HomeCharacterDaredevil ကို ဝတ်စုံအသစ် ဖန်တီးပေးခဲ့တဲ့ Tony Stark

Daredevil ကို ဝတ်စုံအသစ် ဖန်တီးပေးခဲ့တဲ့ Tony Stark

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Daredevil ဟာ Hell’s Kitchen မြို့ကို ကာကွယ်ပေးနေတဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပြီးတော့ သူဟာ အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ သူ့ရဲ့ ဝတ်စုံတွေဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။ Daredevil ဟာ အစပိုင်းတုန်းက ပုံမှန်အင်္ကျီအမည်းနဲ့ ဘောင်းဘီအမည်းကို ဝတ်ဆင်ပြီး ဟီးရိုးလုပ်ခဲ့တဲ့အချိန်ကနေ ခုနောက်ပိုင်းမှာတော့ သူ့ရဲ့ လူသိများတဲ့ ဝတ်စုံဖြစ်တဲ့ အနီရောင် ဝတ်စုံကို ပြောင်းလဲလာခဲ့ပါတယ်။ ဒါ့အပြင် အခုချိန်မှာတော့ Tony Stark ဟာ သူ့ရဲ့ Iron Man ဝတ်စုံတွေလိုမျိူး နည်းပညာမြင့်တွေနဲ့ ဖန်တီးထားတဲ့ ဝတ်စုံကို Daredevil အတွက် တီထွင်ပေးခဲ့ပါတယ်။

photo via screenrant

Daredevil #22 ထဲမှာတော့ Matt ဟာ လူသတ်မှုတစ်ခုကြောင့် တရားရင်ဆိုင်နေရပါတယ်။ အဲ့လိုတရားရင်ဆိုင်နေရတာကြောင့် မီဒီယာတွေလည်း ဝိုင်းအုံပြီး သူလုပ်သမျှအရာတွေအကုန်လုံးကို မှတ်တမ်းတင်နေခဲ့ပါတယ်။ အဲ့ဒါတောင်မှ သူဟာ Hell’s Kitchen ရဲ့ လမ်းတွေပေါ်မှာ အန္တရာယ်ကင်းနေစေဖို့အတွက် ကင်းလှည့်နေခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သေနတ်မှောင်ခိုရောင်းနေတဲ့ သူတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ Iron Man ရောက်လာပြီးတော့ Matt ကို သူ့ရဲ့ ဓာတ်ခွဲခန်းတွေထဲက တစ်ခုကို ခေါ်သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ Matt တရားရင်ဆိုင်နေရတဲ့အကြောင်းကို ပြောနေရင်းနဲ့ Tony ဟာ သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုပြီးတော့ Hell’s Kitchen ကို ငြိမ်းချမ်းသွားအောင် မလုပ်ပေးနိုင်ဘူးလား ဆိုတာကို သိချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Tony ဟာ သူ့ရဲ့ ပိုက်ဆံတွေကို အသုံးပြုပြီးတော့ အဲ့လိုလုပ်လိုက်မယ့်အစား Matt ကိုပဲ မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုထားတဲ့ ဝတ်စုံတစ်ခု ဖန်တီးပေးမယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။

photo via screenrant

Tony ဟာ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း ဝတ်စုံတွေ ဖန်တီးပေးခဲ့ဖူးပြီး Matt ကိုလည်း ရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာ ပိုပြီးတော့ အဆင်ပြေစေဖို့အတွက် ဝတ်စုံအသစ် ဖန်တီးပေးမယ်ဆိုပြီးတော့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း Daredevil ဟာ ဘယ်လိုဗီလိန်တွေနဲ့ ရင်ဆိုင်နေပါစေ ဘယ်လိုနည်းပညာအသစ်အဆန်းကိုမှလည်း အသုံးပြုခဲ့ဖူးသူ မဟုတ်တာကြောင့် အစပိုင်းမှာ အနည်းငယ် အခက်တွေ့နိုင်ပေမယ့်လည်း အသားကျသွားရင်တော့ ပိုပြီးတော့ စွမ်းအားကြီးတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာမှာပါ။

ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ပဲ သူဟာ Tony ရဲ့ ကမ်းလှမ်းမှုကို သဘောမတူဘဲ ဝတ်စုံအသစ်ကိုလည်း လက်ခံဖို့အတွက် ငြင်းပယ်ခဲ့ပါတယ်။ အဲ့လိုမျိူး ငြင်းပယ်ခဲ့တာတောင်မှ Tony ဟာ Matt အတွက် ဝတ်စုံအသစ်ကို ဖန်တီးခဲ့ပြီးတော့ “Matt သာ သဘောတူမယ်ဆိုရင် အချိန်မရွေးလာယူလို့ ရပါတယ်” လို့ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အခုချိန်မှာ Matt ကို အဲ့လိုဝတ်စုံအသစ်နဲ့ မတွေ့ရသေးပေမယ့်လည်း နောက်ပိုင်းတွေမှာတော့ အကြောင်းတစ်မျိူးမျိူးနဲ့ အဲ့ဒီဝတ်စုံကို ဝတ်ဆင်ထားတဲ့ Daredevil ကို မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Daredevil ဟာ Hell’s Kitchen ၿမိဳ႕ကို ကာကြယ္ေပးေနတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ၿပီးေတာ့ သူဟာ အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် သူ႔ရဲ႕ ဝတ္စုံေတြဟာလည္း ေျပာင္းလဲလာခဲ့ပါတယ္။ Daredevil ဟာ အစပိုင္းတုန္းက ပုံမွန္အက်ႌအမည္းနဲ႔ ေဘာင္းဘီအမည္းကို ဝတ္ဆင္ၿပီး ဟီး႐ိုးလုပ္ခဲ့တဲ့အခ်ိန္ကေန ခုေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ လူသိမ်ားတဲ့ ဝတ္စုံျဖစ္တဲ့ အနီေရာင္ ဝတ္စုံကို ေျပာင္းလဲလာခဲ့ပါတယ္။ ဒါ့အျပင္ အခုခ်ိန္မွာေတာ့ Tony Stark ဟာ သူ႔ရဲ႕ Iron Man ဝတ္စုံေတြလိုမ်ိဴး နည္းပညာျမင့္ေတြနဲ႔ ဖန္တီးထားတဲ့ ဝတ္စုံကို Daredevil အတြက္ တီထြင္ေပးခဲ့ပါတယ္။

photo via screenrant

Daredevil #22 ထဲမွာေတာ့ Matt ဟာ လူသတ္မႈတစ္ခုေၾကာင့္ တရားရင္ဆိုင္ေနရပါတယ္။ အဲ့လိုတရားရင္ဆိုင္ေနရတာေၾကာင့္ မီဒီယာေတြလည္း ဝိုင္းအုံၿပီး သူလုပ္သမွ်အရာေတြအကုန္လုံးကို မွတ္တမ္းတင္ေနခဲ့ပါတယ္။ အဲ့ဒါေတာင္မွ သူဟာ Hell’s Kitchen ရဲ႕ လမ္းေတြေပၚမွာ အႏၲရာယ္ကင္းေနေစဖို႔အတြက္ ကင္းလွည့္ေနခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ေသနတ္ေမွာင္ခိုေရာင္းေနတဲ့ သူေတြနဲ႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ Iron Man ေရာက္လာၿပီးေတာ့ Matt ကို သူ႔ရဲ႕ ဓာတ္ခြဲခန္းေတြထဲက တစ္ခုကို ေခၚသြားခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ Matt တရားရင္ဆိုင္ေနရတဲ့အေၾကာင္းကို ေျပာေနရင္းနဲ႔ Tony ဟာ သူ႔ရဲ႕ ပိုက္ဆံေတြကို အသုံးျပဳၿပီးေတာ့ Hell’s Kitchen ကို ၿငိမ္းခ်မ္းသြားေအာင္ မလုပ္ေပးႏိုင္ဘူးလား ဆိုတာကို သိခ်င္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Tony ဟာ သူ႔ရဲ႕ ပိုက္ဆံေတြကို အသုံးျပဳၿပီးေတာ့ အဲ့လိုလုပ္လိုက္မယ့္အစား Matt ကိုပဲ ျမင့္မားတဲ့ နည္းပညာေတြကို အသုံးျပဳထားတဲ့ ဝတ္စုံတစ္ခု ဖန္တီးေပးမယ္ ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

photo via screenrant

Tony ဟာ သူ႔ရဲ႕ သူငယ္ခ်င္းေတြကိုလည္း ဝတ္စုံေတြ ဖန္တီးေပးခဲ့ဖူးၿပီး Matt ကိုလည္း ရာဇဝတ္မႈေတြကို တိုက္ဖ်က္တဲ့ေနရာမွာ ပိုၿပီးေတာ့ အဆင္ေျပေစဖို႔အတြက္ ဝတ္စုံအသစ္ ဖန္တီးေပးမယ္ဆိုၿပီးေတာ့ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္လည္း Daredevil ဟာ ဘယ္လိုဗီလိန္ေတြနဲ႔ ရင္ဆိုင္ေနပါေစ ဘယ္လိုနည္းပညာအသစ္အဆန္းကိုမွလည္း အသုံးျပဳခဲ့ဖူးသူ မဟုတ္တာေၾကာင့္ အစပိုင္းမွာ အနည္းငယ္ အခက္ေတြ႕ႏိုင္ေပမယ့္လည္း အသားက်သြားရင္ေတာ့ ပိုၿပီးေတာ့ စြမ္းအားႀကီးတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာမွာပါ။

ဒါေပမယ့္လည္း စိတ္မေကာင္းစြာနဲ႔ပဲ သူဟာ Tony ရဲ႕ ကမ္းလွမ္းမႈကို သေဘာမတူဘဲ ဝတ္စုံအသစ္ကိုလည္း လက္ခံဖို႔အတြက္ ျငင္းပယ္ခဲ့ပါတယ္။ အဲ့လိုမ်ိဴး ျငင္းပယ္ခဲ့တာေတာင္မွ Tony ဟာ Matt အတြက္ ဝတ္စုံအသစ္ကို ဖန္တီးခဲ့ၿပီးေတာ့ “Matt သာ သေဘာတူမယ္ဆိုရင္ အခ်ိန္မေ႐ြးလာယူလို႔ ရပါတယ္” လို႔ေျပာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အခုခ်ိန္မွာ Matt ကို အဲ့လိုဝတ္စုံအသစ္နဲ႔ မေတြ႕ရေသးေပမယ့္လည္း ေနာက္ပိုင္းေတြမွာေတာ့ အေၾကာင္းတစ္မ်ိဴးမ်ိဴးနဲ႔ အဲ့ဒီဝတ္စုံကို ဝတ္ဆင္ထားတဲ့ Daredevil ကို ျမင္ေတြ႕ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular