HomeEntertainmentFilmDisney+ က ထွက်ရှိလာမယ့် ဒါရိုက်တာ James Wan ရဲ့ King Kong ဇာတ်လမ်းတွဲ

Disney+ က ထွက်ရှိလာမယ့် ဒါရိုက်တာ James Wan ရဲ့ King Kong ဇာတ်လမ်းတွဲ

MonsterVerse ထဲက မဟုတ်တဲ့ King Kong Live Action ဇာတ်လမ်းတွဲကိုတော့ Disney+ က ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ James Wan နဲ့ Stephanie Folsom တို့က ပူးပေါင်းရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ King Kong ကတော့ ရုပ်ရှင်လောကရဲ့ အထင်ကရ ဇာတ်ကောင်တစ်ခု ဖြစ်ပြီး ၁၉၃၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကလည်း Motion Picture သမိုင်းရဲ့ မိုင်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

photo via screenrant

အဲဒီအချိန်ကနေ စတင်ပြီး King Kong ဟာ ယခုအချိန်ထိ ဆက်လက် ထွက်ရှိနေတာ ဖြစ်ပါတယ်။ King Kong ဟာ Warner Bros. နဲ့ Legendary Pictures တို့အတွက် အရေးကြီးတဲ့ ဇာတ်ကောင်တစ်ခု ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Kong: Skull Island ကစတင်ပြီး ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Godzilla vs Kong ရုပ်ရှင်တွေဟာ စတူဒီယိုအတွက် ဝင်ငွေများစွာ ရရှိစေခဲ့ပါတယ်။

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ Disney+ ဟာ King Kong ဇာတ်လမ်းတွဲအသစ်ကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းအမျိူးအစားကတော့ အက်ရှင်စွန့်စားခန်း ဒရာမာပုံစံမျိူး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Kong ရဲ့ မူလဇစ်မြစ်နဲ့ ဒဏ္ဍာရီတွေကို မြင်တွေ့ရမှာဖြစ်သလို သူ့ရဲ့အိမ်ဖြစ်တဲ့ Skull Island နဲ့ ပတ်သက်တဲ့ သဘာဝလွန် အကြောင်းအရာတွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီ King Kong ဇာတ်လမ်းတွဲကတော့ Apple TV+ က စီစဉ်နေတဲ့ Godzilla ဇာတ်လမ်းတွဲလိုပဲ MonsterVerse နဲ့ ဆက်စပ်နေမှာ မဟုတ်ပါဘူး။ Netflix ကလည်း Skull Island မှာ ဇာတ်အိမ်တည်ထားတဲ့ Animated Series တစ်ခုကို ဖန်တီးနေတယ်လို့ သိရပြီး ဒီဇာတ်လမ်းတွဲကတော့ MonsterVerse နဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ၂၀၂၄ ခုနှစ် မတ်လ (၁၅)ရက်နေ့မှာလည်း Godzilla vs Kong ရဲ့ Sequel ရုပ်ရှင်လည်း ထွက်ရှိလာဦးမယ်လို့လည်း သိရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular