HomeCelebs Update NewsInternationalစေ့စပ်ပြီးနှစ်လအကြာမှာ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Demi Lovato နဲ့ Max Ehrich 

စေ့စပ်ပြီးနှစ်လအကြာမှာ လမ်းခွဲလိုက်ပြီဖြစ်တဲ့ Demi Lovato နဲ့ Max Ehrich 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အဆိုတော် Demi Lovato နဲ့ သရုပ်ဆောင် Max Ehrich တို့ဟာ စေ့စပ်ပြီး နှစ်လအကြာမှာ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ Demi နဲ့ Max တို့ နှစ်ယောက်လုံးနဲ့ နီးစပ်တဲ့ အတွင်းလူတစ်ယောက်က ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းအရ ချစ်သူနှစ်ယောက်ဟာ ခေါင်းစဉ်တပ်ရခက်တဲ့ အသေးအဖွဲကိစ္စလေးတွေမှာ ဆတ်ဆတ်ထိမခံ ဖြစ်လာကြလို့ပါလို့ ဆိုထားပါတယ်။ ဒါဟာ ဇူလိုင်လက စေ့စပ်ပြီးတဲ့နောက် နှစ်လခန့်အကြာမှာ အခုလို လမ်းခွဲလိုက်ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ယခုနှစ်အစပိုင်းကမှ စတွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။

Photo: ddlovato/ Instagram

အသက်(၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Demi Lovato ဟာ Disney Channel က ထုတ်လွှင့်ခဲ့တဲ့ Camp Rock ဇာတ်ကားနဲ့ တဟုန်ထိုး အောင်မြင်လာပြီးနောက်မှာ gold album နဲ့ platinum album တွေကို ထုတ်လုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက်ဆိုရင်တော့ ဆင်ဂယ်လ်အပုဒ်ရေများစွာကို ထုတ်လုပ်ထားပြီး Super Bowl ပွဲမှာ ဖျော်ဖြေခဲ့သလို ဂရမ်မီဆုပေးပွဲမှာလည်း ဖျော်ဖြေခဲ့ပါတယ်။

Demi ဟာ ၂၀၁၈ခုနှစ် ဇူလိုင်လမှာ ဆေးလွန်ပြီးသွားတည်းက လူထုမျက်စိရှေ့က ခေတ္တအနားယူပြီး သူမရဲ့ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အာရုံစိုက်နေခဲ့တာ ဖြစ်ပါတယ်။

Photo: ddlovato/ Instagram

အသက်(၂၉)နှစ်အရွယ် Max ကတော့ Young and Restless ရှိုးနဲ့ EMMY ဆုများစွာကို စံကာတင်ဝင်ထားသူဖြစ်ပြီး လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားသလို သီချင်းတွေလည်း ထွက်ဖို့ လုပ်နေပါတယ်။

Demi ဟာ eating disorder ဖြစ်ခဲ့ရုံသာမက အရက်၊ မူးယစ်ဆေးဝါးနဲ့ မိမိကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်တတ်တဲ့ စိတ်ရောဂါတို့ကို ခံစားခဲ့ရပြီး အဲ့ဒါတွေကနေ ပြန်လည်ထူထောင်လာဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို ဝန်ခံထားသူလည်း ဖြစ်ပါတယ်။

Glasgow

Source: indianexpress

(Zawgyi Version)

အဆိုေတာ္ Demi Lovato နဲ႔ သ႐ုပ္ေဆာင္ Max Ehrich တို႔ဟာ ေစ့စပ္ၿပီး ႏွစ္လအၾကာမွာ လမ္းခြဲလိုက္ၾကၿပီ ျဖစ္ပါတယ္။

ဒီသတင္းကိုေတာ့ Demi နဲ႔ Max တို႔ ႏွစ္ေယာက္လုံးနဲ႔ နီးစပ္တဲ့ အတြင္းလူတစ္ေယာက္က ၾကာသပေတးေန႔မွာ ထုတ္ေဖာ္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ အဆိုပါ သတင္းအရ ခ်စ္သူႏွစ္ေယာက္ဟာ ေခါင္းစဥ္တပ္ရခက္တဲ့ အေသးအဖြဲကိစၥေလးေတြမွာ ဆတ္ဆတ္ထိမခံ ျဖစ္လာၾကလို႔ပါလို႔ ဆိုထားပါတယ္။ ဒါဟာ ဇူလိုင္လက ေစ့စပ္ၿပီးတဲ့ေနာက္ ႏွစ္လခန႔္အၾကာမွာ အခုလို လမ္းခြဲလိုက္ၾကတာလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ယခုႏွစ္အစပိုင္းကမွ စတြဲခဲ့ၾကတာလည္း ျဖစ္ပါတယ္။

Photo: ddlovato/ Instagram

အသက္(၂၈)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Demi Lovato ဟာ Disney Channel က ထုတ္လႊင့္ခဲ့တဲ့ Camp Rock ဇာတ္ကားနဲ႔ တဟုန္ထိုး ေအာင္ျမင္လာၿပီးေနာက္မွာ gold album နဲ႔ platinum album ေတြကို ထုတ္လုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ယခုႏွစ္အတြက္ဆိုရင္ေတာ့ ဆင္ဂယ္လ္အပုဒ္ေရမ်ားစြာကို ထုတ္လုပ္ထားၿပီး Super Bowl ပြဲမွာ ေဖ်ာ္ေျဖခဲ့သလို ဂရမ္မီဆုေပးပြဲမွာလည္း ေဖ်ာ္ေျဖခဲ့ပါတယ္။

Demi ဟာ ၂၀၁၈ခုႏွစ္ ဇူလိုင္လမွာ ေဆးလြန္ၿပီးသြားတည္းက လူထုမ်က္စိေရွ႕က ေခတၱအနားယူၿပီး သူမရဲ႕က်န္းမာေရးနဲ႔ ျပန္လည္ထူေထာင္ေရးအတြက္ အာ႐ုံစိုက္ေနခဲ့တာ ျဖစ္ပါတယ္။

Photo: ddlovato/ Instagram

အသက္(၂၉)ႏွစ္အ႐ြယ္ Max ကေတာ့ Young and Restless ရႈိးနဲ႔ EMMY ဆုမ်ားစြာကို စံကာတင္ဝင္ထားသူျဖစ္ၿပီး လက္ရွိမွာလည္း ဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ထားသလို သီခ်င္းေတြလည္း ထြက္ဖို႔ လုပ္ေနပါတယ္။

Demi ဟာ eating disorder ျဖစ္ခဲ့႐ုံသာမက အရက္၊ မူးယစ္ေဆးဝါးနဲ႔ မိမိကိုယ္ကိုယ္ နာက်င္ေအာင္ ျပဳလုပ္တတ္တဲ့ စိတ္ေရာဂါတို႔ကို ခံစားခဲ့ရၿပီး အဲ့ဒါေတြကေန ျပန္လည္ထူေထာင္လာဖို႔ ႐ုန္းကန္ခဲ့ရတဲ့အေၾကာင္းကို ဝန္ခံထားသူလည္း ျဖစ္ပါတယ္။

Glasgow

Source: indianexpress

RELATED ARTICLES

Most Popular