HomeEntertainmentFilmဘယ် MCU ရုပ်ရှင်ကိုမှ အလွတ်ပေးမှာ မဟုတ်တဲ့ Deadpool 3

ဘယ် MCU ရုပ်ရှင်ကိုမှ အလွတ်ပေးမှာ မဟုတ်တဲ့ Deadpool 3

Deadpool 3 ရဲ့ ဇာတ်ညွှန်းရေးဆရာတွေ ဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick တို့ရဲ့ ပြောပြချက်အရ Deadpool 3 မှာ ကြားရမယ့် လှောင်လုံး၊ ထေ့လုံးတွေကြားမှာ ဘယ် MCU ရုပ်ရှင်မှ စက်ကွင်းလွတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီဇာတ်ညွှန်းရေးဆရာနှစ်ယောက်ကတော့ The Post-Credit Podcast ကို အလည်လာတုန်း Deadpool 3 မှာ ဘာတွေကို မျှော်လင့်နိုင်မယ်ဆိုတာ အရိပ်အမြွက် ပြောပြသွားတာ ဖြစ်ပါတယ်။

Deadpool 3 ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့် ဇာတ်ညွှန်းရေးဆရာတွေအနေနဲ့ အာမခံနိုင်တာ တစ်ခုတော့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ဘယ် MCU ရုပ်ရှင်မှ Deadpool ရဲ့ စက်ကွင်းက မလွတ်မြောက်နိုင်ဘူးဆိုတာပါပဲ။

Photo Credit: Marvel Studios/ Disney Studios

“MCU က ကျုပ်တို့ကို ရုပ်ရှင်ဘယ်နှကား ရိုက်ပေးပြီးပြီလဲ။ ၂၅ ကားလား၊ ၂၆ ကားလား။ ဒါမှမဟုတ် ၂၈ ကားလား။ အဲဒီထဲက တစ်ခုခုပေါ့။ အဲဒီတော့ ပြောရရင် ကျုပ်တို့မှာ ဆွစရာ၊ စနောက်စရာ ရတနာသိုက်ကြီးတစ်ခု ရလိုက်သလိုပေါ့ဗျာ။ ပြီးတော့ Deadpool က မျှမျှတတ တွေးပေးတတ်တဲ့သူ ဖြစ်တဲ့အတွက် မပူပါနဲ့။ အားလုံး ပါလာကြမှာပါ …”

“ကျွန်တော်တို့ ခေါင်းထဲမှာ တွေးကြည့်တယ်ဗျာ။ Deadpool ကို ကာရိုက်တာ X နဲ့ စကားပြောခိုင်းမယ်။ ပြီးရင် Y နဲ့ ပြောခိုင်းမယ်။ ပြီးရင် C နဲ့ ပြောခိုင်းကြည့်မယ်ဗျာ။ အဲဒီမှာ ရယ်ရမလား၊ မရယ်ရဘူးလားဆိုတာ တွေးကြည့်လိုက်။ အများစုက ရယ်ရတယ်ဗျ …” လို့ Deadpool 3 ရဲ့ ဇာတ်ညွှန်းရေးဆရာတွေက ပြောထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ကောမစ်ထဲမှာဆိုရင်တော့ Deadpool ဟာ fourth wall ကို ချိုးဖောက်ပြီး ပရိသတ်တွေနဲ့တောင် စကားပြောတာမျိုးတောင် ရှိပါတယ်။ ဒါ့အပြင် သူဟာ တခြားစူပါဟီးရိုးတွေကို စနောက်တာ၊ သရော်တာမျိုးမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခု MCU ထဲကို ဝင်လာတော့မယ့် Deadpool 3 ဟာ ဘယ်လို ဟာသမြောက်တဲ့ စကားလုံးတွေနဲ့ MCU ထဲက စူပါဟီးရိုးတွေကို ကလိသွားမလည်းဆိုတာကတော့ ရင်ခုန်စောင့်စားရမှာပဲ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular