HomeCelebs Update NewsInternationalသမီးတွေနဲ့အပြိုင် လှပနေဆဲ မင်းသမီးကြီး Demi Moore 

သမီးတွေနဲ့အပြိုင် လှပနေဆဲ မင်းသမီးကြီး Demi Moore 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်ခေတ်တစ်ခါက ပုရိသတွေရဲ့ အသည်းစွဲ နာမည်ကြီး မင်းသမီးချော ဖြစ်ခဲ့တဲ့ Demi Moore ဟာ လက်ရှိအချိန်ထိလည်း ယုံကြည်မှုအပြည့်နဲ့ လှပနေဆဲ ဖြစ်ပါတယ်။ Demi Moore ကတော့ မြန်မာပရိသတ်တွေကြားမှာ Ghost ဇာတ်ကားနဲ့‌ လူသိများသူ ဖြစ်ပါတယ်။

အသက်(၅၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးကြီးဟာ သူမရဲ့ သမီးချော သုံးယောက်နဲ့အတူ ရေကူးဝတ်စုံနဲ့ အပြိုင်ကြဲကာ လှနေတာ ဖြစ်ပါတယ်။

Photo: demimoore/ Instagram

သူမရဲ့ သမီးသုံးယောက်ကတော့ အသက်(၃၂)နှစ်အရွယ် Rumer ၊ (၂၇)နှစ်အရွယ် Tallulah နဲ့ (၂၉)နှစ်အရွယ် Scout တို့ ဖြစ်ပါတယ်။ သူတို့သုံးယောက်စလုံးရဲ့ ဖခင်ကတော့ နာမည်ကျော် မင်းသားကြီး Bruce Willis ပဲ ဖြစ်ပါတယ်။ Demi နဲ့ Bruce တို့ဟာ ၁၉၈၇ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၀၀ခုနှစ်မှာ ကွာရှင်း ပြတ်စဲခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အချင်းချင်း ကွာရှင်းခဲ့ကြပေမယ့် သမီးတွေနဲ့ သူတို့အဖေကတော့ ယနေ့အချိန်အထိ ရင်းနှီး နွေးထွေးတဲ့ ဆက်ဆံရေး ရှိနေပြီး အားလပ်ရက်တွေမှာလည်း အတူတူ အချိန်ကုန်ဆုံးလေ့ ရှိကြပါတယ်။

Photo: demimoore/ Instagram

Demi Moore ဟာ သူမရဲ့ ဆိုရှယ်မီဒီယာ ကမ်ပိန်းတစ်ခုအတွက် အခုလို ရေကူးဝတ်စုံနဲ့ ပို့စ်ပေးထားတာ ဖြစ်ပြီး သမီးတွေကလည်း အမေတူတွေဆိုတဲ့အတိုင်း ရိုးရှင်းစွာနဲ့ လှပနေကြတာ ဖြစ်ပါတယ်။ သူမတို့ရဲ့ ရုပ်သွင်ပြင်ကိုသာ သေသေချာချာ မသိထားဘူးဆိုရင် တကယ့် ညီအစ်မတွေအတိုင်း လန်းဆန်း ပျိုမျစ် နုနယ်နေတာကို တွေ့ရမှာပါ။

Photo: demimoore/ Instagram

ပုံထဲက အဖြူရောင် ရေကူးဝတ်စုံကို ဝတ်ဆင်ထားသူကတော့ Rumer ဖြစ်ပြီး အနီရောင်ကို ဝတ်ဆင်ထားသူကတော့ Tallulah ဖြစ်ပါတယ်။ မီးခိုးရောင် ဝတ်ဆင်ထားသူကတော့ Scout ဖြစ်ပြီး အနက်ရောင်ကို ဝတ်ဆင်ထားသူကတော့ မေမေ Demi ပဲ ဖြစ်ပါတယ်။

Photo: demi.moore/ Instagram

အသက်(၆၀)ပြည့်ကာနီးပေမယ့် သမီးတွေနဲ့အပြိုင် လှနေဆဲ Demi ကတော့ တချိန်က အလှနတ်သမီးတစ်ပါးဆိုတာ ထင်မှတ်မှားစရာ မရှိပါဘူးလို့ ဆိုရင်း … ။

Glasgow

Source: hollywoodlife

(Zawgyi Version)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။တစ္ေခတ္တစ္ခါက ပုရိသေတြရဲ႕ အသည္းစြဲ နာမည္ႀကီး မင္းသမီးေခ်ာ ျဖစ္ခဲ့တဲ့ Demi Moore ဟာ လက္ရွိအခ်ိန္ထိလည္း ယုံၾကည္မႈအျပည့္နဲ႔ လွပေနဆဲ ျဖစ္ပါတယ္။ Demi Moore ကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ Ghost ဇာတ္ကားနဲ႔‌ လူသိမ်ားသူ ျဖစ္ပါတယ္။

အသက္(၅၈)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီးႀကီးဟာ သူမရဲ႕ သမီးေခ်ာ သုံးေယာက္နဲ႔အတူ ေရကူးဝတ္စုံနဲ႔ အၿပိဳင္ႀကဲကာ လွေနတာ ျဖစ္ပါတယ္။

Photo: demimoore/ Instagram

သူမရဲ႕ သမီးသုံးေယာက္ကေတာ့ အသက္(၃၂)ႏွစ္အ႐ြယ္ Rumer ၊ (၂၇)ႏွစ္အ႐ြယ္ Tallulah နဲ႔ (၂၉)ႏွစ္အ႐ြယ္ Scout တို႔ ျဖစ္ပါတယ္။ သူတို႔သုံးေယာက္စလုံးရဲ႕ ဖခင္ကေတာ့ နာမည္ေက်ာ္ မင္းသားႀကီး Bruce Willis ပဲ ျဖစ္ပါတယ္။ Demi နဲ႔ Bruce တို႔ဟာ ၁၉၈၇ခုႏွစ္မွာ လက္ထပ္ခဲ့ၾကၿပီး ၂၀၀၀ခုႏွစ္မွာ ကြာရွင္း ျပတ္စဲခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔အခ်င္းခ်င္း ကြာရွင္းခဲ့ၾကေပမယ့္ သမီးေတြနဲ႔ သူတို႔အေဖကေတာ့ ယေန႔အခ်ိန္အထိ ရင္းႏွီး ေႏြးေထြးတဲ့ ဆက္ဆံေရး ရွိေနၿပီး အားလပ္ရက္ေတြမွာလည္း အတူတူ အခ်ိန္ကုန္ဆုံးေလ့ ရွိၾကပါတယ္။

Photo: demimoore/ Instagram

Demi Moore ဟာ သူမရဲ႕ ဆိုရွယ္မီဒီယာ ကမ္ပိန္းတစ္ခုအတြက္ အခုလို ေရကူးဝတ္စုံနဲ႔ ပို႔စ္ေပးထားတာ ျဖစ္ၿပီး သမီးေတြကလည္း အေမတူေတြဆိုတဲ့အတိုင္း ႐ိုးရွင္းစြာနဲ႔ လွပေနၾကတာ ျဖစ္ပါတယ္။ သူမတို႔ရဲ႕ ႐ုပ္သြင္ျပင္ကိုသာ ေသေသခ်ာခ်ာ မသိထားဘူးဆိုရင္ တကယ့္ ညီအစ္မေတြအတိုင္း လန္းဆန္း ပ်ိဳမ်စ္ ႏုနယ္ေနတာကို ေတြ႕ရမွာပါ။

Photo: demimoore/ Instagram

ပုံထဲက အျဖဴေရာင္ ေရကူးဝတ္စုံကို ဝတ္ဆင္ထားသူကေတာ့ Rumer ျဖစ္ၿပီး အနီေရာင္ကို ဝတ္ဆင္ထားသူကေတာ့ Tallulah ျဖစ္ပါတယ္။ မီးခိုးေရာင္ ဝတ္ဆင္ထားသူကေတာ့ Scout ျဖစ္ၿပီး အနက္ေရာင္ကို ဝတ္ဆင္ထားသူကေတာ့ ေမေမ Demi ပဲ ျဖစ္ပါတယ္။

Photo: demi.moore/ Instagram

အသက္(၆၀)ျပည့္ကာနီးေပမယ့္ သမီးေတြနဲ႔အၿပိဳင္ လွေနဆဲ Demi ကေတာ့ တခ်ိန္က အလွနတ္သမီးတစ္ပါးဆိုတာ ထင္မွတ္မွားစရာ မရွိပါဘူးလို႔ ဆိုရင္း … ။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular