HomeCharacterDeadpool ထက် ပိုကောင်းတဲ့ Healing Power ကို ပိုင်ဆိုင်ထားတဲ့ Deadpool ရဲ့သမီး

Deadpool ထက် ပိုကောင်းတဲ့ Healing Power ကို ပိုင်ဆိုင်ထားတဲ့ Deadpool ရဲ့သမီး

Deadpool လို့ ပြောလိုက်ရင် Marvel ကောမစ်ထဲမှာရော၊ MCU ထဲမှာပါ လူတိုင်း ပြေးမြင်မိကြတာကတော့ သူ့ရဲ့ မျက်နှာပြောင်တတ်တဲ့ အကျင့်နဲ့ အလွန်ကောင်းမွန်တဲ့ Healing Power တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Healing Power ကြောင့်ပဲ သူဟာ သာမန်လူတွေ သေဆုံးသွားနိုင်တဲ့ အခြေအနေတွေကို မရေတွက်နိုင်အောင် အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ သမီးဖြစ်သူ Ellie ရဲ့ Healing Power ကတော့ Deadpool ထက်တောင်မှ ပိုပြီးကောင်းနေပါသေးတယ်။

ဒါကတော့ Marvel ကောမစ်ရဲ့ အဓိက timeline ထဲက မဟုတ်ဘဲ အခြားသော timeline တစ်ခုက အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်ကတော့ Deadpool ဟာ သူ့မှာ သမီးရှိနေတာကို သိသွားတဲ့ အချိန်မှာ ဖခင်ကောင်းတစ်ယောက် ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး သူ့လိုမျိူး ဖြစ်မလာအောင်လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း Marvel ကောမစ်ရဲ့ အနာဂတ် ၂၀၉၉ ခုနှစ်မှာတော့ Ellie ဟာ သူ့အဖေရဲ့ ခြေရာအတိုင်းပဲ ဖြစ်လာပါတယ်။ အစတုန်းကတော့ သူမဟာ Deadpool ရဲ့ Healing Power ကို အမွေဆက်ခံ မရရှိသလို ဖြစ်နေပါတယ်။

photo via screenrant

ဒီလိုနဲ့ Deadpool #25 ကောမစ်ထဲမှာတော့ Ellie ဟာ Deadpool နဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။ သူတို့နှစ်ယောက်နဲ့ ထိပ်တိုက် တိုက်ခိုက်တဲ့ သူကတော့ Deadpool ရဲ့ နောက်ထပ် သမီးတစ်ယောက် ဖြစ်တဲ့ Warda Wilson (ခေါ်) Deadpool 2099 ပဲ ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာတော့ Warda ဟာ Ellie ကို မီးရှို့သတ်ပစ်ခဲ့ပြီး Deadpool ကတော့ သူ့ရှေ့မှာတင် သမီးဖြစ်သူက မီးလောင်ကျွမ်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Ellie ဟာ ပြာပုံအထိတောင် ဖြစ်သွားပြီးမှ အဲ့ဒီအခြေအနေက‌နေ ဘာမှမဖြစ်သလိုပဲ အကောင်းတိုင်း ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ ဆယ်ကျော်သက်အရွယ်လောက်က ပုံစံအဖြစ် ပြန်လည် ရှင်သန်လာပြီး သူမရဲ့ မှတ်ဉာဏ်တွေကလည်း ပျောက်ပျက်မသွားဘဲ အကောင်းအတိုင်းပဲ ကျန်ရှိနေပါတယ်။

Deadpool ရဲ့ Healing Power ကတော့ အချိန်တွေ ကြာလာတဲ့အချိန်မှာ သူ့ကို အသက်မသေအောင် ကာကွယ်ပေးနိုင်ပေမယ့်လည်း သူ့ရဲ့မှတ်ဉာဏ်တွေကတော့ တဖြည်းဖြည်း ပျောက်ဆုံးနေပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း အသက်ကြီးလာပါတယ်။ Ellie ကတော့ သူမရဲ့ မှတ်ဉာဏ်တွေ မပျောက်ဆုံးတဲ့အပြင် သူမရဲ့ အကောင်းဆုံး အခြေအနေ ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်ကို ပြန်လည် ရောက်ရှိသွားတာကြောင့် သူမရဲ့ Healing Power ဟာ ဖီးနစ်ငှက်တစ်ကောင်လိုပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular