HomeEntertainmentFilmDC ရဲ့အသစ်ထွက်လာမယ့် ရုပ်ရှင်တွေထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ဗီလိန်များ

DC ရဲ့အသစ်ထွက်လာမယ့် ရုပ်ရှင်တွေထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ဗီလိန်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC Extended Universe ဟာ နောက်ထပ်အသစ်ထွက်လာမယ့် ရုပ်ရှင်ကားတွေအများစုကို ကြေငြာခဲ့ပြီးပြီ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားတွေကတော့ Wonder Woman 1984 ၊ The Suicide Squad ၊ The Batman ၊ The Flash ၊ Black Adam ၊ Shazam! Fury of the Gods နဲ့ Aquaman 2 တို့ပဲ ဖြစ်ပါတယ်။ အခုလိုမျိူး စူပါဟီးရိုးဇာတ်လမ်းတွေ အများကြီးဖြစ်တာကြောင့် အဲ့ဒီဇာတ်လမ်းတွေထဲမှာ ပါဝင်ဖို့အတွက် သတင်းထွက်နေတဲ့ ဗီလိန်တွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ DC ရဲ့ အသစ်ထွက်လာမယ့် ဇာတ်ကားတွေထဲမှာ ပါဝင်မယ်လို့ သတင်းထွက်နေတဲ့ ဗီလိန်တွေကို ဖော်ပြပေးချင်ပါတယ်။

Starro The Conqueror
photo via screenrant

ဒါရိုက်တာ James Gunn ရိုက်ကူးမယ့် The Suicide Squad ရုပ်ရှင်ထဲမှာတော့ ဗီလိန်တွေအများအပြား ပါဝင်မှာ ဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီဗီလိန်တွေဟာ ဟီးရိုးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Amanda Waller ဟာ အဲ့ဒီဗီလိန်တွေကို သူတို့ခိုင်းတဲ့အတိုင်း မပြုလုပ်ရင် သတ်ပစ်မှာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီမှာ မေးစရာတစ်ခုရှိတာကတော့ သူတို့တွေက ဘယ်သူ့ကို တိုက်ခိုက်ရမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီမေးခွန်းအတွက် အဖြေကတော့ DC FanDome မှာ ပြသသွားတဲ့ Behind the Scenes ထဲမှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီထဲမှာတော့ တိုက်ပွဲကျနေတဲ့ စစ်သားတွေရဲ့မျက်နှာမှာ ခရမ်းရောင်ကြယ်ငါးလို ပုံသဏ္ဍာန်ကို တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ ဖြစ်နိုင်ချေရှိတာကတော့ The Suicide Squad အဖွဲ့ဝင်တွေ တိုက်ခိုက်ရမယ့်ဗီလိန်ဟာ Starro The Conqueror ဖြစ်နိုင်ပါတယ်။ သူကတော့ ဂြိုဟ်သားတစ်မျိူးဖြစ်ပြီး ပုံစံကတော့ ကြယ်ငါးပုံစံနဲ့ ကြီးမားတဲ့မျက်လုံးတစ်လုံး ပါဝင်ပါတယ်။ သူဟာ ကိုယ်ပွားတွေ ထုတ်လို့ရပြီး တစ်ခြားလူတွေရဲ့ မျက်နှာမှာ ကပ်တွယ်ပြီး အဲ့ဒီလူတွေကို ကြိုက်သလို ထိန်းချုပ်လို့ရတဲ့ စွမ်းအားရှိပါတယ်။ ဒါကတော့ ဖြစ်နိုင်ချေရှိတာဖြစ်ပြီး အတည်ပြုထားခြင်းတော့ မရှိသေးပါဘူး။

Reverse-Flash
photo via screenrant

အသစ်ထွက်လာဖို့ရှိတဲ့ The Flash ရုပ်ရှင်ဟာ Flashpoint အဖြစ်အပျက်ကို တစ်စိတ်တစ်ပိုင်း အခြေခံပြီးတော့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Flashpoint ဆိုတာကတော့ အသတ်ခံလိုက်ရတဲ့ မိခင်ဖြစ်သူကို Barry က အချိန်ခရီးသွားကာ ကယ်တင်ရင်းနဲ့ နောက်ထပ် timeline တစ်ခု ဖန်တီးမိသွားတဲ့ အဖြစ်အပျက်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

အဲ့ဒီ Flashpoint ထဲမှာတော့ အရာအားလုံးနီးပါးဟာ ကပြောင်းကပြန်တွေ ဖြစ်နေပါတယ်။ ကောမစ်ထဲမှာတော့ Barry ရဲ့အမေကို သတ်ခဲ့သူက Reverse-Flash ဖြစ်ပြီး Flashpoint ထဲမှာ အရေးပါတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Reverse-Flash ဟာ အဓိကဗီလိန်တစ်ယောက်အနေနဲ့ မပါဝင်ရင်တောင်မှ The Flash ရုပ်ရှင်ထဲမှာ ပါဝင်လာဖို့တော့ ဖြစ်နိုင်ချေ ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

Mister Mind
photo via screenrant

Shazam ပထမဇာတ်ကားရဲ့ အဆုံးမှာ ပါဝင်တဲ့ Post-Credits Scene အရဆိုရင်တော့ Billy နဲ့ သူ့ရဲ့မိသားစုဟာ သေချာပေါက်ကို Mister Mind နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ Sivana အဖမ်းခံရပြီးတဲ့နောက်မှာတော့ သူ့ရဲ့အချုပ်ခန်းထဲကနေ လွတ်မြောက်နိုင်ဖို့ portal ဖွင့်ဖို့အတွက် သင်္ကေတတွေကို ရေးဆွဲနေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က သူ့ကို လှောင်ပြောင်နေတာကို သိလိုက်ရပြီး မြင်ကွင်းကို သေချာရိုက်ပြတဲ့အချိန်မှာတော့ Mister Mind ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သူဟာ ခူကောင်နဲ့ ဆင်တူတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီးတော့ သိပ်ကိုဉာဏ်ကောင်းလွန်းတဲ့ ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အသစ်ထွက်လာမယ့် Shazam! Fury of the Gods ထဲမှာတော့ သူ ပါလာမယ်လို့ ယူဆနိုင်ပါတယ်။

Sivana
photo via screenrant

Sivana ဟာလည်း Shazam ရဲ့ ဒုတိယမြောက်ဇာတ်ကားထဲမှာ ပြန်လည် ပါဝင်လာနိုင်ပါသေးတယ်။ အထက်မှာ ပြောခဲ့သလိုပဲ Post-Credits Scene ထဲမှာ သူနဲ့ Mister Mind တို့ စကားပြောတဲ့အခန်းကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ကိုယ်ပိုင်ဆန္ဒအရ Mister Mind ရဲ့ တပည့်အနေနဲ့ ဗီလိန်တစ်ယောက်အဖြစ် ဆက်လက်ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် Mister Mind ဟာ စိတ်ထိန်းချုပ်နိုင်တဲ့ စွမ်းအားလည်း ရှိတာကြောင့် Sivana ရဲ့ကိုယ်ပိုင်ဆန္ဒအရ မဟုတ်တောင် စိတ်ထိန်းချုပ်ပြီး သူ့ရဲ့ရုပ်သေးရုပ်အနေနဲ့လည်း ပါဝင်လာနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC Extended Universe ဟာ ေနာက္ထပ္အသစ္ထြက္လာမယ့္ ႐ုပ္ရွင္ကားေတြအမ်ားစုကို ေၾကျငာခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္ကားေတြကေတာ့ Wonder Woman 1984 ၊ The Suicide Squad ၊ The Batman ၊ The Flash ၊ Black Adam ၊ Shazam! Fury of the Gods နဲ႔ Aquaman 2 တို႔ပဲ ျဖစ္ပါတယ္။ အခုလိုမ်ိဴး စူပါဟီး႐ိုးဇာတ္လမ္းေတြ အမ်ားႀကီးျဖစ္တာေၾကာင့္ အဲ့ဒီဇာတ္လမ္းေတြထဲမွာ ပါဝင္ဖို႔အတြက္ သတင္းထြက္ေနတဲ့ ဗီလိန္ေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ DC ရဲ႕ အသစ္ထြက္လာမယ့္ ဇာတ္ကားေတြထဲမွာ ပါဝင္မယ္လို႔ သတင္းထြက္ေနတဲ့ ဗီလိန္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Starro The Conqueror
photo via screenrant

ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးမယ့္ The Suicide Squad ႐ုပ္ရွင္ထဲမွာေတာ့ ဗီလိန္ေတြအမ်ားအျပား ပါဝင္မွာ ျဖစ္ၿပီး ဒီဇာတ္ကားထဲမွာေတာ့ အဲ့ဒီဗီလိန္ေတြဟာ ဟီး႐ိုးေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Amanda Waller ဟာ အဲ့ဒီဗီလိန္ေတြကို သူတို႔ခိုင္းတဲ့အတိုင္း မျပဳလုပ္ရင္ သတ္ပစ္မွာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီမွာ ေမးစရာတစ္ခုရွိတာကေတာ့ သူတို႔ေတြက ဘယ္သူ႔ကို တိုက္ခိုက္ရမွာလည္း ဆိုတာပဲ ျဖစ္ပါတယ္။ အဲ့ဒီေမးခြန္းအတြက္ အေျဖကေတာ့ DC FanDome မွာ ျပသသြားတဲ့ Behind the Scenes ထဲမွာ ပါဝင္ခဲ့ပါတယ္။

အဲ့ဒီထဲမွာေတာ့ တိုက္ပြဲက်ေနတဲ့ စစ္သားေတြရဲ႕မ်က္ႏွာမွာ ခရမ္းေရာင္ၾကယ္ငါးလို ပုံသ႑ာန္ကို ေတြ႕ျမင္ခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ျဖစ္ႏိုင္ေခ်ရွိတာကေတာ့ The Suicide Squad အဖြဲ႕ဝင္ေတြ တိုက္ခိုက္ရမယ့္ဗီလိန္ဟာ Starro The Conqueror ျဖစ္ႏိုင္ပါတယ္။ သူကေတာ့ ၿဂိဳဟ္သားတစ္မ်ိဴးျဖစ္ၿပီး ပုံစံကေတာ့ ၾကယ္ငါးပုံစံနဲ႔ ႀကီးမားတဲ့မ်က္လုံးတစ္လုံး ပါဝင္ပါတယ္။ သူဟာ ကိုယ္ပြားေတြ ထုတ္လို႔ရၿပီး တစ္ျခားလူေတြရဲ႕ မ်က္ႏွာမွာ ကပ္တြယ္ၿပီး အဲ့ဒီလူေတြကို ႀကိဳက္သလို ထိန္းခ်ဳပ္လို႔ရတဲ့ စြမ္းအားရွိပါတယ္။ ဒါကေတာ့ ျဖစ္ႏိုင္ေခ်ရွိတာျဖစ္ၿပီး အတည္ျပဳထားျခင္းေတာ့ မရွိေသးပါဘူး။

Reverse-Flash
photo via screenrant

အသစ္ထြက္လာဖို႔ရွိတဲ့ The Flash ႐ုပ္ရွင္ဟာ Flashpoint အျဖစ္အပ်က္ကို တစ္စိတ္တစ္ပိုင္း အေျခခံၿပီးေတာ့ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Flashpoint ဆိုတာကေတာ့ အသတ္ခံလိုက္ရတဲ့ မိခင္ျဖစ္သူကို Barry က အခ်ိန္ခရီးသြားကာ ကယ္တင္ရင္းနဲ႔ ေနာက္ထပ္ timeline တစ္ခု ဖန္တီးမိသြားတဲ့ အျဖစ္အပ်က္ကို ေခၚဆိုတာ ျဖစ္ပါတယ္။

အဲ့ဒီ Flashpoint ထဲမွာေတာ့ အရာအားလုံးနီးပါးဟာ ကေျပာင္းကျပန္ေတြ ျဖစ္ေနပါတယ္။ ေကာမစ္ထဲမွာေတာ့ Barry ရဲ႕အေမကို သတ္ခဲ့သူက Reverse-Flash ျဖစ္ၿပီး Flashpoint ထဲမွာ အေရးပါတဲ့ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Reverse-Flash ဟာ အဓိကဗီလိန္တစ္ေယာက္အေနနဲ႔ မပါဝင္ရင္ေတာင္မွ The Flash ႐ုပ္ရွင္ထဲမွာ ပါဝင္လာဖို႔ေတာ့ ျဖစ္ႏိုင္ေခ် ရွိေနတယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Mister Mind
photo via screenrant

Shazam ပထမဇာတ္ကားရဲ႕ အဆုံးမွာ ပါဝင္တဲ့ Post-Credits Scene အရဆိုရင္ေတာ့ Billy နဲ႔ သူ႔ရဲ႕မိသားစုဟာ ေသခ်ာေပါက္ကို Mister Mind နဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ Sivana အဖမ္းခံရၿပီးတဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အခ်ဳပ္ခန္းထဲကေန လြတ္ေျမာက္ႏိုင္ဖို႔ portal ဖြင့္ဖို႔အတြက္ သေကၤတေတြကို ေရးဆြဲေနခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာ တစ္ေယာက္ေယာက္က သူ႔ကို ေလွာင္ေျပာင္ေနတာကို သိလိုက္ရၿပီး ျမင္ကြင္းကို ေသခ်ာ႐ိုက္ျပတဲ့အခ်ိန္မွာေတာ့ Mister Mind ျဖစ္ေနတာကို ေတြ႕ခဲ့ရပါတယ္။ သူဟာ ခူေကာင္နဲ႔ ဆင္တူတဲ့ ၿဂိဳဟ္သားတစ္ေယာက္ ျဖစ္ၿပီးေတာ့ သိပ္ကိုဉာဏ္ေကာင္းလြန္းတဲ့ ဗီလိန္တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ အသစ္ထြက္လာမယ့္ Shazam! Fury of the Gods ထဲမွာေတာ့ သူ ပါလာမယ္လို႔ ယူဆႏိုင္ပါတယ္။

Sivana
photo via screenrant

Sivana ဟာလည္း Shazam ရဲ႕ ဒုတိယေျမာက္ဇာတ္ကားထဲမွာ ျပန္လည္ ပါဝင္လာႏိုင္ပါေသးတယ္။ အထက္မွာ ေျပာခဲ့သလိုပဲ Post-Credits Scene ထဲမွာ သူနဲ႔ Mister Mind တို႔ စကားေျပာတဲ့အခန္းကို ျမင္ေတြ႕ခဲ့ရၿပီး သူ႔ရဲ႕ကိုယ္ပိုင္ဆႏၵအရ Mister Mind ရဲ႕ တပည့္အေနနဲ႔ ဗီလိန္တစ္ေယာက္အျဖစ္ ဆက္လက္ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ Mister Mind ဟာ စိတ္ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအားလည္း ရွိတာေၾကာင့္ Sivana ရဲ႕ကိုယ္ပိုင္ဆႏၵအရ မဟုတ္ေတာင္ စိတ္ထိန္းခ်ဳပ္ၿပီး သူ႔ရဲ႕႐ုပ္ေသး႐ုပ္အေနနဲ႔လည္း ပါဝင္လာႏိုင္ပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular