HomeEntertainmentFilmပရိသတ်ရဲ့အားပေးမှုကြောင့် Cruella 2 ထပ်မံရိုက်ကူးဖို့ ပြင်ဆင်နေ

ပရိသတ်ရဲ့အားပေးမှုကြောင့် Cruella 2 ထပ်မံရိုက်ကူးဖို့ ပြင်ဆင်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney က ထုတ်လုပ်လိုက်တဲ့ Cruella ရုပ်ရှင်ဟာ မကြာသေးခင် အချိန်ကပဲ ရုပ်ရှင်ရုံမှာရော၊ Disney+ မှာပါ ပြသသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Emma Stone ၊ Emma Thompson နဲ့ Emily Beecham တို့က အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဟာ IMDb (7.4) ရရှိထားပြီး ပရိသတ်တွေရော ရုပ်ရှင်ဝေဖန်ရေးတွေကပါ ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Disney ဟာ Cruella 2 ကို ထပ်မံရိုက်ကူးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Estella ဆိုတဲ့ ကောင်မလေးဟာ ငယ်ရွယ်ပြီး ပါရမီထူးသူဖြစ်ကာ ဖက်ရှင်လောကမှာ နာမည်ကျော်ကြားလာရမယ်လို့ စိတ်ပိုင်းဖြတ်ထားသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူမရဲ့ အတွင်းစိတ်က သူတစ်ပါးကို ဒုက္ခပေးချင်စိတ်ကို နားလည်ပေးနိုင်တဲ့ သူခိုးနှစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတော့ ဘာတွေဆက်ဖြစ်ကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအမျိူးအစားကတော့ မှုခင်း ဟာသအမျိူးအစားပဲ ဖြစ်ပါတယ်။

Disney ဟာ ဒီရုပ်ရှင်ကြောင့် ရရှိခဲ့တဲ့ ဝင်ငွေနဲ့ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကို ကျေနပ်တာကြောင့် Cruella 2 ကိုပါ ထုတ်လုပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ THR သတင်းဌာနရဲ့ ဖော်ပြချက်အရ Cruella 2 ကိုလည်း ဒါရိုက်တာ Craig Gillespie နဲ့ ဇာတ်ညွှန်းရေးသူ Tony McNamara တို့ကပဲ ထပ်မံ တာဝန်ယူနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Disney ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ Cruella ရုပ်ရှင်ဟာ သူတို့အတွက် ကောင်းကျိူးတွေ ဖြစ်စေခဲ့ပြီး ဒီဇာတ်ကောင်ကို ဆက်လက် ဖန်တီးသွားဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်လို့ ပြောထားပါတယ်။

photo via screenrant

Disney ဟာ Alice in Wonderland နဲ့ Maleficent တို့လိုမျိူး သူတို့ရဲ့ နာမည်ကြီး animated movie တွေကို Live Action အဖြစ် ဖန်တီးတဲ့အခါမှာ နှစ်ကား၊ သုံးကားလောက် ထွက်လာလေ့ ရှိပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Lion King နဲ့ Aladdin တို့ဟာလည်း နောက်ထပ် တစ်ကားစီ ထွက်လာဦးမယ်လို့ ကြေညာထားပါတယ်။ အခုချိန်မှာတော့ ပရိသတ်တွေ ကြိုက်နှစ်ကြတဲ့ Cruella ကို တီဗွီဖန်သားပြင်ပေါ်မှာ နောက်ထပ် မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Disney က ထုတ္လုပ္လိုက္တဲ့ Cruella ႐ုပ္ရွင္ဟာ မၾကာေသးခင္ အခ်ိန္ကပဲ ႐ုပ္ရွင္႐ုံမွာေရာ၊ Disney+ မွာပါ ျပသသြားပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Emma Stone ၊ Emma Thompson နဲ႔ Emily Beecham တို႔က အဓိက သ႐ုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ၾကပါတယ္။ ဒီ႐ုပ္ရွင္ဟာ IMDb (7.4) ရရွိထားၿပီး ပရိသတ္ေတြေရာ ႐ုပ္ရွင္ေဝဖန္ေရးေတြကပါ ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Disney ဟာ Cruella 2 ကို ထပ္မံ႐ိုက္ကူးဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းအက်ဥ္းကေတာ့ Estella ဆိုတဲ့ ေကာင္မေလးဟာ ငယ္႐ြယ္ၿပီး ပါရမီထူးသူျဖစ္ကာ ဖက္ရွင္ေလာကမွာ နာမည္ေက်ာ္ၾကားလာရမယ္လို႔ စိတ္ပိုင္းျဖတ္ထားသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူမရဲ႕ အတြင္းစိတ္က သူတစ္ပါးကို ဒုကၡေပးခ်င္စိတ္ကို နားလည္ေပးႏိုင္တဲ့ သူခိုးႏွစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ၿပီးေတာ့ ဘာေတြဆက္ျဖစ္ၾကမလည္းဆိုတာ ျမင္ေတြ႕ရမွာပါ။ ဇာတ္လမ္းအမ်ိဴးအစားကေတာ့ မႈခင္း ဟာသအမ်ိဴးအစားပဲ ျဖစ္ပါတယ္။

Disney ဟာ ဒီ႐ုပ္ရွင္ေၾကာင့္ ရရွိခဲ့တဲ့ ဝင္ေငြနဲ႔ ေကာင္းမြန္တဲ့ ေဝဖန္ခ်က္ေတြကို ေက်နပ္တာေၾကာင့္ Cruella 2 ကိုပါ ထုတ္လုပ္ဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။ THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ Cruella 2 ကိုလည္း ဒါ႐ိုက္တာ Craig Gillespie နဲ႔ ဇာတ္ၫႊန္းေရးသူ Tony McNamara တို႔ကပဲ ထပ္မံ တာဝန္ယူႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ Disney ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကေတာ့ Cruella ႐ုပ္ရွင္ဟာ သူတို႔အတြက္ ေကာင္းက်ိဴးေတြ ျဖစ္ေစခဲ့ၿပီး ဒီဇာတ္ေကာင္ကို ဆက္လက္ ဖန္တီးသြားဖို႔အတြက္ စိတ္လႈပ္ရွားေနပါတယ္လို႔ ေျပာထားပါတယ္။

photo via screenrant

Disney ဟာ Alice in Wonderland နဲ႔ Maleficent တို႔လိုမ်ိဴး သူတို႔ရဲ႕ နာမည္ႀကီး animated movie ေတြကို Live Action အျဖစ္ ဖန္တီးတဲ့အခါမွာ ႏွစ္ကား၊ သုံးကားေလာက္ ထြက္လာေလ့ ရွိပါတယ္။ ဒါ့အျပင္ ၂၀၁၉ ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Lion King နဲ႔ Aladdin တို႔ဟာလည္း ေနာက္ထပ္ တစ္ကားစီ ထြက္လာဦးမယ္လို႔ ေၾကညာထားပါတယ္။ အခုခ်ိန္မွာေတာ့ ပရိသတ္ေတြ ႀကိဳက္ႏွစ္ၾကတဲ့ Cruella ကို တီဗြီဖန္သားျပင္ေပၚမွာ ေနာက္ထပ္ ျမင္ေတြ႕ရဦးမွာပဲ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular