HomeEntertainmentFilmလူအများစုကို အံ့အားသင့်သွားစေမယ့် Disney Animation တွေရဲ့ Fan Theory များ (အပိုင်း-၁)

လူအများစုကို အံ့အားသင့်သွားစေမယ့် Disney Animation တွေရဲ့ Fan Theory များ (အပိုင်း-၁)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney Animation တွေဟာ မိသားစုနဲ့ ကြည့်ရှုလို့ သင့်တော်တဲ့ Animation တွေ ဖြစ်ပေမယ့်လည်း တချို့ Animation တွေကတော့ တော်တော်လေး “Dark” ဖြစ်တဲ့ ပုံပြင်တွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Disney Animation တိုင်းလိုလိုမှာ ထူးဆန်းတဲ့ Fan Theory တွေ ရှိနေတတ်ပြီး အဲ့ဒီ Fan Theory တွေအရ တချို့ Animation တွေကလည်း ဆက်စပ်နေပါတယ်။ ဒီတစ်ခါမှာတော့ လူအများစုအတွက် သိလိုက်ရင် အံ့ဩသွားစေမယ့် Disney Animation တွေရဲ့ Fan Theory အချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

(1) Ariel မှာ မိခင်မရှိတာဟာ Captain Hook ကြောင့်ပါ။
photo via thethings

The Little Mermaid ဒုတိယဇာတ်ကားမှာတော့ Ariel ရဲ့ မိခင်ဟာ ဆိုးသွမ်းတဲ့ ပင်လယ်ဓားပြတစ်ယောက်ကြောင့်သေဆုံးသွားတယ်လို့ ပါဝင်ခဲ့ပါတယ်။ အလားတူပဲ Peter Pan ဇာတ်ကားထဲမှာလည်း ရေသူမတွေ ပါဝင်ခဲ့ပြီး အဲ့ဒီထဲကတစ်ယောက်ဟာ Ariel နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ ပရိသတ်အချို့ကတော့ သူမကို Ariel ရဲ့ မိခင် Athena လို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Ariel ရဲ့ မိခင်ဖြစ်သူ Athena ဟာ Peter Pan ထဲက Captain Hook ကြောင့် သေဆုံးသွားတယ်ဆိုတဲ့ သီအိုရီ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

(2) Carl ဟာ Up ဇာတ်လမ်း အစကတည်းက သေဆုံးသွားခဲ့တာပါ။
photo via thethings

Up ဇာတ်လမ်းထဲက အဘိုးအို Carl ရဲ့ ဇာတ်လမ်းဟာ အစကတည်းက ဝမ်းနည်းဖို့ကောင်းပြီးသား ဖြစ်ပေမယ့်လည်း ပရိသတ်အချို့ဟာ ပိုပြီးဝမ်းနည်းဖို့ကောင်းတဲ့ သီအိုရီတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ Carl ဟာ Up ဇာတ်လမ်းအစကတည်းက သေဆုံးသွားခဲ့တယ်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

ဒီသီအိုရီမှာတော့ Carl ဟာ ဘိုးဘွားရိပ်သာကို သွားဖို့အတွက် သူ့ရဲ့အိမ်ကို စွန့်ခွာရမယ်ဆိုတဲ့ အချက်ကြောင့် အဲ့ဒီညမှာပဲ အိပ်နေရင်းနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်နောက်ပိုင်းမှာ ပြသသွားတဲ့ ဇာတ်ဝင်ခန်းတွေကတော့ Carl ရဲ့ တမလွန်ဘဝမှာ ကြုံတွေ့ရတဲ့ စွန့်စားခန်းတွေပဲ ဖြစ်ပြီး Russell ကတော့ Carl ကို လမ်းပြပေးနေတဲ့ တမန်တော်ပဲ ဖြစ်တယ်လို့ သီအိုရီက ဆိုထားပါတယ်။

(3) Geppetto နဲ့ Dopey ဟာ တစ်ယောက်တည်းပါ။
photo via thethings

ပရိသတ်အချို့ဟာ Snow White ထဲက Dopey နဲ့ Pinocchio ထဲက Geppetto တို့ဟာ တစ်ယောက်တည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ Dopey ဟာ ဘယ်တုန်းကမှ လူပုလေး မဟုတ်ခဲ့ဘဲ သာမန်လူသားတစ်ယောက်လို့ ပြောထားပါတယ်။

ဒါကြောင့်ပဲ Dopey ဟာ အရပ်ရှည်လာတဲ့ အချိန်မှာတော့ တခြားလူပုလေးတွေက သူ့ကို စွန့်ပစ်သွားခဲ့ပါတယ်။ အဲဒီနောက် Dopey ကတော့ အီတလီနိုင်ငံမှာ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းခဲ့ပါတယ်။ သူဟာ Pinocchio ကို ဖန်တီးခဲ့ရတဲ့အကြောင်းရင်းကတော့ Snow White အပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေနဲ့ သူတို့နှစ်ယောက် ရရှိခဲ့တဲ့ကလေးလို့ စိတ်ကူးယဉ်ပြီး ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

(4) Sergeant Calhoun ဟာ သူ့ရဲ့ခင်ပွန်းနဲ့တူတဲ့ Cy-Bug ကို သတ်ပစ်ခဲ့ရပါတယ်။
photo via thethings

Wreck-It Ralph ဇာတ်လမ်းထဲမှာတော့ Sergeant Calhoun ဟာ သူမရဲ့မင်္ဂလာဆောင်မှာ သူမရဲ့ခင်ပွန်းကို Cy-Bug တွေက တိုက်ခိုက်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ Cy-Bug တွေဟာ သူတို့ စားသုံးလိုက်တဲ့အရာရဲ့ ပုံစံအတိုင်း ပြောင်းလဲသွားပြီး Calhoun ကတော့ အဲ့ဒီ Cy-Bug တွေကို သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သေချာပေါက် ပြောနိုင်တာကတော့ သူမရဲ့ မင်္ဂလာဆောင်မှာ တိုက်ခိုက်ခဲ့တဲ့ Cy-Bug ထဲက အနည်းဆုံး တစ်ကောင်လောက်ကတော့ သူမရဲ့ခင်ပွန်းပုံစံ ဖြစ်နေခဲ့မှာပါ။

(5) Mother Gothel ဟာ Snow White ကို အဆိပ်ခတ်ခဲ့တဲ့ ဘုရင်မနဲ့ တစ်ယောက်တည်းပါ။
photo via thethings

Tangled ဇာတ်လမ်းထဲက Mother Gothel ဟာ Snow White ထဲက ဘုရင်မ အသက်ကြီးသွားတာပါလို့ ပရိသတ်အချို့က ယုံကြည်နေကြပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ အဲ့ဒီဘုရင်မဟာ သူမရဲ့နိုင်ငံကို ဆုံးရှုံးသွားပြီးနောက်မှာ  တောအုပ်ထဲကို ထွက်ပြေးလာခဲ့ပါတယ်။ အဲ့ဒီတောအုပ်ထဲမှာပဲ သူမဟာ သူမကို ငယ်ရွယ်ပြီး စွမ်းအားကြီးစေတဲ့ မှော်ပန်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

(6) ကိုဗစ်ကြောင့် လူတွေအိမ်ထဲမှာပဲ နေရမယ်ဆိုတာကို ခန့်မှန်းခဲ့တဲ့ Tangled
photo via thethings

၂၀၂၀ ခုနှစ် မတ်လမှာ စတင်ပြီး ကိုဗစ်ရောဂါဟာ တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားကာ ကပ်ရောဂါတစ်ခုအဖြစ် ပုံပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အခုချိန်ထိ အိမ်ထဲမှာ နေနေရတုန်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အချိန်မှာတော့ ပရိသတ်တစ်ယောက်ဟာ Tangled ရုပ်ရှင်ထဲက အချက်တစ်ခုဟာ အပြင်လောကနဲ့ တိုက်ဆိုင်နေတာကို သတိထားမိခဲ့ပါတယ်။

Tangled ဇာတ်လမ်းထဲမှာတော့ Rapunzel ဟာ Mother Gothel ကို အသက်အရွယ် ကြီးမလာအောင် ထိန်းထားပေးနိုင်တဲ့ အစွမ်းရှိတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Mother Gothel ဟာ သူမကို ရဲတိုက်တစ်ခုတည်းထဲမှာ ဖမ်းချုပ်ထားပြီး အပြင်မှာရှိတဲ့မြို့ဆီကို ပေးမထွက်ခဲ့ပါဘူး။

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ အဲ့ဒီမြို့ရဲ့နာမည်ဟာ Corona ဖြစ်နေပြီး ပရိသတ်တွေကတော့ အဲ့ဒီမြို့ဟာ ကိုဗစ်ကို ကိုယ်စားပြုပြီး Rapunzel ကတော့ အိမ်ထဲမှာပိတ်နေတဲ့ တစ်ကမ္ဘာလုံးက လူတွေကို ကိုယ်စားပြုတယ်လို့ ယူဆကြပါတယ်။ ကျွန်တော်တို့အတွက် ဆိုရင်တော့ Mother Gothel က ဘယ်သူ့ကို ကိုယ်စားပြုနေလည်း ဆိုတာကို သိကြမှာပါ။

(7) Belle ရဲ့ အကြိုက်ဆုံးစာအုပ်ဟာ Aladdin ဖြစ်ပါတယ်။
photo via thethings

အားလုံးသိကြတဲ့အတိုင်းဟာ Belle ဟာ စာဂျပိုးတစ်ယောက် ဖြစ်ပြီး အမြဲတမ်းလိုလို စာဖတ်နေတာကို မြင်တွေ့ရပါတယ်။ ဒီ Animation ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Belle ဟာ စာအုပ်ဆိုင်ပိုင်ရှင်ကို သူမရဲ့အကြိုက်ဆုံးစာအုပ်အကြောင်း ပြောပြခဲ့ပြီး သူမဟာ အဲ့ဒီစာအုပ်ကို နှစ်ခေါက်တောင် ဖတ်ပြီးသွားပြီလို့ ပြောခဲ့ပါတယ်။

သူမ ပြောသွားတဲ့ စကားတွေကတော့ ” ဒီစာအုပ်က ကျွန်မအကြိုက်ဆုံးပဲလေ။ ဟိုးအဝေးကြီး နေရာတွေ၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဓားတိုက်ပွဲတွေ၊ မှော်ပညာတွေနဲ့ ရုပ်ဖျက်ထားတဲ့ မင်းသားလေး …” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီစကားတွေကြောင့်ပဲ သူမရဲ့အကြိုက်ဆုံးစာအုပ်ဟာ Aladdin ဖြစ်ပါတယ်ဆိုတဲ့ သီအိုရီ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ Aladdin ဇာတ်လမ်းထဲမှာတော့ ဓားတိုက်ပွဲတွေ၊ မှော်ပညာအသုံးပြုနိုင်တဲ့ Genie နဲ့ မင်းသား Ali ဖြစ်တဲ့ Aladdin တို့ ပါဝင်ပါတယ်။

ဒါကတော့ စာဖတ်သူတွေ စိတ်ဝင်စားမယ်လို့ထင်တဲ့ Disney Animation Fan Theory တွေထဲက အနည်းငယ်ဖြစ်ပြီး နောက်ရက်တွေမှာလည်း ဒီလို Fan Theory တွေ ထပ်မံတင်ဆက်ပေးသွားပါဦးမယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney Animation ေတြဟာ မိသားစုနဲ႔ ၾကည့္ရွုလို႔ သင့္ေတာ္တဲ့ Animation ေတြ ျဖစ္ေပမယ့္လည္း တခ်ိဳ႕ Animation ေတြကေတာ့ ေတာ္ေတာ္ေလး “Dark” ျဖစ္တဲ့ ပုံျပင္ေတြကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Disney Animation တိုင္းလိုလိုမွာ ထူးဆန္းတဲ့ Fan Theory ေတြ ရွိေနတတ္ၿပီး အဲ့ဒီ Fan Theory ေတြအရ တခ်ိဳ႕ Animation ေတြကလည္း ဆက္စပ္ေနပါတယ္။ ဒီတစ္ခါမွာေတာ့ လူအမ်ားစုအတြက္ သိလိုက္ရင္ အံ့ဩသြားေစမယ့္ Disney Animation ေတြရဲ့ Fan Theory အခ်ိဳ႕ကို တင္ဆက္ေပးလိုက္ပါတယ္။

(1) Ariel မွာ အေမမရွိတာဟာ Captain Hook ေၾကာင့္ပါ။
photo via thethings

The Little Mermaid ဒုတိယဇာတ္ကားမွာေတာ့ Ariel ရဲ့ မိခင္ဟာ ဆိုးသြမ္းတဲ့ ပင္လယ္ဓားျပတစ္ေယာက္ေၾကာင့္ေသဆုံးသြားတယ္လို႔ ပါဝင္ခဲ့ပါတယ္။ အလားတူပဲ Peter Pan ဇာတ္ကားထဲမွာလည္း ေရသူမေတြ ပါဝင္ခဲ့ၿပီး အဲ့ဒီထဲကတစ္ေယာက္ဟာ Ariel နဲ႔ ဆင္တူေနတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္အခ်ိဳ႕ကေတာ့ သူမကို Ariel ရဲ့ မိခင္ Athena လို႔ ယူဆခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Ariel ရဲ့ မိခင္ျဖစ္သူ Athena ဟာ Peter Pan ထဲက Captain Hook ေၾကာင့္ ေသဆုံးသြားတယ္ဆိုတဲ့ သီအိုရီ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

(2) Carl ဟာ Up ဇာတ္လမ္း အစကတည္းက ေသဆုံးသြားခဲ့တာပါ။
photo via thethings

Up ဇာတ္လမ္းထဲက အဘိုးအို Carl ရဲ့ ဇာတ္လမ္းဟာ အစကတည္းက ဝမ္းနည္းဖို႔ေကာင္းၿပီးသား ျဖစ္ေပမယ့္လည္း ပရိသတ္အခ်ိဳ႕ဟာ ပိုၿပီးဝမ္းနည္းဖို႔ေကာင္းတဲ့ သီအိုရီတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။ အဲ့ဒါကေတာ့ Carl ဟာ Up ဇာတ္လမ္းအစကတည္းက ေသဆုံးသြားခဲ့တယ္ဆိုတဲ့ သီအိုရီပဲ ျဖစ္ပါတယ္။

ဒီသီအိုရီမွာေတာ့ Carl ဟာ ဘိုးဘြားရိပ္သာကို သြားဖို႔အတြက္ သူ႔ရဲ့အိမ္ကို စြန႔္ခြာရမယ္ဆိုတဲ့ အခ်က္ေၾကာင့္ အဲ့ဒီညမွာပဲ အိပ္ေနရင္းနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီ႐ုပ္ရွင္ေနာက္ပိုင္းမွာ ျပသသြားတဲ့ ဇာတ္ဝင္ခန္းေတြကေတာ့ Carl ရဲ့ တမလြန္ဘဝမွာ ၾကဳံေတြ႕ရတဲ့ စြန႔္စားခန္းေတြပဲ ျဖစ္ၿပီး Russell ကေတာ့ Carl ကို လမ္းျပေပးေနတဲ့ တမန္ေတာ္ပဲ ျဖစ္တယ္လို႔ သီအိုရီက ဆိုထားပါတယ္။

(3) Geppetto နဲ႔ Dopey ဟာ တစ္ေယာက္တည္းပါ။
photo via thethings

ပရိသတ္အခ်ိဳ႕ဟာ Snow White ထဲက Dopey နဲ႔ Pinocchio ထဲက Geppetto တို႔ဟာ တစ္ေယာက္တည္း ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒီသီအိုရီအရ ဆိုရင္ေတာ့ Dopey ဟာ ဘယ္တုန္းကမွ လူပုေလး မဟုတ္ခဲ့ဘဲ သာမန္လူသားတစ္ေယာက္လို႔ ေျပာထားပါတယ္။

ဒါေၾကာင့္ပဲ Dopey ဟာ အရပ္ရွည္လာတဲ့ အခ်ိန္မွာေတာ့ တျခားလူပုေလးေတြက သူ႔ကို စြန႔္ပစ္သြားခဲ့ပါတယ္။ အဲဒီေနာက္ Dopey ကေတာ့ အီတလီနိုင္ငံမွာ ရိုးရွင္းတဲ့ဘဝကို ျဖတ္သန္းခဲ့ပါတယ္။ သူဟာ Pinocchio ကို ဖန္တီးခဲ့ရတဲ့အေၾကာင္းရင္းကေတာ့ Snow White အေပၚထားတဲ့ သူ႔ရဲ့အခ်စ္ေတြနဲ႔ သူတို႔ႏွစ္ေယာက္ ရရွိခဲ့တဲ့ကေလးလို႔ စိတ္ကူးယဥ္ၿပီး ဖန္တီးခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

(4) Sergeant Calhoun ဟာ သူ႔ရဲ႕ခင္ပြန္းနဲ႔တူတဲ့ Cy-Bug ကို သတ္ပစ္ခဲ့ရပါတယ္။
photo via thethings

Wreck-It Ralph ဇာတ္လမ္းထဲမွာေတာ့ Sergeant Calhoun ဟာ သူမရဲ့မဂၤလာေဆာင္မွာ သူမရဲ့ခင္ပြန္းကို Cy-Bug ေတြက တိုက္ခိုက္ခဲ့တဲ့အေၾကာင္း ေျပာျပခဲ့ပါတယ္။ Cy-Bug ေတြဟာ သူတို႔ စားသုံးလိုက္တဲ့အရာရဲ့ ပုံစံအတိုင္း ေျပာင္းလဲသြားၿပီး Calhoun ကေတာ့ အဲ့ဒီ Cy-Bug ေတြကို သတ္ပစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေသခ်ာေပါက္ ေျပာနိုင္တာကေတာ့ သူမရဲ့ မဂၤလာေဆာင္မွာ တိုက္ခိုက္ခဲ့တဲ့ Cy-Bug ထဲက အနည္းဆုံး တစ္ေကာင္ေလာက္ကေတာ့ သူမရဲ့ခင္ပြန္းပုံစံ ျဖစ္ေနခဲ့မွာပါ။

(5) Mother Gothel ဟာ Snow White ကို အဆိပ္ခတ္ခဲ့တဲ့ ဘုရင္မနဲ႔ တစ္ေယာက္တည္းပါ။
photo via thethings

Tangled ဇာတ္လမ္းထဲက Mother Gothel ဟာ Snow White ထဲက ဘုရင္မ အသက္ႀကီးသြားတာပါလို႔ ပရိသတ္အခ်ိဳ႕က ယုံၾကည္ေနၾကပါတယ္။ ဒီသီအိုရီအရ ဆိုရင္ေတာ့ အဲ့ဒီဘုရင္မဟာ သူမရဲ့နိုင္ငံကို ဆုံးရွုံးသြားၿပီးေနာက္မွာ  ေတာအုပ္ထဲကို ထြက္ေျပးလာခဲ့ပါတယ္။ အဲ့ဒီေတာအုပ္ထဲမွာပဲ သူမဟာ သူမကို ငယ္ရြယ္ၿပီး စြမ္းအားႀကီးေစတဲ့ ေမွာ္ပန္းကို ရွာေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။

(6) ကိုဗစ္ေၾကာင့္ လူေတြအိမ္ထဲမွာပဲ ေနရမယ္ဆိုတာကို ခန႔္မွန္းခဲ့တဲ့ Tangled
photo via thethings

၂၀၂၀ ခုႏွစ္ မတ္လမွာ စတင္ၿပီး ကိုဗစ္ေရာဂါဟာ တစ္ကမၻာလုံးကို ပ်ံ႕ႏွံ့သြားကာ ကပ္ေရာဂါတစ္ခုအျဖစ္ ပုံေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူေတြဟာ အခုခ်ိန္ထိ အိမ္ထဲမွာ ေနေနရတုန္း ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ေတြ ျဖစ္လာတဲ့အခ်ိန္မွာေတာ့ ပရိသတ္တစ္ေယာက္ဟာ Tangled ႐ုပ္ရွင္ထဲက အခ်က္တစ္ခုဟာ အျပင္ေလာကနဲ႔ တိုက္ဆိုင္ေနတာကို သတိထားမိခဲ့ပါတယ္။

Tangled ဇာတ္လမ္းထဲမွာေတာ့ Rapunzel ဟာ Mother Gothel ကို အသက္အရြယ္ ႀကီးမလာေအာင္ ထိန္းထားေပးနိုင္တဲ့ အစြမ္းရွိတဲ့ ဆံပင္ကို ပိုင္ဆိုင္ထားပါတယ္။ ဒါေၾကာင့္ပဲ Mother Gothel ဟာ သူမကို ရဲတိုက္တစ္ခုတည္းထဲမွာ ဖမ္းခ်ဳပ္ထားၿပီး အျပင္မွာရွိတဲ့ၿမိဳ႕ဆီကို ေပးမထြက္ခဲ့ပါဘူး။

စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ အဲ့ဒီၿမိဳ႕ရဲ့နာမည္ဟာ Corona ျဖစ္ေနၿပီး ပရိသတ္ေတြကေတာ့ အဲ့ဒီၿမိဳ႕ဟာ ကိုဗစ္ကို ကိုယ္စားျပဳၿပီး Rapunzel ကေတာ့ အိမ္ထဲမွာပိတ္ေနတဲ့ တစ္ကမၻာလုံးက လူေတြကို ကိုယ္စားျပဳတယ္လို႔ ယူဆၾကပါတယ္။ ကၽြန္ေတာ္တို႔အတြက္ ဆိုရင္ေတာ့ Mother Gothel က ဘယ္သူ႔ကို ကိုယ္စားျပဳေနလည္း ဆိုတာကို သိၾကမွာပါ။

(7) Belle ရဲ႕ အႀကိဳက္ဆုံးစာအုပ္ဟာ Aladdin ျဖစ္ပါတယ္။
photo via thethings

အားလုံးသိၾကတဲ့အတိုင္းဟာ Belle ဟာ စာဂ်ပိုးတစ္ေယာက္ ျဖစ္ၿပီး အျမဲတမ္းလိုလို စာဖတ္ေနတာကို ျမင္ေတြ႕ရပါတယ္။ ဒီ Animation ထဲက ဇာတ္ဝင္ခန္းတစ္ခုမွာေတာ့ Belle ဟာ စာအုပ္ဆိုင္ပိုင္ရွင္ကို သူမရဲ့အႀကိဳက္ဆုံးစာအုပ္အေၾကာင္း ေျပာျပခဲ့ၿပီး သူမဟာ အဲ့ဒီစာအုပ္ကို ႏွစ္ေခါက္ေတာင္ ဖတ္ၿပီးသြားၿပီလို႔ ေျပာခဲ့ပါတယ္။

သူမ ေျပာသြားတဲ့ စကားေတြကေတာ့ ” ဒီစာအုပ္က ကၽြန္မအႀကိဳက္ဆုံးပဲေလ။ ဟိုးအေဝးႀကီး ေနရာေတြ၊ စိတ္လွုပ္ရွားဖို႔ေကာင္းတဲ့ ဓားတိုက္ပြဲေတြ၊ ေမွာ္ပညာေတြနဲ႔ ႐ုပ္ဖ်က္ထားတဲ့ မင္းသားေလး …” ဆိုတာပဲ ျဖစ္ပါတယ္။ ဒီစကားေတြေၾကာင့္ပဲ သူမရဲ့အႀကိဳက္ဆုံးစာအုပ္ဟာ Aladdin ျဖစ္ပါတယ္ဆိုတဲ့ သီအိုရီ ေပၚေပါက္လာတာ ျဖစ္ပါတယ္။ Aladdin ဇာတ္လမ္းထဲမွာေတာ့ ဓားတိုက္ပြဲေတြ၊ ေမွာ္ပညာအသုံးျပဳနိုင္တဲ့ Genie နဲ႔ မင္းသား Ali ျဖစ္တဲ့ Aladdin တို႔ ပါဝင္ပါတယ္။

ဒါကေတာ့ စာဖတ္သူေတြ စိတ္ဝင္စားမယ္လို႔ထင္တဲ့ Disney Animation Fan Theory ေတြထဲက အနည္းငယ္ျဖစ္ၿပီး ေနာက္ရက္ေတြမွာလည္း ဒီလို Fan Theory ေတြ ထပ္မံတင္ဆက္ေပးသြားပါဦးမယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular