HomeCharacterတစ်ညတာ Silver Surfer ဖြစ်ခဲ့ဖူးတဲ့ Daredevil

တစ်ညတာ Silver Surfer ဖြစ်ခဲ့ဖူးတဲ့ Daredevil

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Daredevil ဟာ ပုံမှန်ဆိုရင်တော့ Hell’s Kitchen မှာပဲ ဟီးရိုး ပြုလုပ်လေ့ရှိပြီးတော့ Silver Surfer ကတော့ စကြဝဠာထဲမှာ စူပါဟီးရိုး လုပ်နေသူ ဖြစ်ပါတယ်။ ပုံမှန်အခြေအနေတွေမှာဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ဘယ်လိုမှ တွေ့ဆုံနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့်လည်း Daredevil #30 ထဲမှာတော့ သူတို့နှစ်ယောက်ဟာ တကယ်ကို တွေ့ဆုံခဲ့ကြပါတယ်။

ဇာတ်လမ်းကတော့ Matt ရဲ့ ရုံးခန်းထဲကို Ru’ach လို့ခေါ်တဲ့ ဂြိုဟ်သားတစ်ယောက်က ရောက်လာပြီး အကူအညီတောင်းခဲ့တဲ့အချိန်မှာ စတင်တာ ဖြစ်ပါတယ်။ သူဟာ Matt နဲ့ Daredevil နှစ်ယောက်လုံးရဲ့ အကူအညီကို လိုအပ်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက Matt ပြောခဲ့တဲ့ ကမ္ဘာပြင်ပက သက်ရှိတွေအတွက် သာတူညီမျှ အခွင့်အရေးအကြောင်း မိန့်ခွန်းကို ကြားခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။

photo via screenrant

Matt ကတော့ အဲ့ဒီအချိန်တုန်းက သူပြောခဲ့တဲ့အရာ တစ်ဝက်လောက်က စနောက်နေတာပါလို့ ဝန်ခံခဲ့ပေမယ့်လည်း Ru’ach ကတော့ ဆက်လက်အကူအညီတောင်းခဲ့ပါတယ်။ သူဟာ ကမ္ဘာအတွက် အန္တရာယ်ဖြစ်စေမယ့် အချက်အလက်တွေကို သိတာကြောင့် သူ့ကို ဒုက္ခသည်အဖြစ် ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ မမျှော်လင့်ထားတဲ့ နောက်ထပ်ဧည့်သည်တစ်ယောက် ထပ်မံရောက်ရှိလာပါတော့တယ်။ အဲ့ဒီသူကတော့ Silver Surfer ဖြစ်ပြီးတော့ သူဟာ Ru’ach ကို စကြဝဠာတစ်ခုလုံးမှာ လိုက်လံရှာဖွေနေတာပါလို့ ပြောခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ အဲ့ဒီဂြိုဟ်သားဆီကို cosmic energy တွေနဲ့ ပစ်ခဲ့ပြီး Matt ရဲ့ ဝန်ထမ်းတစ်ယောက်ကိုတောင် ဒဏ်ရာရလုနီးပါး ဖြစ်သွားစေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Matt ဟာ ဒေါသထွက်သွားပြီး Sliver Surfer ကို ပြတင်းပေါက်ကနေ တွန်းချခဲ့ပြီး သူကိုယ်တိုင်ပါ ခုန်ချသွားကာ လေထဲမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ တိုက်ပွဲဟာ အလွန်အကျွံတွေ မဖြစ်ခင်မှာ အဲ့ဒီဂြိုဟ်သားဟာ Matt ထင်ထားသလို လူကောင်းတစ်ယောက် မဟုတ်တဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ Silver Surfer ပြောခဲ့တဲ့ စကားအရဆိုရင်တော့ အဲ့ဒီဂြိုဟ်သားဟာ မရေတွက်နိုင်လောက်တဲ့ ဂြိုဟ်တွေကို လိုက်လံတိုက်ခိုက်နေသူ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Ru’ach ရဲ့ မျိူးနွယ်သဘာဝကြောင့် Silver Surfer ဟာ သူ့ကို အလွယ်တကူ မရှာဖွေနိုင်ဘူး ဖြစ်နေပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ စကားပြောနေကြရင်းနဲ့ သူတို့အချင်းချင်း နားလည်မှုတွေလည်း ရသွားသလို သူတို့နှစ်ယောက်လုံးမှာ တူညီတဲ့အချက်တွေ ရှိနေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲ့ဒါကြောင့်ပဲ Matt ဟာ ကူညီဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်လည်း တစ်ခုတော့ ပြန်လည်တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ သူဟာ Silver Surfer ရဲ့ ဘုတ်ပေါ်မှာ စီးပြီးတော့ Ru’ach ကို လိုက်လံရှာဖွေမယ် ဆိုတာပဲ ဖြစ်ပါတယ်။ Silver Surfer ကလည်း သဘောတူခဲ့ပြီး အဲ့ဒီဘုတ်ကို Matt ရဲ့ အလိုကျ ထိန်းချုပ်စေခဲ့ပါတယ်။

အဲ့ဒီအချက်ကတော့ ကားလိုင်စင်တောင် မရနိုင်တဲ့ သူတစ်ယောက်အတွက် အလွန်ကို စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ Ru’ach နောက်ကို ချက်ချင်းမလိုက်သွားဘဲ ကောင်းကင်ပေါ်မှာ ခဏလောက် ပျံသန်းနေခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာမှ Matt ဟာ Ru’ach ကို လိုက်လံရှာဖွေခဲ့ပြီး သူ့ကို Stark တာဝါမှာ တွေ့ခဲ့ရပါတယ်။ အဲ့ဒီမှာတော့ သူဟာ Asgard ကို ကိုယ်စားပြုသူ ဆိုပြီးတော့ Tony ကို လှည့်စားထားတာကို သိလိုက်ရပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ Daredevil က ဦးဆောင်ပြီးတော့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် Ru’ach ကို Silver Surfer အနိုင်ရဖို့အတွက် သူ့ခန္ဓာကိုယ်ကိုတောင် ပစ်မှတ်အဖြစ် အသုံးပြုစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Silver Surfer ဟာ အဲ့ဒီဂြိုဟ်သားကို ခေါ်ပြီးတော့ ကမ္ဘာကနေ ထွက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ တစ်ခြားသူတွေအတွက် အနည်းငယ်ကြောင်တောင်‌တောင် ဖြစ်နေတယ် ဆိုပေမယ့်လည်း Daredevil အတွက်တော့ တစ်သက်တာ မမေ့နိုင်တဲ့ အတွေ့အကြုံကောင်းတစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Daredevil ဟာ ပုံမွန္ဆိုရင္ေတာ့ Hell’s Kitchen မွာပဲ ဟီး႐ိုး ျပဳလုပ္ေလ့ရွိၿပီးေတာ့ Silver Surfer ကေတာ့ စၾကဝဠာထဲမွာ စူပါဟီး႐ိုး လုပ္ေနသူ ျဖစ္ပါတယ္။ ပုံမွန္အေျခအေနေတြမွာဆိုရင္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဘယ္လိုမွ ေတြ႕ဆုံႏိုင္စရာ အေၾကာင္းမရွိပါဘူး။ ဒါေပမယ့္လည္း Daredevil #30 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တကယ္ကို ေတြ႕ဆုံခဲ့ၾကပါတယ္။

ဇာတ္လမ္းကေတာ့ Matt ရဲ႕ ႐ုံးခန္းထဲကို Ru’ach လို႔ေခၚတဲ့ ၿဂိဳဟ္သားတစ္ေယာက္က ေရာက္လာၿပီး အကူအညီေတာင္းခဲ့တဲ့အခ်ိန္မွာ စတင္တာ ျဖစ္ပါတယ္။ သူဟာ Matt နဲ႔ Daredevil ႏွစ္ေယာက္လုံးရဲ႕ အကူအညီကို လိုအပ္ပါတယ္လို႔ ေျပာခဲ့ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက Matt ေျပာခဲ့တဲ့ ကမာၻျပင္ပက သက္ရွိေတြအတြက္ သာတူညီမွ် အခြင့္အေရးအေၾကာင္း မိန႔္ခြန္းကို ၾကားခဲ့ပါတယ္လို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Matt ကေတာ့ အဲ့ဒီအခ်ိန္တုန္းက သူေျပာခဲ့တဲ့အရာ တစ္ဝက္ေလာက္က စေနာက္ေနတာပါလို႔ ဝန္ခံခဲ့ေပမယ့္လည္း Ru’ach ကေတာ့ ဆက္လက္အကူအညီေတာင္းခဲ့ပါတယ္။ သူဟာ ကမာၻအတြက္ အႏၲရာယ္ျဖစ္ေစမယ့္ အခ်က္အလက္ေတြကို သိတာေၾကာင့္ သူ႔ကို ဒုကၡသည္အျဖစ္ ကာကြယ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ မေမွ်ာ္လင့္ထားတဲ့ ေနာက္ထပ္ဧည့္သည္တစ္ေယာက္ ထပ္မံေရာက္ရွိလာပါေတာ့တယ္။ အဲ့ဒီသူကေတာ့ Silver Surfer ျဖစ္ၿပီးေတာ့ သူဟာ Ru’ach ကို စၾကဝဠာတစ္ခုလုံးမွာ လိုက္လံရွာေဖြေနတာပါလို႔ ေျပာခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ အဲ့ဒီၿဂိဳဟ္သားဆီကို cosmic energy ေတြနဲ႔ ပစ္ခဲ့ၿပီး Matt ရဲ႕ ဝန္ထမ္းတစ္ေယာက္ကိုေတာင္ ဒဏ္ရာရလုနီးပါး ျဖစ္သြားေစခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Matt ဟာ ေဒါသထြက္သြားၿပီး Sliver Surfer ကို ျပတင္းေပါက္ကေန တြန္းခ်ခဲ့ၿပီး သူကိုယ္တိုင္ပါ ခုန္ခ်သြားကာ ေလထဲမွာ တိုက္ခိုက္ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ တိုက္ပြဲဟာ အလြန္အကြၽံေတြ မျဖစ္ခင္မွာ အဲ့ဒီၿဂိဳဟ္သားဟာ Matt ထင္ထားသလို လူေကာင္းတစ္ေယာက္ မဟုတ္တဲ့အေၾကာင္းကို ရွင္းျပခဲ့ပါတယ္။ Silver Surfer ေျပာခဲ့တဲ့ စကားအရဆိုရင္ေတာ့ အဲ့ဒီၿဂိဳဟ္သားဟာ မေရတြက္ႏိုင္ေလာက္တဲ့ ၿဂိဳဟ္ေတြကို လိုက္လံတိုက္ခိုက္ေနသူ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ Ru’ach ရဲ႕ မ်ိဴးႏြယ္သဘာဝေၾကာင့္ Silver Surfer ဟာ သူ႔ကို အလြယ္တကူ မရွာေဖြႏိုင္ဘူး ျဖစ္ေနပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ စကားေျပာေနၾကရင္းနဲ႔ သူတို႔အခ်င္းခ်င္း နားလည္မႈေတြလည္း ရသြားသလို သူတို႔ႏွစ္ေယာက္လုံးမွာ တူညီတဲ့အခ်က္ေတြ ရွိေနတယ္လို႔ ခံစားလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Matt ဟာ ကူညီဖို႔အတြက္ ကမ္းလွမ္းခဲ့ေပမယ့္လည္း တစ္ခုေတာ့ ျပန္လည္ေတာင္းဆိုခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူဟာ Silver Surfer ရဲ႕ ဘုတ္ေပၚမွာ စီးၿပီးေတာ့ Ru’ach ကို လိုက္လံရွာေဖြမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ Silver Surfer ကလည္း သေဘာတူခဲ့ၿပီး အဲ့ဒီဘုတ္ကို Matt ရဲ႕ အလိုက် ထိန္းခ်ဳပ္ေစခဲ့ပါတယ္။

အဲ့ဒီအခ်က္ကေတာ့ ကားလိုင္စင္ေတာင္ မရႏိုင္တဲ့ သူတစ္ေယာက္အတြက္ အလြန္ကို စိတ္လႈပ္ရွားဖို႔ ေကာင္းလြန္းတဲ့ အေတြ႕အႀကဳံတစ္ခု ျဖစ္ခဲ့ပါတယ္။ သူတို႔ဟာ Ru’ach ေနာက္ကို ခ်က္ခ်င္းမလိုက္သြားဘဲ ေကာင္းကင္ေပၚမွာ ခဏေလာက္ ပ်ံသန္းေနခဲ့ပါေသးတယ္။ အဲ့ဒီေနာက္မွာမွ Matt ဟာ Ru’ach ကို လိုက္လံရွာေဖြခဲ့ၿပီး သူ႔ကို Stark တာဝါမွာ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီမွာေတာ့ သူဟာ Asgard ကို ကိုယ္စားျပဳသူ ဆိုၿပီးေတာ့ Tony ကို လွည့္စားထားတာကို သိလိုက္ရပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ Daredevil က ဦးေဆာင္ၿပီးေတာ့ တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ Ru’ach ကို Silver Surfer အႏိုင္ရဖို႔အတြက္ သူ႔ခႏၶာကိုယ္ကိုေတာင္ ပစ္မွတ္အျဖစ္ အသုံးျပဳေစခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Silver Surfer ဟာ အဲ့ဒီၿဂိဳဟ္သားကို ေခၚၿပီးေတာ့ ကမာၻကေန ထြက္သြားခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ တစ္ျခားသူေတြအတြက္ အနည္းငယ္ေၾကာင္ေတာင္‌ေတာင္ ျဖစ္ေနတယ္ ဆိုေပမယ့္လည္း Daredevil အတြက္ေတာ့ တစ္သက္တာ မေမ့ႏိုင္တဲ့ အေတြ႕အႀကဳံေကာင္းတစ္ခုကို ရရွိခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular