HomeEntertainmentFilmဇာတ်လမ်း တည်နေရာအလိုက် Disney Princess လေးတွေရဲ့ မွေးရပ်မြေများ

ဇာတ်လမ်း တည်နေရာအလိုက် Disney Princess လေးတွေရဲ့ မွေးရပ်မြေများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney Princesses တွေိလို့ ပြောလိုက်ရင် Snow White ၊ Cinderella ၊ Ariel အစရှိတဲ့ Walt Disney က ထုတ်လုပ်ခဲ့တဲ့ မိန်းကလေးဇာတ်ကောင်တွေကို ပြေးမြင်ကြမှာပါ။ အိပ်ရာဝင်ပုံပြင်အဖြစ်ရော၊ ငယ်ဘဝတစ်လျှောက်လုံး ကြည့်ရှုခဲ့ကြတဲ့ ကာတွန်းဇာတ်ကောင်တွေအဖြစ်ရော ရင်းနှီးခဲ့ကြတဲ့ ဒီပုံပြင်ဇာတ်လမ်းတွေဟာ ဘယ်နိုင်ငံက ဘယ်သူစတင်ပြီး ဖန်တီးလိုက်တဲ့ ဇာတ်လမ်းတွေလည်းဆိုတာ ဘယ်သူမှ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ သို့ပေမယ့် Disney Princess တစ်ယောက်ချင်းစီရဲ့ အဖြစ်အပျက်တွေကို လိုက်ပြီး ဘယ်နိုင်ငံ၊ ဒေသကို အခြေတည်ထားလည်းဆိုတာတော့ ဖော်ပြလို့ရပါတယ်။  ဒါကြောင့် Disney Princess တစ်ယောက်ချင်းစီရဲ့ အခြေတည်ရာ နေရာ၊ဒေသတွေကို ဖော်ပြပေးလိုက်ပါတယ်။

Snow White
photo via screenrant

Snow White animation ဟာ ၁၉၃၇ခုနှစ်ကတည်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး သူမဟာ Disney ရဲ့ ပထမဆုံး အမျိုးသမီးဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Disney က ဖန်တီးလိုက်တဲ့အချိန်ရောက်မှသာ ရိုမန့်တစ်ဆန်ဆန်နဲ့ လူကြိုက်များအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ တကယ့်ဇာတ်လမ်းကတော့ horror ဆန်ဆန်ပုံစံမျိုး ဖြစ်ပါတယ်။

Snow White ပုံပြင်ဟာ Brother Grimm ရေးသားခဲ့တဲ့ Schneewittchen ဆိုတဲ့ ဂန္ထဝင်ပုံပြင်တစ်ခုကို မှီငြမ်းပြီး Walt Disney က ဖန်တီးထားတာ ဖြစ်ပါတယ်။ Brother Grimm ရဲ့ မူလလက်ရာ စာအုပ်ဟာ ၁၈၁၂ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ မူလဇာတ်လမ်းနဲ့ ၁၉၃၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Disney ရဲ့ဇာတ်လမ်းမှာ ကွဲပြားမှုများစွာ ရှိခဲ့ပေမယ့် ဂျာမန်တွေရဲ့ ဓလေ့ထုံးစံ၊ ဝတ်စုံဒီဇိုင်း၊ အဆောက်အဦးဒီဇိုင်း စတာတွေရဲ့ လွှမ်းမိုးမှုများစွာ ရှိခဲ့တာကြောင့် Snow White ဇာတ်လမ်းရဲ့ အဖြစ်အပျက်ဟာ ဂျာမနီနိုင်ငံမှာ အခြေတည်ထားတယ်လို့ ပြောလို့ရပါတယ်။

Cinderella
photo via screenrant

Cinderella ဟာလည်း Live Action အဖြစ် ပထမဆုံး ပွဲထွက်ခွင့်ရတဲ့ Disney Princess တစ်ယောက် ဖြစ်ပါတယ်။ တကယ်တော့ သူမရဲ့ဇာတ်လမ်းဟာ အေဒီ(၈၆၀)ခုနှစ်လောက်တည်းက လက်ဆင့်ကမ်းခဲ့တဲ့ ပါးစပ်ရာဇဝင် ပုံပြင်တစ်ခု ဖြစ်ပြီး အချိန်တွေကြာလာတာနဲ့အမျှ ဇာတ်လမ်းဟာလည်း တဖြည်းဖြည်းနဲ့ ပြောင်းလဲလာခဲ့ပါတယ်။

ဒီလိုနဲ့ နောက်ပိုင်းမှာတော့ အဲ့ဒီပုံပြင်ဟာ ပြင်သစ်နိုင်ငံမှာ နာမည်ကြီးသွားပြီးတော့ Charles Perrault ဟာ ၁၆၉၇ ခုနှစ်မှာ “Cendrillon ou La petite pantoufle de verre” ဆိုတဲ့နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ၁၈၁၂ခုနှစ်မှာတော့ Grimm ညီအစ်ကိုတွေဟာ ပိုပြီးတော့ dark ဖြစ်တဲ့ ဗားရှင်းနဲ့ ပြန်လည်ရေးသားခဲ့ပါတယ်။

၁၉၅၀ခုနှစ်ရောက်မှသာ Disney ဟာ အဲ့ဒီဇာတ်လမ်းကို ကလေးတွေနဲ့ သင့်တော်အောင် ပြုပြင်ပြီး ပိုပြီးတော့ လူကြိုက်များသွားအောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြန်လည်ဖန်တီးတဲ့အချိန်မှာတော့ အရင်က ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ပါဝင်တဲ့ ပြင်သစ်အငွေ့အသက်တွေဟာ ကျန်ရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့် Cinderella ရဲ့ဇာတ်လမ်းဟာ ပြင်သစ်နိုင်ငံမှာ အခြေတည်ထားတယ်လို့ ပြောလို့ရပါတယ်။

Aurora
photo via screenrant

Sleeping Beauty လို့သိကြတဲ့ Aurora ဟာလည်း Cinderella နဲ့ အနည်းငယ်ဆင်တူပါတယ်။ အကြောင်းကတော့ သူမရဲ့အကြောင်းကို Charles Perrault က အရင်ရေးသားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာမှ Grimm ညီအစ်ကိုတွေက ပြန်လည်ပုံဖော်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးကျမှသာ Disney က ဇာတ်လမ်းကို ပြန်လည်ပြင်ဆင်ပြီးတော့ ပရိသတ်တွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့အကြောင်းကို Charles Perrault က အရင်ရေးသားခဲ့တာ ဖြစ်တာကြောင့် သူမဟာလည်း Cinderella လိုမျိုး ပြင်သစ်အငွေ့အသက်တွေနဲ့ အခြေတည်ထားတဲ့ ပြင်သစ်နိုင်ငံသူလေးတစ်ယောက် ဖြစ်ပါတယ်။

Ariel
photo via screenrant

အားလုံးသိကြသလိုပဲ Ariel ကတော့ ပင်လယ်ရေအောက်ထဲမှာ နေထိုင်တာ ဖြစ်တာကြောင့် ဘယ်နေရာမှာလည်းဆိုတာကို ပြောဖို့မဖြစ်နိုင်ပေမယ့် မင်းသား Eric ရဲ့နိုင်ငံကိုတော့ ခန့်မှန်းလို့ရပါတယ်။ သူမရဲ့ဇာတ်ကြောင်းကိုတော့ ၁၈၃၇ခုနှစ်မှာ Hans Christian Anderson ဆိုတဲ့ စာရေးဆရာက စာအုပ်ရေးသားခဲ့ပါတယ်။

သူ ရေးသားခဲ့တဲ့ ဇာတ်လမ်းအတိုင်းဆိုရင် ဒိန်းမတ်နိုင်ငံရဲ့ ကမ်းခြေတစ်နေရာမှာ ဖြစ်ခဲ့တယ်လို့ ပြောလို့ရပြီး Disney က ပြန်လည်ဖန်တီးတဲ့အချိန်မှာတော့ နေရာပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ပုံပြင်ထဲမှာပါတဲ့ မင်းသား Eric ရဲ့နိုင်ငံက ဗိသုကာလက်ရာတွေဟာ အီတလီနဲ့ ပြင်သစ်တောင်ပိုင်းက ဗိသုကာလက်ရာတွေနဲ့ ဆင်တူနေတာကြောင့်ပါပဲ။ အဲ့ဒါကြောင့် သူမရဲ့ ဇာတ်လမ်းဟာ တည်နေရာ အတိအကျပြောလို့မရဘဲ အီတလီနဲ့ ပြင်သစ် နှစ်ခုလုံး ဖြစ်နိုင်ပါတယ်။

Belle
photo via screenrant

Beauty and The Beast ကာတွန်းကားဟာ ၁၇၄၀ခုနှစ်တုန်းက ပြင်သစ်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Gabrielle-Suzanne de Villeneuve ရေးသားခဲ့တဲ့ ဝတ္ထုကို Walt Disney က ပြန်လည်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မူလဝတ္ထုနဲ့ Disney ရဲ့ ဇာတ်လမ်းမှာ ကွဲပြားသွားတာကတော့ Belle ရဲ့ ကာရိုက်တာပါပဲ။

Disney က ပြန်လည်ဖန်တီးလိုက်တဲ့ Belle ဟာ မိန်းကလေးတစ်ယောက်လို နူးညံ့သိမ်မွေ့တာထက်စာရင် သူရဲကောင်းဆန်တဲ့ဘက်ကို ပိုသွားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြင်သစ်စာရေးဆရာ ရေးသားခဲ့တာ ဖြစ်တာကြောင့် ဒီဇာတ်လမ်းထဲမှာ တစ်ချို့ဒိုင်ယာလော့ခ်တွေနဲ့ ဇာတ်ကောင်နာမည်တွေမှာ ပြင်သစ်ဘာသာနဲ့ ဖြစ်နေတာပါ။ Belle ရဲ့ ဇာတ်ကောင် အခြေတည်ရာ နေရာကတော့ ပြင်သစ်နိုင်ငံလို့ ပြောလို့ရပါတယ်။

Jasmine
photo via screenrant

Aladdin ဇာတ်ကားမှာရော၊ ၁၉၉၄ခုနှစ်က ထွက်ရှိခဲ့တဲ့ animated movie မှာပါ Jasmine နေထိုင်တဲ့နေရာဟာ Agrabah လို့ခေါ်တဲ့ စိတ်ကူးယဉ်မြို့တော် ဖြစ်ပါတယ်။ တကယ်တော့ ဒီဇာတ်လမ်းဟာ တရုတ်ပုံပြင်တစ်ခုဖြစ်ပြီး အချိန်တွေကြာလာတာကြောင့် ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေဟာ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တရုတ်ပုံပြင်တစ်ခုလို့ လုံးဝမထင်ရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပါတယ်။ Disney က ပြန်လည်ဖန်တီးခဲ့တဲ့ ဇာတ်လမ်းအရဆိုရင်တော့ Jasmine နေထိုင်တဲ့နေရာဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲက တစ်ခုဆိုတာ သိသာပါတယ်။

Pocahontas
photo via screenrant

Pocahontas ဟာ အပြင်လက်တွေ့ဘဝမှာလည်း တကယ်ရှိခဲ့တဲ့ မိန်းကလေးတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံကို ကိုလိုနီအဖြစ် ကျူးကျော်သိမ်းပိုက်မခံရခင်တည်းက အခြေချ နေထိုင်ခဲ့ကြတဲ့ native american လူမျိုးတစ်ယောက် ဖြစ်ပါတယ်။ Disney က ဖန်တီးလိုက်တဲ့ Pocahontas ဟာ လက်တွေ့ဘဝက မိန်းကလေးနဲ့ ကွာခြားမှုတွေ အများကြီး ရှိပေမယ့် ဗားဂျီးနီးယားပြည်နယ်၊ ဂျိမ်းစ်တောင်းမှာ အခြေတည်ထားတာကတော့ မှန်ကန်ပါတယ်။

Mulan
photo via screenrant

Mulan ဟာ Disney ပရိသတ်တွေကြားထဲမှာ အားပေးမှုများစွာ ရရှိထားတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သူမရဲ့ဇာတ်လမ်းကို Live Action အဖြစ်နဲ့ ပြန်လည်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ Mulan ဇာတ်ကောင်ဟာ တရုတ်ပြည်မြောက်ပိုင်း ဝေမင်းဆက် လက်ထက်တုန်းက ရေးသားခဲ့တဲ့ Ballad of Mulan ဆိုတဲ့ တရုတ်ကဗျာတစ်ပုဒ်ကို အခြေခံပြီး ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ သူမရဲ့နာမည်နဲ့ ဇာတ်လမ်းအရ တရုတ်နိုင်ငံမှာ အခြေတည်ထားတယ်ဆိုတာတော့ ပြောစရာလိုမယ် မထင်ပါဘူး။

Tiana
photo via screenrant

The Frog Prince ဆိုတဲ့ Grimm ညီအစ်ကိုရဲ့ ပုံပြင်တစ်ခုကို ပြန်လည်ဖန်တီးထားတဲ့ ဒီဇာတ်လမ်းကတော့ ၂၀၀၈ခုနှစ်မှာ The Princess and The Frog ဆိုတဲ့နာမည်နဲ့ ကာတွန်းဇာတ်ကား ထွက်ရှိခဲ့ပါတယ်။ မူလပုံပြင်ထဲကနဲ့ မတူဘဲ ကာတွန်းထဲက အခြေတည်ထားတဲ့ နေရာကတော့ အရောင်အသွေးစုံစုံနဲ့ ဂျက်ဇ်တေးဂီတတို့ လွင့်ပျံနေတဲ့ နှစ်ဆယ်ရာစု အစောပိုင်းက အမေရိကန်နိုင်ငံ၊ နယူးအော်လိန်းမြို့မှာ ဖြစ်ပါတယ်။

Rapunzel
photo via screenrant

Tangled ဇာတ်လမ်းဟာလည်း Grimm ညီအစ်ကို ရေးသားခဲ့တဲ့ ဂျာမနီပုံပြင်တစ်ပုဒ်ဖြစ်ပြီး Rapunzel ဟာ ကိုရိုနာလို့ခေါ်တဲ့ စိတ်ကူးယဉ်မြို့တော်မှာ နေထိုင်ပါတယ်။ ထုံးစံအတိုင်း Disney က နောက်ပိုင်းမှာ ပြန်လည်ဖန်တီးပြီးတော့ သူတို့ရဲ့ဇာတ်ကောင်ဖြစ်အောင် ပြုလုပ်လိုက်ပါတယ်။ ဒီဇာတ်လမ်းဟာ ဂျာမနီပုံပြင်ကို အခြေခံထားတာကြောင့် ဂျာမနီနိုင်ငံရဲ့ အငွေ့အသက်တွေ ပါနေတဲ့အတွက် Rapunzel ဟာ ဂျာမနီနိုင်ငံသူလို့ ပြောလို့ရပေမယ့်လည်း သူ့ရဲ့ဇာတ်လမ်းဟာ ဟန်ဂေရီနိုင်ငံမှာ အခြေတည်ထားတာလို့ ပြောကြသူတွေလည်း ရှိပါတယ်။

Merida
photo via screenrant

၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Brave ဇာတ်ကားဟာ (၁၅)ရာစုလောက်က အချိန်ကာလကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ အပြင်အဆင်နဲ့ ဓလေ့ရိုးရာတွေဟာ စကော့တလန်လူမျိုးတွေရဲ့ရိုးရာဓလေ့တွေနဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါတွေတင်မဟုတ်ဘဲ အသုံးပြုတဲ့လက်နက်တွေနဲ့ နေရာတွေကပါ စကော့တလန်နိုင်ငံနဲ့ ဆင်တူနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Merida ကတော့ စကော့တလန်နိုင်ငံသူတစ်ယောက်လို့ ပြောလို့ရပါတယ်။

Moana
photo via screenrant

Moana ရဲ့ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း ကျွန်းလေးပေါ်မှာ ဖြစ်တာကြောင့် ဒီအတိုင်းဆိုရင် ဘယ်နေရာကိုအခြေခံပြီး ဖန်တီးထားတာလည်းဆိုတာကို သိဖို့မလွယ်ကူပါဘူး။ ဒါပေမယ့်လည်း ဒီဇာတ်လမ်းကို ဖန်တီးတဲ့သူဟာ Polynesian ကျွန်းစုလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ ပုံပြင်တွေကို ထည့်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာလည်း အမှားအယွင်းမဖြစ်အောင်လို့ ကျွမ်းကျင်သူတွေကို ငှားရမ်းပြီးတော့ သေချာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Polynesia ဟာ ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းရဲ့ အလယ်မှာ Oceania လို့ခေါ်တဲ့ ကျွန်းပေါင်းထောင်ချီရှိတဲ့ ဒေသရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲ့ဒီ့ဒေသမှာ နေထိုင်သူတွေကိုတော့ Polynesian ကျွန်းစုလူမျိုးတွေလို့ ခေါ်ဆိုကြပါတယ်။ ဒါကြောင့် Moana လေးဟာ Polynesian တစ်ယောက်လို့ အမည်တပ်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ Disney Princess လေးတွေရဲ့ ဇာတ်လမ်းကိုလိုက်ပြီး ပြင်ပမှာရှိနိုင်တဲ့ တည်နေရာတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ အကြိုက်ဆုံး Disney Princess တွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney Princesses ေတြိလို႔ ေျပာလိုက္ရင္ Snow White ၊ Cinderella ၊ Ariel အစရွိတဲ့ Walt Disney က ထုတ္လုပ္ခဲ့တဲ့ မိန္းကေလးဇာတ္ေကာင္ေတြကို ေျပးျမင္ၾကမွာပါ။ အိပ္ရာဝင္ပုံျပင္အျဖစ္ေရာ၊ ငယ္ဘဝတစ္ေလွ်ာက္လုံး ၾကည့္ရႈခဲ့ၾကတဲ့ ကာတြန္းဇာတ္ေကာင္ေတြအျဖစ္ေရာ ရင္းႏွီးခဲ့ၾကတဲ့ ဒီပုံျပင္ဇာတ္လမ္းေတြဟာ ဘယ္ႏိုင္ငံက ဘယ္သူစတင္ၿပီး ဖန္တီးလိုက္တဲ့ ဇာတ္လမ္းေတြလည္းဆိုတာ ဘယ္သူမွ တိတိက်က် မေဖာ္ထုတ္ႏိုင္ေသးပါဘူး။ သို႔ေပမယ့္ Disney Princess တစ္ေယာက္ခ်င္းစီရဲ႕ အျဖစ္အပ်က္ေတြကို လိုက္ၿပီး ဘယ္ႏိုင္ငံ၊ ေဒသကို အေျခတည္ထားလည္းဆိုတာေတာ့ ေဖာ္ျပလို႔ရပါတယ္။  ဒါေၾကာင့္ Disney Princess တစ္ေယာက္ခ်င္းစီရဲ႕ အေျခတည္ရာ ေနရာ၊ေဒသေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Snow White
photo via screenrant

Snow White animation ဟာ ၁၉၃၇ခုႏွစ္ကတည္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီး သူမဟာ Disney ရဲ႕ ပထမဆုံး အမ်ိဳးသမီးဇာတ္ေကာင္လည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Disney က ဖန္တီးလိုက္တဲ့အခ်ိန္ေရာက္မွသာ ႐ိုမန္႔တစ္ဆန္ဆန္နဲ႔ လူႀကိဳက္မ်ားေအာင္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ႕ တကယ့္ဇာတ္လမ္းကေတာ့ horror ဆန္ဆန္ပုံစံမ်ိဳး ျဖစ္ပါတယ္။

Snow White ပုံျပင္ဟာ Brother Grimm ေရးသားခဲ့တဲ့ Schneewittchen ဆိုတဲ့ ဂႏၴဝင္ပုံျပင္တစ္ခုကို မွီျငမ္းၿပီး Walt Disney က ဖန္တီးထားတာ ျဖစ္ပါတယ္။ Brother Grimm ရဲ႕ မူလလက္ရာ စာအုပ္ဟာ ၁၈၁၂ခုႏွစ္မွာ ပုံႏွိပ္ထုတ္ေဝခဲ့တာျဖစ္ပါတယ္။ မူလဇာတ္လမ္းနဲ႔ ၁၉၃၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Disney ရဲ႕ဇာတ္လမ္းမွာ ကြဲျပားမႈမ်ားစြာ ရွိခဲ့ေပမယ့္ ဂ်ာမန္ေတြရဲ႕ ဓေလ့ထုံးစံ၊ ဝတ္စုံဒီဇိုင္း၊ အေဆာက္အဦးဒီဇိုင္း စတာေတြရဲ႕ လႊမ္းမိုးမႈမ်ားစြာ ရွိခဲ့တာေၾကာင့္ Snow White ဇာတ္လမ္းရဲ႕ အျဖစ္အပ်က္ဟာ ဂ်ာမနီႏိုင္ငံမွာ အေျခတည္ထားတယ္လို႔ ေျပာလို႔ရပါတယ္။

Cinderella
photo via screenrant

Cinderella ဟာလည္း Live Action အျဖစ္ ပထမဆုံး ပြဲထြက္ခြင့္ရတဲ့ Disney Princess တစ္ေယာက္ ျဖစ္ပါတယ္။ တကယ္ေတာ့ သူမရဲ႕ဇာတ္လမ္းဟာ ေအဒီ(၈၆၀)ခုႏွစ္ေလာက္တည္းက လက္ဆင့္ကမ္းခဲ့တဲ့ ပါးစပ္ရာဇဝင္ ပုံျပင္တစ္ခု ျဖစ္ၿပီး အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ဇာတ္လမ္းဟာလည္း တျဖည္းျဖည္းနဲ႔ ေျပာင္းလဲလာခဲ့ပါတယ္။

ဒီလိုနဲ႔ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီပုံျပင္ဟာ ျပင္သစ္ႏိုင္ငံမွာ နာမည္ႀကီးသြားၿပီးေတာ့ Charles Perrault ဟာ ၁၆၉၇ ခုႏွစ္မွာ “Cendrillon ou La petite pantoufle de verre” ဆိုတဲ့နာမည္နဲ႔ စာအုပ္ထုတ္ေဝခဲ့ပါတယ္။ ၁၈၁၂ခုႏွစ္မွာေတာ့ Grimm ညီအစ္ကိုေတြဟာ ပိုၿပီးေတာ့ dark ျဖစ္တဲ့ ဗားရွင္းနဲ႔ ျပန္လည္ေရးသားခဲ့ပါတယ္။

၁၉၅၀ခုႏွစ္ေရာက္မွသာ Disney ဟာ အဲ့ဒီဇာတ္လမ္းကို ကေလးေတြနဲ႔ သင့္ေတာ္ေအာင္ ျပဳျပင္ၿပီး ပိုၿပီးေတာ့ လူႀကိဳက္မ်ားသြားေအာင္ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီလို ျပန္လည္ဖန္တီးတဲ့အခ်ိန္မွာေတာ့ အရင္က ေရးသားခဲ့တဲ့ စာအုပ္ေတြထဲမွာ ပါဝင္တဲ့ ျပင္သစ္အေငြ႕အသက္ေတြဟာ က်န္ရွိေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Cinderella ရဲ႕ဇာတ္လမ္းဟာ ျပင္သစ္ႏိုင္ငံမွာ အေျခတည္ထားတယ္လို႔ ေျပာလို႔ရပါတယ္။

Aurora
photo via screenrant

Sleeping Beauty လို႔သိၾကတဲ့ Aurora ဟာလည္း Cinderella နဲ႔ အနည္းငယ္ဆင္တူပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕အေၾကာင္းကို Charles Perrault က အရင္ေရးသားခဲ့တာ ျဖစ္ၿပီး ေနာက္ပိုင္းမွာမွ Grimm ညီအစ္ကိုေတြက ျပန္လည္ပုံေဖာ္ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ဆုံးက်မွသာ Disney က ဇာတ္လမ္းကို ျပန္လည္ျပင္ဆင္ၿပီးေတာ့ ပရိသတ္ေတြကို ခ်ျပခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူမရဲ႕အေၾကာင္းကို Charles Perrault က အရင္ေရးသားခဲ့တာ ျဖစ္တာေၾကာင့္ သူမဟာလည္း Cinderella လိုမ်ိဳး ျပင္သစ္အေငြ႕အသက္ေတြနဲ႔ အေျခတည္ထားတဲ့ ျပင္သစ္ႏိုင္ငံသူေလးတစ္ေယာက္ ျဖစ္ပါတယ္။

Ariel
photo via screenrant

အားလုံးသိၾကသလိုပဲ Ariel ကေတာ့ ပင္လယ္ေရေအာက္ထဲမွာ ေနထိုင္တာ ျဖစ္တာေၾကာင့္ ဘယ္ေနရာမွာလည္းဆိုတာကို ေျပာဖို႔မျဖစ္ႏိုင္ေပမယ့္ မင္းသား Eric ရဲ႕ႏိုင္ငံကိုေတာ့ ခန႔္မွန္းလို႔ရပါတယ္။ သူမရဲ႕ဇာတ္ေၾကာင္းကိုေတာ့ ၁၈၃၇ခုႏွစ္မွာ Hans Christian Anderson ဆိုတဲ့ စာေရးဆရာက စာအုပ္ေရးသားခဲ့ပါတယ္။

သူ ေရးသားခဲ့တဲ့ ဇာတ္လမ္းအတိုင္းဆိုရင္ ဒိန္းမတ္ႏိုင္ငံရဲ႕ ကမ္းေျခတစ္ေနရာမွာ ျဖစ္ခဲ့တယ္လို႔ ေျပာလို႔ရၿပီး Disney က ျပန္လည္ဖန္တီးတဲ့အခ်ိန္မွာေတာ့ ေနရာေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ပုံျပင္ထဲမွာပါတဲ့ မင္းသား Eric ရဲ႕ႏိုင္ငံက ဗိသုကာလက္ရာေတြဟာ အီတလီနဲ႔ ျပင္သစ္ေတာင္ပိုင္းက ဗိသုကာလက္ရာေတြနဲ႔ ဆင္တူေနတာေၾကာင့္ပါပဲ။ အဲ့ဒါေၾကာင့္ သူမရဲ႕ ဇာတ္လမ္းဟာ တည္ေနရာ အတိအက်ေျပာလို႔မရဘဲ အီတလီနဲ႔ ျပင္သစ္ ႏွစ္ခုလုံး ျဖစ္ႏိုင္ပါတယ္။

Belle
photo via screenrant

Beauty and The Beast ကာတြန္းကားဟာ ၁၇၄၀ခုႏွစ္တုန္းက ျပင္သစ္စာေရးဆရာတစ္ေယာက္ျဖစ္တဲ့ Gabrielle-Suzanne de Villeneuve ေရးသားခဲ့တဲ့ ဝတၳဳကို Walt Disney က ျပန္လည္ပုံေဖာ္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ မူလဝတၳဳနဲ႔ Disney ရဲ႕ ဇာတ္လမ္းမွာ ကြဲျပားသြားတာကေတာ့ Belle ရဲ႕ ကာ႐ိုက္တာပါပဲ။

Disney က ျပန္လည္ဖန္တီးလိုက္တဲ့ Belle ဟာ မိန္းကေလးတစ္ေယာက္လို ႏူးညံ့သိမ္ေမြ႕တာထက္စာရင္ သူရဲေကာင္းဆန္တဲ့ဘက္ကို ပိုသြားထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ျပင္သစ္စာေရးဆရာ ေရးသားခဲ့တာ ျဖစ္တာေၾကာင့္ ဒီဇာတ္လမ္းထဲမွာ တစ္ခ်ိဳ႕ဒိုင္ယာေလာ့ခ္ေတြနဲ႔ ဇာတ္ေကာင္နာမည္ေတြမွာ ျပင္သစ္ဘာသာနဲ႔ ျဖစ္ေနတာပါ။ Belle ရဲ႕ ဇာတ္ေကာင္ အေျခတည္ရာ ေနရာကေတာ့ ျပင္သစ္ႏိုင္ငံလို႔ ေျပာလို႔ရပါတယ္။

Jasmine
photo via screenrant

Aladdin ဇာတ္ကားမွာေရာ၊ ၁၉၉၄ခုႏွစ္က ထြက္ရွိခဲ့တဲ့ animated movie မွာပါ Jasmine ေနထိုင္တဲ့ေနရာဟာ Agrabah လို႔ေခၚတဲ့ စိတ္ကူးယဥ္ၿမိဳ႕ေတာ္ ျဖစ္ပါတယ္။ တကယ္ေတာ့ ဒီဇာတ္လမ္းဟာ တ႐ုတ္ပုံျပင္တစ္ခုျဖစ္ၿပီး အခ်ိန္ေတြၾကာလာတာေၾကာင့္ ဇာတ္ေကာင္ေတြနဲ႔ ဇာတ္လမ္းေတြဟာ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ တ႐ုတ္ပုံျပင္တစ္ခုလို႔ လုံးဝမထင္ရေလာက္ေအာင္ ေျပာင္းလဲသြားခဲ့ၿပီ ျဖစ္ပါတယ္။ Disney က ျပန္လည္ဖန္တီးခဲ့တဲ့ ဇာတ္လမ္းအရဆိုရင္ေတာ့ Jasmine ေနထိုင္တဲ့ေနရာဟာ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြထဲက တစ္ခုဆိုတာ သိသာပါတယ္။

Pocahontas
photo via screenrant

Pocahontas ဟာ အျပင္လက္ေတြ႕ဘဝမွာလည္း တကယ္ရွိခဲ့တဲ့ မိန္းကေလးတစ္ဦးျဖစ္ၿပီး အေမရိကန္ႏိုင္ငံကို ကိုလိုနီအျဖစ္ က်ဴးေက်ာ္သိမ္းပိုက္မခံရခင္တည္းက အေျခခ် ေနထိုင္ခဲ့ၾကတဲ့ native american လူမ်ိဳးတစ္ေယာက္ ျဖစ္ပါတယ္။ Disney က ဖန္တီးလိုက္တဲ့ Pocahontas ဟာ လက္ေတြ႕ဘဝက မိန္းကေလးနဲ႔ ကြာျခားမႈေတြ အမ်ားႀကီး ရွိေပမယ့္ ဗားဂ်ီးနီးယားျပည္နယ္၊ ဂ်ိမ္းစ္ေတာင္းမွာ အေျခတည္ထားတာကေတာ့ မွန္ကန္ပါတယ္။

Mulan
photo via screenrant

Mulan ဟာ Disney ပရိသတ္ေတြၾကားထဲမွာ အားေပးမႈမ်ားစြာ ရရွိထားတဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ၿပီး အခုခ်ိန္မွာေတာ့ သူမရဲ႕ဇာတ္လမ္းကို Live Action အျဖစ္နဲ႔ ျပန္လည္ဖန္တီးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားလည္း ထြက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ Mulan ဇာတ္ေကာင္ဟာ တ႐ုတ္ျပည္ေျမာက္ပိုင္း ေဝမင္းဆက္ လက္ထက္တုန္းက ေရးသားခဲ့တဲ့ Ballad of Mulan ဆိုတဲ့ တ႐ုတ္ကဗ်ာတစ္ပုဒ္ကို အေျခခံၿပီး ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ သူမရဲ႕နာမည္နဲ႔ ဇာတ္လမ္းအရ တ႐ုတ္ႏိုင္ငံမွာ အေျခတည္ထားတယ္ဆိုတာေတာ့ ေျပာစရာလိုမယ္ မထင္ပါဘူး။

Tiana
photo via screenrant

The Frog Prince ဆိုတဲ့ Grimm ညီအစ္ကိုရဲ႕ ပုံျပင္တစ္ခုကို ျပန္လည္ဖန္တီးထားတဲ့ ဒီဇာတ္လမ္းကေတာ့ ၂၀၀၈ခုႏွစ္မွာ The Princess and The Frog ဆိုတဲ့နာမည္နဲ႔ ကာတြန္းဇာတ္ကား ထြက္ရွိခဲ့ပါတယ္။ မူလပုံျပင္ထဲကနဲ႔ မတူဘဲ ကာတြန္းထဲက အေျခတည္ထားတဲ့ ေနရာကေတာ့ အေရာင္အေသြးစုံစုံနဲ႔ ဂ်က္ဇ္ေတးဂီတတို႔ လြင့္ပ်ံေနတဲ့ ႏွစ္ဆယ္ရာစု အေစာပိုင္းက အေမရိကန္ႏိုင္ငံ၊ နယူးေအာ္လိန္းၿမိဳ႕မွာ ျဖစ္ပါတယ္။

Rapunzel
photo via screenrant

Tangled ဇာတ္လမ္းဟာလည္း Grimm ညီအစ္ကို ေရးသားခဲ့တဲ့ ဂ်ာမနီပုံျပင္တစ္ပုဒ္ျဖစ္ၿပီး Rapunzel ဟာ ကို႐ိုနာလို႔ေခၚတဲ့ စိတ္ကူးယဥ္ၿမိဳ႕ေတာ္မွာ ေနထိုင္ပါတယ္။ ထုံးစံအတိုင္း Disney က ေနာက္ပိုင္းမွာ ျပန္လည္ဖန္တီးၿပီးေတာ့ သူတို႔ရဲ႕ဇာတ္ေကာင္ျဖစ္ေအာင္ ျပဳလုပ္လိုက္ပါတယ္။ ဒီဇာတ္လမ္းဟာ ဂ်ာမနီပုံျပင္ကို အေျခခံထားတာေၾကာင့္ ဂ်ာမနီႏိုင္ငံရဲ႕ အေငြ႕အသက္ေတြ ပါေနတဲ့အတြက္ Rapunzel ဟာ ဂ်ာမနီႏိုင္ငံသူလို႔ ေျပာလို႔ရေပမယ့္လည္း သူ႔ရဲ႕ဇာတ္လမ္းဟာ ဟန္ေဂရီႏိုင္ငံမွာ အေျခတည္ထားတာလို႔ ေျပာၾကသူေတြလည္း ရွိပါတယ္။

Merida
photo via screenrant

၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Brave ဇာတ္ကားဟာ (၁၅)ရာစုေလာက္က အခ်ိန္ကာလကို အေျခခံၿပီး ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြရဲ႕ အျပင္အဆင္နဲ႔ ဓေလ့႐ိုးရာေတြဟာ စေကာ့တလန္လူမ်ိဳးေတြရဲ႕႐ိုးရာဓေလ့ေတြနဲ႔ ဆင္တူေနတာကို ေတြ႕ရပါတယ္။ ဒါေတြတင္မဟုတ္ဘဲ အသုံးျပဳတဲ့လက္နက္ေတြနဲ႔ ေနရာေတြကပါ စေကာ့တလန္ႏိုင္ငံနဲ႔ ဆင္တူေနတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Merida ကေတာ့ စေကာ့တလန္ႏိုင္ငံသူတစ္ေယာက္လို႔ ေျပာလို႔ရပါတယ္။

Moana
photo via screenrant

Moana ရဲ႕ဇာတ္လမ္းကေတာ့ အားလုံးသိၾကတဲ့အတိုင္း ကြၽန္းေလးေပၚမွာ ျဖစ္တာေၾကာင့္ ဒီအတိုင္းဆိုရင္ ဘယ္ေနရာကိုအေျခခံၿပီး ဖန္တီးထားတာလည္းဆိုတာကို သိဖို႔မလြယ္ကူပါဘူး။ ဒါေပမယ့္လည္း ဒီဇာတ္လမ္းကို ဖန္တီးတဲ့သူဟာ Polynesian ကြၽန္းစုလူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈနဲ႔ ပုံျပင္ေတြကို ထည့္သြင္းခဲ့တာ ေတြ႕ရပါတယ္။ ဒီေနရာမွာလည္း အမွားအယြင္းမျဖစ္ေအာင္လို႔ ကြၽမ္းက်င္သူေတြကို ငွားရမ္းၿပီးေတာ့ ေသခ်ာျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Polynesia ဟာ ပစိဖိတ္သမုဒၵရာေတာင္ပိုင္းရဲ႕ အလယ္မွာ Oceania လို႔ေခၚတဲ့ ကြၽန္းေပါင္းေထာင္ခ်ီရွိတဲ့ ေဒသရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။ အဲ့ဒီ့ေဒသမွာ ေနထိုင္သူေတြကိုေတာ့ Polynesian ကြၽန္းစုလူမ်ိဳးေတြလို႔ ေခၚဆိုၾကပါတယ္။ ဒါေၾကာင့္ Moana ေလးဟာ Polynesian တစ္ေယာက္လို႔ အမည္တပ္ရမွာ ျဖစ္ပါတယ္။

ဒါကေတာ့ Disney Princess ေလးေတြရဲ႕ ဇာတ္လမ္းကိုလိုက္ၿပီး ျပင္ပမွာရွိႏိုင္တဲ့ တည္ေနရာေတြကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕ အႀကိဳက္ဆုံး Disney Princess ေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular