HomeEntertainmentFilmကိန်းစ်ရုပ်ရှင်ပွဲတော်မှာ လက်ရှိ hit အဖြစ်ဆုံး Demi Moore ရဲ့ Horror ရုပ်ရှင်သစ် The Substance

ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ လက်ရှိ hit အဖြစ်ဆုံး Demi Moore ရဲ့ Horror ရုပ်ရှင်သစ် The Substance

ကိုယ့်စိတ်ကူးထဲက ကိုယ့်ရဲ့ best version ကို တကယ်ရမယ်ဆိုရင်ရော တကယ်အဆင်ပြေပါ့မလား?

ရုပ်ရှင်လောကထဲကို တကျော့ပြန် ဝင်ရောက်လာတဲ့ မင်းသမီးကြီး Demi Moore ဟာ သူမရဲ့ ရုပ်ရှင်အသစ် The Substance ကို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ world premiere အဖြစ် ပြသခဲ့ရာမှာ လက်ရှိအချိန်ထိ ပြသသွားတဲ့ ဇာတ်ကားတွေကြားမှာ အချိန်အကြာဆုံး လက်ခုပ်ဩဘာတွေ ရရှိထားပါတယ်။

Horror Drama အမျိုးအစားဖြစ်တဲ့ The Substance ဟာ ရုပ်ရှင်ပြီးလို့ စာတန်းစထိုးတဲ့အချိန်ကစပြီး (၁၃)မိနစ်ကြာအောင် လက်ခုပ်ဩဘာတွေနဲ့ အားပေးခံခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဒါရိုက်တာ Coralie Fargeat ရိုက်ကူးထားပြီး Demi Moore ၊ Margaret Qualley နဲ့ Dennis Quaid တို့ အဓိက သရုပ်ဆောင်ထားတဲ့ The Substance ဟာ body horror ဖြစ်ပြီး feminism အသားပေး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ The Substance လို့ခေါ်တဲ့ product အသစ်တစ်မျိုးဟာ လူတွေရဲ့ အကောင်းဆုံးဗားရှင်းကို ပြောင်းလဲပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ လူတွေဟာ သူတို့စိတ်ကူးအိပ်မက်ထဲက ဖြစ်ချင်တဲ့ အကောင်းဆုံးပုံစံအဖြစ် ပြောင်းလဲခွင့်ရမှာ ဖြစ်ပေမယ့် လှည့်ကွက်လေးတစ်ခုတော့ ရှိပါတယ်။

အဲဒါကတော့ the substance ဟာ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း နောက်ထပ် လူတစ်ယောက်ကို ထုတ်ပေးလိုက်တာပါ။ ကိုယ့်ထက်ပိုလှ၊ ပိုငယ်ပြီး ပိုပြည့်စုံတဲ့ မိမိရဲ့အကောင်းဆုံး ဗားရှင်းတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စည်းမျဉ်းတစ်ခုကိုတော့ လိုက်နာရပါမယ်။ အဲဒီစည်းမျဉ်းကတော့ အချိန်ကို ခွဲဝေပေးရမှာပါ။

မိမိအတွက် အချိန်တစ်ပတ် နေပြီးရင် မိမိရဲ့ဗားရှင်းအသစ်အတွက် အချိန်တစ်ပတ် သွားနေပေးရမှာပါ။ မိမိရဲ့နဂိုမူလပုံစံနဲ့ ဗားရှင်းအသစ်တို့အကြား ခုနှစ်ရက်စီ ညီညီမျှမျှ နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒီ balance ကို ထိန်းနိုင်သရွေ့တော့ ဘာမှပြဿနာရှိမှာ မဟုတ်ပါဘူး။ အကယ်၍ ဒီစည်းကမ်းကို ချိုးဖောက်မိမယ်ဆိုရင်တော့ …။

initial review တွေအနေနဲ့ IMDb မှာ 8.3 ရရှိထားတဲ့ The Substance ရုပ်ရှင်ကိုတော့ Mubi က တစ်ကမ္ဘာလုံး ဖြန့်ချိခွင့် ရယူထားပြီး ယခုနှစ်အလယ်ပိုင်းနဲ့ နှစ်ကုန်ပိုင်းလောက်မှာ ရုံတင်ပြသသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Vancouver

Source: deadline

RELATED ARTICLES

Most Popular