HomeEntertainmentFilmဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားမှာ မဟုတ်တဲ့ Disney Animation ဇာတ်ကားကောင်းများ

ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားမှာ မဟုတ်တဲ့ Disney Animation ဇာတ်ကားကောင်းများ

Disney ဟာ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ အကြီးမားဆုံး စတူဒီယိုတစ်ခု ဖြစ်ပြီး Animation ဘက်မှာဆိုရင်လည်း ၁၉၃၀ ကျော်လောက်တည်းက Classic Animation တွေကို ထုတ်လုပ်ခဲ့တဲ့ စတူဒီယိုတစ်ခု ဖြစ်ပါတယ်။ Disney ရဲ့ Animation တွေနဲ့ ပတ်သက်ပြီး သဘောကျဖို့ကောင်းတဲ့ တစ်ချက်ကတော့ ဇာတ်လမ်း၊ဇာတ်အိမ်တွေဟာ ပရိသတ်တွေကို ဖမ်းစားနိုင်လွန်းတာကြောင့် ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ပြန်ကြည့်လိုက်တိုင်း ရိုးမသွားဘဲ ဆွဲဆောင်နိုင်ဆဲဖြစ်တဲ့ Disney Animation ဇာတ်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(8) Hercules
photo via screenrant

ဒီ Animation ကတော့ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရား Zeus ရဲ့ သားဖြစ်သူ Hercules ဟာ မွေးကင်းစတည်းက သူ့ရဲ့ စွမ်းအားတွေနဲ့ ထာဝရအသက်ရှင်နိုင်စွမ်းကို ဆုံးရှုံးလိုက်ရပြီး ဒီစွမ်းအားတွေကို ပြန်လည်ရယူဖို့ရာ သူဟာ တကယ့်သူရဲကောင်း ဖြစ်လာဖို့ လိုအပ်လာပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Tate Donovan ၊ Susan Egan နဲ့ James Woods တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(7) Lilo & Stitch
photo via screenrant

ဒီ Animation ကတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.3) ရရှိထားပါတယ်။ Stitch ဆိုတဲ့ ဂြိုဟ်သားဟာ သူ့ရဲ့ထောင်က လွတ်မြောက်လာတဲ့ အချိန်မှာတော့ ကမ္ဘာပေါ်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ကိုယ်သူ ခွေးတစ်ကောင်လို ပုံစံအတိုင်း နေထိုင်နေပြီး Lilo ဆိုတဲ့ ကောင်မလေးက သူ့ကို မွေးစားခဲ့ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Chris Sanders ၊ Daveigh Chase နဲ့ Tia Carrere တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(6) Fantasia
photo via screenrant

ဒီ Animation ကတော့ ၁၉၄၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဒီ Animation ထဲမှာတော့ Disney ရဲ့ Classic ဇာတ်ကောင်တွေများစွာကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်ကောင်တွေကို ဒဏ္ဍာရီတွေနဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ပေါင်းစပ်ပြီး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ musical အမျိုးအစား ဖြစ်တာနဲ့အညီ သူ့ရဲ့ နောက်ခံတေးဂီတတွေဟာ ဟောလိဝုဒ်ရဲ့ classic စာရင်းဝင် တေးဂီတတွေအဖြစ် သတ်မှတ်ခံထားရပြီး နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ အခြားသော ဖျော်ဖြေရေးတွေမှာ reference ယူပြီး ပြန်သုံးရတဲ့အထိ သူ့ရဲ့ နောက်ခံတေးဂီတတွေက ပြောင်မြောက်ကောင်းမွန်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီ Animation ဟာ အော်စကာ နှစ်ဆု ရရှိထားပါသေးတယ်။

(5) Mulan
photo via screenrant

ဒီ Animation ကတော့ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Mulan ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ မကျန်းမာတဲ့ ဖခင်ဖြစ်သူက စစ်တပ်ထဲ ဝင်ရောက်ရမှာ သိလိုက်ရတဲ့အချိန်မှာ အလွန်ဆောက်တည်ရာမရ ဖြစ်သွားပါတယ်။ ဒါကြောင့်ပဲ သူမဟာ သူ့ကိုယ်သူ ယောက်ျားလေးအဖြစ် ရုပ်ဖျက်ပြီး စစ်တပ်ထဲကို ဝင်ရောက်သွားပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Ming-Na Wen ၊ Eddie Murphy နဲ့ BD Wong တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(4) Tangled
photo via screenrant

ဒီ Animation ကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ မှော်ဆန်တဲ့ ဆံပင်အရှည်ကြီးကို ပိုင်ဆိုင်ထားတဲ့ Rapunzel ဟာ သူမရဲ့ဘဝတလျှောက်လုံး မျှော်စင်ကြီးတစ်ခုပေါ်မှာပဲ နေထိုင်ခဲ့ရပါတယ်။ တစ်ရက်မှာတော့ ထွက်ပြေးနေရတဲ့ သူခိုးတစ်ယောက်နဲ့ တွေ့ဆုံမိသွားပြီး သူမဟာ ဘဝမှာ ပထမဦးဆုံးအကြိမ်အနေနဲ့ ပြင်ပကမ္ဘာကြီးကို မြင်တွေ့ခွင့်ရသွားပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Mandy Moore ၊ Zachary Levi နဲ့ Paul F. Tompkins တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Finding Nemo
photo via screenrant

ဒီ Animation ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Merlin ဆိုတဲ့ ငါးတစ်ကောင်ရဲ့ သားလေးဟာ ဩစတျေးလျတိုက်က သန္တာကျောက်တန်းတစ်ခုကနေ အဖမ်းခံလိုက်ရပြီး အဲ့ဒီငါးလေးဟာ Sydney မြို့ကို ရောက်သွားပါတယ်။ အဲဒီနောက်မှာတော့ Merlin ဟာ အလွန်မေ့လျော့တတ်တဲ့ ငါးတစ်ကောင်ရဲ့ အကူအညီနဲ့ သူ့ရဲ့သားလေး Nemo ကို ရှာဖွေဖို့ စွန့်စားခန်း ထွက်လာပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Ellen DeGeneres ၊ Albert Brooks နဲ့ Willem Dafoe တို့ ပါဝင်ထားပြီး အော်စကာဆုတစ်ခု ရရှိထားပါတယ်။

(2) Toy Story
photo via screenrant

ဒီဇာတ်ကားကတော့ ၁၉၉၅ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး IMDb (8.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Andy ဆိုတဲ့ ကောင်လေးရဲ့ အကြိုက်ဆုံးအရုပ်ဟာ Woody ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Andy ရဲ့ မွေးနေ့လက်ဆောင်ဖြစ်တဲ့ Buzz Lightyear ဆိုတဲ့ အရုပ်အသစ် ရောက်လာတဲ့အချိန်မှာတော့ Woody ဟာ Andy ရဲ့ အကြိုက်ဆုံးအရုပ်ဆိုတဲ့ နေရာက မဖယ်ပေးရအောင် နည်းလမ်းမျိူးစုံ စဉ်းစားရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Tom Hanks ၊ Tim Allen နဲ့ John Morris တို့ ပါဝင်ထားပြီး အော်စကာဆုတစ်ခု ရထားပါတယ်။

(1) The Lion King
photo via screenrant

ဒီ Animation ကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကောက်ကျစ်စဉ်းလဲတဲ့ ဦးလေးဖြစ်သူရဲ့ ချောက်ချမှုကြောင့် ခြင်္သေ့ပေါက်လေးဟာ သူ့အဖေ ခြင်္သေ့ဘုရင်ကြီးကို သူကိုယ်တိုင် သေစေမိတယ်လို့ အရှက်ရပြီး မွေးရပ်မြေကနေ ထွက်ခွာသွားခဲ့ရပါတယ်။ အဲ့ဒီ့နောက် အရိုင်းဆန်တဲ့ နယ်မြေသစ်တစ်ခုမှာ ဘဝအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို သင်ယူခဲ့ပြီးနောက်မှာတော့ အရာရာကို ရင်ဆိုင်ရဲတဲ့ ရဲရင့်တဲ့ ခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီ Animation ဟာလည်း အော်စကာဆု နှစ်ဆု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular