီးရိုးများ

အံ့ဩစရာကောင်းတဲ့ Talent တွေကို ပိုင်ဆိုင်ထားတဲ့ DC ဟီးရိုးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်ထဲမှာတော့ ဟီးရိုးတွေများစွာ ရှိပြီး သူတို့တွေဟာ ဗီလိန်တွေကို တားဆီးကာ လူတွေကို ကာကွယ်ဖို့အတွက် အသက်ကိုစွန့်စားကာ တိုက်ခိုက်နေကြပါတယ်။ ဟီးရိုးတွေကတော့ ဗီလိန်တွေနဲ့ တိုက်ခိုက်တာအပြင် ဒါတွေနဲ့ မသက်ဆိုင်တဲ့ Talent တွေကိုလည်း ပိုင်ဆိုင်ထားလေ့ ရှိပါတယ်။ သူတို့ထဲက တချို့ကတော့ သူတို့ရဲ့ Talent တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနိုင်တာတွေလည်း ရှိပါတယ်။ ဒီတစ်ခါမှာတော့ အံ့ဩစရာကောင်းတဲ့ Talent တွေကို ပိုင်ဆိုင်ထားတဲ့ ဟီးရိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Flash
photo via screenrant

Barry Allen ကတော့ အလျင်မြန်ဆုံး လူသားတစ်ယောက် ဖြစ်တာကြောင့် သာမန်ဆိုရင် ဖြစ်နိုင်ချေ မရှိတဲ့ အရာတွေကိုပါ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ သူဟာ မျက်စိတစ်မှိတ်အတွင်းမှာ ကမ္ဘာပတ်နိုင်သလို သူ့ရဲ့မော်လီကျူးတွေကို လျင်မြန်စွာ တုန်ခါပြီး အရာဝတ္ထုတွေကို ဖြတ်သွားနိုင်တာမျိူးတွေအပြင် တခြားမယုံနိုင်စရာကိစ္စတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း Flash ရဲ့ အံ့ဩစရာကောင်းတဲ့ လုပ်နိုင်စွမ်းတစ်ခုကိုတော့ Live Action ထဲမှာ မမြင်ရသေးသလို ကောမစ်ထဲမှာတောင် သိပ်ပြီးဖော်ပြလေ့မရှိပါဘူး။

အဲ့ဒါကတော့ သူဟာ လျင်မြန်စွာ အိပ်စက်နိုင်တာပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ JLA Secret Files #1 ကောမစ်ထဲမှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး သူဟာ တခါတလေကျရင် ရန်သူတွေနဲ့ တိုက်ခိုက်နေရင်း တရေးလောက် အိပ်လေ့ရှိပါတယ်။ ဒီလိုအိပ်စက်တာဟာ မျက်စိတစ်မှိတ်တောင် မကြာတာကြောင့် တခြားလူတွေက သတိမထားမိသလို ဒီလိုမျိူး အိပ်စက်အနားယူလိုက်တာက သူ့အတွက် ခွန်အားအသစ်တွေ ဖြစ်လာစေပါတယ်။

(2) Impulse
photo via screenrant

Speedster တွေဟာ အရာရာကို လျင်မြန်စွာ ပြုလုပ်နိုင်တာကြောင့် ကိစ္စတစ်ခုအတွက် အဖြေကိုလည်း အချိန်တိုအတွင်းမှာ စဉ်းစားနိုင်သလို စာအုပ်တွေကိုလည်း အလွန်လျင်မြန်စွာ ဖတ်ရှုနိုင်ပါတယ်။ Wally West ဟာ တစ်ခါတုန်းကဆိုရင် Keystone နဲ့ Central City ကြားမှာ တံတားဆောက်ဖို့အတွက် စာအုပ်တွေကို လျင်မြန်စွာ ဖတ်ခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း Impulse ကတော့ အဲ့ဒီထက် ပိုကောင်းတဲ့ Talent တစ်ခု မွေးရာပါ ပါလာခဲ့ပါတယ်။ အဲ့ဒါကတော့ Photographic Memory ဖြစ်ပြီး ဘယ်အရာပဲဖြစ်ဖြစ် တစ်ခါမြင်ရုံနဲ့ တစ်သက်လုံး အတိအကျ မှတ်မိနိုင်စွမ်းပဲ ဖြစ်ပါတယ်။ Impulse ကတော့ သူ့ရဲ့ နာမည်အတိုင်းပဲ မဆင်မခြင် လုပ်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ သူ့ကိုယ်သူ ပိုပြီးရင့်ကျက်လာအောင် စာကြည့်တိုက်တစ်ခုမှာ ရှိတဲ့ စာအုပ်တွေအားလုံးကို အချိန်တိုအတွင်းမှာ ဖတ်ရှုခဲ့ပြီး အဲ့ဒီစာအုပ်တွေထဲမှာ ပါဝင်တဲ့ ဗဟုသုတတွေကို မှတ်သားထားခဲ့ပါတယ်။

(3) Superman
photo via screenrant

Superman ဟာ ကြောက်စရာကောင်းတဲ့ စွမ်းအားများစွာကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပြီး ပရိသတ်အချို့ မသိသေးတဲ့ အချက်ကတော့ သူဟာ အသံတုပြုလုပ်ရာမှာ ပုံမှန်ထက် ပိုမိုကျွမ်းကျင်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ စူပါပါဝါတော့ မဟုတ်ပေမယ့် သူကိုယ်တိုင်ကတော့ အဲ့ဒါကို စူပါပါဝါတစ်ခုလို့ ယူဆထားပါတယ်။

Silver Age တုန်းက Superman ဟာ ဒီလိုအသံတုတွေ ပြုလုပ်နိုင်ပြီး သူ့ရဲ့ပါးစပ်က လုံးဝမလှုပ်ဘဲ အသံတွေ ထွက်လာအောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အဲ့ဒီအသံကလည်း သူ့ဆီက ထွက်လာတာ မဟုတ်ဘဲ ဝေးလံတဲ့ အကွာအဝေးတစ်ခုမှာ ထွက်လာအောင် ပြုလုပ်နိုင်တာပါ။ Superman ဟာ ဒီအစွမ်းကိုတော့ သူ့ရဲ့ရန်သူတွေကို လှည့်စားဖို့ အသုံးပြုလေ့ရှိသလို တခြားတစ်ယောက်ယောက်ကို အာရုံလွှဲဖို့အတွက်လည်း အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Crisis on Infinite Earths ပြီးသွားတဲ့အချိန်မှာတော့ Superman ဟာ ဒီစွမ်းအား ရှိပုံမရတော့ပါဘူး။

(4) Green Arrow
photo via screenrant

Green Arrow ဟာ လေးနဲ့မြားကို အသုံးပြုတဲ့နေရာ အလွန်ကျွမ်းကျင်သလို ဟင်းချက်ကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဟင်းချက်စွမ်းရည်ကို အမြဲဂုဏ်ယူလေ့ရှိပြီး အထူးသဖြင့် အလွန်စပ်တဲ့ Chili Recipe က သူ့အကြိုက်ဆုံးဟင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီဟင်းဟာ အလွန်စပ်လွန်းတာကြောင့် လူတိုင်းနီးပါးက မစားနိုင်ကြသလို Superman တောင် မစားနိုင်ပါဘူး။ ဒီဟင်းကို အေးအေးဆေးဆေး စားနိုင်တာကတော့ Batman နဲ့ Green Arrow နှစ်ယောက်ပဲ ရှိပါတယ်။

(5) Wonder Woman
photo via screenrant

Diana ဟာ ဂရိနတ်ဘုရား Zeus နဲ့ Amazon တွေရဲ့ ဘုရင်မ Hippolyta ရဲ့ သမီး ဖြစ်တာကြောင့် စွမ်းအားတွေများစွာနဲ့ မွေးဖွားလာသူ ဖြစ်ပါတယ်။ လူသားတွေရဲ့ လောကကြီးကို ငြိမ်းချမ်းအောင် ပြုလုပ်ပေးတဲ့ ခရီးမှာ အဆင်ပြေချောမွေ့စေဖို့အတွက် တခြားနတ်ဘုရားတွေကလည်း သူမကို စွမ်းအားတွေ ပေးအပ်ခဲ့ကြပါတယ်။ အမဲလိုက်ခြင်းရဲ့ နတ်ဘုရားဖြစ်တဲ့ Artemis ကတော့ သူမကို တိရစ္ဆာန်တွေနဲ့ ဆက်သွယ်စကားပြောနိုင်စွမ်းကို ပေးအပ်ခဲ့ပါတယ်။

(6) Batman
photo via screenrant

Batman ဟာ သာမန်လူတစ်ယောက် ဖြစ်ပေမယ့်လည်း သဘာဝလွန်အရာတွေကလွဲရင် တော်တော်များများကို ပြုလုပ်နိုင်ပါတယ်။ သူဟာ သူ့ရဲ့လေ့ကျင့်ရေး တစ်စိတ်တစ်ပိုင်းအနေနဲ့ မျက်လှည့်ဆရာတွေဆီမှာ ပညာသင်ယူခဲ့ပြီး Zatanna ရဲ့ အဖေဖြစ်တဲ့ Zatara ဆီမှာလည်း သင်ယူခဲ့ဖူးပါတယ်။ သူဟာ Zatanna တို့လို မှော်ပညာတွေကို အသုံးမပြုနိုင်ပေမယ့်လည်း မျက်လှည့်ပညာမှာတော့ အတော်ကျွမ်းကျင်ပါတယ်။ သူဟာ အချိန်တစ်ခုအတွင်းမှာ အချုပ်အနှောင်တွေက ရုန်းထွက်နိုင်တဲ့ ပညာကို သင်ယူခဲ့ရုံမကဘဲ အနီးကပ်ပြတဲ့ မျက်လှည့်တွေကိုပါ တတ်မြောက်ထားပါတယ်။

(7) Kyle Raynor
photo via screenrant

Green Lantern တစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကြီးမားတဲ့ စိတ်စွမ်းအား ရှိဖို့ပဲ ဖြစ်ပါတယ်။ Green Lantern တွေဟာ သူတို့ရဲ့ စိတ်စွမ်းအားနဲ့ စိတ်ကူးနိုင်စွမ်းတွေကို အသုံးပြုပြီး အဓိကတိုက်ခိုက်ကြတာပါ။ Kyle Raynor ကတော့ Green Lantern မဖြစ်ခင်တုန်းက ပန်းချီဆရာတစ်ယောက် ဖြစ်တာကြောင့် စိတ်ကူးစိတ်သန်းများစွာ ရှိပါတယ်။

တခြား Green Lantern အများစုကတော့ ရိုးရှင်းတဲ့ အရာတွေကိုပဲ ဖန်တီးကြပေမယ့်လည်း Kyle ကတော့ Gundam နဲ့ Neon Genesis Evangelion ထဲက စက်ရုပ်တွေကို ဖန်တီးခဲ့ဖူးပါတယ်။ ဒါ့အပြင် ဂေါ်ဇီလာကြီးကိုလည်း ဖန်တီးခဲ့ဖူးသလို တည်ဆောက်ရတာ ရှုပ်ထွေးတဲ့ တခြားအရာတွေများစွာကိုလည်း ဖန်တီးခဲ့ပါတယ်။

(8) Kilowog
photo via screenrant

Kilowog ဟာ Green Lantern ဖြစ်ကာစ အဖွဲ့ဝင်သစ်တွေကို လေ့ကျင့်ပေးလေ့ ရှိသလို သူဟာ အထွေထွေပြုပြင်ရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ Justice League အဖွဲ့ဝင် ဘယ်တုန်းကမှ မဖြစ်ခဲ့ပေမယ့်လည်း တစ်ခါမှာတော့ သူဟာ JLA အဖွဲ့ဝင်တွေနဲ့အတူ နေထိုင်ခဲ့ပြီး JLA အဖွဲ့ချုပ်ရဲ့ စခန်းကို ထိန်းသိမ်းပေးတဲ့ တာဝန်ကို ယူခဲ့ပါတယ်။ ဒါကြောင့်ပဲ JLA စခန်းရဲ့ လျှပ်စစ်၊ ရေပိုက်တွေနဲ့ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်စရာ ရှိတာအကုန်လုံးကို ပြင်ဆင်ပေးခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ထဲမွာေတာ့ ဟီး႐ိုးေတြမ်ားစြာ ရွိၿပီး သူတို႔ေတြဟာ ဗီလိန္ေတြကို တားဆီးကာ လူေတြကို ကာကြယ္ဖို႔အတြက္ အသက္ကိုစြန႔္စားကာ တိုက္ခိုက္ေနၾကပါတယ္။ ဟီး႐ိုးေတြကေတာ့ ဗီလိန္ေတြနဲ႔ တိုက္ခိုက္တာအျပင္ ဒါေတြနဲ႔ မသက္ဆိုင္တဲ့ Talent ေတြကိုလည္း ပိုင္ဆိုင္ထားေလ့ ရွိပါတယ္။ သူတို႔ထဲက တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ Talent ေတြကို တိုက္ခိုက္တဲ့ေနရာမွာ အသုံးျပဳႏိုင္တာေတြလည္း ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ အံ့ဩစရာေကာင္းတဲ့ Talent ေတြကို ပိုင္ဆိုင္ထားတဲ့ ဟီး႐ိုးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Flash
photo via screenrant

Barry Allen ကေတာ့ အလ်င္ျမန္ဆုံး လူသားတစ္ေယာက္ ျဖစ္တာေၾကာင့္ သာမန္ဆိုရင္ ျဖစ္ႏိုင္ေခ် မရွိတဲ့ အရာေတြကိုပါ ျပဳလုပ္ႏိုင္စြမ္း ရွိပါတယ္။ သူဟာ မ်က္စိတစ္မွိတ္အတြင္းမွာ ကမာၻပတ္ႏိုင္သလို သူ႔ရဲ႕ေမာ္လီက်ဴးေတြကို လ်င္ျမန္စြာ တုန္ခါၿပီး အရာဝတၳဳေတြကို ျဖတ္သြားႏိုင္တာမ်ိဴးေတြအျပင္ တျခားမယုံႏိုင္စရာကိစၥေတြ ျပဳလုပ္ႏိုင္ပါတယ္။ ဒါေပမယ့္လည္း Flash ရဲ႕ အံ့ဩစရာေကာင္းတဲ့ လုပ္ႏိုင္စြမ္းတစ္ခုကိုေတာ့ Live Action ထဲမွာ မျမင္ရေသးသလို ေကာမစ္ထဲမွာေတာင္ သိပ္ၿပီးေဖာ္ျပေလ့မရွိပါဘူး။

အဲ့ဒါကေတာ့ သူဟာ လ်င္ျမန္စြာ အိပ္စက္ႏိုင္တာပဲ ျဖစ္ပါတယ္။ ဒီအခ်က္ကိုေတာ့ JLA Secret Files #1 ေကာမစ္ထဲမွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး သူဟာ တခါတေလက်ရင္ ရန္သူေတြနဲ႔ တိုက္ခိုက္ေနရင္း တေရးေလာက္ အိပ္ေလ့ရွိပါတယ္။ ဒီလိုအိပ္စက္တာဟာ မ်က္စိတစ္မွိတ္ေတာင္ မၾကာတာေၾကာင့္ တျခားလူေတြက သတိမထားမိသလို ဒီလိုမ်ိဴး အိပ္စက္အနားယူလိုက္တာက သူ႔အတြက္ ခြန္အားအသစ္ေတြ ျဖစ္လာေစပါတယ္။

(2) Impulse
photo via screenrant

Speedster ေတြဟာ အရာရာကို လ်င္ျမန္စြာ ျပဳလုပ္ႏိုင္တာေၾကာင့္ ကိစၥတစ္ခုအတြက္ အေျဖကိုလည္း အခ်ိန္တိုအတြင္းမွာ စဥ္းစားႏိုင္သလို စာအုပ္ေတြကိုလည္း အလြန္လ်င္ျမန္စြာ ဖတ္ရႈႏိုင္ပါတယ္။ Wally West ဟာ တစ္ခါတုန္းကဆိုရင္ Keystone နဲ႔ Central City ၾကားမွာ တံတားေဆာက္ဖို႔အတြက္ စာအုပ္ေတြကို လ်င္ျမန္စြာ ဖတ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း Impulse ကေတာ့ အဲ့ဒီထက္ ပိုေကာင္းတဲ့ Talent တစ္ခု ေမြးရာပါ ပါလာခဲ့ပါတယ္။ အဲ့ဒါကေတာ့ Photographic Memory ျဖစ္ၿပီး ဘယ္အရာပဲျဖစ္ျဖစ္ တစ္ခါျမင္႐ုံနဲ႔ တစ္သက္လုံး အတိအက် မွတ္မိႏိုင္စြမ္းပဲ ျဖစ္ပါတယ္။ Impulse ကေတာ့ သူ႔ရဲ႕ နာမည္အတိုင္းပဲ မဆင္မျခင္ လုပ္တတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ သူ႔ကိုယ္သူ ပိုၿပီးရင့္က်က္လာေအာင္ စာၾကည့္တိုက္တစ္ခုမွာ ရွိတဲ့ စာအုပ္ေတြအားလုံးကို အခ်ိန္တိုအတြင္းမွာ ဖတ္ရႈခဲ့ၿပီး အဲ့ဒီစာအုပ္ေတြထဲမွာ ပါဝင္တဲ့ ဗဟုသုတေတြကို မွတ္သားထားခဲ့ပါတယ္။

(3) Superman
photo via screenrant

Superman ဟာ ေၾကာက္စရာေကာင္းတဲ့ စြမ္းအားမ်ားစြာကို ပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ၿပီး ပရိသတ္အခ်ိဳ႕ မသိေသးတဲ့ အခ်က္ကေတာ့ သူဟာ အသံတုျပဳလုပ္ရာမွာ ပုံမွန္ထက္ ပိုမိုကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ စူပါပါဝါေတာ့ မဟုတ္ေပမယ့္ သူကိုယ္တိုင္ကေတာ့ အဲ့ဒါကို စူပါပါဝါတစ္ခုလို႔ ယူဆထားပါတယ္။

Silver Age တုန္းက Superman ဟာ ဒီလိုအသံတုေတြ ျပဳလုပ္ႏိုင္ၿပီး သူ႔ရဲ႕ပါးစပ္က လုံးဝမလႈပ္ဘဲ အသံေတြ ထြက္လာေအာင္ ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ အဲ့ဒီအသံကလည္း သူ႔ဆီက ထြက္လာတာ မဟုတ္ဘဲ ေဝးလံတဲ့ အကြာအေဝးတစ္ခုမွာ ထြက္လာေအာင္ ျပဳလုပ္ႏိုင္တာပါ။ Superman ဟာ ဒီအစြမ္းကိုေတာ့ သူ႔ရဲ႕ရန္သူေတြကို လွည့္စားဖို႔ အသုံးျပဳေလ့ရွိသလို တျခားတစ္ေယာက္ေယာက္ကို အာ႐ုံလႊဲဖို႔အတြက္လည္း အသုံးျပဳေလ့ ရွိပါတယ္။ ဒါေပမယ့္လည္း Crisis on Infinite Earths ၿပီးသြားတဲ့အခ်ိန္မွာေတာ့ Superman ဟာ ဒီစြမ္းအား ရွိပုံမရေတာ့ပါဘူး။

(4) Green Arrow
photo via screenrant

Green Arrow ဟာ ေလးနဲ႔ျမားကို အသုံးျပဳတဲ့ေနရာ အလြန္ကြၽမ္းက်င္သလို ဟင္းခ်က္ေကာင္းသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ သူ႔ရဲ႕ဟင္းခ်က္စြမ္းရည္ကို အၿမဲဂုဏ္ယူေလ့ရွိၿပီး အထူးသျဖင့္ အလြန္စပ္တဲ့ Chili Recipe က သူ႔အႀကိဳက္ဆုံးဟင္းပဲ ျဖစ္ပါတယ္။ အဲ့ဒီဟင္းဟာ အလြန္စပ္လြန္းတာေၾကာင့္ လူတိုင္းနီးပါးက မစားႏိုင္ၾကသလို Superman ေတာင္ မစားႏိုင္ပါဘူး။ ဒီဟင္းကို ေအးေအးေဆးေဆး စားႏိုင္တာကေတာ့ Batman နဲ႔ Green Arrow ႏွစ္ေယာက္ပဲ ရွိပါတယ္။

(5) Wonder Woman
photo via screenrant

Diana ဟာ ဂရိနတ္ဘုရား Zeus နဲ႔ Amazon ေတြရဲ႕ ဘုရင္မ Hippolyta ရဲ႕ သမီး ျဖစ္တာေၾကာင့္ စြမ္းအားေတြမ်ားစြာနဲ႔ ေမြးဖြားလာသူ ျဖစ္ပါတယ္။ လူသားေတြရဲ႕ ေလာကႀကီးကို ၿငိမ္းခ်မ္းေအာင္ ျပဳလုပ္ေပးတဲ့ ခရီးမွာ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ တျခားနတ္ဘုရားေတြကလည္း သူမကို စြမ္းအားေတြ ေပးအပ္ခဲ့ၾကပါတယ္။ အမဲလိုက္ျခင္းရဲ႕ နတ္ဘုရားျဖစ္တဲ့ Artemis ကေတာ့ သူမကို တိရစာၦန္ေတြနဲ႔ ဆက္သြယ္စကားေျပာႏိုင္စြမ္းကို ေပးအပ္ခဲ့ပါတယ္။

(6) Batman
photo via screenrant

Batman ဟာ သာမန္လူတစ္ေယာက္ ျဖစ္ေပမယ့္လည္း သဘာဝလြန္အရာေတြကလြဲရင္ ေတာ္ေတာ္မ်ားမ်ားကို ျပဳလုပ္ႏိုင္ပါတယ္။ သူဟာ သူ႔ရဲ႕ေလ့က်င့္ေရး တစ္စိတ္တစ္ပိုင္းအေနနဲ႔ မ်က္လွည့္ဆရာေတြဆီမွာ ပညာသင္ယူခဲ့ၿပီး Zatanna ရဲ႕ အေဖျဖစ္တဲ့ Zatara ဆီမွာလည္း သင္ယူခဲ့ဖူးပါတယ္။ သူဟာ Zatanna တို႔လို ေမွာ္ပညာေတြကို အသုံးမျပဳႏိုင္ေပမယ့္လည္း မ်က္လွည့္ပညာမွာေတာ့ အေတာ္ကြၽမ္းက်င္ပါတယ္။ သူဟာ အခ်ိန္တစ္ခုအတြင္းမွာ အခ်ဳပ္အေႏွာင္ေတြက ႐ုန္းထြက္ႏိုင္တဲ့ ပညာကို သင္ယူခဲ့႐ုံမကဘဲ အနီးကပ္ျပတဲ့ မ်က္လွည့္ေတြကိုပါ တတ္ေျမာက္ထားပါတယ္။

(7) Kyle Raynor
photo via screenrant

Green Lantern တစ္ေယာက္အတြက္ အေရးႀကီးဆုံး လိုအပ္ခ်က္ကေတာ့ ႀကီးမားတဲ့ စိတ္စြမ္းအား ရွိဖို႔ပဲ ျဖစ္ပါတယ္။ Green Lantern ေတြဟာ သူတို႔ရဲ႕ စိတ္စြမ္းအားနဲ႔ စိတ္ကူးႏိုင္စြမ္းေတြကို အသုံးျပဳၿပီး အဓိကတိုက္ခိုက္ၾကတာပါ။ Kyle Raynor ကေတာ့ Green Lantern မျဖစ္ခင္တုန္းက ပန္းခ်ီဆရာတစ္ေယာက္ ျဖစ္တာေၾကာင့္ စိတ္ကူးစိတ္သန္းမ်ားစြာ ရွိပါတယ္။

တျခား Green Lantern အမ်ားစုကေတာ့ ႐ိုးရွင္းတဲ့ အရာေတြကိုပဲ ဖန္တီးၾကေပမယ့္လည္း Kyle ကေတာ့ Gundam နဲ႔ Neon Genesis Evangelion ထဲက စက္႐ုပ္ေတြကို ဖန္တီးခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေဂၚဇီလာႀကီးကိုလည္း ဖန္တီးခဲ့ဖူးသလို တည္ေဆာက္ရတာ ရႈပ္ေထြးတဲ့ တျခားအရာေတြမ်ားစြာကိုလည္း ဖန္တီးခဲ့ပါတယ္။

(8) Kilowog
photo via screenrant

Kilowog ဟာ Green Lantern ျဖစ္ကာစ အဖြဲ႕ဝင္သစ္ေတြကို ေလ့က်င့္ေပးေလ့ ရွိသလို သူဟာ အေထြေထြျပဳျပင္ေရးသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ Justice League အဖြဲ႕ဝင္ ဘယ္တုန္းကမွ မျဖစ္ခဲ့ေပမယ့္လည္း တစ္ခါမွာေတာ့ သူဟာ JLA အဖြဲ႕ဝင္ေတြနဲ႔အတူ ေနထိုင္ခဲ့ၿပီး JLA အဖြဲ႕ခ်ဳပ္ရဲ႕ စခန္းကို ထိန္းသိမ္းေပးတဲ့ တာဝန္ကို ယူခဲ့ပါတယ္။ ဒါေၾကာင့္ပဲ JLA စခန္းရဲ႕ လွ်ပ္စစ္၊ ေရပိုက္ေတြနဲ႔ ေဆာက္လုပ္ေရးပိုင္းဆိုင္ရာ ျပင္ဆင္စရာ ရွိတာအကုန္လုံးကို ျပင္ဆင္ေပးခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular