HomeEntertainmentFilmLoki season 2 အတွက်တောင် အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့ Disney+

Loki season 2 အတွက်တောင် အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့ Disney+

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Michael Waldron ဟာ Disney မှာ Loki season 2 အတွက်တောင် အစီအစဉ်တွေ ရှိနေတယ်လို့ အတည်ပြုလိုက်ပါတယ်။

Loki ဇာတ်လမ်းတွဲဟာ ၂၀၂၀ ခုနှစ်တည်းက ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ Season 1 မှာတော့ အပိုင်း(၆)ပိုင်းပဲ ပါဝင်မှာဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလမှာ Disney+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ Season 1 ထဲမှာတော့ Tom Hiddleston ၊ Owen Wilson ၊ Gugu Mbatha -Raw နဲ့ Richard E. Grant တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo via screenrant

၂၀၂၁ ခုနှစ်ထဲမှာတော့ WandaVision ဟာ ဒီလထဲမှာပဲ ထွက်ရှိလာမှာ ဖြစ်ပြီး The Falcon and The Winter Solider ကတော့ လာမယ့် မတ်လမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ အခုချိန်တည်းက Loki season 2 အတွက် အစီအစဉ်တွေ ရှိနေတယ်လို့ Waldron က အတည်ပြုလိုက်ကြောင်း သိရပါတယ်။ ဒီသတင်းဟာ season 2 ထွက်ရှိလာမယ်လို့ အတိအကျ ပြောထားတာ မဟုတ်ပေမယ့်လည်း Loki ဇာတ်လမ်းတွဲဟာ အခုချိန်တည်းက ပရိသတ်တွေကြားထဲမှာ နာမည်ကြီးနေတာကြောင့် season 2 ဆက်လက် ထွက်ရှိလာဖို့ကတော့ သေချာသလောက်နီးပါး ဖြစ်နေပါတယ်။

photo via screenrant

ဒါ့အပြင် ဒီဇာတ်လမ်းတွဲဟာ ကျွန်တော်တို့ ပုံမှန်မြင်နေကျ မဟုတ်တဲ့ MCU ရဲ့ တစ်ခြား universe တွေနဲ့ timeline တွေကိုပါ မြင်တွေ့ရမှာကြောင့် အတော်လေး စိတ်ဝင်စားဖို့ကောင်းမယ်ဆိုတာ သေချာပါတယ်။ Tom Hiddleston ရဲ့ သရုပ်ဆောင်မှုကလည်း ပြောစရာမလိုလောက်အောင် Loki နဲ့ လိုက်ဖက်တယ်ဆိုတာကို ယခင်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၁ နှစ်အတွင်းမှာ လက်လွတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Loki ဇာတ္လမ္းတြဲရဲ႕ ဖန္တီးသူ Michael Waldron ဟာ Disney မွာ Loki season 2 အတြက္ေတာင္ အစီအစဥ္ေတြ ရွိေနတယ္လို႔ အတည္ျပဳလိုက္ပါတယ္။

Loki ဇာတ္လမ္းတြဲဟာ ၂၀၂၀ ခုႏွစ္တည္းက ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ Season 1 မွာေတာ့ အပိုင္း(၆)ပိုင္းပဲ ပါဝင္မွာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ေမလမွာ Disney+ ကေန ျပသသြားမွာ ျဖစ္ပါတယ္။ Season 1 ထဲမွာေတာ့ Tom Hiddleston ၊ Owen Wilson ၊ Gugu Mbatha -Raw နဲ႔ Richard E. Grant တို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

photo via screenrant

၂၀၂၁ ခုႏွစ္ထဲမွာေတာ့ WandaVision ဟာ ဒီလထဲမွာပဲ ထြက္ရွိလာမွာ ျဖစ္ၿပီး The Falcon and The Winter Solider ကေတာ့ လာမယ့္ မတ္လမွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အခုခ်ိန္တည္းက Loki season 2 အတြက္ အစီအစဥ္ေတြ ရွိေနတယ္လို႔ Waldron က အတည္ျပဳလိုက္ေၾကာင္း သိရပါတယ္။ ဒီသတင္းဟာ season 2 ထြက္ရွိလာမယ္လို႔ အတိအက် ေျပာထားတာ မဟုတ္ေပမယ့္လည္း Loki ဇာတ္လမ္းတြဲဟာ အခုခ်ိန္တည္းက ပရိသတ္ေတြၾကားထဲမွာ နာမည္ႀကီးေနတာေၾကာင့္ season 2 ဆက္လက္ ထြက္ရွိလာဖို႔ကေတာ့ ေသခ်ာသေလာက္နီးပါး ျဖစ္ေနပါတယ္။

photo via screenrant

ဒါ့အျပင္ ဒီဇာတ္လမ္းတြဲဟာ ကြၽန္ေတာ္တို႔ ပုံမွန္ျမင္ေနက် မဟုတ္တဲ့ MCU ရဲ႕ တစ္ျခား universe ေတြနဲ႔ timeline ေတြကိုပါ ျမင္ေတြ႕ရမွာေၾကာင့္ အေတာ္ေလး စိတ္ဝင္စားဖို႔ေကာင္းမယ္ဆိုတာ ေသခ်ာပါတယ္။ Tom Hiddleston ရဲ႕ သ႐ုပ္ေဆာင္မႈကလည္း ေျပာစရာမလိုေလာက္ေအာင္ Loki နဲ႔ လိုက္ဖက္တယ္ဆိုတာကို ယခင္က ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြထဲမွာ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၂၁ ႏွစ္အတြင္းမွာ လက္လြတ္မခံသင့္တဲ့ ဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္ေနတာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular