HomeEntertainmentFilmDaredevil Season 4 ကို ယခုနှစ်နှောင်းပိုင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ ကောလာဟလထွက်နေ

Daredevil Season 4 ကို ယခုနှစ်နှောင်းပိုင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ ကောလာဟလထွက်နေ

ယခုအချိန်မှာတော့ Marvel စတူဒီယိုဟာ Daredevil Season 4 ကို ယခုနှစ် နှောင်းပိုင်းမှာ စတင်ရိုက်ကူးသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ဒါ့အပြင် အဲ့ဒီ Season 4 ဟာ Reboot သို့မဟုတ် Revival ပုံစံမျိူး ဖြစ်လာမယ်လို့လည်း ပြောကြပါသေးတယ်။ Daredevil ဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ Netflix ကနေ စတင်ပြသခဲ့တာ ဖြစ်ပြီး Netflix ရဲ့ ပထမဆုံး Marvel ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။

photo via screenrant

Marvel စတူဒီယိုကတော့ Daredevil ကို အသုံးမပြုခဲ့တာ နှစ်နဲ့ချီနေပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ MCU ထဲကို ပြန်လည် ခေါ်ဆောင်လာပါပြီ။ Spider-Man: No Way Home ထဲမှာတော့ သရုပ်ဆောင် Charlie Cox ကို Matt Murdock အနေနဲ့ ထည့်သွင်းခဲ့တာကြောင့် Netflix ရဲ့ Daredevil ဇာတ်လမ်းတွဲဟာ Canon ဖြစ်သွားပါပြီ။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် She-Hulk နဲ့ Echo ဇာတ်လမ်းတို့မှာလည်း Daredevil ပါဝင်လာပါမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိပါသေးတယ်။

Murphy’s Multiverse ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ Disney ဟာ LLC (Limited Liability Company) အသစ်တစ်ခုကို တည်ထောင်ခဲ့ပြီး အဲ့ဒီ LLC ဟာ Marvel စတူဒီယိုအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ LLC ရဲ့ အမည်ကတော့ Blind Faith Productions LLC ပဲ ဖြစ်ပါတယ်။ Daredevil ကတော့ အမြင်အာရုံချို့ယွင်းနေသူ ဖြစ်သလို ဘာသာရေး ကိုင်းရှိုင်းတဲ့ ကတ်သလစ် ဘာသာဝင်တစ်ယောက် ဖြစ်တာကြောင့် ဒီနာမည်ဟာ Daredevil ကို ဆိုလိုနေတယ်လို့ ဆိုပါတယ်။

photo via screenrant

ဒီအချက်ကြောင့်ပဲ Marvel စတူဒီယိုဟာ Daredevil ပါဝင်တဲ့ ရုပ်ရှင်၊ သို့မဟုတ် ဇာတ်လမ်းတွဲတစ်ခုကို ဖန်တီးနေတယ်လို့ ယူဆရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီသတင်းကို အခြေခံပြီး Geeks World Wide သတင်းဌာနကတော့ ယခု Marvel က ဖန်တီးနေတာဟာ ဇာတ်လမ်းတွဲတစ်ခု ဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲကတော့ Official မဟုတ်တဲ့ Daredevil Season 4 ဖြစ်ပြီး ယခုနှစ် နှောင်းပိုင်းမှာ ရိုက်ကူးရေး စတင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေအတွက် အတည်ပြုမှုတွေ မရှိသေးသလို အဲ့ဒီပရောဂျက်ဟာ Reboot သို့မဟုတ် Revival ဖြစ်နေမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular