HomeCharacterသတ်ပစ်ဖို့အတွက် အရမ်းကို ခက်ခဲလွန်းတဲ့ Marvel ၊ DC ဇာတ်ကောင်များ

သတ်ပစ်ဖို့အတွက် အရမ်းကို ခက်ခဲလွန်းတဲ့ Marvel ၊ DC ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel မှာရော DC မှာရော ပုံစံတွေ မတူညီတဲ့ စူပါဟီးရိုးတွေ အများကြီး ရှိကြပါတယ်။ အဲ့ဒီထဲမှာမှ ဟီးရိုးတစ်ချို့ရဲ့ စွမ်းအားတွေက အနည်းငယ်ဆင်တူနေတာမျိူးလည်း ရှိကြပါတယ်။ ဒါ့အပြင် တစ်ချို့ဟီးရိုးတွေကတော့ အကြောင်းအမျိူးမျိူးကြောင့် စွမ်းအားအရမ်းကြီးကြပြီး သူတို့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ အကြောင်းအမျိူးမျိူးကြောင့် သတ်ဖို့အတွက် အရမ်းခက်ခဲတဲ့ Marvel ၊ DC ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(10) Cyborg – DC
photo via cbr

Victor ကတော့ Justice League အဖွဲ့ရဲ့ အကြမ်းအခံဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ နည်းပညာပိုင်းမှာလည်း အကျွမ်းကျင်ဆုံးသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်က ဒဏ်ရာရနေတဲ့အချိန်တွေမှာ သူ့အလိုလို ပြန်လည်ပြုပြင်သွားတဲ့ စွမ်းရည်တစ်ခုလည်း ရှိပါတယ်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားရင်တောင် သူ့ရဲ့အသိစိတ်ကို တစ်ခြားစက်ရုပ်ခန္ဓာကိုယ်ထဲကို ပြောင်းလဲလို့လည်း ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုသတ်ဖို့အတွက် ခက်ခဲတာပဲ ဖြစ်ပါတယ်။

(9) Mr. Immortal – Marvel
photo via cbr

ဒီဟီးရိုးရဲ့ နာမည်အရင်းကတော့ Craig Hollis ဖြစ်ပြီး သူ့ရဲ့စွမ်းအားကတော့ သူ့ရဲ့စူပါဟီးရိုးနာမည်အတိုင်းပဲ ဖြစ်ပါတယ်။ သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ သတ်သေဖို့ ကြိုးစားပြီးတဲ့နောက်မှာတော့ သူဟာ လုံးဝကို မသေနိုင်တဲ့လူတစ်ယောက် ဆိုတာကို သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ စူပါဟီးရိုးတစ်ယောက် ဖြစ်လာပေမယ့်လည်း တစ်ခြားသူတွေလိုမျိူး ကျွမ်းကျွမ်းကျင်ကျင် မတိုက်ခိုက်တတ်ပါဘူး။

(8) Thor – Marvel
photo via cbr

အားလုံးသိကြတဲ့အတိုင်း Thor ကတော့ နတ်ဘုရားတစ်ယောက် ဖြစ်ပြီး အရမ်းကို စွမ်းအားကြီးမားတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နိုင်တဲ့အပြင် ဗီလိန်ပေါင်းများစွာကိုလည်း တိုက်ခိုက်ပြီး အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Marvel ရဲ့ စွမ်းအားအကြီးဆုံး ဇာတ်ကောင်‌တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ သူ့ကိုသတ်ဖို့ဆိုရင်တော့ အတော်လေးကို ခက်ခဲပါလိမ့်မယ်။

(7) Ghost Rider – Marvel
photo via cbr

Ghost Rider ကတော့ မကောင်းမှုတွေကို အပြစ်ပေးတဲ့ ငရဲပြည်က demon ပူးကပ်တာခံရလို့ ဖြစ်လာတာ ဖြစ်ပါတယ်။ အဲ့လိုမျိူး Ghost Rider ဖြစ်လာတဲ့သူကို အနိုင်ယူဖို့ဆိုတာ အတော်လေးကို ခက်ခဲပြီးတော့ သတ်ပစ်ဖို့ဆိုရင် ပိုပြီးတော့ ခက်ခဲပါတယ်။ ကောမစ်ထဲမှာဆိုရင် ကောင်မလေးတစ်ယောက်ဟာ Ghost Rider ဖြစ်လာပြီးတော့ အပြစ်တွေကို စားသုံးတဲ့ သမ္မာကျန်းစာထဲက သတ္တဝါတွေကိုတောင် ထုတ်လွှတ်လို့ရပါတယ်။

(6) Hulk – Marvel
photo via cbr

Banner ဟာ လူပုံစံအတိုင်းဆိုရင် ဘာအန္တရာယ်မှ မရှိသလို ထင်ရပေမယ့်လည်း Hulk အဖြစ် ပြောင်းလဲသွားရင်တော့ သူ့ကိုတားဆီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့အပြင် သူ့ရဲ့အရေပြားကို ထိုးဖောက်နိုင်တဲ့အရာကလည်း ကမ္ဘာပေါ်မှာ အများကြီးမရှိပါဘူး။ သူ့ရဲ့အကြီးမားဆုံးစွမ်းအားကို ပြောပြဆိုရင်တော့ ဒဏ်ရာရလေ ဒေါသထွက်လေ ဖြစ်ပြီးတော့ ဒေါသကြီးလာတာနဲ့ သူ့ရဲ့စွမ်းအားတွေလည်း ပိုပြီးတော့ ကြီးမားလာပါတယ်။ ဒါ့အပြင် သူဟာ အာကာသထဲမှာတောင် အသက်ရှင်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။

(5) Doctor Strange – Marvel
photo via cbr

Doctor Strange ကတော့ Marvel universe ထဲမှာရှိတဲ့ စွမ်းအားအကြီးဆုံး မှော်ဆရာတွေထဲမှာ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားသက်သက်နဲ့ပဲ အနိုင်ယူဖို့တောင် မလွယ်ကူတာကြောင့် သတ်ပစ်ဖို့ကတော့ အတော်ခက်ခဲပါတယ်။ ဒါ့အပြင် သူဟာ Sorcerer Supreme ဖြစ်လာတဲ့အချိန်မှာ စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ခဲ့ရပါတယ်။ အဲ့ဒီစမ်းသပ်ချက်ကတော့ သေခြင်းတရားဖြစ်ပြီး အဲ့ဒီစမ်းသပ်ချက်ကို အောင်မြင်သွားတာကြောင့် သူဟာ ဘယ်တော့မှ အသက်မကြီးတော့ဘဲ မသေမျိူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုသေစေမယ့် တစ်ခုတည်းသော နည်းလမ်းကတော့ တိုက်ခိုက်ရင်းနဲ့ သတ်ပစ်ဖို့ပဲ ဖြစ်ပါတယ်။

(4) Superman – DC
photo via cbr

Clark ကတော့ Kryptonian တစ်ယောက် ဖြစ်တာကြောင့် ကမ္ဘာပေါ်က အရာတွေအများစုဟာ သူ့အပေါ်သက်ရောက်မှု မရှိပါဘူး။ ဒါ့အပြင် သူ့ရဲ့စွမ်းအားကလည်း အရမ်းကြီးမားတာကြောင့် ဟီးရိုးတွေဗီလိန်တွေအများစုကိုလည်း ဆန္ဒရှိရင် လွယ်လွယ်လေး သတ်ပစ်လို့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ Kryptonite မပါဘဲ အနိုင်ယူဖို့ဆိုတာတော့ အတော်လေးကို ခက်ခဲမှာ ဖြစ်ပါတယ်။

(3) Wolverine – Marvel
photo via cbr

X-Men တွေရဲ့ အကောင်းဆုံး စွမ်းအားတွေထဲမှာ Logan ရဲ့ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းဟာလည်း အပါအဝင် ဖြစ်ပါတယ်။ သူ့ရဲ့စွမ်းအားတွေ ပြည့်ဝနေတဲ့အချိန်တုန်းကဆိုရင် သူ့နဲ့ယှဉ်ပြီး တိုက်ခိုက်နိုင်တဲ့ ဟီးရိုးတွေနဲ့ ဗီလိန်တွေဟာ အနည်းငယ်ပဲ ရှိပါတယ်။ ဒါ့အပြင် သူဒေါသထွက်နေတဲ့အချိန်ဆိုရင်လည်း တားဆီးလို့မရနိုင်တဲ့ သားရဲတစ်ကောင်လိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့်လည်း သူဟာ တော်တော်နဲ့ အသက်မကြီးလာဘဲ နှစ်တွေအများကြီး နေထိုင်နိုင်ပါတယ်။

(2) Deadpool – Marvel
photo via cbr

Wolverine လိုမျိူးပဲ Deadpool ဟာလည်း ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းရှိတဲ့အပြင် အဆိပ်တွေနဲ့ ရောဂါတွေအများစုဟာလည်း သူ့အပေါ် သက်ရောက်မှု မရှိပါဘူး။ အဲ့လိုမျိူး သူ့ရဲ့စွမ်းအားတွေနဲ့ သူ့ရဲ့တိုက်ခိုက်ရေးတွေကြောင့်ပဲ သူ့ကို သတ်ပစ်ဖို့ကတော့ အတော်လေးကို မလွယ်ကူပါဘူး။ ဒါ့အပြင် သူဟာ ဘယ်လိုလုပ်လုပ် လုံးဝကို မသေနိုင်တဲ့ မသေမျိူးတစ်ယောက် ဖြစ်ပါတယ်။

(1) Plastic Man – DC
photo via cbr

သူကတော့ အရမ်းကို ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့စွမ်းအားက သူ့ရဲ့ခန္ဓာကိုယ်ကို ရာဘာလိုမျိူး ကြိုက်သလို ပြုလုပ်နိုင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ တိုက်ခိုက်မှုတေွကို ရှောင်ဖို့အတွက် သူ့ရဲ့ခန္ဓာကိုယ်မှာ အပေါက်တွေ ဖန်တီးနိုင်သလို အရမ်းကိုမာကြောတဲ့ နံရံတစ်ခုပုံစံမျိူးလည်း ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် တစ်ယောက်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြစ်အောင် ဖြတ်လိုက်နိုင်ရင်တောင် ပြန်ကုသနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel မွာေရာ DC မွာေရာ ပုံစံေတြ မတူညီတဲ့ စူပါဟီး႐ိုးေတြ အမ်ားႀကီး ရွိၾကပါတယ္။ အဲ့ဒီထဲမွာမွ ဟီး႐ိုးတစ္ခ်ိဳ႕ရဲ႕ စြမ္းအားေတြက အနည္းငယ္ဆင္တူေနတာမ်ိဴးလည္း ရွိၾကပါတယ္။ ဒါ့အျပင္ တစ္ခ်ိဳ႕ဟီး႐ိုးေတြကေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ စြမ္းအားအရမ္းႀကီးၾကၿပီး သူတို႔ကို သတ္ဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ကို ခက္ခဲပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ သတ္ဖို႔အတြက္ အရမ္းခက္ခဲတဲ့ Marvel ၊ DC ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Cyborg – DC
photo via cbr

Victor ကေတာ့ Justice League အဖြဲ႕ရဲ႕ အၾကမ္းအခံဆုံး အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ၿပီးေတာ့ နည္းပညာပိုင္းမွာလည္း အကြၽမ္းက်င္ဆုံးသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ခႏၶာကိုယ္က ဒဏ္ရာရေနတဲ့အခ်ိန္ေတြမွာ သူ႔အလိုလို ျပန္လည္ျပဳျပင္သြားတဲ့ စြမ္းရည္တစ္ခုလည္း ရွိပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ခႏၶာကိုယ္တစ္ခုလုံး ပ်က္စီးသြားရင္ေတာင္ သူ႔ရဲ႕အသိစိတ္ကို တစ္ျခားစက္႐ုပ္ခႏၶာကိုယ္ထဲကို ေျပာင္းလဲလို႔လည္း ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ကိုသတ္ဖို႔အတြက္ ခက္ခဲတာပဲ ျဖစ္ပါတယ္။

(9) Mr. Immortal – Marvel
photo via cbr

ဒီဟီး႐ိုးရဲ႕ နာမည္အရင္းကေတာ့ Craig Hollis ျဖစ္ၿပီး သူ႔ရဲ႕စြမ္းအားကေတာ့ သူ႔ရဲ႕စူပါဟီး႐ိုးနာမည္အတိုင္းပဲ ျဖစ္ပါတယ္။ သူ႔ကိုယ္သူ အႀကိမ္ေပါင္းမ်ားစြာ သတ္ေသဖို႔ ႀကိဳးစားၿပီးတဲ့ေနာက္မွာေတာ့ သူဟာ လုံးဝကို မေသႏိုင္တဲ့လူတစ္ေယာက္ ဆိုတာကို သိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ စူပါဟီး႐ိုးတစ္ေယာက္ ျဖစ္လာေပမယ့္လည္း တစ္ျခားသူေတြလိုမ်ိဴး ကြၽမ္းကြၽမ္းက်င္က်င္ မတိုက္ခိုက္တတ္ပါဘူး။

(8) Thor – Marvel
photo via cbr

အားလုံးသိၾကတဲ့အတိုင္း Thor ကေတာ့ နတ္ဘုရားတစ္ေယာက္ ျဖစ္ၿပီး အရမ္းကို စြမ္းအားႀကီးမားတဲ့ သူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ႏွစ္ေထာင္ေပါင္းမ်ားစြာ အသက္ရွင္ႏိုင္တဲ့အျပင္ ဗီလိန္ေပါင္းမ်ားစြာကိုလည္း တိုက္ခိုက္ၿပီး အႏိုင္ယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Marvel ရဲ႕ စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္‌ေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ သူ႔ကိုသတ္ဖို႔ဆိုရင္ေတာ့ အေတာ္ေလးကို ခက္ခဲပါလိမ့္မယ္။

(7) Ghost Rider – Marvel
photo via cbr

Ghost Rider ကေတာ့ မေကာင္းမႈေတြကို အျပစ္ေပးတဲ့ ငရဲျပည္က demon ပူးကပ္တာခံရလို႔ ျဖစ္လာတာ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး Ghost Rider ျဖစ္လာတဲ့သူကို အႏိုင္ယူဖို႔ဆိုတာ အေတာ္ေလးကို ခက္ခဲၿပီးေတာ့ သတ္ပစ္ဖို႔ဆိုရင္ ပိုၿပီးေတာ့ ခက္ခဲပါတယ္။ ေကာမစ္ထဲမွာဆိုရင္ ေကာင္မေလးတစ္ေယာက္ဟာ Ghost Rider ျဖစ္လာၿပီးေတာ့ အျပစ္ေတြကို စားသုံးတဲ့ သမၼာက်န္းစာထဲက သတၱဝါေတြကိုေတာင္ ထုတ္လႊတ္လို႔ရပါတယ္။

(6) Hulk – Marvel
photo via cbr

Banner ဟာ လူပုံစံအတိုင္းဆိုရင္ ဘာအႏၲရာယ္မွ မရွိသလို ထင္ရေပမယ့္လည္း Hulk အျဖစ္ ေျပာင္းလဲသြားရင္ေတာ့ သူ႔ကိုတားဆီးဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္ပါပဲ။ ဒါ့အျပင္ သူ႔ရဲ႕အေရျပားကို ထိုးေဖာက္ႏိုင္တဲ့အရာကလည္း ကမာၻေပၚမွာ အမ်ားႀကီးမရွိပါဘူး။ သူ႔ရဲ႕အႀကီးမားဆုံးစြမ္းအားကို ေျပာျပဆိုရင္ေတာ့ ဒဏ္ရာရေလ ေဒါသထြက္ေလ ျဖစ္ၿပီးေတာ့ ေဒါသႀကီးလာတာနဲ႔ သူ႔ရဲ႕စြမ္းအားေတြလည္း ပိုၿပီးေတာ့ ႀကီးမားလာပါတယ္။ ဒါ့အျပင္ သူဟာ အာကာသထဲမွာေတာင္ အသက္ရွင္ႏိုင္စြမ္းရွိသူလည္း ျဖစ္ပါတယ္။

(5) Doctor Strange – Marvel
photo via cbr

Doctor Strange ကေတာ့ Marvel universe ထဲမွာရွိတဲ့ စြမ္းအားအႀကီးဆုံး ေမွာ္ဆရာေတြထဲမွာ တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းအားသက္သက္နဲ႔ပဲ အႏိုင္ယူဖို႔ေတာင္ မလြယ္ကူတာေၾကာင့္ သတ္ပစ္ဖို႔ကေတာ့ အေတာ္ခက္ခဲပါတယ္။ ဒါ့အျပင္ သူဟာ Sorcerer Supreme ျဖစ္လာတဲ့အခ်ိန္မွာ စမ္းသပ္မႈတစ္ခုကို ျဖတ္ေက်ာ္ခဲ့ရပါတယ္။ အဲ့ဒီစမ္းသပ္ခ်က္ကေတာ့ ေသျခင္းတရားျဖစ္ၿပီး အဲ့ဒီစမ္းသပ္ခ်က္ကို ေအာင္ျမင္သြားတာေၾကာင့္ သူဟာ ဘယ္ေတာ့မွ အသက္မႀကီးေတာ့ဘဲ မေသမ်ိဴးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ကိုေသေစမယ့္ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ တိုက္ခိုက္ရင္းနဲ႔ သတ္ပစ္ဖို႔ပဲ ျဖစ္ပါတယ္။

(4) Superman – DC
photo via cbr

Clark ကေတာ့ Kryptonian တစ္ေယာက္ ျဖစ္တာေၾကာင့္ ကမာၻေပၚက အရာေတြအမ်ားစုဟာ သူ႔အေပၚသက္ေရာက္မႈ မရွိပါဘူး။ ဒါ့အျပင္ သူ႔ရဲ႕စြမ္းအားကလည္း အရမ္းႀကီးမားတာေၾကာင့္ ဟီး႐ိုးေတြဗီလိန္ေတြအမ်ားစုကိုလည္း ဆႏၵရွိရင္ လြယ္လြယ္ေလး သတ္ပစ္လို႔ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕အားနည္းခ်က္ျဖစ္တဲ့ Kryptonite မပါဘဲ အႏိုင္ယူဖို႔ဆိုတာေတာ့ အေတာ္ေလးကို ခက္ခဲမွာ ျဖစ္ပါတယ္။

(3) Wolverine – Marvel
photo via cbr

X-Men ေတြရဲ႕ အေကာင္းဆုံး စြမ္းအားေတြထဲမွာ Logan ရဲ႕ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္းဟာလည္း အပါအဝင္ ျဖစ္ပါတယ္။ သူ႔ရဲ႕စြမ္းအားေတြ ျပည့္ဝေနတဲ့အခ်ိန္တုန္းကဆိုရင္ သူ႔နဲ႔ယွဥ္ၿပီး တိုက္ခိုက္ႏိုင္တဲ့ ဟီး႐ိုးေတြနဲ႔ ဗီလိန္ေတြဟာ အနည္းငယ္ပဲ ရွိပါတယ္။ ဒါ့အျပင္ သူေဒါသထြက္ေနတဲ့အခ်ိန္ဆိုရင္လည္း တားဆီးလို႔မရႏိုင္တဲ့ သားရဲတစ္ေကာင္လိုပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ စြမ္းအားေတြေၾကာင့္လည္း သူဟာ ေတာ္ေတာ္နဲ႔ အသက္မႀကီးလာဘဲ ႏွစ္ေတြအမ်ားႀကီး ေနထိုင္ႏိုင္ပါတယ္။

(2) Deadpool – Marvel
photo via cbr

Wolverine လိုမ်ိဴးပဲ Deadpool ဟာလည္း ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္းရွိတဲ့အျပင္ အဆိပ္ေတြနဲ႔ ေရာဂါေတြအမ်ားစုဟာလည္း သူ႔အေပၚ သက္ေရာက္မႈ မရွိပါဘူး။ အဲ့လိုမ်ိဴး သူ႔ရဲ႕စြမ္းအားေတြနဲ႔ သူ႔ရဲ႕တိုက္ခိုက္ေရးေတြေၾကာင့္ပဲ သူ႔ကို သတ္ပစ္ဖို႔ကေတာ့ အေတာ္ေလးကို မလြယ္ကူပါဘူး။ ဒါ့အျပင္ သူဟာ ဘယ္လိုလုပ္လုပ္ လုံးဝကို မေသႏိုင္တဲ့ မေသမ်ိဴးတစ္ေယာက္ ျဖစ္ပါတယ္။

(1) Plastic Man – DC
photo via cbr

သူကေတာ့ အရမ္းကို ဉာဏ္ေကာင္းသူ တစ္ေယာက္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕စြမ္းအားက သူ႔ရဲ႕ခႏၶာကိုယ္ကို ရာဘာလိုမ်ိဴး ႀကိဳက္သလို ျပဳလုပ္ႏိုင္တာပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ တိုက္ခိုက္မႈေတြကို ေရွာင္ဖို႔အတြက္ သူ႔ရဲ႕ခႏၶာကိုယ္မွာ အေပါက္ေတြ ဖန္တီးႏိုင္သလို အရမ္းကိုမာေၾကာတဲ့ နံရံတစ္ခုပုံစံမ်ိဴးလည္း ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ တစ္ေယာက္ေယာက္က သူ႔ရဲ႕ခႏၶာကိုယ္ကို ႏွစ္ပိုင္းျဖစ္ေအာင္ ျဖတ္လိုက္ႏိုင္ရင္ေတာင္ ျပန္ကုသႏိုင္ပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular