HomeEntertainmentFilmထွက်ရှိလာဖို့ အတည်ပြုလိုက်တဲ့ Toy Story 5၊ Zootopia 2 နဲ့ Frozen 3

ထွက်ရှိလာဖို့ အတည်ပြုလိုက်တဲ့ Toy Story 5၊ Zootopia 2 နဲ့ Frozen 3

ယခုအချိန်မှာတော့ Disney စတူဒီယိုရဲ့ CEO ဖြစ်သူ Bob Iger ဟာ Toy Story 5 ၊ Zootopia 2 နဲ့ Frozen 3 တို့ ထပ်မံထွက်ရှိလာဦးမယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ ဒီ Animated Movie သုံးခုလုံးဟာ Disney ရဲ့ နာမည်ကြီး Franchise တွေဖြစ်ကြပြီး ပရိသတ်တွေကလည်း Sequel ဘယ်တော့ ထွက်လာဦးမလည်းလို့ စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီသတင်းကတော့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။

photo via screenrant

Toy Story 4 နဲ့ Frozen 2 တို့ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး လေးနှစ်အကြာမှာ Sequel တွေ ထပ်မံထွက်ရှိလာမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ Zootopia ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး (၇)နှစ်အကြာမှာ Zootopia 2 ထပ်မံထွက်ရှိလာဦးမယ်လို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းသုံးခုလုံးဟာ Disney အတွက် အောင်မြင်မှုတွေများစွာ ရရှိထားပြီး Box Office မှာလည်း ဝင်ငွေတွေအများအပြား ရရှိခဲ့ပါတယ်။

မကြာသေးခင်ကပဲ Disney ရဲ့ CEO ဖြစ်သူ Bob Iger ဟာ Toy Story 5 ၊ Zootopia 2 နဲ့ Frozen 3 တို့ကို ဖန်တီးနေတဲ့အကြောင်း အတည်ပြုပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းတွေနဲ့ ပတ်သက်ပြီး တခြားအချက်တွေကို မကြေညာသေးတာကြောင့် လောလောဆယ်မှာတော့ စတင်ဖန်တီးခါစပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒီသတင်းတွေကိုတော့ Disney Investor Day မရောက်ခင်မှာ ကြိုတင်ကြေညာထားတာလည်း ဖြစ်ပါတယ်။

photo via screenrant

Frozen 3 ထဲမှာတော့ Elsa ဟာ သူမရဲ့စွမ်းအားတွေအပေါ်မှာ ပိုမိုယုံကြည်မှုရှိလာပါတယ်။ ဒါကြောင့်ပဲ နောက်လာမယ့် ဇာတ်လမ်းထဲမှာတော့ သူတို့ညီအစ်မနှစ်ယောက် ထပ်မံကြုံတွေ့ရမယ့် အခက်အခဲတွေကို Elsa ဟာ သူမရဲ့စွမ်းအားတွေကို အသုံးပြုပြီး ဖြေရှင်းသွားတာမျိူး မြင်တွေ့ရနိုင်ပါတယ်။

Toy Story 5 ထဲမှာတော့ အဓိကဇာတ်ကောင် ပြောင်းလဲသွားနိုင်ပြီး ဇာတ်လမ်းအကြောင်းကို ခန့်မှန်းဖို့ မလွယ်ကူသေးပါဘူး။ Zootopia 2 ကတော့ Judy နဲ့ Nick တို့ရဲ့ စွန့်စားခန်းတွေကို ဆက်လက်မြင်တွေ့ရနိုင်ပြီး နောက်ထပ် Sequel တွေလည်း ထွက်ရှိလာနိုင်ပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular