HomeCharacterကောမစ်ပရိသတ်တွေပဲ သိနိုင်လောက်မယ့် Captain Marvel နဲ့ Ms. Marvel ရဲ့ ကွာခြားချက် 

ကောမစ်ပရိသတ်တွေပဲ သိနိုင်လောက်မယ့် Captain Marvel နဲ့ Ms. Marvel ရဲ့ ကွာခြားချက် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Captain Marvel ကတော့ ၂၀၁၉ ခုနှစ်မှာ MCU က ထွက်ရှိခဲ့တဲ့ ဆိုလိုရုပ်ရှင်ကြောင့် ပရိသတ်တွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာပါတယ်။ ဒါ့အပြင် ယခုနှစ်အတွင်းမှာပဲ Disney Plus က ထုတ်လွှင့်ပြသသွားမယ့် Ms. Marvel ဇာတ်လမ်းတွဲသစ်လည်း ရှိနေပါသေးတယ်။

ဒါကြောင့် နာမည်ချင်းဆင်တူနေတဲ့ သူတို့ဟီးရိုးနှစ်ယောက်ရဲ့ ကွာခြားချက်နဲ့ ပတ်သက်ပြီး ရုပ်ရှင်ကြည့်ပရိသတ်တွေကြားမှာ အနည်းငယ် ရှုပ်ထွေးနေနိုင်ပါတယ်။ Captain Marvel နဲ့ Ms. Marvel ဟာ ဘယ်လိုဆက်နွယ်မှု ရှိနေသလည်း၊ ဒါမှမဟုတ် နာမည်ဆင်တူနေတာဟာ တိုက်ဆိုင်မှု သက်သက်လားဆိုတာကို တွေးမိကြမှာပါ။ ဒီမေးခွန်းတွေရဲ့ အဖြေကတော့ ကောမစ်ထဲမှာ ရှိနေပါတယ်။

Photo via screenrant

ပထမဆုံးအနေနဲ့ Captain Marvel ဆိုတဲ့ နာမည် ဖြစ်ပေါ်လာတဲ့အကြောင်းကနေ စတင်ရမှာပါ။ တကယ်တော့ Captain Marvel ဆိုတဲ့အမည်ဟာ Marvel ရဲ့ ကိုယ်ပိုင်နာမည် မဟုတ်ခဲ့ပါဘူး။ ဒီနာမည်ဟာ Fawcett Comics ကုမ္ပဏီက နောက်ပိုင်းမှာ Shazam လို့ လူသိများလာမယ့် စူပါဟီးရိုးအတွက် ဖန်တီးခဲ့တဲ့နာမည် ဖြစ်ပါတယ်။ (Shazam ဟာလည်း အခုဆိုရင်တော့ DC က ပိုင်တဲ့ဟီးရိုး ဖြစ်သွားပါပြီ။)

ဒီလိုနဲ့ ၁၉၅၀ ခုနှစ်ဝန်းကျင်လောက်မှာ Fawcett Comics က ဖန်တီးထားတဲ့ အဆိုပါ Captain Marvel ဇာတ်ရုပ်ဟာ Superman နဲ့ ဆင်တူလွန်းနေတယ်လို့ ဆိုပြီး DC က တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Fawcett ဘက်က ဒီစူပါဟီးရိုးကို ထပ်မံပုံနှိပ် ထုတ်ဝေခြင်း မပြုတော့ဘဲ လုံးဝရပ်ဆိုင်းပစ်လိုက်ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာတော့ အဆိုပါ Captain Marvel ဆိုတဲ့အမည်ကို Fawcett ဆီကနေတဆင့် Marvel Comics က မူပိုင်ခွင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Photo via screenrant

၂၀၁၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Captain Marvel ရုပ်ရှင်နဲ့ မတူညီတဲ့အချက်ကတော့ Captain Marvel ဆိုတဲ့ အမည်ကို ကောမစ်ထဲမှာ ပထမဆုံး အသုံးပြုခဲ့သူဟာ Carol Danvers မဟုတ်ခဲ့ပါဘူး။ Marvel ရဲ့ ပထမဆုံး Captain Marvel ဟာ Kree အမျိုးသား စစ်ရေးအရာရှိတစ်ယောက် ဖြစ်ပြီး Captain Mar-Vell ဆိုတဲ့ အမည်နဲ့ လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Mar-Vell ဟာ Kree အင်ပါယာချဲ့ထွင်ရေး စစ်ရုံးချုပ်က စေလွှတ်ထားသူ ဖြစ်ပြီး အာကာသထဲအထိ သွားလာနိုင်အောင် နည်းပညာတွေ တိုးတက်လာတဲ့ ကမ္ဘာပေါ်က လူသားမျိုးနွယ်တွေကို စောင့်ကြည့်လေ့လာဖို့ တာဝန်ပေးခံထားရသူ ဖြစ်ပါတယ်။ သို့သော်လည်း တဖြည်းဖြည်းနဲ့ Mar-Vell ဟာ ကမ္ဘာပေါ်က လူသားတွေကို သံယောဇဉ်တွယ်လာပြီး Kree စစ်တပ်ကို စွန့်ခွာကာ ကမ္ဘာကို ကာကွယ်သူအဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Photo via comicconverse

ဒီလိုနဲ့ နောက်ပိုင်းမှာတော့ သူဟာ Captain Marvel အဖြစ် လူသိများလာပြီး စူပါဟီးရိုး strength ၊ လျင်မြန်မှု၊ လေပေါ်မှာပျံသန်းနိုင်မှု၊ အကြမ်းခံနိုင်မှု၊ စွမ်းအင်တွေ ပစ်လွှတ်နိုင်မှုနဲ့ Kree တွေရဲ့ ကိုယ်ခံပညာတွေကို တတ်မြောက်ထားတဲ့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအား အားလုံးဟာ နောက်ပိုင်းမှာတော့ Carol Danvers ဆီကို မျှဝေရောက်ရှိသွားတာ ဖြစ်ပါတယ်။

Captain Marvel ရုပ်ရှင်ထဲကလိုပဲ ကောမစ်ထဲမှာလည်း Carol Danvers ဟာ မူလက လေတပ် ပိုင်းလော့တစ်ဦး ဖြစ်ပြီး ပေါက်ကွဲမှုတစ်ခုမှာ ပါဝင်ကာ စူပါပါဝါတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ မတူညီတဲ့အချက်ကတော့ သူမရဲ့ စွမ်းအားတွေကို tesseract က ရရှိခဲ့တာ မဟုတ်ဘဲ မူလ Captain Marvel ဆီက ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် Carol ရဲ့ ဒီအန်အေဟာ Mar-Vell ရဲ့ ဒီအန်အေနဲ့ ရောနှောပေါင်းစပ်သွားပြီး Mar-Vell ဆီက စွမ်းအား အားလုံးကို ရရှိသွားတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ Carol ဟာ Ms. Marvel ဆိုတဲ့ အမည်နဲ့ Avengers အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ကာလတွေ ကြာမြင့်လာပြီး ၁၉၈၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Death of Captain Marvel ကောမစ်ထဲမှာတော့ မူလ Captain Marvel ဟာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Captain Marvel ဆိုတဲ့အမည်ကို နောက်ပိုင်း စူပါဟီးရိုး ဖြစ်လာသူတွေက ဆက်လက် အသုံးပြုခဲ့ကြပါတယ်။ အဲဒီထဲမှာတော့ Mar-Vell ရဲ့ သားသမီးတွေဖြစ်တဲ့ Genis-Vell နဲ့ Phyla-Vell တို့ပါ ပါဝင်ခဲ့ပါတယ်။

သို့သော်လည်း Captain Marvel ဆိုတဲ့ အမည်ကို ဆက်ခံပြီး လှုပ်ရှားကြတဲ့ နောက်ပိုင်းစူပါဟီးရိုးတွေဟာ နောက်ဆုံးကျရင် သေသူက သေ၊ ပျောက်ဆုံးသူက ပျောက်ဆုံးနဲ့ ဖြစ်ခဲ့ပြီး တချို့ကျပြန်တော့လည်း အခြားနာမည်တစ်ခုကို ပြောင်းလဲခံယူလိုက်တာမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ Carol Danvers ဟာ သူ့ဆရာကို ဂုဏ်ပြုတဲ့အနေနဲ့ Captain Marvel ဆိုတဲ့အမည်ကို ဆက်ခံအသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Photo via hollywoodreporter

Carol ဟာ Mar-Vell ကို ဂုဏ်ပြုတဲ့အနေနဲ့ မူလ Ms. Marvel ဆိုတဲ့ စူပါဟီးရိုးအမည်ကနေ Captain Marvel လို့ ပြောင်းလဲခံယူခဲ့သလိုပဲ သူမကို လေးစားအားကျတဲ့ Kamala Khan ဟာလည်း Carol ကို ဂုဏ်ပြုဖို့ Ms. Marvel ဆိုတဲ့ အမည်ကို ခံယူခဲ့တာ ဖြစ်ပါတယ်။ Kamala Khan ကတော့ ပါကစ္စတန်အမျိုးသမီးငယ်လေးတစ်ဦး ဖြစ်ပြီး ကိုယ်ပိုင်ဇာတ်လမ်းတွဲ ရရှိမယ့် Marvel ရဲ့ ပထမဆုံးသော မူစလင်မ် ကာရိုက်တာလည်း ဖြစ်ပါတယ်။

Kamala Khan ကတော့ သူမဆီမှာ Inhuman မျိုးဗီဇ ရှိနေကြောင်း ရှာတွေ့ပြီးနောက်မှာ ကျုံ့နိုင်ဆန့်နိုင်ခြင်းနဲ့ (shapeshifting) ပုံစံတူ ကူးပြောင်းနိုင်ခြင်းဆိုတဲ့ အစွမ်းတွေ ရရှိလာပါတယ်။ အဲဒီနောက်မှာတော့ Kamala ဟာ သူမရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ Carol Danvers လိုပဲ စူပါဟီးရိုးတစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ စူပါဟီးရိုးအမည်ကိုတော့ Carol အနေနဲ့ အသုံးပြုခြင်း မရှိတော့တဲ့ Ms. Marvel အမည်ကိုပဲ ဆက်လက်အသုံးပြုဖို့ ရွေးချယ်လိုက်ပါတယ်။

Photo vai amazon

Kamala ဟာ ဆယ်ကျော်သက်ရွယ်လေးပဲ ရှိသေးပေမယ့် တစ်ကိုယ်တည်းအနေနဲ့ရော၊ Champion တို့၊ Avengers တို့နဲ့ အဖွဲ့လိုက်အနေနဲ့ပါ စွမ်းဆောင်ရည်ရှိတဲ့ စူပါဟီးရိုးတစ်ယောက်အဖြစ် သက်သေပြပြီးသား ဖြစ်ပါတယ်။ Captain Marvel နဲ့ Ms. Marvel ဆိုတဲ့အမည်တွေဟာ သူမတို့နှစ်ယောက်ရဲ့ မူလပိုင်ဆိုင်တဲ့ အမည်တွေ မဟုတ်ခဲ့ပေမယ့် သူမတို့နှစ်ယောက်စလုံးရဲ့ ရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်တွေကတော့ ဒီနာမည်တွေနဲ့ တကယ် ထိုက်တန်ကြောင်း ပြသထားတာ သံသယဖြစ်စရာမရှိပါဘူး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Captain Marvel ကေတာ့ ၂၀၁၉ ခုႏွစ္မွာ MCU က ထြက္ရွိခဲ့တဲ့ ဆိုလို႐ုပ္ရွင္ေၾကာင့္ ပရိသတ္ေတြၾကားမွာ ေပၚျပဴလာျဖစ္တဲ့ စူပါဟီးရိုးတစ္ေယာက္ ျဖစ္လာပါတယ္။ ဒါ့အျပင္ ယခုႏွစ္အတြင္းမွာပဲ Disney Plus က ထုတ္လႊင့္ျပသသြားမယ့္ Ms. Marvel ဇာတ္လမ္းတြဲသစ္လည္း ရွိေနပါေသးတယ္။

ဒါေၾကာင့္ နာမည္ခ်င္းဆင္တူေနတဲ့ သူတို႔ဟီးရိုးႏွစ္ေယာက္ရဲ့ ကြာျခားခ်က္နဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္ၾကည့္ပရိသတ္ေတြၾကားမွာ အနည္းငယ္ ရွုပ္ေထြးေနနိုင္ပါတယ္။ Captain Marvel နဲ႔ Ms. Marvel ဟာ ဘယ္လိုဆက္ႏြယ္မွု ရွိေနသလည္း၊ ဒါမွမဟုတ္ နာမည္ဆင္တူေနတာဟာ တိုက္ဆိုင္မွု သက္သက္လားဆိုတာကို ေတြးမိၾကမွာပါ။ ဒီေမးခြန္းေတြရဲ့ အေျဖကေတာ့ ေကာမစ္ထဲမွာ ရွိေနပါတယ္။

Photo via screenrant

ပထမဆုံးအေနနဲ႔ Captain Marvel ဆိုတဲ့ နာမည္ ျဖစ္ေပၚလာတဲ့အေၾကာင္းကေန စတင္ရမွာပါ။ တကယ္ေတာ့ Captain Marvel ဆိုတဲ့အမည္ဟာ Marvel ရဲ့ ကိုယ္ပိုင္နာမည္ မဟုတ္ခဲ့ပါဘူး။ ဒီနာမည္ဟာ Fawcett Comics ကုမၸဏီက ေနာက္ပိုင္းမွာ Shazam လို႔ လူသိမ်ားလာမယ့္ စူပါဟီးရိုးအတြက္ ဖန္တီးခဲ့တဲ့နာမည္ ျဖစ္ပါတယ္။ (Shazam ဟာလည္း အခုဆိုရင္ေတာ့ DC က ပိုင္တဲ့ဟီးရိုး ျဖစ္သြားပါၿပီ။)

ဒီလိုနဲ႔ ၁၉၅၀ ခုႏွစ္ဝန္းက်င္ေလာက္မွာ Fawcett Comics က ဖန္တီးထားတဲ့ အဆိုပါ Captain Marvel ဇာတ္႐ုပ္ဟာ Superman နဲ႔ ဆင္တူလြန္းေနတယ္လို႔ ဆိုၿပီး DC က တရားစြဲဆိုခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Fawcett ဘက္က ဒီစူပါဟီးရိုးကို ထပ္မံပုံႏွိပ္ ထုတ္ေဝျခင္း မျပဳေတာ့ဘဲ လုံးဝရပ္ဆိုင္းပစ္လိုက္ပါတယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ အဆိုပါ Captain Marvel ဆိုတဲ့အမည္ကို Fawcett ဆီကေနတဆင့္ Marvel Comics က မူပိုင္ခြင့္ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

Photo via screenrant

၂၀၁၉ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Captain Marvel ႐ုပ္ရွင္နဲ႔ မတူညီတဲ့အခ်က္ကေတာ့ Captain Marvel ဆိုတဲ့ အမည္ကို ေကာမစ္ထဲမွာ ပထမဆုံး အသုံးျပဳခဲ့သူဟာ Carol Danvers မဟုတ္ခဲ့ပါဘူး။ Marvel ရဲ့ ပထမဆုံး Captain Marvel ဟာ Kree အမ်ိဳးသား စစ္ေရးအရာရွိတစ္ေယာက္ ျဖစ္ၿပီး Captain Mar-Vell ဆိုတဲ့ အမည္နဲ႔ လွုပ္ရွားခဲ့တာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Mar-Vell ဟာ Kree အင္ပါယာခ်ဲ႕ထြင္ေရး စစ္႐ုံးခ်ဳပ္က ေစလႊတ္ထားသူ ျဖစ္ၿပီး အာကာသထဲအထိ သြားလာနိုင္ေအာင္ နည္းပညာေတြ တိုးတက္လာတဲ့ ကမၻာေပၚက လူသားမ်ိဳးႏြယ္ေတြကို ေစာင့္ၾကည့္ေလ့လာဖို႔ တာဝန္ေပးခံထားရသူ ျဖစ္ပါတယ္။ သို႔ေသာ္လည္း တျဖည္းျဖည္းနဲ႔ Mar-Vell ဟာ ကမၻာေပၚက လူသားေတြကို သံေယာဇဥ္တြယ္လာၿပီး Kree စစ္တပ္ကို စြန႔္ခြာကာ ကမၻာကို ကာကြယ္သူအျဖစ္ တာဝန္ယူဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

Photo via comicconverse

ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူဟာ Captain Marvel အျဖစ္ လူသိမ်ားလာၿပီး စူပါဟီးရိုး strength ၊ လ်င္ျမန္မွု၊ ေလေပၚမွာပ်ံသန္းနိုင္မွု၊ အၾကမ္းခံနိုင္မွု၊ စြမ္းအင္ေတြ ပစ္လႊတ္နိုင္မွုနဲ႔ Kree ေတြရဲ့ ကိုယ္ခံပညာေတြကို တတ္ေျမာက္ထားတဲ့ စူပါဟီးရိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူ႔ရဲ့ စြမ္းအား အားလုံးဟာ ေနာက္ပိုင္းမွာေတာ့ Carol Danvers ဆီကို မၽွေဝေရာက္ရွိသြားတာ ျဖစ္ပါတယ္။

Captain Marvel ႐ုပ္ရွင္ထဲကလိုပဲ ေကာမစ္ထဲမွာလည္း Carol Danvers ဟာ မူလက ေလတပ္ ပိုင္းေလာ့တစ္ဦး ျဖစ္ၿပီး ေပါက္ကြဲမွုတစ္ခုမွာ ပါဝင္ကာ စူပါပါဝါေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္နဲ႔ မတူညီတဲ့အခ်က္ကေတာ့ သူမရဲ့ စြမ္းအားေတြကို tesseract က ရရွိခဲ့တာ မဟုတ္ဘဲ မူလ Captain Marvel ဆီက ရရွိခဲ့တာ ျဖစ္ပါတယ္။ ေပါက္ကြဲမွုေၾကာင့္ Carol ရဲ့ ဒီအန္ေအဟာ Mar-Vell ရဲ့ ဒီအန္ေအနဲ႔ ေရာေႏွာေပါင္းစပ္သြားၿပီး Mar-Vell ဆီက စြမ္းအား အားလုံးကို ရရွိသြားတာ ျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ Carol ဟာ Ms. Marvel ဆိုတဲ့ အမည္နဲ႔ Avengers အဖြဲ႕ဝင္ ျဖစ္လာခဲ့ပါတယ္။ ဒီလိုနဲ႔ ႏွစ္ကာလေတြ ၾကာျမင့္လာၿပီး ၁၉၈၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Death of Captain Marvel ေကာမစ္ထဲမွာေတာ့ မူလ Captain Marvel ဟာ ေသဆုံးသြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Captain Marvel ဆိုတဲ့အမည္ကို ေနာက္ပိုင္း စူပါဟီးရိုး ျဖစ္လာသူေတြက ဆက္လက္ အသုံးျပဳခဲ့ၾကပါတယ္။ အဲဒီထဲမွာေတာ့ Mar-Vell ရဲ့ သားသမီးေတြျဖစ္တဲ့ Genis-Vell နဲ႔ Phyla-Vell တို႔ပါ ပါဝင္ခဲ့ပါတယ္။

သို႔ေသာ္လည္း Captain Marvel ဆိုတဲ့ အမည္ကို ဆက္ခံၿပီး လွုပ္ရွားၾကတဲ့ ေနာက္ပိုင္းစူပါဟီးရိုးေတြဟာ ေနာက္ဆုံးက်ရင္ ေသသူက ေသ၊ ေပ်ာက္ဆုံးသူက ေပ်ာက္ဆုံးနဲ႔ ျဖစ္ခဲ့ၿပီး တခ်ိဳ႕က်ျပန္ေတာ့လည္း အျခားနာမည္တစ္ခုကို ေျပာင္းလဲခံယူလိုက္တာမ်ိဳး ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၂ ခုႏွစ္မွာေတာ့ Carol Danvers ဟာ သူ႔ဆရာကို ဂုဏ္ျပဳတဲ့အေနနဲ႔ Captain Marvel ဆိုတဲ့အမည္ကို ဆက္ခံအသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

Photo via hollywoodreporter

Carol ဟာ Mar-Vell ကို ဂုဏ္ျပဳတဲ့အေနနဲ႔ မူလ Ms. Marvel ဆိုတဲ့ စူပါဟီးရိုးအမည္ကေန Captain Marvel လို႔ ေျပာင္းလဲခံယူခဲ့သလိုပဲ သူမကို ေလးစားအားက်တဲ့ Kamala Khan ဟာလည္း Carol ကို ဂုဏ္ျပဳဖို႔ Ms. Marvel ဆိုတဲ့ အမည္ကို ခံယူခဲ့တာ ျဖစ္ပါတယ္။ Kamala Khan ကေတာ့ ပါကစၥတန္အမ်ိဳးသမီးငယ္ေလးတစ္ဦး ျဖစ္ၿပီး ကိုယ္ပိုင္ဇာတ္လမ္းတြဲ ရရွိမယ့္ Marvel ရဲ့ ပထမဆုံးေသာ မူစလင္မ္ ကာရိုက္တာလည္း ျဖစ္ပါတယ္။

Kamala Khan ကေတာ့ သူမဆီမွာ Inhuman မ်ိဳးဗီဇ ရွိေနေၾကာင္း ရွာေတြ႕ၿပီးေနာက္မွာ က်ဳံ႕နိုင္ဆန႔္နိုင္ျခင္းနဲ႔ (shapeshifting) ပုံစံတူ ကူးေျပာင္းနိုင္ျခင္းဆိုတဲ့ အစြမ္းေတြ ရရွိလာပါတယ္။ အဲဒီေနာက္မွာေတာ့ Kamala ဟာ သူမရဲ့ စံျပပုဂၢိဳလ္ျဖစ္တဲ့ Carol Danvers လိုပဲ စူပါဟီးရိုးတစ္ေယာက္ ျဖစ္လာဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူမရဲ့ စူပါဟီးရိုးအမည္ကိုေတာ့ Carol အေနနဲ႔ အသုံးျပဳျခင္း မရွိေတာ့တဲ့ Ms. Marvel အမည္ကိုပဲ ဆက္လက္အသုံးျပဳဖို႔ ေရြးခ်ယ္လိုက္ပါတယ္။

Photo vai amazon

Kamala ဟာ ဆယ္ေက်ာ္သက္ရြယ္ေလးပဲ ရွိေသးေပမယ့္ တစ္ကိုယ္တည္းအေနနဲ႔ေရာ၊ Champion တို႔၊ Avengers တို႔နဲ႔ အဖြဲ႕လိုက္အေနနဲ႔ပါ စြမ္းေဆာင္ရည္ရွိတဲ့ စူပါဟီးရိုးတစ္ေယာက္အျဖစ္ သက္ေသျပၿပီးသား ျဖစ္ပါတယ္။ Captain Marvel နဲ႔ Ms. Marvel ဆိုတဲ့အမည္ေတြဟာ သူမတို႔ႏွစ္ေယာက္ရဲ့ မူလပိုင္ဆိုင္တဲ့ အမည္ေတြ မဟုတ္ခဲ့ေပမယ့္ သူမတို႔ႏွစ္ေယာက္စလုံးရဲ့ ရပ္တည္ခ်က္နဲ႔ စြမ္းေဆာင္ရည္ေတြကေတာ့ ဒီနာမည္ေတြနဲ႔ တကယ္ ထိုက္တန္ေၾကာင္း ျပသထားတာ သံသယျဖစ္စရာမရွိပါဘူး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မၽွ ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular