HomeEntertainmentFilmDeadpool 3 ရဲ့ ဇာတ်လမ်းက ဘယ်လိုမျိူး ဖြစ်လာနိုင်လဲ?

Deadpool 3 ရဲ့ ဇာတ်လမ်းက ဘယ်လိုမျိူး ဖြစ်လာနိုင်လဲ?

Ryan Reynolds ကတော့ မကြာခင်ကပဲ Deadpool 3 ထဲမှာ Hugh Jackman ရဲ့ Wolverine ပါဝင်လာမယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ ဒီသတင်းကြောင့်ပဲ ပရိသတ်အများအပြား ပျော်ရွှင်ခဲ့ကြပြီး Deadpool 3 ကတော့ လူစိတ်ဝင်စားမှု အလွန်မြင့်တက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Deadpool နဲ့ Wolverine တို့ နှစ်ယောက် ပါဝင်လာမယ့် Deadpool 3 ရဲ့ ဇာတ်လမ်းက ဘယ်လိုမျိူး ဖြစ်လာနိုင်မလည်း ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Wolverine ဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Logan ရုပ်ရှင်ထဲမှာ သေဆုံးသွားပြီ ဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ၂၀၂၉ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ Ryan Reynolds ရဲ့ ပြောစကားအရ Deadpool 3 ဟာ Wolverine ရဲ့ သေဆုံးမှုကို ပြုပြင်ပြောင်းလဲလိုက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါကြောင့်ပဲ Deadpool 3 ဟာ Logan ရုပ်ရှင်မတိုင်ခင် အချိန်မှာ ဇာတ်အိမ်တည်ထားနိုင်သလို Deadpool 3 ထဲမှာ ပါဝင်လာမယ့် Wolverine က Multiverse ထဲက တခြား Variant တစ်ယောက် ဖြစ်နေနိုင်ပါတယ်။

Disney ဟာ Fox ကို ဝယ်ပြီးသွားတဲ့ နောက်မှာတော့ Fox ရဲ့ Deadpool 3 ဗားရှင်းကို Ryan Reynolds က ပြောပြခဲ့ပါတယ်။ Fox က ဖန်တီးထားတဲ့ Deadpool 3 ရဲ့ ဇာတ်လမ်းကတော့ Deadpool နဲ့ Wolverine တို့က ခရီးထွက်တာကို မြင်တွေ့ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းကိုတော့ ဇာတ်ကောင်တစ်ယောက်ချင်းဆီရဲ့ အမြင်ကနေ ဖန်တီးသွားမယ်လို့လည်း ဆိုပါတယ်။ MCU က ထွက်ရှိလာမယ့် Deadpool 3 ကလည်း ဒီဇာတ်လမ်းကို ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဖန်တီးသွားနိုင်ပါတယ်။

photo via screenrant

Deadpool 3 ရဲ့ ဇာတ်လမ်းကတော့ Deadpool ဟာ Fox ရဲ့ X-Men တွေကို လိုက်လံသတ်ဖြတ်တာ ဖြစ်နေနိုင်ပါတယ်။ Deadpool 2 ရဲ့ အဆုံးသတ်မှာတော့ Deadpool ဟာ အချိန်ခရီးသွားပြီး အဖြစ်အပျက်တွေကို ပြောင်းလဲခဲ့သလို X-Men Origins: Wolverine ထဲက Deadpool ဗားရှင်းကိုလည်း သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Deadpool 3 ထဲမှာတော့ Fox Universe နဲ့ MCU ရဲ့ ရှုပ်ထွေးနေတဲ့ Timeline တွေ မရောထွေးသွားအောင် Deadpool က Fox ရဲ့ X-Men တွေကို လိုက်လံသတ်ဖြတ်နေနိုင်ပါတယ်။ အဲဒီအချိန်မှာတော့ Deadpool ဟာ Wolverine ကို သတ်ဖို့ ကြိုးစားတာကို မြင်တွေ့ရနိုင်သလို X-Men တွေကို လိုက်လံသတ်ဖြတ်နေတဲ့ Deadpool ကို Wolverine က တားဆီးတာကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ Deadpool ဟာ ကောမစ်ထဲမှာလည်း Marvel Universe တစ်ခုလုံးကို သတ်ပစ်ခဲ့ဖူးပြီး Deadpool 3 ထဲမှာလည်း အလားတူ မြင်တွေ့ရနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular