HomeEntertainmentFilmရုံတင်ရက် ထွက်ရှိလာပြီဖြစ်တဲ့ Disney ရဲ့ ရုပ်ရှင်ကားသစ်(၈)ကား

ရုံတင်ရက် ထွက်ရှိလာပြီဖြစ်တဲ့ Disney ရဲ့ ရုပ်ရှင်ကားသစ်(၈)ကား

မကြာသေးခင်ကပဲ Disney စတူဒီယိုဟာ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်(၈)ကားရဲ့ ရုံတင်ရက်တွေကို ကြေညာသွားပါတယ်။ Disney ဟာ သူတို့ရဲ့ Official တွေ့ဆုံပွဲဖြစ်တဲ့ D23 Expo ပွဲကို ပြီးခဲ့တဲ့အပတ်က ကျင်းပခဲ့ပြီး အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်တွေကို ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ Marvel ရဲ့ ပရောဂျက်အသစ်တွေကို မြင်တွေ့ခဲ့ရသလို Pixar ရဲ့ Animation တွေကိုလည်း ကြေညာသွားပါသေးတယ်။

photo via screenrant

ဒါ့အပြင် Disney ဟာ သူတို့ရဲ့ Classic Animation တွေကို Live Action အနေနဲ့ ပြန်လည်ဖန်တီးသွားမှာ ဖြစ်ပြီး အဲဒီပရောဂျက်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ကြေညာခဲ့ပါသေးတယ်။ Disney ဟာ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Snow White and the Seven Dwarfs ကိုလည်း Live Action အဖြစ် ပြန်လည်ဖန်တီးသွားမှာ ဖြစ်သလို The Little Mermaid Live Action ရဲ့ ထွေလာကိုလည်း ပြသသွားပါသေးတယ်။

Disney က အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်အသစ်(၈)ကားရဲ့ ရုံတင်ရက်တွေကတော့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ဖြစ်ပါတယ်။ အဲဒီပရောဂျက်တွေကတော့ Next Goal Wins (၂၀၂၃ ခုနှစ် ဧပြီ ၂၁ရက်)၊ Haunted Mansion (၂၀၂၃ ခုနှစ် ဩဂုတ် ၁၁ရက်)၊ Wish (၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ရက်)၊ Elio (၂၀၂၄ ခုနှစ် မတ်လ ၁ရက်)၊ Disney’s Snow White (၂၀၂၄ ခုနှစ် မတ်လ ၂၂ရက်)၊ Inside Out 2 (၂၀၂၄ ခုနှစ် ဇွန်လ ၁၄ရက်)၊ Mufasa: The Lion King (၂၀၂၄ ခုနှစ် ဇူလိုင် ၅ရက်) နဲ့ Untitled Marvel Movie (၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ရက်)တို့ပဲ ဖြစ်ပါတယ်။

photo via screenrant

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Inside Out 2 နဲ့ Mufasa: The Lion King ကတော့ ၂၀၂၄ ခုနှစ်မှ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ Disney ရဲ့ Next Goal Wins ၊ Haunted Mansion နဲ့ Wish တို့ ထွက်ရှိလာမှာ ဖြစ်သလို တခြား Marvel ပရောဂျက်တွေလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular