HomeEntertainmentFilmLoki ဇာတ်လမ်းတွဲအပါအဝင် အခြားဇာတ်လမ်းတွေများစွာကို မြင်တွေ့ခဲ့ရတဲ့ Disney+ 2023 ထွေလာ

Loki ဇာတ်လမ်းတွဲအပါအဝင် အခြားဇာတ်လမ်းတွေများစွာကို မြင်တွေ့ခဲ့ရတဲ့ Disney+ 2023 ထွေလာ

Disney 2023 ထွေလာထဲမှာတော့ ရှေ့နှစ်ထဲမှာ ထွက်ရှိလာမယ့် Disney+ ရဲ့ Original Content တွေများစွာကို မြင်တွေ့ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Disney စတူဒီယိုဟာ Disney+ Streaming Service ကို ပြုလုပ်ခဲ့တာ သုံးနှစ်ခန့် ရှိပြီ ဖြစ်ပြီး Marvel ၊ Lucasfilm ၊ Pixar နဲ့ အခြားသော Disney လက်အောက်ခံ စတူဒီယိုတွေရဲ့ ဇာတ်လမ်းတွေကို ပြသခဲ့ပါတယ်။

photo via screenrant 

ယခုအချိန်မှာတော့ ၂၀၂၂ ခုနှစ် ကုန်ဆုံးခါနီးနေပြီ ဖြစ်ပြီး နှစ်သစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကို ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် Disney စတူဒီယိုဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ ဘယ်ဇာတ်လမ်းတွေကို Disney+ မှာ မြင်တွေ့ရမလည်း ဆိုတာကို First Look ပြသသွားခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Loki Season 2 နဲ့ Ahsoka တို့ရဲ့ First Look တို့ ပါဝင်နေသလို Secret Invasion နဲ့ The Mandalorian Season 3 တို့ရဲ့ Footage အသစ် အနည်းငယ်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဇာတ်လမ်းအသစ်တွေဖြစ်တဲ့ American Born Chinese ၊ Pixar ရဲ့ Win or Lose အပြင် Live Action Remake ဖြစ်တဲ့ Peter Pan and Wendy တို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကတော့ ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့ အတည်ပြုထားတဲ့ ဇာတ်လမ်းတွေထဲက တစိတ်တပိုင်းလောက်ပဲ ရှိပါသေးတယ်။ Marvel စတူဒီယို တစ်ခုတည်းနဲ့တင် ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့ စီစဉ်ထားတဲ့ ပရောဂျက်တွေ ကျန်ရှိနေပါသေးတယ်။ Ironheart ၊ Echo နဲ့ Agatha: Coven of Chaos တို့က အတည်ပြုပြီးသား ဖြစ်သလို What If…? Season 2 နဲ့ X-Men ’97 တို့ကလည်း ရှေ့နှစ်အတွင်းမှာပဲ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် Star Wars ဇာတ်လမ်းတွဲတွေကိုလည်း ရှေ့နှစ်ထဲမှာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ The Mandalorian Season 3 ကတော့ မတ်လမှာ ထွက်ရှိလာမှာ ဖြစ်ပြီး Ahsoka ဇာတ်လမ်းတွဲ ထွက်ရှိလာမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ Star Wars: The Bad Batch ကတော့ ဇန်နဝါရီမှာ ထွက်ရှိလာမှာပါ။ ဒါတင်မကသေးဘဲ Live Action ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Star Wars: Skeleton Crew ကိုလည်း ရှေ့နှစ်ထဲမှာပဲ ပြသနိုင်ဖို့ စီစဉ်နေကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular