HomeEntertainmentFilmBlack Panther နဲ့ ပတ်သက်တဲ့ spin-off စီးရီးနှစ်ခုကို Marvel ဖန်တီးနေတယ်လို့ဆို

Black Panther နဲ့ ပတ်သက်တဲ့ spin-off စီးရီးနှစ်ခုကို Marvel ဖန်တီးနေတယ်လို့ဆို

ေအာက္တြင္ ‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel ဟာ Disney+ မှာ ပြသသွားမယ့် Black Panther နဲ့ ပတ်သက်တဲ့ spin-off ဇာတ်လမ်းတွဲ နှစ်ခုကို ထပ်မံဖန်တီးနေတယ်လို့ ဆိုပါတယ်။

MCU ထဲမှာတော့ Chadwick Boseman ဟာ Captain America: Civil War ထဲမှာ Black Panther အနေနဲ့ ပထမဆုံး ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၈ခုနှစ်မှာ Black Panther ဆိုလိုရုပ်ရှင် ထွက်ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ Marvel စတူဒီယိုဟာ Black Panther: Wakanda Forever အတွက် ဒါရိုက်တာ Ryan Coogler နဲ့အတူ ဖန်တီးနေပါတယ်။ ဒါတင်မကသေးဘဲ Black Panther နဲ့ ပတ်သက်တဲ့ spin-off ဇာတ်လမ်းတွဲ နှစ်ခုကိုပါ ဖန်တီးသွားဦးမယ်လို့ သတင်းထွက်နေပါသေးတယ်။

photo via screenrant

၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာတော့ Disney+ ကို စတင်မိတ်ဆက်ခဲ့ပြီး အဲ့ဒီအချိန်မှာပဲ Marvel ရဲ့ ပုံမှန်ရုပ်ရှင်တစ်ကားစာ ဘတ်ဂျက်သုံးထားတဲ့ ဇာတ်လမ်းတွဲတွေကို ဖန်တီး ထုတ်လုပ်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ WandaVision နဲ့ The Falcon and the Winter Soldier တို့ ထွက်ရှိထားပြီး မကြာခင်မှာပဲ Loki ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Marvel ဟာ Disney+ မှာ ပြသသွားဖို့အတွက် ဇာတ်လမ်းတွဲများစွာကို စီစဉ်နေပြီး Black Panther နဲ့ ပတ်သက်တဲ့ spin-off ဇာတ်လမ်းတွဲနှစ်ခုကလည်း အနာဂတ်အစီအစဉ်တွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

မကြာခင်ကပဲ ဒါရိုက်တာ Ryan Coogler ဟာ Wakanda နိုင်ငံအကြောင်းကို ဇာတ်လမ်းတွဲအနေနဲ့ ဖန်တီးဖို့ စီစဉ်နေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ Danai Gurira သရုပ်ဆောင်ထားတဲ့ Okoye ဇာတ်ကောင်အကြောင်းကို ရိုက်ကူးမယ့် ဇာတ်လမ်းတွဲလည်း ထွက်လာဦးမယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ ဒီဇာတ်လမ်းတွဲတွေအကြောင်းကို သေချာမသိရသေးပါဘူး။ ဒီနှစ်ခုပေါင်းပြီး  ဇာတ်လမ်းတွဲတစ်ခုတည်းအနေနဲ့ပဲ ထွက်လာနိုင်သလို သီးခြား ဇာတ်လမ်းတွဲနှစ်ခုအနေနဲ့လည်း ထွက်လာနိုင်ပါတယ်။

photo via screenrant

သေချာတာ တစ်ခုကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်လထဲမှာ ပြသသွားမယ့် Black Panther: Wakanda Forever ထွက်ပြီးမှသာ ဒီဇာတ်လမ်းတွဲတွေ ထွက်လာမှာ ဖြစ်ပါတယ်။ Wakanda နိုင်ငံအကြောင်းကို ရိုက်ပြသွားမယ့် ဇာတ်လမ်းတွဲထဲမှာတော့ Wakanda မှာ နေထိုင်သူတွေရဲ့ နေ့စဉ်ဘဝတွေကို ပြသသွားနိုင်ပြီး Okoye ရဲ့ ဇာတ်လမ်းတွဲကတော့ သူမ ဘယ်လိုမျိူး Dora Milaje ခေါင်းဆောင် ဖြစ်လာလည်း ဆိုတာကို မြင်တွေ့ရနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel ဟာ Disney+ မွာ ျပသသြားမယ့္ Black Panther နဲ႔ ပတ္သက္တဲ့ spin-off ဇာတ္လမ္းတြဲ ႏွစ္ခုကို ထပ္မံဖန္တီးေနတယ္လို႔ ဆိုပါတယ္။

MCU ထဲမွာေတာ့ Chadwick Boseman ဟာ Captain America: Civil War ထဲမွာ Black Panther အေနနဲ႔ ပထမဆုံး ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ၂၀၁၈ခုႏွစ္မွာ Black Panther ဆိုလို႐ုပ္ရွင္ ထြက္ရွိခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ Marvel စတူဒီယိုဟာ Black Panther: Wakanda Forever အတြက္ ဒါ႐ိုက္တာ Ryan Coogler နဲ႔အတူ ဖန္တီးေနပါတယ္။ ဒါတင္မကေသးဘဲ Black Panther နဲ႔ ပတ္သက္တဲ့ spin-off ဇာတ္လမ္းတြဲ ႏွစ္ခုကိုပါ ဖန္တီးသြားဦးမယ္လို႔ သတင္းထြက္ေနပါေသးတယ္။

photo via screenrant

၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္မွာေတာ့ Disney+ ကို စတင္မိတ္ဆက္ခဲ့ၿပီး အဲ့ဒီအခ်ိန္မွာပဲ Marvel ရဲ႕ ပုံမွန္႐ုပ္ရွင္တစ္ကားစာ ဘတ္ဂ်က္သုံးထားတဲ့ ဇာတ္လမ္းတြဲေတြကို ဖန္တီး ထုတ္လုပ္ခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ WandaVision နဲ႔ The Falcon and the Winter Soldier တို႔ ထြက္ရွိထားၿပီး မၾကာခင္မွာပဲ Loki ဇာတ္လမ္းတြဲလည္း ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ Marvel ဟာ Disney+ မွာ ျပသသြားဖို႔အတြက္ ဇာတ္လမ္းတြဲမ်ားစြာကို စီစဥ္ေနၿပီး Black Panther နဲ႔ ပတ္သက္တဲ့ spin-off ဇာတ္လမ္းတြဲႏွစ္ခုကလည္း အနာဂတ္အစီအစဥ္ေတြထဲမွာ ပါဝင္ေနတယ္လို႔ သိရပါတယ္။

မၾကာခင္ကပဲ ဒါ႐ိုက္တာ Ryan Coogler ဟာ Wakanda ႏိုင္ငံအေၾကာင္းကို ဇာတ္လမ္းတြဲအေနနဲ႔ ဖန္တီးဖို႔ စီစဥ္ေနတယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါတင္မကေသးဘဲ Danai Gurira သ႐ုပ္ေဆာင္ထားတဲ့ Okoye ဇာတ္ေကာင္အေၾကာင္းကို ႐ိုက္ကူးမယ့္ ဇာတ္လမ္းတြဲလည္း ထြက္လာဦးမယ္လို႔ သတင္းထြက္လာပါတယ္။ ဒါေပမယ့္လည္း ေလာေလာဆယ္မွာေတာ့ ဒီဇာတ္လမ္းတြဲေတြအေၾကာင္းကို ေသခ်ာမသိရေသးပါဘူး။ ဒီႏွစ္ခုေပါင္းၿပီး  ဇာတ္လမ္းတြဲတစ္ခုတည္းအေနနဲ႔ပဲ ထြက္လာႏိုင္သလို သီးျခား ဇာတ္လမ္းတြဲႏွစ္ခုအေနနဲ႔လည္း ထြက္လာႏိုင္ပါတယ္။

photo via screenrantေသခ်ာတာ တစ္ခုကေတာ့ ၂၀၂၂ ခုႏွစ္ ဇူလိုင္လထဲမွာ ျပသသြားမယ့္ Black Panther: Wakanda Forever ထြက္ၿပီးမွသာ ဒီဇာတ္လမ္းတြဲေတြ ထြက္လာမွာ ျဖစ္ပါတယ္။ Wakanda ႏိုင္ငံအေၾကာင္းကို ႐ိုက္ျပသြားမယ့္ ဇာတ္လမ္းတြဲထဲမွာေတာ့ Wakanda မွာ ေနထိုင္သူေတြရဲ႕ ေန႔စဥ္ဘဝေတြကို ျပသသြားႏိုင္ၿပီး Okoye ရဲ႕ ဇာတ္လမ္းတြဲကေတာ့ သူမ ဘယ္လိုမ်ိဴး Dora Milaje ေခါင္းေဆာင္ ျဖစ္လာလည္း ဆိုတာကို ျမင္ေတြ႕ရႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular