HomeCelebs Update NewsInternationalသုံးနှစ်အရွယ် ပရိသတ်လေးအတွက် Frozen ထဲက Elsa လို သရုပ်ဆောင်ပြခဲ့တဲ့ Anya Taylor-Joy

သုံးနှစ်အရွယ် ပရိသတ်လေးအတွက် Frozen ထဲက Elsa လို သရုပ်ဆောင်ပြခဲ့တဲ့ Anya Taylor-Joy

မင်းသမီးလေး Anya Taylor-Joy ဟာ သုံးနှစ်အရွယ် ပရိသတ်လေးတစ်ယောက်အတွက် Frozen ထဲက Elsa အတိုင်း သရုပ်ဆောင်ပြခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့ပါတယ်။ Anya Taylor-Joy ကတော့ Split ၊ Peaky Blinders နဲ့ The Queen’s Gambit တို့မှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ The Queen’s Gambit ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင် ထူးချွန်ဆုတွေလည်း ရရှိခဲ့ပါတယ်။

ပရိသတ်တွေကတော့ Frozen Live Action ထဲက Elsa အဖြစ် Anya ကို မြင်တွေ့ချင်နေကြပါတယ်။ လောလောဆယ်မှာတော့ Disney ဟာ Frozen ကို Live Action အဖြစ် ဖန်တီးသွားဖို့ အစီအစဉ် ရှိမရှိ ဆိုတာတောင် မသိရသေးပေမယ့်လည်း ဒီ Franchise ဟာ အောင်မြင်မှုတွေ ရရှိထားတာကြောင့် တစ်ချိန်ချိန်မှာတော့ Live Action အဖြစ် ဖန်တီးသွားမယ်လို့ ယူဆရပါတယ်။

အင်တာဗျူးတစ်ခုမှာတော့ သူမဟာ သုံးနှစ်အရွယ် သမီးလေး တစ်ယောက်အတွက် Elsa အဖြစ် သရုပ်ဆောင်ပြခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒီကလေးမလေးကတော့ သူမနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ သမီးဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်က သူ့သမီးအတွက် Anya ကို Elsa ပုံစံအတိုင်း သရုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ ရုပ်ရည်သွင်ပြင်ဟာ Elsa နဲ့ ဆင်တူနေရုံသာမကဘဲ သူမရဲ့ သရုပ်ဆောင် ကောင်းမွန်မှုကြောင့်လည်း ပရိသတ်တွေဟာ သူမကို Elsa Live Action ဗားရှင်းအနေနဲ့ မြင်တွေ့ချင်ကြတာ ဖြစ်ပါတယ်။ သူမဟာ ကလေးတစ်ယောက်အတွက်တောင် ယခုလို လုပ်ပေးချင်စိတ် ရှိတယ်ဆိုရင် တကယ့် Live Action မှာ ပါဝင်ရတဲ့ အချိန်မှာလည်း ကောင်းမွန်စွာ သရုပ်ဆောင်သွားလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular