HomeCharacterSupernatural ဇာတ်လမ်းတစ်လျှောက်မှာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ Dean

Supernatural ဇာတ်လမ်းတစ်လျှောက်မှာ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတဲ့ Dean

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Supernatural ဇာတ်လမ်းတွဲဟာ CW ရုပ်သံလိုင်းကနေ (၁၅)နှစ်ကြာ ထုတ်လွှင့်နေတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီထဲက အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Sam နဲ့ Dean တို့ဟာ ညီအစ်ကိုနှစ်ယောက် ဖြစ်ပေမယ့်လည်း သူတို့မှာ မတူညီတဲ့ အချက်တွေ ရှိပါတယ်။ ဒါ့အပြင် ဇာတ်လမ်း စတင်တုန်းကပုံစံနဲ့ အခုနောက်ဆုံး season က ပုံစံမှာလည်း ဇာတ်ကောင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း မတူညီတော့တာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ဇာတ်လမ်းတစ်လျှောက်မှာ Dean ရဲ့ ပြောင်းလဲလာတဲ့ ပုံစံတွေကို ဖော်ပြပေးချင်ပါတယ်။

Season 1: အစအနောက်သန်တဲ့ အစ်ကိုကြီး
photo via screenrant

ပထမ season မှာတော့ Dean ကို အစအနောက်သန်ပြီးတော့ ပျော်တတ်တဲ့ အစ်ကိုတစ်ယောက် ပုံစံမျိူးနဲ့ တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက Dean ဟာ Sam ထက် ပိုပြီးတော့ ရိုးရှင်းတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး သူဟာ အလွယ်စားလို့ရတဲ့ အစားအစာတွေ၊ ပိုင်မုန့်နဲ့ မိန်းကလေးတွေကို ကြိုက်နှစ်သက်သူ ဖြစ်ပါတယ်။ Dean ဟာ သူ့အတွက်ကိုတော့ ဘာကိုမှ သိပ်ပြီး စဉ်းစားထားတာ မရှိပေမယ့်လည်း Sam ကိုတော့ အတော်လေး အလေးထားသူ ဖြစ်ပါတယ်။

Season 2: သားလိမ္မာတစ်ယောက်
photo via screenrant

John ဟာ သူတို့ငယ်ဘဝကတည်းက ဖခင်တာဝန် သိပ်မကျေပွန်ခဲ့တဲ့ ဖခင်တစ်ယောက်လို့ ပြောလို့ရပေမယ့်လည်း Dean ဟာ သူ့ရဲ့အဖေကို အမြဲတမ်း လေးစားချစ်ခင်ခဲ့ပါတယ်။ John ကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အိမ်ရယ်လို့ အတည်တကျလည်း နေထိုင်ခွင့်မရခဲ့သလို ဖခင်အဖြစ်လည်း သူတို့အနားမှာ ရှိမနေခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Dean ဟာ ကလေးအရွယ် ဖြစ်နေပေမယ့်လည်း Sam ကို အစ်ကိုတစ်ယောက်လိုရော၊ အဖေတစ်ယောက်လိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ ဒုတိယ season ထဲမှာတော့ Dean ကို ပထမပုံစံနဲ့ မြင်တွေ့နေရပေမယ့်လည်း မိသားစုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်တွေကို ပိုပြီးတော့ သိမြင်ခဲ့ရပါတယ်။

Season 3: ညီလေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့သူ
photo via screenrant

တတိယ season မှာတော့ Dean ဟာ Sam ကို အသက်ပြန်သွင်းပေးဖို့အတွက် မကောင်းဆိုးဝါးနဲ့ အပေးအယူ လုပ်ခဲ့ရပါတယ်။ အဲ့ဒီအပေးအယူကတော့ Sam ကို အသက်ပြန်သွင်းပြီးရင် Dean ဟာ အချိန်တစ်နှစ်သာ အသက်ရှင်နိုင်မှာဖြစ်ပြီး အချိန်ပြည့်သွားရင် ငရဲကို သွားရမှာ ဖြစ်ပါတယ်။ အစ်ကိုကြီး ပီသလွန်းတဲ့ Dean ဟာ သူ့ရဲ့ခံစားချက် အစစ်အမှန်တွေနဲ့ အဖြစ်မှန်တွေကို Sam ကို မပြောပြခဲ့ဘဲ ကျန်ရှိနေတဲ့ အချိန်တစ်နှစ်ကို Sam နဲ့အတူ ကုန်ဆုံးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Season 4 & 5: ညီလေးကို စောင့်ရှောက်ပေးသူ
photo via screenrant

Season 4 မှာတော့ Dean ဟာ ငရဲပြည်ကနေ ပြန်ရောက်လာပေမယ့်လည်း ငရဲပြည်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် စိတ်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူခံစားနေရတာကို ဖုံးကွယ်ထားပြီး Sam ရဲ့ရှေ့မှာတော့ အဆင်ပြေနေသလိုပဲ နေထိုင်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲ့လိုခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နေရင်းနဲ့ Sam ကို Lucifer လက်ထဲ မကျရောက်သွားအောင် အသည်းအသန် ကြိုးစားခဲ့ပါသေးတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Castiel နဲ့ စတင်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။

Season 6 & 7: သန်မာလွန်းတဲ့ အစ်ကိုကြီး
photo via screenrant

Season 6 ထဲမှာတော့ Sam ဟာ Lucifer ရဲ့လှောင်အိမ်ကနေ ပြန်ထွက်လာနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ soul ကတော့ သူနဲ့အတူ မပါလာခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Dean နဲ့ Bobby တို့ဟာ Sam ရဲ့ soul ကို ပြန်လည်ရယူဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ Sam ရဲ့ soul ကို ပြန်လည်ရရှိပြီးတဲ့ နောက်မှာလည်း Sam ခံစားနေရတဲ့ စိတ်ဒဏ်ရာတွေအတွက် Dean ဟာ အစ်ကိုကြီးတစ်ယောက်အနေနဲ့ အနားမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့လိုမျိူး Sam ရဲ့အနားမှာ ရှိနေဖို့အတွက် သူ့ရဲ့သာမန်ဘဝကိုလည်း ခက်ခက်ခဲခဲနဲ့ စွန့်လွှတ်ခဲ့ရပါသေးတယ်။

Season 7 မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ အဖေလိုဖြစ်နေတဲ့ Bobby ရဲ့သေဆုံးမှုကလည်း Dean အတွက် သိပ်ကို ဝမ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Dean ဟာ ဒီခက်ခဲတဲ့အချိန်တွေကိုလည်း ကျော်ဖြတ်ခဲ့ပြီး Sam ရဲ့အနားမှာ အစ်ကိုတစ်ယောက် ပီသစွာနဲ့ နေထိုင်ခဲ့ပါတယ်။

Season 8: ရင့်ကျက်လာသူ
photo via screenrant

Dean ဟာ အပေါ်က ဖော်ပြထားတဲ့ ဖြစ်ရပ်တွေကို တွေ့ကြုံခဲ့တဲ့အပြင် Purgatory ကိုပါ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် Purgatory က ထွက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အများကြီး ရင့်ကျက်သွားခဲ့ပါတယ်။ အကြောင်းကတော့ Purgatory ထဲမှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ Castiel ကိုလည်း မကယ်တင်နိုင်ခဲ့တာတွေကြောင့် ဖြစ်ပါတယ်။ ဒီလို စိတ်မကောင်းစရာ အဖြစ်အပျက်တွေမျိူးစုံ ကြုံတွေ့နေခဲ့ရပေမယ့်လည်း Benny လို သူငယ်ချင်းကိုလည်း ရရှိခဲ့ပါတယ်။ အရင်က Dean ဆိုရင်တော့ သွေးစုပ်ဖုတ်ကောင်ကို တွေ့ရင် နှစ်ခါမစဉ်းစားဘဲ သတ်ပစ်မှာ ဖြစ်ပေမယ့်လည်း Purgatory ထဲက အတွေ့အကြုံတွေကြောင့် Benny နဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

Season 9 & 10: မကောင်းဆိုးဝါး ဖြစ်လာခဲ့သူ
photo via screenrant

Dean ၊ Sam နဲ့ Castiel တို့ဟာ Crowley နဲ့ ပူးပေါင်းပြီးတော့ Abaddon ကို တိုက်ခိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Dean အတွက် အရာအားလုံးဟာ ပိုပြီးတော့ ခက်ခဲလာခဲ့ပါတယ်။ အကြောင်းကတော့ Cain ကိုလည်း အနိုင်ရဖို့အတွက် တိုက်ခိုက်ခဲ့ရတဲ့အပြင် သူဟာ Cain ရဲ့အမှတ်အသားကိုလည်း လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီအမှတ်အသားကြောင့်ပဲ သူဟာ တဖြည်းဖြည်းနဲ့ အကြမ်းဖက်လာပြီးတော့ နောက်ဆုံးမှာ သူကိုယ်တိုင်ဟာ မကောင်းဆိုးဝါး ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် season 10 မှာတော့ Dean ရဲ့ အမှောင်ခြမ်းကို မြင်တွေ့ရမှာ ဖြစ်ပြီး အဲ့ဒီ season ဟာ Dean အတွက် Dark အဖြစ်ဆုံး season တွေထဲမှာ ပါတယ်လို့တောင် ပြောလို့ရပါတယ်။

Season 11: မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့သူ
photo via screenrant

Season 11 မှာတော့ Dean ဆီက Cain ရဲ့အမှတ်အသားကို အောင်မြင်စွာနဲ့ ဖျက်ပစ်နိုင်ခဲ့ပေမယ့်လည်း အဲ့ဒီအမှတ်အသား ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့ Darkness ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Dean ဟာ Darkness နဲ့ ရှင်းမပြနိုင်တဲ့ ဆက်သွယ်မှုတစ်ခု ရှိနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ Darkness ကို ဘယ်လိုအနိုင်ယူရမလည်း ဆိုပြီးတော့ စဉ်းစားနေခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်လို သာမန်လူသားတွေအနေနဲ့တော့ Darkness ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေမယ့်လည်း Darkness ကို အနိုင်ယူဖို့ နည်းလမ်းကို စဉ်းစားခဲ့ပါတယ်။

Season 12 & 13: ဘယ်အရာကိုမှ လွယ်လွယ်နဲ့ မယုံကြည်တော့သူ
photo via screenrant

Season 12 မှာတော့ Darkness ဟာ Mary ကို အသက်ပြန်သွင်းပေးခဲ့တာကြောင့် Dean ဟာ အချိန်တွေ အကြာကြီးနေပြီးတော့မှ သူ့ရဲ့အမေကို ပြန်တွေ့ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်တည်းမှာပဲ သူတို့တွေဟာ ဗြိတိသျှအက္ခရာလူသားတွေနဲ့ တိုက်ခိုက်ခဲ့ရပါသေးတယ်။ Season 13 မှာတော့ Lucifer ရဲ့သားဖြစ်သူ Jack စတင်ပါဝင်လာခဲ့ပြီး အစတုန်းက Dean ဟာ Jack ကို ယုံကြည်မှု မရှိပေမယ့်လည်း နောက်ပိုင်းမှာတော့ အဖေတစ်ယောက်လို ဖြစ်လာခဲ့ပါတယ်။

Season 14: ဗီလိန်ဖြစ်လာခဲ့သူ
photo via screenrant

Season 14 ထဲမှာတော့ Dean ဟာ Michael ပူးကပ်တာကို ခံခဲ့ရပြီး ဇာတ်လမ်းရဲ့ ဒုတိယဗီလိန် ဖြစ်လာခဲ့ပါတယ်။ ဒီ season ထဲမှာတော့ Dean ဟာ အရင်လို ပေါ့ပျက်ပျက်နဲ့ ဟာသတွေလုပ်နေတဲ့ပုံစံ လုံးဝမဟုတ်တော့ဘဲ အရင်တုန်းကထက် အများကြီး ပိုပြီးရင့်ကျက်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒီ season မှာ Michael ဝင်ပူးထားတဲ့ Dean ရဲ့ပုံစံဟာ အရင်ကပုံစံနဲ့ လုံးဝမတူဘဲ ထူးခြားတဲ့ ပုံစံတစ်မျိူးကို မြင်တွေ့ခဲ့ရပါတယ်။

Season 15: ဘုရားသခင်ကို အံတုမယ့်သူ
photo via screenrant

ဒီ season ကတော့ ဇာတ်သိမ်းလည်း ဖြစ်တာကြောင့် သူတို့ညီအစ်ကိုနှစ်ယောက် ရင်ဆိုင်ရမယ့် ရန်သူဟာ ကမ္ဘာကို ဖျက်ဆီးဖို့ စီစဉ်နေတဲ့ ဘုရားသခင်ပဲ ဖြစ်ပါတယ်။ ဒီ season ရဲ့အစမှာတော့ Dean ကို အရင်တုန်းကလို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလုပ်တဲ့ ပုံစံမျိူး မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူတို့တွေဟာ ဘုရားသခင်ကိုယ်တိုင်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် Dean ရဲ့ပုံစံဟာ လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့ အစတုန်းက သာမန်လူတစ်ယောက်ဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့ အစ်ကိုကြီးတစ်ယောက် အဖြစ်ကနေ နောက်ဆုံးမှာတော့ အတွေ့အကြုံ ပေါင်းစုံကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အများကြီး ပြောင်းလဲသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အခုလို ဇာတ်လမ်းအရှည်ကြီးမှာ ဇာတ်ကောင်တွေဟာ ပြောင်းလဲလာမယ်ဆိုတာကို လူတိုင်းသိကြပေမယ့်လည်း ဘုရားသခင်ကိုတောင် အံတုဖို့ အဆင်သင့် ဖြစ်နေတဲ့အထိ ပြောင်းလဲလာမယ်လို့တော့ ဘယ်သူကမှ မထင်ခဲ့ကြပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Supernatural ဇာတ္လမ္းတြဲဟာ CW ႐ုပ္သံလိုင္းကေန (၁၅)ႏွစ္ၾကာ ထုတ္လႊင့္ေနတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ အဲ့ဒီထဲက အဓိက ဇာတ္ေကာင္ႏွစ္ေယာက္ျဖစ္တဲ့ Sam နဲ႔ Dean တို႔ဟာ ညီအစ္ကိုႏွစ္ေယာက္ ျဖစ္ေပမယ့္လည္း သူတို႔မွာ မတူညီတဲ့ အခ်က္ေတြ ရွိပါတယ္။ ဒါ့အျပင္ ဇာတ္လမ္း စတင္တုန္းကပုံစံနဲ႔ အခုေနာက္ဆုံး season က ပုံစံမွာလည္း ဇာတ္ေကာင္ေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာေတြလည္း မတူညီေတာ့တာကို ေတြ႕ရပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ဇာတ္လမ္းတစ္ေလွ်ာက္မွာ Dean ရဲ႕ ေျပာင္းလဲလာတဲ့ ပုံစံေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Season 1: အစအေနာက္သန္တဲ့ အစ္ကိုႀကီး
photo via screenrant

ပထမ season မွာေတာ့ Dean ကို အစအေနာက္သန္ၿပီးေတာ့ ေပ်ာ္တတ္တဲ့ အစ္ကိုတစ္ေယာက္ ပုံစံမ်ိဴးနဲ႔ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Dean ဟာ Sam ထက္ ပိုၿပီးေတာ့ ႐ိုးရွင္းတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး သူဟာ အလြယ္စားလို႔ရတဲ့ အစားအစာေတြ၊ ပိုင္မုန႔္နဲ႔ မိန္းကေလးေတြကို ႀကိဳက္ႏွစ္သက္သူ ျဖစ္ပါတယ္။ Dean ဟာ သူ႔အတြက္ကိုေတာ့ ဘာကိုမွ သိပ္ၿပီး စဥ္းစားထားတာ မရွိေပမယ့္လည္း Sam ကိုေတာ့ အေတာ္ေလး အေလးထားသူ ျဖစ္ပါတယ္။

Season 2: သားလိမၼာတစ္ေယာက္
photo via screenrant

John ဟာ သူတို႔ငယ္ဘဝကတည္းက ဖခင္တာဝန္ သိပ္မေက်ပြန္ခဲ့တဲ့ ဖခင္တစ္ေယာက္လို႔ ေျပာလို႔ရေပမယ့္လည္း Dean ဟာ သူ႔ရဲ႕အေဖကို အၿမဲတမ္း ေလးစားခ်စ္ခင္ခဲ့ပါတယ္။ John ေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ အိမ္ရယ္လို႔ အတည္တက်လည္း ေနထိုင္ခြင့္မရခဲ့သလို ဖခင္အျဖစ္လည္း သူတို႔အနားမွာ ရွိမေနခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Dean ဟာ ကေလးအ႐ြယ္ ျဖစ္ေနေပမယ့္လည္း Sam ကို အစ္ကိုတစ္ေယာက္လိုေရာ၊ အေဖတစ္ေယာက္လိုပါ ေစာင့္ေရွာက္ခဲ့ရပါတယ္။ ဒုတိယ season ထဲမွာေတာ့ Dean ကို ပထမပုံစံနဲ႔ ျမင္ေတြ႕ေနရေပမယ့္လည္း မိသားစုနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕ခံစားခ်က္ေတြကို ပိုၿပီးေတာ့ သိျမင္ခဲ့ရပါတယ္။

Season 3: ညီေလးအတြက္ အသက္ကိုစြန႔္လႊတ္ခဲ့သူ
photo via screenrant

တတိယ season မွာေတာ့ Dean ဟာ Sam ကို အသက္ျပန္သြင္းေပးဖို႔အတြက္ မေကာင္းဆိုးဝါးနဲ႔ အေပးအယူ လုပ္ခဲ့ရပါတယ္။ အဲ့ဒီအေပးအယူကေတာ့ Sam ကို အသက္ျပန္သြင္းၿပီးရင္ Dean ဟာ အခ်ိန္တစ္ႏွစ္သာ အသက္ရွင္ႏိုင္မွာျဖစ္ၿပီး အခ်ိန္ျပည့္သြားရင္ ငရဲကို သြားရမွာ ျဖစ္ပါတယ္။ အစ္ကိုႀကီး ပီသလြန္းတဲ့ Dean ဟာ သူ႔ရဲ႕ခံစားခ်က္ အစစ္အမွန္ေတြနဲ႔ အျဖစ္မွန္ေတြကို Sam ကို မေျပာျပခဲ့ဘဲ က်န္ရွိေနတဲ့ အခ်ိန္တစ္ႏွစ္ကို Sam နဲ႔အတူ ကုန္ဆုံးသြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

Season 4 & 5: ညီေလးကို ေစာင့္ေရွာက္ေပးသူ
photo via screenrant

Season 4 မွာေတာ့ Dean ဟာ ငရဲျပည္ကေန ျပန္ေရာက္လာေပမယ့္လည္း ငရဲျပည္မွာ ေတြ႕ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေတြေၾကာင့္ စိတ္ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူခံစားေနရတာကို ဖုံးကြယ္ထားၿပီး Sam ရဲ႕ေရွ႕မွာေတာ့ အဆင္ေျပေနသလိုပဲ ေနထိုင္ျပခဲ့ပါတယ္။ ဒါ့အျပင္ အဲ့လိုခက္ခဲတဲ့ အခ်ိန္ေတြကို ေက်ာ္ျဖတ္ေနရင္းနဲ႔ Sam ကို Lucifer လက္ထဲ မက်ေရာက္သြားေအာင္ အသည္းအသန္ ႀကိဳးစားခဲ့ပါေသးတယ္။ အဲ့ဒီအခ်ိန္မွာပဲ သူ႔ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ Castiel နဲ႔ စတင္ေတြ႕ဆုံခဲ့တာလည္း ျဖစ္ပါတယ္။

Season 6 & 7: သန္မာလြန္းတဲ့ အစ္ကိုႀကီး
photo via screenrant

Season 6 ထဲမွာေတာ့ Sam ဟာ Lucifer ရဲ႕ေလွာင္အိမ္ကေန ျပန္ထြက္လာႏိုင္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ soul ကေတာ့ သူနဲ႔အတူ မပါလာခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Dean နဲ႔ Bobby တို႔ဟာ Sam ရဲ႕ soul ကို ျပန္လည္ရယူဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားခဲ့ၾကပါတယ္။ Sam ရဲ႕ soul ကို ျပန္လည္ရရွိၿပီးတဲ့ ေနာက္မွာလည္း Sam ခံစားေနရတဲ့ စိတ္ဒဏ္ရာေတြအတြက္ Dean ဟာ အစ္ကိုႀကီးတစ္ေယာက္အေနနဲ႔ အနားမွာ ရွိေနခဲ့ပါတယ္။ ဒါ့အျပင္ အဲ့လိုမ်ိဴး Sam ရဲ႕အနားမွာ ရွိေနဖို႔အတြက္ သူ႔ရဲ႕သာမန္ဘဝကိုလည္း ခက္ခက္ခဲခဲနဲ႔ စြန႔္လႊတ္ခဲ့ရပါေသးတယ္။

Season 7 မွာေတာ့ သူတို႔ႏွစ္ေယာက္လုံးရဲ႕ အေဖလိုျဖစ္ေနတဲ့ Bobby ရဲ႕ေသဆုံးမႈကလည္း Dean အတြက္ သိပ္ကို ဝမ္းနည္းစရာ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ Dean ဟာ ဒီခက္ခဲတဲ့အခ်ိန္ေတြကိုလည္း ေက်ာ္ျဖတ္ခဲ့ၿပီး Sam ရဲ႕အနားမွာ အစ္ကိုတစ္ေယာက္ ပီသစြာနဲ႔ ေနထိုင္ခဲ့ပါတယ္။

Season 8: ရင့္က်က္လာသူ
photo via screenrant

Dean ဟာ အေပၚက ေဖာ္ျပထားတဲ့ ျဖစ္ရပ္ေတြကို ေတြ႕ႀကဳံခဲ့တဲ့အျပင္ Purgatory ကိုပါ ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္ Purgatory က ထြက္လာတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ အမ်ားႀကီး ရင့္က်က္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Purgatory ထဲမွာ ေတြ႕ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ေတြနဲ႔ Castiel ကိုလည္း မကယ္တင္ႏိုင္ခဲ့တာေတြေၾကာင့္ ျဖစ္ပါတယ္။ ဒီလို စိတ္မေကာင္းစရာ အျဖစ္အပ်က္ေတြမ်ိဴးစုံ ႀကဳံေတြ႕ေနခဲ့ရေပမယ့္လည္း Benny လို သူငယ္ခ်င္းကိုလည္း ရရွိခဲ့ပါတယ္။ အရင္က Dean ဆိုရင္ေတာ့ ေသြးစုပ္ဖုတ္ေကာင္ကို ေတြ႕ရင္ ႏွစ္ခါမစဥ္းစားဘဲ သတ္ပစ္မွာ ျဖစ္ေပမယ့္လည္း Purgatory ထဲက အေတြ႕အႀကဳံေတြေၾကာင့္ Benny နဲ႔ သူငယ္ခ်င္းေကာင္းေတြ ျဖစ္လာခဲ့ပါတယ္။

Season 9 & 10: မေကာင္းဆိုးဝါး ျဖစ္လာခဲ့သူ
photo via screenrant

Dean ၊ Sam နဲ႔ Castiel တို႔ဟာ Crowley နဲ႔ ပူးေပါင္းၿပီးေတာ့ Abaddon ကို တိုက္ခိုက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Dean အတြက္ အရာအားလုံးဟာ ပိုၿပီးေတာ့ ခက္ခဲလာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Cain ကိုလည္း အႏိုင္ရဖို႔အတြက္ တိုက္ခိုက္ခဲ့ရတဲ့အျပင္ သူဟာ Cain ရဲ႕အမွတ္အသားကိုလည္း လက္ခံရရွိခဲ့ပါတယ္။ အဲ့ဒီအမွတ္အသားေၾကာင့္ပဲ သူဟာ တျဖည္းျဖည္းနဲ႔ အၾကမ္းဖက္လာၿပီးေတာ့ ေနာက္ဆုံးမွာ သူကိုယ္တိုင္ဟာ မေကာင္းဆိုးဝါး ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ season 10 မွာေတာ့ Dean ရဲ႕ အေမွာင္ျခမ္းကို ျမင္ေတြ႕ရမွာ ျဖစ္ၿပီး အဲ့ဒီ season ဟာ Dean အတြက္ Dark အျဖစ္ဆုံး season ေတြထဲမွာ ပါတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

Season 11: မျဖစ္ႏိုင္တာကို ျဖစ္ေအာင္လုပ္ခဲ့သူ
photo via screenrant

Season 11 မွာေတာ့ Dean ဆီက Cain ရဲ႕အမွတ္အသားကို ေအာင္ျမင္စြာနဲ႔ ဖ်က္ပစ္ႏိုင္ခဲ့ေပမယ့္လည္း အဲ့ဒီအမွတ္အသား ေပ်ာက္ဆုံးသြားတဲ့ အခ်ိန္မွာေတာ့ Darkness ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Dean ဟာ Darkness နဲ႔ ရွင္းမျပႏိုင္တဲ့ ဆက္သြယ္မႈတစ္ခု ရွိေနခဲ့ပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္တည္းမွာပဲ Darkness ကို ဘယ္လိုအႏိုင္ယူရမလည္း ဆိုၿပီးေတာ့ စဥ္းစားေနခဲ့ပါတယ္။ သူတို႔ညီအစ္ကိုႏွစ္ေယာက္လို သာမန္လူသားေတြအေနနဲ႔ေတာ့ Darkness ကို ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ေပမယ့္လည္း Darkness ကို အႏိုင္ယူဖို႔ နည္းလမ္းကို စဥ္းစားခဲ့ပါတယ္။

Season 12 & 13: ဘယ္အရာကိုမွ လြယ္လြယ္နဲ႔ မယုံၾကည္ေတာ့သူ
photo via screenrant

Season 12 မွာေတာ့ Darkness ဟာ Mary ကို အသက္ျပန္သြင္းေပးခဲ့တာေၾကာင့္ Dean ဟာ အခ်ိန္ေတြ အၾကာႀကီးေနၿပီးေတာ့မွ သူ႔ရဲ႕အေမကို ျပန္ေတြ႕ခြင့္ ရရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း တစ္ခ်ိန္တည္းမွာပဲ သူတို႔ေတြဟာ ၿဗိတိသွ်အကၡရာလူသားေတြနဲ႔ တိုက္ခိုက္ခဲ့ရပါေသးတယ္။ Season 13 မွာေတာ့ Lucifer ရဲ႕သားျဖစ္သူ Jack စတင္ပါဝင္လာခဲ့ၿပီး အစတုန္းက Dean ဟာ Jack ကို ယုံၾကည္မႈ မရွိေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေဖတစ္ေယာက္လို ျဖစ္လာခဲ့ပါတယ္။

Season 14: ဗီလိန္ျဖစ္လာခဲ့သူ
photo via screenrant

Season 14 ထဲမွာေတာ့ Dean ဟာ Michael ပူးကပ္တာကို ခံခဲ့ရၿပီး ဇာတ္လမ္းရဲ႕ ဒုတိယဗီလိန္ ျဖစ္လာခဲ့ပါတယ္။ ဒီ season ထဲမွာေတာ့ Dean ဟာ အရင္လို ေပါ့ပ်က္ပ်က္နဲ႔ ဟာသေတြလုပ္ေနတဲ့ပုံစံ လုံးဝမဟုတ္ေတာ့ဘဲ အရင္တုန္းကထက္ အမ်ားႀကီး ပိုၿပီးရင့္က်က္တဲ့ လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ဒီ season မွာ Michael ဝင္ပူးထားတဲ့ Dean ရဲ႕ပုံစံဟာ အရင္ကပုံစံနဲ႔ လုံးဝမတူဘဲ ထူးျခားတဲ့ ပုံစံတစ္မ်ိဴးကို ျမင္ေတြ႕ခဲ့ရပါတယ္။

Season 15: ဘုရားသခင္ကို အံတုမယ့္သူ
photo via screenrant

ဒီ season ကေတာ့ ဇာတ္သိမ္းလည္း ျဖစ္တာေၾကာင့္ သူတို႔ညီအစ္ကိုႏွစ္ေယာက္ ရင္ဆိုင္ရမယ့္ ရန္သူဟာ ကမာၻကို ဖ်က္ဆီးဖို႔ စီစဥ္ေနတဲ့ ဘုရားသခင္ပဲ ျဖစ္ပါတယ္။ ဒီ season ရဲ႕အစမွာေတာ့ Dean ကို အရင္တုန္းကလို ေပါ့ေပါ့ပါးပါးနဲ႔ ဟာသလုပ္တဲ့ ပုံစံမ်ိဴး ျမင္ေတြ႕ခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ေတြဟာ ဘုရားသခင္ကိုယ္တိုင္နဲ႔ ရင္ဆိုင္ရမွာ ျဖစ္တာေၾကာင့္ Dean ရဲ႕ပုံစံဟာ လုံးဝကို ေျပာင္းလဲသြားခဲ့ပါတယ္။

ဒီဇာတ္လမ္းရဲ႕ အစတုန္းက သာမန္လူတစ္ေယာက္ျဖစ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ အစ္ကိုႀကီးတစ္ေယာက္ အျဖစ္ကေန ေနာက္ဆုံးမွာေတာ့ အေတြ႕အႀကဳံ ေပါင္းစုံေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာပါ အမ်ားႀကီး ေျပာင္းလဲသြားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ အခုလို ဇာတ္လမ္းအရွည္ႀကီးမွာ ဇာတ္ေကာင္ေတြဟာ ေျပာင္းလဲလာမယ္ဆိုတာကို လူတိုင္းသိၾကေပမယ့္လည္း ဘုရားသခင္ကိုေတာင္ အံတုဖို႔ အဆင္သင့္ ျဖစ္ေနတဲ့အထိ ေျပာင္းလဲလာမယ္လို႔ေတာ့ ဘယ္သူကမွ မထင္ခဲ့ၾကပါဘူး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular