HomeCharacterNaruto Anime ထဲက Hokage ဖြစ်ချင်ပါတယ်ဆိုတဲ့ Deadpool

Naruto Anime ထဲက Hokage ဖြစ်ချင်ပါတယ်ဆိုတဲ့ Deadpool

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှာ ထွက်ရှိခဲ့တဲ့ Deadpool Team-Up #886 ကောမစ်ထဲမှာတော့ Deadpool ဟာ Hokage ဖြစ်ချင်တယ်လို့ ပြောလိုက်ပါတယ်။ Hokage ဆိုတဲ့ အသုံးအနှုန်းကတော့ Naruto Anime ထဲမှာ ပါဝင်တာဖြစ်ပြီး ရွာတစ်ရွာရဲ့ ခေါင်းဆောင်ကို Kage လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ Naruto နေထိုင်တဲ့ရွာကတော့ Konoha ရွာဖြစ်ပြီး အဲ့ဒီရွာရဲ့ အကြီးအကဲကိုတော့ Hokage လို့ ခေါ်ပါတယ်။

Naruto Anime ထဲမှာတော့ Naruto ဟာ ငယ်ဘဝထဲက လူ့အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရပြီး သူဟာ တစ်နေ့မှာ Hokage ဖြစ်လာရမယ်လို့ ကြုံးဝါးနေလေ့ရှိသူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ Naruto Anime ဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး Sequel Spin-Off အနေနဲ့ Naruto: Next Generations ထဲမှာတော့ Naruto ဟာ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ Hokage ရာထူးကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။

photo via screenrant

Deadpool Team-Up #886 ကောမစ်ထဲမှာတော့ Deadpool ဟာ Iron Fist နဲ့အတူ ပူးပေါင်းကာ Gin Goh ဆိုတဲ့ လူတစ်ယောက်ကို လိုက်လံရှာဖွေနေပါတယ်။ Gin Goh ကတော့ Black Tongue ဆိုတဲ့ ကျိန်စာသင့်ဓားကို ပိုင်ဆိုင်ထားပြီး Deadpool ကို အဲ့ဒီဓားနဲ့ အကြိမ်ကြိမ် တိုက်ခိုက်နေပါတယ်။

ပုံမှန်လူဆိုရင်တော့ အဲ့ဒီဓားနဲ့ တစ်ချက်ခုတ်မိတာနဲ့ သေဆုံးသွားမှာ ဖြစ်ပေမယ့် Deadpool ကတော့ မသေဆုံးဘဲ သူ့ရဲ့ Healing Factor ကတော့ နှေးသွားပါတယ်။ အဲ့ဒီအချိန်မှာ Deadpool ဟာ ဒဏ်ရာတွေများစွာ ရရှိနေပေမယ့် အရှုံးမပေးဘဲ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် လူတွေအားလုံးက သူ့ကို အသိအမှတ်ပြုလာအောင်လုပ်ပြီး Hokage ဖြစ်လာရမယ်လို့ ပြောခဲ့ပါတယ်။

ကောမစ်ထဲမှာတော့ Deadpool ဟာ အမြဲဟာသတွေ လုပ်တတ်ပြီး အာရုံနောက်စရာကောင်းတဲ့အပြင် သူ့ရဲ့ကြမ်းတမ်းတဲ့ သဘာဝကြောင့် ဇာတ်ကောင်အများစုက သူ့ကို မကြိုက်ကြပါဘူး။ ဒါကြောင့်ပဲ သူဟာလည်း Naruto လိုပဲ အပယ်ခံတစ်ယောက်လို ဖြစ်နေပြီး လူတွေက သူ့ကို အသိအမှတ်ပြုတာမျိူး လိုချင်နေတာ ဖြစ်ပါတယ်။ Deadpool ပြောသွားတဲ့ ဒီစကားတွေဟာ ထုံးစံအတိုင်း နောက်ပြောင်သွားတာ ဖြစ်ပေမယ့်လည်း အပေါ်ကအချက်ကို တွေးကြည့်လိုက်ရင်တော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ကြောင့် Deadpool က Naruto Fan ဆိုတာကိုလည်း သိသာစေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၁၀ ခုႏွစ္ ဒီဇင္ဘာလမွာ ထြက္ရွိခဲ့တဲ့ Deadpool Team-Up #886 ေကာမစ္ထဲမွာေတာ့ Deadpool ဟာ Hokage ျဖစ္ခ်င္တယ္လို႔ ေျပာလိုက္ပါတယ္။ Hokage ဆိုတဲ့ အသုံးအႏွုန္းကေတာ့ Naruto Anime ထဲမွာ ပါဝင္တာျဖစ္ၿပီး ရြာတစ္ရြာရဲ့ ေခါင္းေဆာင္ကို Kage လို႔ ေခၚဆိုတာ ျဖစ္ပါတယ္။ Naruto ေနထိုင္တဲ့ရြာကေတာ့ Konoha ရြာျဖစ္ၿပီး အဲ့ဒီရြာရဲ့ အႀကီးအကဲကိုေတာ့ Hokage လို႔ ေခၚပါတယ္။

Naruto Anime ထဲမွာေတာ့ Naruto ဟာ ငယ္ဘဝထဲက လူ႔အသိုင္းအဝိုင္းရဲ့ ဖယ္က်ဥ္ျခင္းကို ခံခဲ့ရၿပီး သူဟာ တစ္ေန႔မွာ Hokage ျဖစ္လာရမယ္လို႔ ၾကဳံးဝါးေနေလ့ရွိသူလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ Naruto Anime ဟာ ၿပီးဆုံးသြားၿပီ ျဖစ္ၿပီး Sequel Spin-Off အေနနဲ႔ Naruto: Next Generations ထဲမွာေတာ့ Naruto ဟာ သူ႔ရဲ့ အိပ္မက္ျဖစ္တဲ့ Hokage ရာထူးကို ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

photo via screenrant

Deadpool Team-Up #886 ေကာမစ္ထဲမွာေတာ့ Deadpool ဟာ Iron Fist နဲ႔အတူ ပူးေပါင္းကာ Gin Goh ဆိုတဲ့ လူတစ္ေယာက္ကို လိုက္လံရွာေဖြေနပါတယ္။ Gin Goh ကေတာ့ Black Tongue ဆိုတဲ့ က်ိန္စာသင့္ဓားကို ပိုင္ဆိုင္ထားၿပီး Deadpool ကို အဲ့ဒီဓားနဲ႔ အႀကိမ္ႀကိမ္ တိုက္ခိုက္ေနပါတယ္။

ပုံမွန္လူဆိုရင္ေတာ့ အဲ့ဒီဓားနဲ႔ တစ္ခ်က္ခုတ္မိတာနဲ႔ ေသဆုံးသြားမွာ ျဖစ္ေပမယ့္ Deadpool ကေတာ့ မေသဆုံးဘဲ သူ႔ရဲ့ Healing Factor ကေတာ့ ေႏွးသြားပါတယ္။ အဲ့ဒီအခ်ိန္မွာ Deadpool ဟာ ဒဏ္ရာေတြမ်ားစြာ ရရွိေနေပမယ့္ အရွုံးမေပးဘဲ ျပန္လည္တိုက္ခိုက္ခဲ့ပါတယ္။ ဒါ့အျပင္ လူေတြအားလုံးက သူ႔ကို အသိအမွတ္ျပဳလာေအာင္လုပ္ၿပီး Hokage ျဖစ္လာရမယ္လို႔ ေျပာခဲ့ပါတယ္။

ေကာမစ္ထဲမွာေတာ့ Deadpool ဟာ အျမဲဟာသေတြ လုပ္တတ္ၿပီး အာ႐ုံေနာက္စရာေကာင္းတဲ့အျပင္ သူ႔ရဲ့ၾကမ္းတမ္းတဲ့ သဘာဝေၾကာင့္ ဇာတ္ေကာင္အမ်ားစုက သူ႔ကို မႀကိဳက္ၾကပါဘူး။ ဒါေၾကာင့္ပဲ သူဟာလည္း Naruto လိုပဲ အပယ္ခံတစ္ေယာက္လို ျဖစ္ေနၿပီး လူေတြက သူ႔ကို အသိအမွတ္ျပဳတာမ်ိဴး လိုခ်င္ေနတာ ျဖစ္ပါတယ္။ Deadpool ေျပာသြားတဲ့ ဒီစကားေတြဟာ ထုံးစံအတိုင္း ေနာက္ေျပာင္သြားတာ ျဖစ္ေပမယ့္လည္း အေပၚကအခ်က္ကို ေတြးၾကည့္လိုက္ရင္ေတာ့ စိတ္မေကာင္းစရာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခ်က္ေၾကာင့္ Deadpool က Naruto Fan ဆိုတာကိုလည္း သိသာေစပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular