HomeEntertainmentFilmDCEU ထဲမှာ Dracula တည်ရှိနေနိုင်ကြောင်း အတည်ပြုခဲ့တဲ့ Peacemaker ဇာတ်လမ်းတွဲ

DCEU ထဲမှာ Dracula တည်ရှိနေနိုင်ကြောင်း အတည်ပြုခဲ့တဲ့ Peacemaker ဇာတ်လမ်းတွဲ

Peacemaker ဇာတ်လမ်းတွဲရဲ့ အပိုင်း(၆)ထဲမှာတော့ DCEU ထဲမှာ Dracula တည်ရှိနေနိုင်ကြောင်း အရိပ်အမြွက် ပြောပြသွားပါတယ်။

Dracula ကတော့ ၁၉၈၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Bram Stoker ရဲ့ ဝတ္ထုထဲမှာ စတင်ပါဝင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ မူပိုင်ခွင့်က ကင်းလွတ်သွားတာကြောင့် Marvel နဲ့ DC နှစ်ခုလုံးက ဒီဇာတ်ကောင်ကို ဗီလိန်အနေနဲ့ ထည့်သွင်းခဲ့ကြပါတယ်။ DC ကောမစ်ထဲမှာတော့ Dracula ဟာ စွမ်းအားကြီးမားတဲ့ဗီလိန် ဖြစ်ပြီး မသေမျိူးတစ်ယောက်လည်း ဖြစ်ပါတယ်။

photo via screenrant

အပိုင်း(၆)ထဲမှာတော့ Vigilante ဟာ Peacemaker ကို “မင်းရဲ့ မျက်နှာက ဒေါသထွက်နေတဲ့ ပုံစံဆိုရင် တော်တော် ကြောင်တောင်တောင်နိုင်ပြီး Dracula တစ်ကောင်ကို ကြည့်နေရသလိုပဲ … ” လို့ ပြောသွားပါတယ်။ Vigilante ဟာ Bram Stoker ရဲ့ ဝတ္ထုထဲက Dracula ကို ဆိုလိုတာလို့ အငြင်းပွားစရာ ရှိပေမယ့်လည်း သူပြောသွားတဲ့ စကားအသွားအလာအရ “Dracula ကို ကြည့်နေရသလိုပဲ …” လို့ ပြောတာမဟုတ်ဘဲ ” Dracula တစ်ကောင်ကို ကြည့်နေရသလိုပဲ … ” လို့ ပြောသွားတာကြောင့် DCEU ထဲမှာ Dracula တည်ရှိနေနိုင်ကြောင်း အရိပ်အမြွက် ဖော်ပြထားတယ်လို့ ယူဆရတာ ဖြစ်ပါတယ်။

အကြောင်းကတော့ DC ကောမစ်ထဲမှာ Dracula ဟာ ပုံစံအမျိူးမျိူးနဲ့ ပါဝင်ခဲ့ပြီး Pre-Crisis နဲ့ Post-Crisis နှစ်ခုလုံးမှာ ပါဝင်ခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် Dracula ဟာ စွမ်းအားကြီးမားတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး Superman ကိုတောင် သွေးစုပ်ဖို့ စိတ်ညှို့ခဲ့ဖူးပါသေးတယ်။ ဒါပေမယ့်လည်း Superman ရဲ့ သွေးဟာ နေစွမ်းအင်တွေနဲ့ ပြည့်နှက်နေတာကြောင့် Dracula ဟာ သူ့ရဲ့သွေးကို တကယ် မစုပ်ယူနိုင်ခဲ့ပါဘူး။ အကြောင်းကတော့ အားလုံးသိကြတဲ့အတိုင်း Dracula ဟာ သွေးစုပ်ဖုတ်ကောင် ဖြစ်ပြီး သွေးစုပ်ဖုတ်ကောင်တွေဟာ နေရောင်ခြည်ကို ကြောက်ရွံ့ကြတာကြောင့် ဖြစ်ပါတယ်။

photo via screenrant

Peacemaker ဇာတ်လမ်းတွဲကတော့ DC ကောမစ်ထဲက Matter-Eater တို့လို လူသိနည်းတဲ့ ဇာတ်ကောင်တွေကိုတောင် Mention ပြုလုပ်ကာ DCEU ထဲမှာ တည်ရှိနေကြောင်း အတည်ပြုခဲ့ပြီး DCEU ထဲမှာ Dracula တည်ရှိနေကြောင်းကို အလားတူပဲ ပြုလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အခုလိုဇာတ်ကောင်တွေရဲ့ တည်ရှိမှုတွေကို အတည်ပြုထားတာကြောင့် ယခုချက်ချင်းကြီး မဟုတ်ရင်တောင်မှ DCEU ရဲ့ အနာဂတ် ပရောဂျက်တွေမှာ အဲဒီဇာတ်ကောင်တွေ ပါဝင်လာနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular